အဆိုုးဆံုုး ယံုုမွားမႈမ်ား

စီးပြားေရးေလာကထဲမွာ ယံုၾကည္မႈဆိုတာ အံ့ဩစရာကိစၥေတြကို လုပ္ေပးႏိုင္ပါတယ္။ လူတစ္ေယာက္ကို လုပ္ငန္း႐ွင္တစ္ေယာက္အျဖစ္ စီးပြားေရးလုပ္ငန္းေတြကို တိုးတက္ေအာင္ လုပ္ေပးႏိုင္ပါတယ္။ အျခားတစ္ဖက္မွာေတာ့ အဆိုးျမင္ယံုၾကည္မႈေတြဟာ သင့္ေအာင္ျမင္မႈကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ အဲဒိထဲမွာမွ အဆိုးရြားဆံုး ယံုၾကည္မႈ ေလးခုကုိ ေဖာ္ျပလိုက္ပါတယ္။

၁. ဒါမျဖစ္ႏိုင္ပါဘူးကြာ

အဆိုးျမင္တာေတြထဲမွာ ဒါမျဖစ္ႏိုင္ပါဘူးကြာ ဆိုတာေလာက္ ဆိုးတာ မ႐ွိပါဘူး။ လူတိုင္း အစမွာ ျပသနာေတြကို ၾကံဳေတြ႕ရပါတယ္။ အဲဒိျပသနာေတြကို အေျဖ႐ွာႏိုင္မွ ေအာင္ျမင္မႈရမွာပါ။ ခက္ခဲတဲ့ ျပသနာကို ေျဖ႐ွင္းဖို႔အတြက္ ငါလုပ္ႏိုင္ပါတယ္လို႔ ပထမဆံုး ယံုထားရပါမယ္။ တစ္ေန႔တစ္ေန႔ မျဖစ္ႏိုင္ပါဘူးလို႔ ခဏခဏ ေျပာမိေနလား သတိထားၾကည့္ပါ။ အဲဒိစကားကို သင့္အဘိဓာန္ထဲက ဖယ္ထုတ္ဖို႔ ခုပဲႀကိဳးစားလိုက္ပါေတာ့။

၂. ေၾကာက္စရာဆိုတာ မေက်ာ္လႊားႏိုင္ပါဘူးကြာ

စီးပြားေရးေလာကဆိုတာ ေၾကာက္စရာေကာင္းပါတယ္။ လူတိုင္းမွာ ေ႐ွ႕ေျခတစ္လွမ္းတိုးဖို႔ သတၱိေတာ့ လိုမွာပါ။ ေအာင္ျမင္တဲ့ လုပ္ငန္း႐ွင္တိုင္းဟာ သူတို႔ နယ္ပယ္အသစ္ကို လုပ္ငန္းခ်ဲ့ထြင္တိုင္း ေၾကာက္မိၾကတတ္ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ အဲဒိေၾကာက္ရြံ႔မႈကို ေက်ာ္လႊားႏိုင္ၾကပါတယ္။ သင္ အခက္အခဲတစ္ခု ျဖတ္ေက်ာ္ၿပီးတိုင္း သင့္ကိုယ္သင္ ခ်ီးက်ဴးေပးပါ။ ေၾကာက္စရာကို ေက်ာ္ျဖတ္မရတဲ့ အခက္အခဲတစ္ခုလို သေဘာမထားပါနဲ႔။

၃. ဒါ သူ႔ဘာသာ ျဖစ္သြားမွာပါ

မဟုတ္ပါဘူး။ သင္ အဲဒါကို ျဖစ္ေအာင္လုပ္ေပးရမွာပါ။ ဒိအေတြးဟာ စီးပြားေရးအတြက္ အႀကီးဆံုးျပသနာျဖစ္တဲ့ အပ်င္းကို ဦးတည္ေနပါတယ္။ ေအာင္ျမင္မႈဆိုတာ အလိုလိုမရႏိုင္ပါဘူး။ အလုပ္ႀကိဳးစားရမွာပါ။ ခုနက အေတြးမ်ိဳး႐ွိတဲ့ လုပ္ငန္း႐ွင္ေတြ ေအာင္ျမင္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ေအာင္ျမင္မႈရဖို႔ အကူအညီေပးမယ့္ သူေတြေတာ့ ႐ွိမွာပါ။ ဒါေပမယ့္ သင္က ထိုင္ၿပီး အလုပ္အကုန္ၿပီးသြားေအာင္ ေစာင့္ေနလို႔ မရပါဘူး။

၄. ငါက အားလံုးထက္ ပိုေတာ္ပါတယ္

ေအာင္ျမင္ဖို႔အတြက္ ကိုယ့္ဘာသာ ယံုၾကည္မႈ႐ွိေနဖို႔လိုပါတယ္။ ဒါေပမယ့္ မလြန္ပါနဲ႔။ တခ်ိဳ႕သူေတြက သူတို႔ဟာ သူတို႔ စီးပြားဖက္ေတြထက္ ေတာ္တယ္ထင္ၿပီး မာနနဲ႔ ေျပာတတ္ၾကပါတယ္။ အဲဒါေၾကာင့္ တစ္ခ်ိန္မွာ ပါတနာေကာင္းျဖစ္လာႏိုင္တဲ့ သူေတြကို လက္လႊတ္ဆံုး႐ွံုးရတာ မနည္းပါဘူး။ စီးပြားေရးဆိုတာ တျခားသူေတြကို ႏွိမ့္ခ်ေျပာဆိုေနဖို႔ မဟုတ္ပါဘူး။ လူေတာ္ေတြ အမ်ားႀကီးကပဲ လုပ္ငန္းကို တိုးတက္ေအာင္ တြန္းပို႔ေပးႏိုင္မွာပါ။ ဒီလိုအေတြးမ်ိဳးထား႐ွိတာကို ဘယ္သူမွ ေလးစားမွာမဟုတ္ပါဘူး။

၅. ငါက အဲ့ေလာက္ မေတာ္ပါဘူး

နံပါတ္ ၄ အခ်က္ရဲ႕ ဆန္႔က်င္ဖက္ပါ။ လူေတာ္ ေတာ္ေတာ္မ်ားမ်ားဟာ အဲဒိအေတြးေၾကာင့္ ေအာင္ျမင္မႈနဲ႔ အလွမ္းေဝးသြားရပါတယ္။ သူတို႔ က်႐ွံုးမယ္ထင္လို႔ကို က်႐ွံုးသြားရတာပါ။ ကုမၸဏီႀကီးေတြက သင့္ကို အလုပ္ေခၚရင္ ငါ အရမ္းကံေကာင္းတယ္လို႔ မေတြးလိုက္ပါနဲ႔။ ကုမၸဏီႀကီးဆိုတာကလဲ သင့္လို ေအာင္ျမင္ဖို႔ ႀကိဳးစားေနၾကတဲ့သူေတြနဲ႔ ဖြဲ႔စည္းထားတာပါ။ သင္ ထိုက္တန္လို႔သာ သူတို႔အထဲ ေရာက္လာရတာပါ။ ကံေကာင္းလို႔ မဟုတ္ပါဘူး။

လူေတြက သင့္လုပ္ငန္းကို ႀကိဳက္ႏွစ္သက္ၿပီး အားေပးလာတယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈရေအာင္ သင့္စိတ္ကို ထိန္းေက်ာင္းေပးဖို႔ပဲ လိုပါေတာ့တယ္။ သင့္ကိုယ္သင္ အားေပးပါ။ အဲဒါဆိုရင္ သင့္အတြက္ ေအာင္ျမင္မႈဆိုတာ အိပ္မက္ မဟုတ္ေတာ့ပါဘူး။

GM ရဲ႕ တျခားေဆာင္းပါး ေတြ မလြတ္တမ္းဖတ္ခ်င္တယ္ဆိုုရင္ေတာ့ 

https://www.facebook.com/myanmargentleman ကိုု Like လုုပ္ထားပါ

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

================================================

သင့်အောင်မြင်မှုကို ဖျက်ဆီးနေတဲ့ ယုံကြည်ချက် ၅ ချက်
—————————————————————

စီးပွားရေးလောကထဲမှာ ယုံကြည်မှုဆိုတာ အံ့ဩစရာကိစ္စတွေကို လုပ်ပေးနိုင်ပါတယ်။ လူတစ်ယောက်ကို လုပ်ငန်းရှင်တစ်ယောက်အဖြစ် စီးပွားရေးလုပ်ငန်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ အဆိုးမြင်ယုံကြည်မှုတွေဟာ သင့်အောင်မြင်မှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အဲဒိထဲမှာမှ အဆိုးရွားဆုံး ယုံကြည်မှု လေးခုကို ဖော်ပြလိုက်ပါတယ်။

၁. ဒါမဖြစ်နိုင်ပါဘူးကွာ

အဆိုးမြင်တာတွေထဲမှာ ဒါမဖြစ်နိုင်ပါဘူးကွာ ဆိုတာလောက် ဆိုးတာ မရှိပါဘူး။ လူတိုင်း အစမှာ ပြသနာတွေကို ကြုံတွေ့ရပါတယ်။ အဲဒိပြသနာတွေကို အဖြေရှာနိုင်မှ အောင်မြင်မှုရမှာပါ။ ခက်ခဲတဲ့ ပြသနာကို ဖြေရှင်းဖို့အတွက် ငါလုပ်နိုင်ပါတယ်လို့ ပထမဆုံး ယုံထားရပါမယ်။ တစ်နေ့တစ်နေ့ မဖြစ်နိုင်ပါဘူးလို့ ခဏခဏ ပြောမိနေလား သတိထားကြည့်ပါ။ အဲဒိစကားကို သင့်အဘိဓာန်ထဲက ဖယ်ထုတ်ဖို့ ခုပဲကြိုးစားလိုက်ပါတော့။

၂. ကြောက်စရာဆိုတာ မကျော်လွှားနိုင်ပါဘူးကွာ

စီးပွားရေးလောကဆိုတာ ကြောက်စရာကောင်းပါတယ်။ လူတိုင်းမှာ ရှေ့ခြေတစ်လှမ်းတိုးဖို့ သတ္တိတော့ လိုမှာပါ။ အောင်မြင်တဲ့ လုပ်ငန်းရှင်တိုင်းဟာ သူတို့ နယ်ပယ်အသစ်ကို လုပ်ငန်းချဲ့ထွင်တိုင်း ကြောက်မိကြတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အဲဒိကြောက်ရွံ့မှုကို ကျော်လွှားနိုင်ကြပါတယ်။ သင် အခက်အခဲတစ်ခု ဖြတ်ကျော်ပြီးတိုင်း သင့်ကိုယ်သင် ချီးကျူးပေးပါ။ ကြောက်စရာကို ကျော်ဖြတ်မရတဲ့ အခက်အခဲတစ်ခုလို သဘောမထားပါနဲ့။

၃. ဒါ သူ့ဘာသာ ဖြစ်သွားမှာပါ

မဟုတ်ပါဘူး။ သင် အဲဒါကို ဖြစ်အောင်လုပ်ပေးရမှာပါ။ ဒိအတွေးဟာ စီးပွားရေးအတွက် အကြီးဆုံးပြသနာဖြစ်တဲ့ အပျင်းကို ဦးတည်နေပါတယ်။ အောင်မြင်မှုဆိုတာ အလိုလိုမရနိုင်ပါဘူး။ အလုပ်ကြိုးစားရမှာပါ။ ခုနက အတွေးမျိုးရှိတဲ့ လုပ်ငန်းရှင်တွေ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အောင်မြင်မှုရဖို့ အကူအညီပေးမယ့် သူတွေတော့ ရှိမှာပါ။ ဒါပေမယ့် သင်က ထိုင်ပြီး အလုပ်အကုန်ပြီးသွားအောင် စောင့်နေလို့ မရပါဘူး။

၄. ငါက အားလုံးထက် ပိုတော်ပါတယ်

အောင်မြင်ဖို့အတွက် ကိုယ့်ဘာသာ ယုံကြည်မှုရှိနေဖို့လိုပါတယ်။ ဒါပေမယ့် မလွန်ပါနဲ့။ တချို့သူတွေက သူတို့ဟာ သူတို့ စီးပွားဖက်တွေထက် တော်တယ်ထင်ပြီး မာနနဲ့ ပြောတတ်ကြပါတယ်။ အဲဒါကြောင့် တစ်ချိန်မှာ ပါတနာကောင်းဖြစ်လာနိုင်တဲ့ သူတွေကို လက်လွှတ်ဆုံးရှုံးရတာ မနည်းပါဘူး။ စီးပွားရေးဆိုတာ တခြားသူတွေကို နှိမ့်ချပြောဆိုနေဖို့ မဟုတ်ပါဘူး။ လူတော်တွေ အများကြီးကပဲ လုပ်ငန်းကို တိုးတက်အောင် တွန်းပို့ပေးနိုင်မှာပါ။ ဒီလိုအတွေးမျိုးထားရှိတာကို ဘယ်သူမှ လေးစားမှာမဟုတ်ပါဘူး။

၅. ငါက အဲ့လောက် မတော်ပါဘူး

နံပါတ် ၄ အချက်ရဲ့ ဆန့်ကျင်ဖက်ပါ။ လူတော် တော်တော်များများဟာ အဲဒိအတွေးကြောင့် အောင်မြင်မှုနဲ့ အလှမ်းဝေးသွားရပါတယ်။ သူတို့ ကျရှုံးမယ်ထင်လို့ကို ကျရှုံးသွားရတာပါ။ ကုမ္ပဏီကြီးတွေက သင့်ကို အလုပ်ခေါ်ရင် ငါ အရမ်းကံကောင်းတယ်လို့ မတွေးလိုက်ပါနဲ့။ ကုမ္ပဏီကြီးဆိုတာကလဲ သင့်လို အောင်မြင်ဖို့ ကြိုးစားနေကြတဲ့သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ သင် ထိုက်တန်လို့သာ သူတို့အထဲ ရောက်လာရတာပါ။ ကံကောင်းလို့ မဟုတ်ပါဘူး။

လူတွေက သင့်လုပ်ငန်းကို ကြိုက်နှစ်သက်ပြီး အားပေးလာတယ်ဆိုရင်တော့ အောင်မြင်မှုရအောင် သင့်စိတ်ကို ထိန်းကျောင်းပေးဖို့ပဲ လိုပါတော့တယ်။ သင့်ကိုယ်သင် အားပေးပါ။ အဲဒါဆိုရင် သင့်အတွက် အောင်မြင်မှုဆိုတာ အိပ်မက် မဟုတ်တော့ပါဘူး။

╔============╗

မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%