မိမိကိုယ္ကိုယုံၾကည္မႈ၏ စြမ္းအား

ေအာင္ျမင္ျပည့္စုံတ့ဲ ဘ၀တစ္ခုကို ရရွိဖို႔အတြက္ မိမိကိုယ္ကိုမိမိ အျပည့္အ၀ယုံၾကည္မႈရွိဖို႔ လိုအပ္ပါတယ္။ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ မရွိပဲ အႀကီးအက်ယ္ေအာင္ျမင္လာတ့ဲသူဆိုတာ မရွိသေလာက္ကိုရွားပါးတယ္။ စတိဗ္ေဂ်ာ့ဘ္၊ မိုက္ကယ္ေဂ်ာ္ဒန္၊ မာတင္လူသာကင္းဂ်ဴနီယာနဲ႔ မာ့ခ္ကူးဘန္း စတ့ဲပုဂိၢဳဟ္ေတြ အားလုံးက သူတို႔ကိုယ္သူတို႔ယုံၾကည္မႈအျပည့္နဲ႔ ေအာင္ျမင္လာခ့ဲၾကတာျဖစ္ပါတယ္။

သူတို႔ဟာ အိပ္မက္ေတြအေကာင္အထည္ေဖာ္ရာမွာ ၾကံဳေတြ႕လာတ့ဲ ႐ႈံးနိမ့္မႈေတြ၊ ၿပိဳလဲမႈေတြကို ယုံၾကည္မႈအျပည့္နဲ႔ ျပန္လည္ႏိုးထျဖတ္ေက်ာ္လာႏိုင္ခ့ဲသူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ႔ယုံၾကည္ခ်က္က ျပင္းထန္လြန္းတ့ဲအတြက္ ဘယ္လိုအခက္အခဲမ်ိဳးကမွ သူတို႔ကို ေနာက္ေကာက္က်က်န္ခ့ဲေအာင္ မလုပ္ႏိုင္ခ့ဲတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္ စီးပြားေရးလုပ္ငန္းရွင္ေတြ စြန္႔ဦးတီထြင္လူငယ္ေတြအေနနဲ႔လည္း အဆင္မေျပမႈေတြ အခက္အခဲေတြကို ယုံၾကည္မႈအျပည့္နဲ႔ ျဖတ္ေက်ာ္ႏိုင္ေစဖို႔ မိမိကိုယ္မိမိ ယုံၾကည္မႈအခိုင္အမာတည္ေဆာက္ႏိုင္မယ့္ အေလ့အက်င့္(၂)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁၊ ေအာင္ႏိုင္မႈေတြကို ေရတြက္ပါ။

လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ေနစဥ္ဘ၀မွာ ၾကံဳေတြ႕လာရတ့ဲ အခက္အခဲေတြ၊ ဆုံး႐ႈံးမႈေတြကိုပဲ ေတြးၿပီးေနတတ္ၾကပါတယ္။ တကယ္တမ္းေတာ့ ဒီလိုမေကာင္းတာေတြကိုေတြးမေနပဲ လုပ္ေဆာင္ၿပီးေျမာက္ခ့ဲတ့ဲ ေအာင္ႏိုင္မႈေတြကို ေတြးၿပီးေရတြက္ထာူသင့္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ၿပီးဆုံးသြားခ်ိန္တိုင္းမွာ ေအာင္ျမင္မႈေတြကို စာရင္းျပဳထားဖို႔ လိုပါတယ္။ ဘယ္အခ်ိန္က ေအာင္ျမင္ခ့ဲတာပဲျဖစ္ျဖစ္၊ ေအာင္ျမင္မႈ ႀကီးႀကီးပဲျဖစ္ျဖစ္၊ ငယ္ငယ္ပဲျဖစ္ျဖစ္ အဓိကအေရးႀကီးတာက ေရးမွတ္ထားတတ္ဖို႔ပဲ ျဖစ္ပါတယ္။ ဒီလိုေအာင္ျမင္မႈေတြကို ေရးမွတ္ထားၿပီး ျပန္လည္ဆင္ျခင္သုံးသပ္မယ္ဆိုရင္ သင္ဘယ္ေလာက္ထိ စြမ္းေဆာင္ေအာင္ျမင္ခ့ဲသလဲဆိုတာကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ထပ္ အနာဂတ္ေအာင္ျမင္မႈေတြကို ရယူႏိုင္ဖို႔အတြက္ ယုံၾကည္မႈခြန္အားေတြလည္း ရရွိလာမွာျဖစ္ပါတယ္။

၂။ ကိုယ့္ကိုယ္ကို ေအာင္ႏိုင္သူခ်န္ပီယံတစ္ေယာက္လို႔ အျမဲေတြးပါ။

သင့္စိတ္ထဲက ျဖစ္ေပၚလာတ့ဲအေတြးေတြ၊ စိတ္ခံစားခ်က္ေတြကို နားေယာင္မေနပဲ သင့္ကိုယ္သင္ေအာင္ႏိုင္သူတစ္ေယာက္အျဖစ္ အျမဲေတြးၿပီး ျပဳမူဆက္ဆံပါ။ အျပဳသေဘာေဆာင္တဲ့ အေတြးေတြ စကားေတြနဲ႔ ကိုယ္ကိုယ္ကို အားေပးစကားေျပာတတ္တ့ဲ အေလ့အက်င့္ကို ေမြးျမဴႏိုင္ၿပီဆိုရင္ေတာ့ သင့္ရဲ႕ယုံၾကည္မႈကိုယိုင္နဲ႔ေစမယ့္ အေၾကာင္းေတြကို ေတြးမိေတာ့မွာမဟုတ္ေတာ့ပါဘူး။ ကိုယ္ကိုယ္ကို အားေပးတ့ဲအေနနဲ႔ “ငါလုပ္မယ္လို႔ဆုံးျဖတ္ၿပီးရင္ မလုပ္ႏိုင္တာဘာမွမရွိဘူး။” “ငါဟာ သာမန္မဟုတ္တ့ဲ ခ်န္ပီယံတစ္ဦးျဖစ္တယ္။ ” စသျဖင့္ ေျပာေပးေနဖို႔လိုအပ္ပါတယ္။

သင္ဟာ သင့္ကိုယ္သင္မွအျပည့္အ၀ယုံၾကည္မႈမရွိဘူးဆိုရင္ တျခားလူေတြက သင့္ကိုယုံၾကည္ဖို႔ဆိုတာ မလြယ္ေတာ့ပါဘူး။ သင္ဟာ ၀န္းထမ္းတစ္ဦးျဖစ္ခ့ဲမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယုံၾကည္မႈမရွိတ့ဲ သင့္ကို သင့္အလုပ္ရွင္ကအျပည့္အ၀ယုံၾကည္ႏိုင္ဖို႔ ခက္ခဲသလို သင္ဟာ စြန္႕ဦးတီထြင္လူငယ္တစ္ေယာက္ျဖစ္ခ့ဲမယ္ဆိုရင္လည္း ရင္းႏီွးျမဳပ္ႏွံသူေတြ႐ဲ႕ယုံၾကည္မႈ႐ဖို႔ ခက္ခဲပါလိမ့္မယ္။ ဒါ့ေၾကာင့္ ေအာင္ျမင္လိုသူတိုင္းအတြက္ မိမိကိုယ္မိမိ ယုံၾကည္မႈ အျပည့္ရွိဖို႔က အေရးအႀကီးဆုံးလိုအပ္ခ်က္တစ္ခုပဲျဖစ္ပါတယ္။

သင့္အေတြ႕ၾကံုုမ်ားႏွင့္ ထင္ျမင္ယူဆခ်က္မ်ားကိုု Comment တြင္ ဖလွယ္ျခင္းအားဖိတ္ေခၚပါတယ္…….။

╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Thron Htet

================================================

မိမိကိုယ်ကိုယုံကြည်မှု၏ စွမ်းအား
—————————————–

အောင်မြင်ပြည့်စုံတဲ့ ဘဝတစ်ခုကို ရရှိဖို့အတွက် မိမိကိုယ်ကိုမိမိ အပြည့်အဝယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိပဲ အကြီးအကျယ်အောင်မြင်လာတဲ့သူဆိုတာ မရှိသလောက်ကိုရှားပါးတယ်။ စတိဗ်ဂျော့ဘ်၊ မိုက်ကယ်ဂျော်ဒန်၊ မာတင်လူသာကင်းဂျူနီယာနဲ့ မာ့ခ်ကူးဘန်း စတဲ့ပုဂ္ဂိုဟ်တွေ အားလုံးက သူတို့ကိုယ်သူတို့ယုံကြည်မှုအပြည့်နဲ့ အောင်မြင်လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ အိပ်မက်တွေအကောင်အထည်ဖော်ရာမှာ ကြုံတွေ့လာတဲ့ ရှုံးနိမ့်မှုတွေ၊ ပြိုလဲမှုတွေကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည်နိုးထဖြတ်ကျော်လာနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ယုံကြည်ချက်က ပြင်းထန်လွန်းတဲ့အတွက် ဘယ်လိုအခက်အခဲမျိုးကမှ သူတို့ကို နောက်ကောက်ကျကျန်ခဲ့အောင် မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ စွန့်ဦးတီထွင်လူငယ်တွေအနေနဲ့လည်း အဆင်မပြေမှုတွေ အခက်အခဲတွေကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်ကျော်နိုင်စေဖို့ မိမိကိုယ်မိမိ ယုံကြည်မှုအခိုင်အမာတည်ဆောက်နိုင်မယ့် အလေ့အကျင့်(၂)ခုကို ဖော်ပြလိုက်ပါတယ်။

အောင်နိုင်မှုတွေကို ရေတွက်ပါ။

လူတော်တော်များများဟာ သူတို့နေစဉ်ဘဝမှာ ကြုံတွေ့လာရတဲ့ အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေကိုပဲ တွေးပြီးနေတတ်ကြပါတယ်။ တကယ်တမ်းတော့ ဒီလိုမကောင်းတာတွေကိုတွေးမနေပဲ လုပ်ဆောင်ပြီးမြောက်ခဲ့တဲ့ အောင်နိုင်မှုတွေကို တွေးပြီးရေတွက်ထာူသင့်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ပြီးဆုံးသွားချိန်တိုင်းမှာ အောင်မြင်မှုတွေကို စာရင်းပြုထားဖို့ လိုပါတယ်။ ဘယ်အချိန်က အောင်မြင်ခဲ့တာပဲဖြစ်ဖြစ်၊ အောင်မြင်မှု ကြီးကြီးပဲဖြစ်ဖြစ်၊ ငယ်ငယ်ပဲဖြစ်ဖြစ် အဓိကအရေးကြီးတာက ရေးမှတ်ထားတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကို ရေးမှတ်ထားပြီး ပြန်လည်ဆင်ခြင်သုံးသပ်မယ်ဆိုရင် သင်ဘယ်လောက်ထိ စွမ်းဆောင်အောင်မြင်ခဲ့သလဲဆိုတာကို တွေ့ရမှာဖြစ်ပြီး နောက်ထပ် အနာဂတ်အောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် ယုံကြည်မှုခွန်အားတွေလည်း ရရှိလာမှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အောင်နိုင်သူချန်ပီယံတစ်ယောက်လို့ အမြဲတွေးပါ။

သင့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေကို နားယောင်မနေပဲ သင့်ကိုယ်သင်အောင်နိုင်သူတစ်ယောက်အဖြစ် အမြဲတွေးပြီး ပြုမူဆက်ဆံပါ။ အပြုသဘောဆောင်တဲ့ အတွေးတွေ စကားတွေနဲ့ ကိုယ်ကိုယ်ကို အားပေးစကားပြောတတ်တဲ့ အလေ့အကျင့်ကို မွေးမြူနိုင်ပြီဆိုရင်တော့ သင့်ရဲ့ယုံကြည်မှုကိုယိုင်နဲ့စေမယ့် အကြောင်းတွေကို တွေးမိတော့မှာမဟုတ်တော့ပါဘူး။ ကိုယ်ကိုယ်ကို အားပေးတဲ့အနေနဲ့ “ငါလုပ်မယ်လို့ဆုံးဖြတ်ပြီးရင် မလုပ်နိုင်တာဘာမှမရှိဘူး။” “ငါဟာ သာမန်မဟုတ်တဲ့ ချန်ပီယံတစ်ဦးဖြစ်တယ်။ ” စသဖြင့် ပြောပေးနေဖို့လိုအပ်ပါတယ်။

သင်ဟာ သင့်ကိုယ်သင်မှအပြည့်အဝယုံကြည်မှုမရှိဘူးဆိုရင် တခြားလူတွေက သင့်ကိုယုံကြည်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ သင်ဟာ ဝန်းထမ်းတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့ သင့်ကို သင့်အလုပ်ရှင်ကအပြည့်အဝယုံကြည်နိုင်ဖို့ ခက်ခဲသလို သင်ဟာ စွန့်ဦးတီထွင်လူငယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်လည်း ရင်းနှီးမြုပ်နှံသူတွေရဲ့ယုံကြည်မှုရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် အောင်မြင်လိုသူတိုင်းအတွက် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိဖို့က အရေးအကြီးဆုံးလိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။

╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Thron Htet

Related Posts

One thought on “မိမိကိုယ္ကိုယုံၾကည္မႈ၏ စြမ္းအား

  1. ဟုတ္ပါတယ္ က်ရံူးခဲ႔တာေတြကိုပဲ ေတြးျဖစ္တာမ်ားပါတယ္ ဒီစာကို ဖတ္လိုက္ရတဲ႔အတြက္ ”ေအာင္ျမင္ခဲ႔တာေတြပဲ ေတြးပါဆိုတဲ႔” အခ်က္ကို ရလိုက္ပါတယ္
    ေက်းဇူးတင္ပါတယ္

Leave a ReplyCancel reply

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%