အခ်စ္နဲ႕ မကင္းသူမ်ားအတြက္ အေရးပါတဲ့ အမွန္တရားမ်ား (အပိုုင္း၁)
—————————————————————-

အသက္ႏွစ္ဆယ္ေက်ာ္အရြယ္ေရာက္ၿပီဆိုတာနဲ႔ ခ်စ္မႈေရးရာကိစၥေတြ ႀကံဳေတြ႕လာရမွာျဖစ္ၿပီး အခ်စ္နဲ႔ ပတ္သက္တဲ့ အေရးပါတဲ့အမွန္တရာေတြကို သေဘာေပါက္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ အခ်စ္၊ ဘ၀နဲ႔ ခ်စ္မႈေရးရာကိစၥေတြနဲ႔ပတ္သက္ၿပီး အမ်ိဳးသားတိုင္းသိဖို႔လိုအပ္တဲ့ အမွန္တရား(၂၂)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ ခ်စ္သူရည္းစားတစ္ေယာက္ရၿပီဆိုတာနဲ႔ သူမကိုေပးရတဲ့အခ်ိန္က သူငယ္ခ်င္းေတြနဲ႔အတူရွိေနခ်ိန္ေတြထက္ ပိုမ်ားလာတတ္ပါတယ္။ ဒီလိုနဲ႔ မင္းရဲ႕အခင္ဆံုးအခ်စ္ဆံုးသူငယ္ခ်င္းေတြနဲ႔ေတာင္ တျဖည္းျဖည္း ေ၀းကြာလာတတ္ပါတယ္။

၂။ အခ်ိန္တိုင္းမွာ သူမကို သတိရလြမ္းဆြတ္ေနတတ္ပါတယ္။

၃။ တစ္ခါတစ္ေလမွာေတာ့ မင္းကိစၥေတြအားလံုးကို အဆင္ေျပသြားေအာင္လုပ္ေပးႏိုင္တဲ့ တစ္စုံတစ္ေယာက္ အနားမွာအျမဲရွိေနသလို ခံစားရတာက တကယ္ကိုေကာင္းပါတယ္။

၄။ မင္းအေနနဲ႔ မႀကိဳက္တဲ့အခ်က္ေတြရွိေနရင္ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား မိန္းကေလးတစ္ေယက္ကို ခ်စ္ႀကိဳက္ႏိုင္မွာမဟုတ္ပါဘူး။

၅။ မင္းခ်စ္ႏိုင္တာထက္ မင္းကိုပိုခ်စ္ႏိုင္သူေတြ တနည္းအားျဖင့္ သူခ်စ္ကိုရွာပါ။

၆။ ခ်စ္မႈေရးရာကိစၥတိုင္းက အစပိုင္းမွာ စိတ္လႈပ္ရွားစရာေကာင္းပါတယ္။ ဒီလိုေပ်ာ္ရႊင္ၾကည္ႏူးစရာ အဆင့္ကို ျဖတ္ေက်ာ္ၿပီးသြားၿပီဆိုရင္ေတာ့ တကယ္ခ်စ္၏ မခ်စ္၏ဆိုတာေတြကို စေတြးလာေတာ့မွာျဖစ္ပါတယ္။

၇။ လမ္းခြဲျပတ္ဆဲမႈေတြက ခက္ခဲပါတယ္။ အခက္ခဲဆံုးအပိုင္းက မင္းရဲ႕ရည္းစားေဟာင္းနဲ႔ ျပန္တြဲခ်င္စိတ္ တကယ္ရွိမရွိ ေ၀ခြဲမရျဖစ္ေနတာမ်ိဳးပါပဲ။

၈။ ႏွစ္ဦးသား ခ်စ္ၾကႀကိဳက္ၾကတဲ့အခါမွာ တစ္ေယာက္ေယာက္ကေတာ့ အျခားတစ္ေယာက္ထက္ ပိုတဲ့ စိတ္ခံစားခ်က္ေတြရွိတတ္ပါတယ္။ အဲဒီတစ္ေယာက္က ပိုခံရတတ္ပါတယ္။

၉။ တစ္ေယာက္က တစ္ေယာက္ကို စိတ္ကုန္သြားတာမ်ိဳးကလည္း ျဖစ္တတ္ပါတယ္။

၁၀။ လမ္းခြဲလိုက္ဖို႔အတြက္ အေၾကာင္းျပခ်က္ေတြက အမ်ားႀကီးရွိေနတတ္ပါတယ္။ ဆက္ၿပီးလက္တြဲေနဖို႔ကေတာ့ အေၾကာင္းရင္းတစ္ခုရွိရင္ လုံေလာက္ပါၿပီ။

၁၁။ အခ်စ္ဆိုတာ တျခားတစ္ေယာက္နဲ႔ပတ္သက္ၿပီးမင္းဘယ္လိုခံစားရလဲဆိုတာမ်ိဳးမဟုတ္ပါဘူး။ သူတို႔ေၾကာင့္ မင္းခံစားရတဲ့ ခံစားခ်က္ေတြပဲ ျဖစ္ပါတယ္။

၁၂။ တကယ္စစ္မွန္တဲ့အခ်စ္စစ္တစ္ခုက မင္းကိုယ္တိုင္ေတာင္သတိမထားမိခဲ့တဲ့ မင္းရဲ႕ကိုယ္ရည္ကိုယ္ေသြး ေတြေပၚထြက္လာေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

၁၃။ အတူေနျဖစ္ၾကတိုင္း ေကာင္းတာမဟုတ္ပါဘူး။

၁၄။ တစ္ေယာက္ေယာက္နဲ႔ ခ်စ္ေနရတာက မင္းကို မွီတြယ္ေနတတ္ေအာင္ ျဖစ္ေစၿပီး လမ္းခြဲျပတ္ဆဲၾကတဲ့ အခါမွသာ ဒီအခ်က္ကို သိလာတတ္ပါတယ္။

၁၅။ တစ္ေယာက္ေယာက္နဲ႔ ခ်စ္ကၽြမ္း၀င္ေနရတာဟာ အဲဒီတစ္ေယာက္ထဲကိုပဲ ႐ူးသြပ္ေနရမယ္လို႔ မဆိုလိုပါဘူး။ တျခားလွလွပပေကာင္မေလးေတြေတြ႕ႏိုင္ေပမယ့္ မင္းေကာင္မေလးေလာက္ စိတ္မ၀င္စားတာမ်ိဳးကို ဆိုလိုပါတယ္။

၁၆။ စၿပီးခ်ိန္းေတြ႕ၿပီ တြဲေနၿပီဆိုတာနဲ႔ အားလံုးရဲ႕မ်က္လံုးထဲမွာ မင္းတို႔ႏွစ္ေယာက္ကို တစ္ေယာက္ထဲအျဖစ္ တြဲျမင္ေနမွၾျဖစ္ပါတယ္။ မင္းတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ကို လ်ိဳ႕၀ွက္ထားခ်င္တဲ့ကိစၥဆိုရင္ ႏွစ္ေယာက္စလံုးကို လ်ိဳ႕၀ွက္ထားၾကေတာ့မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီႏွစ္ေယာက္က ကိစၥအားလံုးကို အျမဲတမ္းအျပန္အလွန္ေ၀မွ်ေနတယ္လို႔ ယူဆထားၾကလို႔ျဖစ္ပါတယ္။

၁၇။ လူေတြက မင္းတို႔ႏွစ္ေယာက္ကို အရမ္းလိုက္ဖက္တယ္လို႔ ေျပာၾကပါလိမ့္မယ္။ နားမေယာင္ပါနဲ႔။ သူတို႔က စုံတြဲေတြနဲ႔ပတ္သက္ၿပီး ေကာင္းတာေတြပဲ ေျပာခ်င္တာေၾကာင့္ျဖစ္ပါတယ္။ တကယ္ေတာ့ သူတို႔ ဘာမွေသခ်ာ မသိၾကပါဘူး။ တကယ္လိုက္ဖက္မႈရွိမရွိဆိုတာကို မင္းတို႔ႏွစ္ေယာက္ကပဲ အမွန္အတိုင္းသိၾကမွာပါ။

၁၈။ တစ္ခါတစ္ရံမွာ သူမနဲ႔ ဆက္လက္ၿပီးေျပာဆိုဆက္ဆံခ်င္စိတ္ကုန္ဆံုးသြားတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ ဒီခံစားခ်က္က ေကာင္းတာေတာ့မဟုတ္ပါဘူး။ တခ်ိဳ႕ေတြကေတာ့ ဒီအတိုင္းျဖတ္ေက်ာ္သြားၾကၿပီး တခ်ိဳ႕ကေတာ့ စိတ္ပ်က္စရာေတြျဖစ္လာတတ္ပါတယ္။

၁၉။ အရမ္းကဲလြန္းသဲလြန္းတဲ့ အတြဲေတြကို မင္းဘယ္လို ေ၀ဖန္ပါေစ၊ မင္းကိုယ္တိုင္တစ္ေယာက္ေယာက္နဲ႔ ခ်စ္ကၽြမ္း၀င္တဲ့အခါမွာ မင္းလည္း ပိုကဲတဲ့ကိစၥေတြကိုေတာင္ လုပ္မိႏိုင္ပါတယ္။

၂၀။ အခ်စ္ဟာ ႐ုပ္ရွင္ေတြထဲမွာ သ႐ုပ္ေဖာ္ထားသလို မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ စိတ္ကူးယဥ္ဆန္တဲ့ ကိစၥေတြနဲ႔ ႐ူးသြပ္မေနပါနဲ႔။

၂၁။ တစ္ခါတစ္ေလမွာ မင္းအခ်စ္ဆံုးလုိ႔ယူဆထားသူနဲ႔ေတာင္ ဆက္ဆံေရးက ခိုင္ျမဲခ်င္မွ ခိုင္ျမဲမွာပါ။ ဒါေပမယ့္ ျပႆနာမရွိပါဘူး။ မင္းေနာက္တစ္ခါခ်စ္တတ္လာဖို႔ တစ္ေယာက္ေယာက္ကို ေတြ႕ရဦးမွာပါ။

၂၂။ ပြင့္ပြင့္လင္းလင္းေျပာရရင္မိန္းကေလးတစ္ေယာက္ရဲ႕အခ်စ္ကို ရဖုိ႔ႀကိဳစားရတဲ့အခ်ိန္က တကယ္ခ်စ္ၾကတဲ့အခ်ိန္ထက္ ပိုေပ်ာ္ဖို႔ေကာင္းပါတယ္။

╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Thron Htet


အချစ်နဲ့ မကင်းသူများအတွက် အရေးပါတဲ့ အမှန်တရားများ
—————————————————————-

အသက်နှစ်ဆယ်ကျော်အရွယ်ရောက်ပြီဆိုတာနဲ့ ချစ်မှုရေးရာကိစ္စတွေ ကြုံတွေ့လာရမှာဖြစ်ပြီး အချစ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့အမှန်တရာတွေကို သဘောပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်၊ ဘဝနဲ့ ချစ်မှုရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားတိုင်းသိဖို့လိုအပ်တဲ့ အမှန်တရား(၂၂)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ချစ်သူရည်းစားတစ်ယောက်ရပြီဆိုတာနဲ့ သူမကိုပေးရတဲ့အချိန်က သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တွေထက် ပိုများလာတတ်ပါတယ်။ ဒီလိုနဲ့ မင်းရဲ့အခင်ဆုံးအချစ်ဆုံးသူငယ်ချင်းတွေနဲ့တောင် တဖြည်းဖြည်း ဝေးကွာလာတတ်ပါတယ်။

၂။ အချိန်တိုင်းမှာ သူမကို သတိရလွမ်းဆွတ်နေတတ်ပါတယ်။

၃။ တစ်ခါတစ်လေမှာတော့ မင်းကိစ္စတွေအားလုံးကို အဆင်ပြေသွားအောင်လုပ်ပေးနိုင်တဲ့ တစ်စုံတစ်ယောက် အနားမှာအမြဲရှိနေသလို ခံစားရတာက တကယ်ကိုကောင်းပါတယ်။

၄။ မင်းအနေနဲ့ မကြိုက်တဲ့အချက်တွေရှိနေရင်ဘယ်လောက်ပဲကြိုးစားကြိုးစား မိန်းကလေးတစ်ယေက်ကို ချစ်ကြိုက်နိုင်မှာမဟုတ်ပါဘူး။

၅။ မင်းချစ်နိုင်တာထက် မင်းကိုပိုချစ်နိုင်သူတွေ တနည်းအားဖြင့် သူချစ်ကိုရှာပါ။

၆။ ချစ်မှုရေးရာကိစ္စတိုင်းက အစပိုင်းမှာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုပျော်ရွှင်ကြည်နူးစရာ အဆင့်ကို ဖြတ်ကျော်ပြီးသွားပြီဆိုရင်တော့ တကယ်ချစ်၏ မချစ်၏ဆိုတာတွေကို စတွေးလာတော့မှာဖြစ်ပါတယ်။

၇။ လမ်းခွဲပြတ်ဆဲမှုတွေက ခက်ခဲပါတယ်။ အခက်ခဲဆုံးအပိုင်းက မင်းရဲ့ရည်းစားဟောင်းနဲ့ ပြန်တွဲချင်စိတ် တကယ်ရှိမရှိ ဝေခွဲမရဖြစ်နေတာမျိုးပါပဲ။

၈။ နှစ်ဦးသား ချစ်ကြကြိုက်ကြတဲ့အခါမှာ တစ်ယောက်ယောက်ကတော့ အခြားတစ်ယောက်ထက် ပိုတဲ့ စိတ်ခံစားချက်တွေရှိတတ်ပါတယ်။ အဲဒီတစ်ယောက်က ပိုခံရတတ်ပါတယ်။

၉။ တစ်ယောက်က တစ်ယောက်ကို စိတ်ကုန်သွားတာမျိုးကလည်း ဖြစ်တတ်ပါတယ်။

၁၀။ လမ်းခွဲလိုက်ဖို့အတွက် အကြောင်းပြချက်တွေက အများကြီးရှိနေတတ်ပါတယ်။ ဆက်ပြီးလက်တွဲနေဖို့ကတော့ အကြောင်းရင်းတစ်ခုရှိရင် လုံလောက်ပါပြီ။

၁၁။ အချစ်ဆိုတာ တခြားတစ်ယောက်နဲ့ပတ်သက်ပြီးမင်းဘယ်လိုခံစားရလဲဆိုတာမျိုးမဟုတ်ပါဘူး။ သူတို့ကြောင့် မင်းခံစားရတဲ့ ခံစားချက်တွေပဲ ဖြစ်ပါတယ်။

၁၂။ တကယ်စစ်မှန်တဲ့အချစ်စစ်တစ်ခုက မင်းကိုယ်တိုင်တောင်သတိမထားမိခဲ့တဲ့ မင်းရဲ့ကိုယ်ရည်ကိုယ်သွေး တွေပေါ်ထွက်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

၁၃။ အတူနေဖြစ်ကြတိုင်း ကောင်းတာမဟုတ်ပါဘူး။

၁၄။ တစ်ယောက်ယောက်နဲ့ ချစ်နေရတာက မင်းကို မှီတွယ်နေတတ်အောင် ဖြစ်စေပြီး လမ်းခွဲပြတ်ဆဲကြတဲ့ အခါမှသာ ဒီအချက်ကို သိလာတတ်ပါတယ်။

၁၅။ တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်နေရတာဟာ အဲဒီတစ်ယောက်ထဲကိုပဲ ရူးသွပ်နေရမယ်လို့ မဆိုလိုပါဘူး။ တခြားလှလှပပကောင်မလေးတွေတွေ့နိုင်ပေမယ့် မင်းကောင်မလေးလောက် စိတ်မဝင်စားတာမျိုးကို ဆိုလိုပါတယ်။

၁၆။ စပြီးချိန်းတွေ့ပြီ တွဲနေပြီဆိုတာနဲ့ အားလုံးရဲ့မျက်လုံးထဲမှာ မင်းတို့နှစ်ယောက်ကို တစ်ယောက်ထဲအဖြစ် တွဲမြင်နေမြှဖြစ်ပါတယ်။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို လျို့ဝှက်ထားချင်တဲ့ကိစ္စဆိုရင် နှစ်ယောက်စလုံးကို လျို့ဝှက်ထားကြတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ယောက်က ကိစ္စအားလုံးကို အမြဲတမ်းအပြန်အလှန်ဝေမျှနေတယ်လို့ ယူဆထားကြလို့ဖြစ်ပါတယ်။

၁၇။ လူတွေက မင်းတို့နှစ်ယောက်ကို အရမ်းလိုက်ဖက်တယ်လို့ ပြောကြပါလိမ့်မယ်။ နားမယောင်ပါနဲ့။ သူတို့က စုံတွဲတွေနဲ့ပတ်သက်ပြီး ကောင်းတာတွေပဲ ပြောချင်တာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ သူတို့ ဘာမှသေချာ မသိကြပါဘူး။ တကယ်လိုက်ဖက်မှုရှိမရှိဆိုတာကို မင်းတို့နှစ်ယောက်ကပဲ အမှန်အတိုင်းသိကြမှာပါ။

၁၈။ တစ်ခါတစ်ရံမှာ သူမနဲ့ ဆက်လက်ပြီးပြောဆိုဆက်ဆံချင်စိတ်ကုန်ဆုံးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီခံစားချက်က ကောင်းတာတော့မဟုတ်ပါဘူး။ တချို့တွေကတော့ ဒီအတိုင်းဖြတ်ကျော်သွားကြပြီး တချို့ကတော့ စိတ်ပျက်စရာတွေဖြစ်လာတတ်ပါတယ်။

၁၉။ အရမ်းကဲလွန်းသဲလွန်းတဲ့ အတွဲတွေကို မင်းဘယ်လို ဝေဖန်ပါစေ၊ မင်းကိုယ်တိုင်တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်တဲ့အခါမှာ မင်းလည်း ပိုကဲတဲ့ကိစ္စတွေကိုတောင် လုပ်မိနိုင်ပါတယ်။

၂၀။ အချစ်ဟာ ရုပ်ရှင်တွေထဲမှာ သရုပ်ဖော်ထားသလို မဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စတွေနဲ့ ရူးသွပ်မနေပါနဲ့။

၂၁။ တစ်ခါတစ်လေမှာ မင်းအချစ်ဆုံးလို့ယူဆထားသူနဲ့တောင် ဆက်ဆံရေးက ခိုင်မြဲချင်မှ ခိုင်မြဲမှာပါ။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ မင်းနောက်တစ်ခါချစ်တတ်လာဖို့ တစ်ယောက်ယောက်ကို တွေ့ရဦးမှာပါ။

၂၂။ ပွင့်ပွင့်လင်းလင်းပြောရရင်မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ရဖို့ကြိုစားရတဲ့အချိန်က တကယ်ချစ်ကြတဲ့အချိန်ထက် ပိုပျော်ဖို့ကောင်းပါတယ်။

╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောကျာ်းလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Thron Htet

================================================

Written by Admin

Entrepreneur