ခ်စ္သူလန္းလန္းေလးေတြကိုု လက္တြဲထားၾကသူေတြရဲ႕ နည္းလမ္းမ်ား

အိပ္မက္နတ္သမီးလို မိန္းကေလးကို ထာ၀ရလက္တြဲႏိုင္ဖို႔

ေခ်ာေမာလွပၿပီး ထူးခၽြန္ထက္ျမက္တ့ဲ မိန္းကေလးေတြကို ကံေကာင္းတ့ဲလူးတစ္ခ်ိဳ႕ကပဲ ပိုင္ဆိုင္ခြင့္ရွိတယ္လို႔ ထင္ပါသလား။ သင့္အေနနဲ႔လည္း အိပ္မက္နတ္သမီးလိုမိန္းကေလးကို လက္တြဲခြင့္ရွိပါတယ္။ ဒါ့ေၾကာင့္ အမွန္တကယ္ ထူးျခားျပည့္စုံတ့ဲ မိန္းကေလးေတြကို လက္တြဲထားၾကရသူေတြရဲ႕ နည္းလမ္းေတြကို အတုယူႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေနာက္တစ္ႀကိမ္ ခ်ိန္းေတြ႔ဖို႔ တစ္ခါတည္းေျပာပါ။ – Dave F

ကၽြန္ေတာ္ေကာင္မေလးက အသက္ (၁၃)ႏွစ္ေလာက္ပိုငယ္တ့ဲ ေမာ္ဒယ္တစ္ေယာက္ျဖစ္ပါတယ္။ သူမနဲ႔ ပထမအႀကိမ္ခ်ိန္းေတြ႕ၿပီးကတည္းက ေနာက္ထပ္ေတြ႕ၾကဖို႔ အျမဲခြင့္ေတာင္းပါတယ္။ ဒီလိုနဲ႔ တြဲျဖစ္ခ့ဲၾကတာ အခုခ်ိန္ထိပါပဲ။

၂။ ဇြဲေကာင္းေကာင္းနဲ႔ႀကိဳးစားပါ။ – Bryan C

သူမကို ကၽြန္ေတာ္ အြန္လိုင္းကေနတဆင့္ေတြ႔ဆုံခ့ဲပါတယ္။ သူမက ကၽြန္ေတာ္အတြက္ေတာ့ အျမင့္ပန္းပါ။ ဒါေပမယ့္ ကၽြန္ေတာ္မရမကႀကိဳးစားခ့ဲၿပီး ပထမဆုံးအႀကိမ္ ေကာင္းေကာင္းခ်ိန္းေတြ႔ႏိုင္ခ့ဲတယ္။ အဲ့ဒိအခ်ိန္ကတည္းက အခုထိ တြဲျဖစ္ခ့ဲၾကတာပါ။

၃။ သနားစရာျဖစ္ေအာင္လုပ္ျပပါ။ – Edgar O

ကၽြန္ေတာ္ သူမကို စကားစေျပာဖို႔အတြက္ အရမ္းကိုခက္ခဲၿပီး စိုးရြံ႕ေနခ့ဲရပါတယ္။ သူမက သနားသြားၿပီး တြဲျဖစ္ခ့ဲၾကတာ အခုထိပါပဲ။


၄။ ရယ္ေမာေပ်ာ္ရႊင္ေနပါေစ။ – Rahee M

ကၽြန္ေတာ္ကေတာ့ ထူးထူးျခားျခား သိပ္မလုပ္ျဖစ္ပါဘူး။ သူမကို ရယ္ေမာေပ်ာ္ရႊင္ေစတယ္။ အျမဲတမ္းေလာက္နီးပါး ဘုရင္မတစ္ပါးလို ဆက္ဆံတယ္။ ဒါပါပဲ၊

၅။ စိတ္၀င္စားမႈရေအာင္ ဆြဲေဆာင္ပါ။ – James G

ကၽြန္ေတာ္ကေတာ့ အေပၚအက်ီၤခၽြတ္ၿပီး သူမျမင္သာေအာင္ ကားေရေဆးေလ့ရွိပါတယ္။ ဒါက ကၽြန္ေတာ္က သူမသေဘာက်တ့ဲ ပုံစံမ်ိဳးျဖစ္တယ္ဆိုတာကို ေဖာ္ျပလိုက္တာပါ။

၆။ သူမက အထူးျခားဆုံးပဲလို႔ ခံစားရပါေစ။ – Ty P

ကၽြန္ေတာ့္လ်ိဳ႕၀ွက္ခ်က္ကေတာ့ တကယ္ကို႐ုိး႐ိုးသားသားနဲ႔ သူမကလြဲၿပီးတျခားမိန္းကေလးမရွိဘူးဆိုတ့ဲ ပုံစံနဲ႔ ဦးစားေပးဆက္ဆံတာပါပဲ။

၇။ ထူးျခားလွပတ့ဲေနရာကို အလည္ေခၚသြားပါ။ – Arwyn J

ကၽြန္ေတာ္ကေတာ့ သူမကို ပဲရစ္ကိုအလည္လိုက္ဖို႔ ဖိတ္ေခၚလိုက္တာပါပဲ။ မိန္းကေလးေတြက ထူးျခားလွပတ့ဲေနရာေတြကို စိတ္၀င္စားၾကတယ္ေလ။

၈။ စိတ္ဓာတ္ စိတ္ထားေကာင္းပါေစ။ – Chris T

ကၽြန္ေတာ့္ေကာင္မေလးကို သေဘာက်တ့ဲလူေတြ အမ်ားႀကီးထဲကမွ ကၽြန္ေတာ့္႐ုပ္ရည္နဲ႔ ကိုယ္ရည္ကိုယ္ေသြး စိတ္ထားေတြေၾကာင့္ သူမအခ်စ္ကို ရရွိခ့ဲတာပါ။

၉။ ႏႈတ္ေရးစြမ္းရည္ ထူးခြၽန္ဖို႔လိုပါတယ္။ – David D

စကားေျပာေကာင္းဖို႔ လိုသလို အတူေနတ့ဲအခါမွာလည္း ႏႈတ္ေရးေကာင္းဖို႔လိုပါတယ္။

၁၀။ လိုရင္းေရာက္ပါေစ။ – Jason M

ကၽြန္ေတာ္ကေတာ့ သူမမွာ ရည္းစားမရွိဘူးဆိုတာနဲ႔ ဖြင့္ေျပာလိုက္တာပါပဲ။

၁၁။ အထူးဂ႐ုစိုက္ဖို႔လိုပါတယ္။ – Randy H

သူမက ကၽြန္ေတာ့ရဲ႕ အထူးျပဳစုဂ႐ုစိုက္မႈေတြကို သေဘာက်တယ္ေလ။

၁၂။ မလွည့္စားပါနဲ႕ – Paul L

ကၽြန္ေတာ္ေကာင္မေလးက ငယ္ရြယ္ၿပီး လန္းတ့ဲအထဲမွာ ပါပါတယ္။ ကၽြန္ေတာ္က တည္တည္ၿငိမ္ၿငိမ္နဲ႔ သူမအတြက္ အျမဲဦးစားေပးျဖစ္ေနရပါတယ္။ ႐ုိးသားပါ။ ဂ႐ုစိုက္ပါ။ သူမဘက္က ဆက္သြယ္လာရင္ ဘယ္ေတာ့မွ ေႏွာင့္ေႏွးမေနပဲ ျပန္ဆက္သြယ္ပါ။ ဘုရင္မတစ္ပါးလို ဆက္ဆံပါ။

GM ရဲ့ တျခား အခ်စ္ေရးႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/love/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။ 

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အိပ်မက်နတ်သမီးလို မိန်းကလေးကို ထာဝရလက်တွဲနိုင်ဖို့

ချောမောလှပပြီး ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတွေကို ကံကောင်းတဲ့လူးတစ်ချို့ကပဲ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ထင်ပါသလား။ သင့်အနေနဲ့လည်း အိပ်မက်နတ်သမီးလိုမိန်းကလေးကို လက်တွဲခွင့်ရှိပါတယ်။ ဒါ့ကြောင့် အမှန်တကယ် ထူးခြားပြည့်စုံတဲ့ မိန်းကလေးတွေကို လက်တွဲထားကြရသူတွေရဲ့ နည်းလမ်းတွေကို အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်တစ်ကြိမ် ချိန်းတွေ့ဖို့ တစ်ခါတည်းပြောပါ။ – Dave F

ကျွန်တော်ကောင်မလေးက အသက် (၁၃)နှစ်လောက်ပိုငယ်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမနဲ့ ပထမအကြိမ်ချိန်းတွေ့ပြီးကတည်းက နောက်ထပ်တွေ့ကြဖို့ အမြဲခွင့်တောင်းပါတယ်။ ဒီလိုနဲ့ တွဲဖြစ်ခဲ့ကြတာ အခုချိန်ထိပါပဲ။

၂။ ဇွဲကောင်းကောင်းနဲ့ကြိုးစားပါ။ – Bryan C

သူမကို ကျွန်တော် အွန်လိုင်းကနေတဆင့်တွေ့ဆုံခဲ့ပါတယ်။ သူမက ကျွန်တော်အတွက်တော့ အမြင့်ပန်းပါ။ ဒါပေမယ့် ကျွန်တော်မရမကကြိုးစားခဲ့ပြီး ပထမဆုံးအကြိမ် ကောင်းကောင်းချိန်းတွေ့နိုင်ခဲ့တယ်။ အဲ့ဒိအချိန်ကတည်းက အခုထိ တွဲဖြစ်ခဲ့ကြတာပါ။

၃။ သနားစရာဖြစ်အောင်လုပ်ပြပါ။ – Edgar O

ကျွန်တော် သူမကို စကားစပြောဖို့အတွက် အရမ်းကိုခက်ခဲပြီး စိုးရွံ့နေခဲ့ရပါတယ်။ သူမက သနားသွားပြီး တွဲဖြစ်ခဲ့ကြတာ အခုထိပါပဲ။

plus-4

၄။ ရယ်မောပျော်ရွှင်နေပါစေ။ – Rahee M

ကျွန်တော်ကတော့ ထူးထူးခြားခြား သိပ်မလုပ်ဖြစ်ပါဘူး။ သူမကို ရယ်မောပျော်ရွှင်စေတယ်။ အမြဲတမ်းလောက်နီးပါး ဘုရင်မတစ်ပါးလို ဆက်ဆံတယ်။ ဒါပါပဲ၊

၅။ စိတ်ဝင်စားမှုရအောင် ဆွဲဆောင်ပါ။ – James G

ကျွန်တော်ကတော့ အပေါ်အကျီၤချွတ်ပြီး သူမမြင်သာအောင် ကားရေဆေးလေ့ရှိပါတယ်။ ဒါက ကျွန်တော်က သူမသဘောကျတဲ့ ပုံစံမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြလိုက်တာပါ။

၆။ သူမက အထူးခြားဆုံးပဲလို့ ခံစားရပါစေ။ – Ty P

ကျွန်တော့်လျို့ဝှက်ချက်ကတော့ တကယ်ကိုရိုးရိုးသားသားနဲ့ သူမကလွဲပြီးတခြားမိန်းကလေးမရှိဘူးဆိုတဲ့ ပုံစံနဲ့ ဦးစားပေးဆက်ဆံတာပါပဲ။

၇။ ထူးခြားလှပတဲ့နေရာကို အလည်ခေါ်သွားပါ။ – Arwyn J

ကျွန်တော်ကတော့ သူမကို ပဲရစ်ကိုအလည်လိုက်ဖို့ ဖိတ်ခေါ်လိုက်တာပါပဲ။ မိန်းကလေးတွေက ထူးခြားလှပတဲ့နေရာတွေကို စိတ်ဝင်စားကြတယ်လေ။

၈။ စိတ်ဓာတ် စိတ်ထားကောင်းပါစေ။ – Chris T

ကျွန်တော့်ကောင်မလေးကို သဘောကျတဲ့လူတွေ အများကြီးထဲကမှ ကျွန်တော့်ရုပ်ရည်နဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်ထားတွေကြောင့် သူမအချစ်ကို ရရှိခဲ့တာပါ။

၉။ နှုတ်ရေးစွမ်းရည် ထူးချွန်ဖို့လိုပါတယ်။ – David D

စကားပြောကောင်းဖို့ လိုသလို အတူနေတဲ့အခါမှာလည်း နှုတ်ရေးကောင်းဖို့လိုပါတယ်။

၁၀။ လိုရင်းရောက်ပါစေ။ – Jason M

ကျွန်တော်ကတော့ သူမမှာ ရည်းစားမရှိဘူးဆိုတာနဲ့ ဖွင့်ပြောလိုက်တာပါပဲ။

၁၁။ အထူးဂရုစိုက်ဖို့လိုပါတယ်။ – Randy H

သူမက ကျွန်တော့ရဲ့ အထူးပြုစုဂရုစိုက်မှုတွေကို သဘောကျတယ်လေ။

၁၂။ မလှည့်စားပါနဲ့ – Paul L

ကျွမ်တော်ကောင်မလေးက ငယ်ရွယ်ပြီး လန်းတဲ့အထဲမှာ ပါပါတယ်။ ကျွန်တော်က တည်တည်ငြိမ်ငြိမ်နဲ့ သူမအတွက် အမြဲဦးစားပေးဖြစ်နေရပါတယ်။ ရိုးသားပါ။ ဂရုစိုက်ပါ။ သူမဘက်က ဆက်သွယ်လာရင် ဘယ်တော့မှ နှောင့်နှေးမနေပဲ ပြန်ဆက်သွယ်ပါ။ ဘုရင်မတစ်ပါးလို ဆက်ဆံပါ။
GM ရဲ့ တခြား အချစ်ရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/love/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%