ထိထိမိမိစကားေျပာႏိုင္ဖို႔ ၁၂ ခ်က္

အိုင္ဒီယာေတြကို ေဝမ်ွေပးရတာ လက္ေဖ်ာက္တီးသေလာက္ မလြယ္ပါဘူး။ အိုင္ဒီယာတစ္ခုထဲကို ထပ္ခါထပ္ခါၾကားေနရရင္ေတာ့ သတိထားမိလာၾကပါတယ္။ စကားေျပာတဲ့အခါ မေအာင္မျမင္ ျဖစ္ေနပါသလား။ ကြၽန္ေတာ္တို႔ကို စကားေျပာနည္းကြၽမ္းက်င္ ပညာ႐ွင္တစ္ေယာက္က သူမစကားေျပာတဲ့အခါ သံုးတဲ့နည္းလမ္းေလးေတြ ေျပာျပထားပါတယ္။ ေကာင္းလြန္းလို႔ ျပန္ေဝမ်ွေပးလိုက္ပါတယ္။

၁. သင္က သင္ပဲ ျဖစ္ေနပါေစ

စကားေျပာတဲ့သူေတြကို သူမ်ားေတြကို လိုက္တုၿပီး မေျပာဖို႔ သတိေပးထားပါတယ္။ သင့္ရဲ႕ အႀကိဳက္ဆံုး ေဟာေျပာပြဲေတြကို နားေထာင္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔လိုလိုက္မေျပာပါနဲ႔။ သင္ဟာ သင္ပဲ ျဖစ္ေနပါေစ။

၂. အေရးႀကီးတာကို ဦးစားေပးေျပာပါ

စကားေျပာပြဲေတြမွာ အခ်ိန္ကန္႔သတ္ေပးထားတာက ေကာင္းတဲ့အခ်က္ပါပဲ တဲ့။ အခ်ိန္ကန္႔သတ္ထားေတာ့ အေရးႀကီးတဲ့ဟာေတြကို အဓိကထားၿပီး ဦးစားေပးေျပာျဖစ္ထားပါတယ္။

၃. ဥပမာေလးေတြ ေပးေျပာပါ

ေျပာခ်င္တဲ့အခ်က္ကို ဒါ႐ိုက္ေျပာတာထက္စာရင္ ပံုျပင္ေလးေတြ ဥပမာသာဓက ေလးေတြနဲ႔ တန္ဆာဆင္ၿပီးေျပာပါ။ ပံုျပင္ဇာတ္လမ္းေတြက အေကာင္းဆံုးပါပဲ။ လူေတြ မွတ္မိေစပါတယ္။

၄. ျဖည္းျဖည္းေလးေျပာပါ

လူေတာ္ေတာ္မ်ားမ်ားက ပံုျပင္ဇာတ္လမ္းေတြေျပာရင္ ျမန္ျမန္ဇာတ္လမ္းသိေစပါတယ္။ အမွန္က ျဖည္းျဖည္းေႏွးေႏွး အရိပ္အေငြ႕ေလးေတြ ခံစားခ်က္ေလးေတြနဲ႔ ေျပာရမွာပါ။

၅. ၃ ဂဏန္းရဲ႕ စြမ္းအားကို သံုးပါ

၃ ဆိုတာ စြမ္းအား႐ွိတဲ့ ဂဏန္းတစ္ခုပါ။ ေဟာေျပာခ်က္ေတြကို သံုးစုခြဲပစ္ပါ။ ဥပမာ ေျပာစရာ႐ွိေပမယ့္ မေျပာတတ္ဖူးဆိုရင္ အေရးႀကီးဆံုး အခ်က္သံုးခ်က္က ဘာလဲဆိုတာ စဥ္းစားၿပီးေျပာလိုက္ပါ။

၆. ဗန္းစကား ေလ်ွာ့ေျပာပါ

ကြၽန္ေတာ္တို႔ ပါတ္ဝန္းက်င္က လူေတြနဲ႔ စကားေျပာတဲ့အခါမွာ အခ်င္းခ်င္းနားလည္တဲ့ ဗန္းစကားေတြ သံုးၿပီး ေျပာေလ့႐ွိပါတယ္။ တျခားသူေတြနဲ႔ ေျပာတဲ့အခါက် အဲဒါက အခက္အခဲ ျဖစ္ေစပါတယ္။ ဗန္းစကား အခက္အခဲကို ေျဖ႐ွင္းဖို႔အတြက္ သင္ရဲ႕ အေဝးမွာ႐ွိတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို စကားေျပာသလိုေျပာပါ။ အဲဒါက ကူညီေပးႏိုင္ပါတယ္။

၇. ပရိသတ္ကို Surprise လုပ္ပါ

လူေတြက ၾကားေနက်အရာကို ထပ္ခါထပ္ခါၾကားေနရရင္ အိပ္ခ်င္လာပါတယ္။ သူတို႔ကို ႏိုးၾကားေအာင္ Surprise လွည့္ကြက္ေလးေတြ ထည့္ေျပာပါ။

၈. ၿပီးျပည့္စံုတာမဟုတ္တဲ့ ဟီး႐ိုး လုပ္ပါ

လူေတြက အကုန္ ျပည့္စံုေနတဲ့ သူေတြအေၾကာင္း မၾကားခ်င္ပါဘူး။ ထိခိုက္ႏိုင္တဲ့ လူတစ္ေယာက္က စြန္႔စားေက်ာ္ျဖတ္ခဲ့တာမ်ိဳးကို ပိုသိခ်င္ၾကပါတယ္။ ကမၻာေပၚမွာ Superman ထက္ Batman က လူႀကိဳက္ပိုမ်ားပါတယ္။

၉. စကားမေျပာခင္ စိတ္ဝင္စားစရာ တစ္ခုလုပ္ပါ

လူေတြကို သင္ စင္ေပၚမေရာက္ခင္ပဲ စိတ္လႈပ္႐ွားေနေအာင္ လုပ္ပါ။ Slide ထိုးျပတာတို႔ ဘာတို႔က အသံုးဝင္ႏိုင္ပါတယ္။

၁၀. ၿပီးျပည့္စံုတာခ်ည္း မေျပာပါနဲ႔

ၿပီးျပည့္စံုတာက ပ်င္းစရာေကာင္းပါတယ္။ လူေတြသိခ်င္တာက ေအာင္ျမင္တဲ့လူတစ္ေယာက္ဟာ သူစိတ္ဝင္စားတဲ့ အရာအေၾကာင္း ေသေသခ်ာခ်ာေျပာျပတာကိုပါ။ စတိတ္ေပၚကေန သင့္ကိုယ္သင္ ဂုဏ္ယူစိတ္အျပည့့္နဲ႔ ဝံ့ဝံ့ႂကြားႂကြား ဆင္းလာခဲ့ပါ။

၁၁. ကိုယ့္ဘာသာကိုယ္ လန္းတယ္လို႔ ထင္တာလုပ္ပါ

အေမးအေျဖတစ္ခုမွာ ပရိသတ္က ထေမးပါတယ္။ အဝတ္အစား ဘာဝတ္ရမလဲ၊ ကိုယ္ဟန္အမူအရာ ဘယ္လိုထားရမလဲ တဲ့။ သင့္ကိုယ္သင္ လန္းတယ္လုိ႔ ထင္တဲ့ဟာ ဝတ္ပါ။ ကိုယ္ဟန္အမူအရာက် ကိုယ္ႏွစ္သက္သလို လႈပ္႐ွားပါ။ သင့္ကိုယ္သင္ လန္းတယ္၊ မိုက္တယ္ ထင္တဲ့ဟာသာ လုပ္လိုက္ပါ။

၁၂. စကားေျပာရမွာ ေၾကာက္ေနတာ ပံုမွန္ပါပဲ

လူေတြအမ်ားႀကီးေ႐ွ႕မွာ စကားေျပာဖို႔ ေၾကာက္ေနတတ္တာ ပံုမွန္ပါပဲ။ အေၾကာက္ဆံုးသူေတြက ေနာက္က် စကားအေကာင္းဆံုး ေျပာႏိုင္ၾကပါတယ္တဲ့။ လူေတြအမ်ားႀကီးေ႐ွ႕မွာ စကားေျပာရင္ အေၾကာက္ဆံုးအခ်က္က အားနည္းခ်က္ေတြကို ထုတ္ျပမိမွာကိုပါပဲ။ စကားထစ္သြားမွာ ေၾကာက္တယ္။ ဒါေပမယ့္ အဲ့ဒါေတြက ပရိသတ္ဆံုးျဖတ္မွာပါ။ သင့္အလုပ္က သင့္ကိုယ္သင္ အ႐ွိအတိုင္း ပရိသတ္ေ႐ွ႕မွာ ႐ိုး႐ိုးသားသား ထုတ္ျပလိုက္ဖို႔ပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

ထိထိမိမိစကားပြောနိုင်ဖို့ ၁၂ ချက်

အိုင်ဒီယာတွေကို ဝေမျှပေးရတာ လက်ဖျောက်တီးသလောက် မလွယ်ပါဘူး။ အိုင်ဒီယာတစ်ခုထဲကို ထပ်ခါထပ်ခါကြားနေရရင်တော့ သတိထားမိလာကြပါတယ်။ စကားပြောတဲ့အခါ မအောင်မမြင် ဖြစ်နေပါသလား။ ကျွန်တော်တို့ကို စကားပြောနည်းကျွမ်းကျင် ပညာရှင်တစ်ယောက်က သူမစကားပြောတဲ့အခါ သုံးတဲ့နည်းလမ်းလေးတွေ ပြောပြထားပါတယ်။ ကောင်းလွန်းလို့ ပြန်ဝေမျှပေးလိုက်ပါတယ်။

၁. သင်က သင်ပဲ ဖြစ်နေပါစေ

စကားပြောတဲ့သူတွေကို သူများတွေကို လိုက်တုပြီး မပြောဖို့ သတိပေးထားပါတယ်။ သင့်ရဲ့ အကြိုက်ဆုံး ဟောပြောပွဲတွေကို နားထောင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့လိုလိုက်မပြောပါနဲ့။ သင်ဟာ သင်ပဲ ဖြစ်နေပါစေ။

၂. အရေးကြီးတာကို ဦးစားပေးပြောပါ

စကားပြောပွဲတွေမှာ အချိန်ကန့်သတ်ပေးထားတာက ကောင်းတဲ့အချက်ပါပဲ တဲ့။ အချိန်ကန့်သတ်ထားတော့ အရေးကြီးတဲ့ဟာတွေကို အဓိကထားပြီး ဦးစားပေးပြောဖြစ်ထားပါတယ်။

၃. ဥပမာလေးတွေ ပေးပြောပါ

ပြောချင်တဲ့အချက်ကို ဒါရိုက်ပြောတာထက်စာရင် ပုံပြင်လေးတွေ ဥပမာသာဓက လေးတွေနဲ့ တန်ဆာဆင်ပြီးပြောပါ။ ပုံပြင်ဇာတ်လမ်းတွေက အကောင်းဆုံးပါပဲ။ လူတွေ မှတ်မိစေပါတယ်။

၄. ဖြည်းဖြည်းလေးပြောပါ

လူတော်တော်များများက ပုံပြင်ဇာတ်လမ်းတွေပြောရင် မြန်မြန်ဇာတ်လမ်းသိစေပါတယ်။ အမှန်က ဖြည်းဖြည်းနှေးနှေး အရိပ်အငွေ့လေးတွေ ခံစားချက်လေးတွေနဲ့ ပြောရမှာပါ။

၅. ၃ ဂဏန်းရဲ့ စွမ်းအားကို သုံးပါ

၃ ဆိုတာ စွမ်းအားရှိတဲ့ ဂဏန်းတစ်ခုပါ။ ဟောပြောချက်တွေကို သုံးစုခွဲပစ်ပါ။ ဥပမာ ပြောစရာရှိပေမယ့် မပြောတတ်ဖူးဆိုရင် အရေးကြီးဆုံး အချက်သုံးချက်က ဘာလဲဆိုတာ စဉ်းစားပြီးပြောလိုက်ပါ။

၆. ဗန်းစကား လျှော့ပြောပါ

ကျွန်တော်တို့ ပါတ်ဝန်းကျင်က လူတွေနဲ့ စကားပြောတဲ့အခါမှာ အချင်းချင်းနားလည်တဲ့ ဗန်းစကားတွေ သုံးပြီး ပြောလေ့ရှိပါတယ်။ တခြားသူတွေနဲ့ ပြောတဲ့အခါကျ အဲဒါက အခက်အခဲ ဖြစ်စေပါတယ်။ ဗန်းစကား အခက်အခဲကို ဖြေရှင်းဖို့အတွက် သင်ရဲ့ အဝေးမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ကို စကားပြောသလိုပြောပါ။ အဲဒါက ကူညီပေးနိုင်ပါတယ်။

၇. ပရိသတ်ကို Surprise လုပ်ပါ

လူတွေက ကြားနေကျအရာကို ထပ်ခါထပ်ခါကြားနေရရင် အိပ်ချင်လာပါတယ်။ သူတို့ကို နိုးကြားအောင် Surprise လှည့်ကွက်လေးတွေ ထည့်ပြောပါ။

၈. ပြီးပြည့်စုံတာမဟုတ်တဲ့ ဟီးရိုး လုပ်ပါ

လူတွေက အကုန် ပြည့်စုံနေတဲ့ သူတွေအကြောင်း မကြားချင်ပါဘူး။ ထိခိုက်နိုင်တဲ့ လူတစ်ယောက်က စွန့်စားကျော်ဖြတ်ခဲ့တာမျိုးကို ပိုသိချင်ကြပါတယ်။ ကမ္ဘာပေါ်မှာ Superman ထက် Batman က လူကြိုက်ပိုများပါတယ်။

၉. စကားမပြောခင် စိတ်ဝင်စားစရာ တစ်ခုလုပ်ပါ

လူတွေကို သင် စင်ပေါ်မရောက်ခင်ပဲ စိတ်လှုပ်ရှားနေအောင် လုပ်ပါ။ Slide ထိုးပြတာတို့ ဘာတို့က အသုံးဝင်နိုင်ပါတယ်။

၁၀. ပြီးပြည့်စုံတာချည်း မပြောပါနဲ့

ပြီးပြည့်စုံတာက ပျင်းစရာကောင်းပါတယ်။ လူတွေသိချင်တာက အောင်မြင်တဲ့လူတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ အရာအကြောင်း သေသေချာချာပြောပြတာကိုပါ။ စတိတ်ပေါ်ကနေ သင့်ကိုယ်သင် ဂုဏ်ယူစိတ်အပြည့့်နဲ့ ဝံ့ဝံ့ကြွားကြွား ဆင်းလာခဲ့ပါ။

၁၁. ကိုယ့်ဘာသာကိုယ် လန်းတယ်လို့ ထင်တာလုပ်ပါ

အမေးအဖြေတစ်ခုမှာ ပရိသတ်က ထမေးပါတယ်။ အဝတ်အစား ဘာဝတ်ရမလဲ၊ ကိုယ်ဟန်အမူအရာ ဘယ်လိုထားရမလဲ တဲ့။ သင့်ကိုယ်သင် လန်းတယ်လို့ ထင်တဲ့ဟာ ဝတ်ပါ။ ကိုယ်ဟန်အမူအရာကျ ကိုယ်နှစ်သက်သလို လှုပ်ရှားပါ။ သင့်ကိုယ်သင် လန်းတယ်၊ မိုက်တယ် ထင်တဲ့ဟာသာ လုပ်လိုက်ပါ။

၁၂. စကားပြောရမှာ ကြောက်နေတာ ပုံမှန်ပါပဲ

လူတွေအများကြီးရှေ့မှာ စကားပြောဖို့ ကြောက်နေတတ်တာ ပုံမှန်ပါပဲ။ အကြောက်ဆုံးသူတွေက နောက်ကျ စကားအကောင်းဆုံး ပြောနိုင်ကြပါတယ်တဲ့။ လူတွေအများကြီးရှေ့မှာ စကားပြောရင် အကြောက်ဆုံးအချက်က အားနည်းချက်တွေကို ထုတ်ပြမိမှာကိုပါပဲ။ စကားထစ်သွားမှာ ကြောက်တယ်။ ဒါပေမယ့် အဲ့ဒါတွေက ပရိသတ်ဆုံးဖြတ်မှာပါ။ သင့်အလုပ်က သင့်ကိုယ်သင် အရှိအတိုင်း ပရိသတ်ရှေ့မှာ ရိုးရိုးသားသား ထုတ်ပြလိုက်ဖို့ပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%