သင့္အေနနဲ႔ အလုပ္တစ္ခုကို ပ်င္းစရာေကာင္းတယ္၊ ဒါမွမဟုတ္ ခက္ခဲတယ္လို႔ ထငၿပီး အာရုံစိုက္လုပ္ဖို႔ အခက္ေတြေနပါသလား။ အလုပ္ကို စိတ္အာရုံမရွိပဲ တျခားကိုပဲပ်ံ႕လြင့္ေနပါသလား။ အခ်ိန္ေတြဆြဲၿပီး မလုပ္ခ်င္မကိုင္ျဖစ္ေနပါသလား။ ဒါေတြျဖစ္ေနၿပီဆိုရင္ေတာ့ သင့္ရဲ႕စိတ္စြမ္းအားကို ျပန္လည္ျမွင့္တင္ဖို႔ လိုအပ္ေနၿပီ ဆိုတဲ့သေဘာပဲျဖစ္ပါတယ္။
စိတ္စြမ္းအားဟာ သင့္အတြက္အင္အားျဖစ္ေစႏိုင္သလို စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္ဖို႔၊ ေနာက္ေကာက္က် မက်န္ခဲ့ေစဖို႔ နဲ႔ အခက္အခဲေတြကို ေျဖရွင္းဖို႔အတြက္ လႈံ႕ေဆာ္မႈေတြကိုလည္း ေပးစြမ္းႏိုင္ပါတယ္။ သင့္ရဲ႕ စိတ္စြမ္းအားကို ၾကြက္သားေတြလိုပဲ ေလ့က်င့္ၿပီး ဖြံ႕ၿဖိဳးလာေအာင္လုပ္ေပးဖို႔လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္စြမ္းအား တိုးတက္ေကာင္းမြန္လာေစမယ့္ နည္းလမ္း(၅)ခုကို တင္ျပလိုက္ပါတယ္။
၁။ သင့္ရဲ႕ ပန္းတိုင္ကို မေမ့ပါနဲ႔။
သင့္အလုပ္အကိုင္နဲ႔ပတ္သက္ၿပီး တန္ဖိုးထားမႈေတြ၊ ရည္မွန္းခ်က္ပန္းတိုင္ေတြ ေပ်ာက္ကြယ္သြားၿပီဆိုတာနဲ႔ သင့္ရဲ႕ စိတ္စြမ္းအားလည္း ယုတ္ေလ်ာ့သြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕စိတ္စြမ္းအားေတြ ယုတ္ေလ်ာ့လာ ၿပီး လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေတာ့ဘူးဆိုရင္ သင့္ရဲ႕ရည္မွန္းခ်က္ေအာင္ျမင္ဖို႔အတြက္ မျဖစ္မေနလုပ္ကို လုပ္ရမယ္ ဆိုတဲ့စိတ္မ်ိဳးနဲ႔ လုပ္ေဆာင္ပါ။
၂။ စိတ္ဖိစီးမႈကို ရင္ဆိုင္ႏိုင္ေအာင္ ေလ့က်င့္ပါ။
သင္ဟာ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုဆီကို ခ်ီတက္ေနတဲ့အခ်ိန္မွာ ၾကမ္းတမ္းခက္ခဲတဲ့အခ်ိန္ေတြကိုလည္း ျဖတ္သန္းၾကံဳေတြ႕ရမွာျဖစ္ပါတယ္။ လိုခ်င္တဲ့ပန္းတိုင္ဆီကို ေရာက္ရွိဖို႔ စိတ္ဖိစီးမႈမ်ားတဲ့အေျခအေနေတြကို ၾကံ႕ၾကံ႕ခံႏိုင္ရမွာျဖစ္ပါတယ္။ စိတ္ဖိစီးမႈေတြကို ေအာင္ႏိုင္ဖို႔အတြက္ တရားထိုင္တာတို႔ ေယာဂက်င့္စဥ္ ေလ့က်င့္တာတို႔ကို လုပ္ေဆာင္ျခင္းျဖင့္ စိတ္ျငိမ္းခ်မ္းမႈကိုရရွိၿပီး စိတ္စြမ္းအားကို တိုးတက္လာေစမွာ ျဖစ္ပါတယ္။
၃။ သင့္အမွားေတြကို ခြင့္လႊတ္လိုက္ပါ။
သင့္အမွားေတြလုပ္မိလို႔ စိတ္ပ်က္မေနပါနဲ႔။ အမွားေတြကို ခြင့္လႊတ္ေမ့ေပ်ာက္ႏိုင္ေအာင္ႀကိဳးစားမယ္ဆိုရင္ စိတ္ဓာတ္တက္ၾကြမႈနဲ႔ ပန္းတိုင္ဆီကို ေရာက္ခ်င္စိတ္ေတြ တစ္ခါျပန္ျဖစ္လာမွာျဖစ္ပါတယ္။ အမွားလုပ္မိတိုင္း မ်ား ေနာက္တစ္ခါ မမွားေစရပဲ ပိုေကာင္းေအာင္လုပ္မယ္ဆိုတယ္ စိတ္ကိုေမြးျမဴသင့္ပါတယ္။
၄။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဆက္သြယ္ပါ။
သင့္ရဲ႕အလုပ္ၿပီးေျမာက္မႈအတြက္ အသိအမွတ္ျပဳခံရမယ္ဆိုရင္ သင့္ရဲ႕စိတ္စြမ္းအားလည္း ျမင့္တက္လာမွာ ျဖစ္ပါတယ္။ စိတ္စြမ္းအားဟာ တစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔သာ သက္ဆိုင္တယ္လို႔ ယူဆထားတတ္ၾကပါတယ္။ တကယ္တမ္းေတာ့ လူမ်ားမ်ားရဲ႕အသိအမွတ္ျပဳခံရေလေလ၊ စိတ္စြမ္းအားေတြ ပိုမိုမ်ားျပားလာေလပါပဲ။ ဒါ့ေၾကာင့္ စိတ္ဓါတ္တက္ၾကြမႈမရွိေတာ့ဘူးဆိုရင္ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ကို ေန႔လည္စာအတူစားဖို႔ ဖိတ္ေခၚၿပီး စကားေတြေျပာၾကည့္ပါ။ သင့္ရဲ႕စိတ္စြမ္းအားကို ျပန္လည္တည္ေဆာက္လာႏိုင္မွာ ျဖစ္ပါတယ္။
၅။ အရာရာပိုၿပီးလြယ္ကူလာၿပီလို႔ ယုံၾကည္ထားပါ။
တစ္ခါတစ္ရံ ခက္ခဲတဲ့အလုပ္ေတြလုပ္ရတဲ့အခါမ်ိဳးေတြမွာ ေနာက္ပိုင္းမွာလည္း ဒီလိုပဲခက္ခဲေနဦးမွာပဲဆိုၿပီး မသိမသာ စိုးရိမ္ပူပန္ေနတတ္ၾကပါတယ္။ ဒီလိုစိုးရိမ္ေနတယ္ဆိုရင္ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး အ႐ႈံးေပးခ်င္လာသလို ခံစားေနရပါလိမ့္မယ္။ ဒီလိုခံစားခ်က္မ်ိဳးကို ဖယ္ရွားႏိုင္ဖို႔အတြက္ သင့္ရဲ႕အရည္အခ်င္းေတြ တျဖည္းျဖည္း တိုးတက္လာေနၿပီလို႔ မွတ္ယူထားတတ္ဖို႔လိုအပ္ပါတယ္။ ခက္ခဲတဲ့ကိစၥတစ္ခုၾကံဳေတြ႕ရလိုက္တိုင္း ေနာင္လည္း ဒီလိုခက္ခဲေနဦးမွာပဲလို႔ မေတြးပဲ ပိုၿပီးလြယ္ကူလာမယ္လို႔ ယုံၾကည္ထားလိုက္ပါလို႔ အၾကံျပဳလိုက္ပါတယ္။
╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Thron Htet
=================================================
စိတ်စွမ်းအားကို မြှင့်တင်နိုင်မည် နည်းလမ်း(၅)ခု
—————————————————–
သင့်အနေနဲ့ အလုပ်တစ်ခုကို ပျင်းစရာကောင်းတယ်၊ ဒါမှမဟုတ် ခက်ခဲတယ်လို့ ထငပြီး အာရုံစိုက်လုပ်ဖို့ အခက်တွေနေပါသလား။ အလုပ်ကို စိတ်အာရုံမရှိပဲ တခြားကိုပဲပျံ့လွင့်နေပါသလား။ အချိန်တွေဆွဲပြီး မလုပ်ချင်မကိုင်ဖြစ်နေပါသလား။ ဒါတွေဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့စိတ်စွမ်းအားကို ပြန်လည်မြှင့်တင်ဖို့ လိုအပ်နေပြီ ဆိုတဲ့သဘောပဲဖြစ်ပါတယ်။
စိတ်စွမ်းအားဟာ သင့်အတွက်အင်အားဖြစ်စေနိုင်သလို စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ နောက်ကောက်ကျ မကျန်ခဲ့စေဖို့ နဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် လှုံ့ဆော်မှုတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအားကို ကြွက်သားတွေလိုပဲ လေ့ကျင့်ပြီး ဖွံ့ဖြိုးလာအောင်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်စွမ်းအား တိုးတက်ကောင်းမွန်လာစေမယ့် နည်းလမ်း(၅)ခုကို တင်ပြလိုက်ပါတယ်။
၁။ သင့်ရဲ့ ပန်းတိုင်ကို မမေ့ပါနဲ့။
သင့်အလုပ်အကိုင်နဲ့ပတ်သက်ပြီး တန်ဖိုးထားမှုတွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ပျောက်ကွယ်သွားပြီဆိုတာနဲ့ သင့်ရဲ့ စိတ်စွမ်းအားလည်း ယုတ်လျော့သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စိတ်စွမ်းအားတွေ ယုတ်လျော့လာ ပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူးဆိုရင် သင့်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် မဖြစ်မနေလုပ်ကို လုပ်ရမယ် ဆိုတဲ့စိတ်မျိုးနဲ့ လုပ်ဆောင်ပါ။
၂။ စိတ်ဖိစီးမှုကို ရင်ဆိုင်နိုင်အောင် လေ့ကျင့်ပါ။
သင်ဟာ ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီကို ချီတက်နေတဲ့အချိန်မှာ ကြမ်းတမ်းခက်ခဲတဲ့အချိန်တွေကိုလည်း ဖြတ်သန်းကြုံတွေ့ရမှာဖြစ်ပါတယ်။ လိုချင်တဲ့ပန်းတိုင်ဆီကို ရောက်ရှိဖို့ စိတ်ဖိစီးမှုများတဲ့အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ရမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို အောင်နိုင်ဖို့အတွက် တရားထိုင်တာတို့ ယောဂကျင့်စဉ် လေ့ကျင့်တာတို့ကို လုပ်ဆောင်ခြင်းဖြင့် စိတ်ငြိမ်းချမ်းမှုကိုရရှိပြီး စိတ်စွမ်းအားကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။
၃။ သင့်အမှားတွေကို ခွင့်လွှတ်လိုက်ပါ။
သင့်အမှားတွေလုပ်မိလို့ စိတ်ပျက်မနေပါနဲ့။ အမှားတွေကို ခွင့်လွှတ်မေ့ပျောက်နိုင်အောင်ကြိုးစားမယ်ဆိုရင် စိတ်ဓာတ်တက်ကြွမှုနဲ့ ပန်းတိုင်ဆီကို ရောက်ချင်စိတ်တွေ တစ်ခါပြန်ဖြစ်လာမှာဖြစ်ပါတယ်။ အမှားလုပ်မိတိုင်း များ နောက်တစ်ခါ မမှားစေရပဲ ပိုကောင်းအောင်လုပ်မယ်ဆိုတယ် စိတ်ကိုမွေးမြူသင့်ပါတယ်။
၄။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ပါ။
သင့်ရဲ့အလုပ်ပြီးမြောက်မှုအတွက် အသိအမှတ်ပြုခံရမယ်ဆိုရင် သင့်ရဲ့စိတ်စွမ်းအားလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။ စိတ်စွမ်းအားဟာ တစ်ဦးတစ်ယောက်ချင်းစီနဲ့သာ သက်ဆိုင်တယ်လို့ ယူဆထားတတ်ကြပါတယ်။ တကယ်တမ်းတော့ လူများများရဲ့အသိအမှတ်ပြုခံရလေလေ၊ စိတ်စွမ်းအားတွေ ပိုမိုများပြားလာလေပါပဲ။ ဒါ့ကြောင့် စိတ်ဓါတ်တက်ကြွမှုမရှိတော့ဘူးဆိုရင် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်ပြီး စကားတွေပြောကြည့်ပါ။ သင့်ရဲ့စိတ်စွမ်းအားကို ပြန်လည်တည်ဆောက်လာနိုင်မှာ ဖြစ်ပါတယ်။
၅။ အရာရာပိုပြီးလွယ်ကူလာပြီလို့ ယုံကြည်ထားပါ။
တစ်ခါတစ်ရံ ခက်ခဲတဲ့အလုပ်တွေလုပ်ရတဲ့အခါမျိုးတွေမှာ နောက်ပိုင်းမှာလည်း ဒီလိုပဲခက်ခဲနေဦးမှာပဲဆိုပြီး မသိမသာ စိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒီလိုစိုးရိမ်နေတယ်ဆိုရင် မျှော်လင့်ချက်မဲ့ပြီး အရှုံးပေးချင်လာသလို ခံစားနေရပါလိမ့်မယ်။ ဒီလိုခံစားချက်မျိုးကို ဖယ်ရှားနိုင်ဖို့အတွက် သင့်ရဲ့အရည်အချင်းတွေ တဖြည်းဖြည်း တိုးတက်လာနေပြီလို့ မှတ်ယူထားတတ်ဖို့လိုအပ်ပါတယ်။ ခက်ခဲတဲ့ကိစ္စတစ်ခုကြုံတွေ့ရလိုက်တိုင်း နောင်လည်း ဒီလိုခက်ခဲနေဦးမှာပဲလို့ မတွေးပဲ ပိုပြီးလွယ်ကူလာမယ်လို့ ယုံကြည်ထားလိုက်ပါလို့ အကြံပြုလိုက်ပါတယ်။
╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Thron Htet