လ်ွပ္စစ္ မုတ္ဆိတ္ရိတ္စက္ သံုးမလား၊ ဘလိတ္ဓား သံုးမလား (ZawGyi)
———————————————————————–
မုတ္ဆိတ္နဲ႔ ႏႈတ္ခမ္းေမႊးကို သန္႔သန္႔႐ွင္း႐ွင္း ထားဖို႔ဟာ ေယာက္်ားေတြရဲ႕ တစ္ကိုယ္ရည္ သန္႔႐ွင္းေရးအတြက္ အရမ္းအေရးႀကီးပါတယ္။ အေကာင္းဆံုး ပံုစံရဖို႔ မုတ္ဆိတ္ရိတ္ရာမွာ သံုးတဲ့ ပစၥည္းဟာ အေရးႀကီးပါတယ္။ မုတ္ဆိတ္ရိတ္ဖို႔ သင္တုန္းဓားကေန ဘလိတ္ဓား၊ အဲဒိကေန လ်ွပ္စစ္ မုတ္ဆိတ္ရိတ္စက္ထိ တိုးတက္လာခဲ့ပါၿပီ။ ဘလိတ္ဓားသံုးမလား၊ စက္သံုးမလားဆိုတာကေတာ့ လူတစ္ဦးခ်င္းစီအႀကိဳက္အရ ကြဲျပားေပမယ့္ တစ္မ်ိဳးခ်င္းစီမွာ အက်ိဳး အျပစ္ေတြ ႐ွိပါတယ္။ အဲဒါေတြကေတာ့
ဘလိတ္ဓား
အက်ိဳး
– ပံုထြက္ ပိုေကာင္းပါတယ္
– သံုးရ၊ ထိန္းသိမ္းရ လြယ္ကူပါတယ္
– ေစ်းသက္သာပါတယ္
– ပိုၿပီး သယ္ရေဆာင္ရ လြယ္ကူပါတယ္
အျပစ္
– ခႏၶာကိုယ္ စိုစိြတ္ေနဖို႔ Shaving Cream သံုးဖို႔ လိုအပ္ပါတယ္
– ႐ွမိဖို႔ ပိုလြယ္ပါတယ္
– ရိတ္ရတဲ့ အခ်ိန္ဟာ ၾကာျမင့္ပါတယ္
– ကာလ႐ွည္မွာ ဓားဖိုးက စက္ထက္ ပိုၿပီးမ်ားပါတယ္
မုတ္ဆိတ္ရိတ္စက္
အက်ိဳး
– ခဏေလးနဲ႔ ရိတ္ၿပီးပါတယ္
– လ်ွပ္စစ္အား႐ွိတဲ့ ေနရာတိုင္းမွာ သံုးစြဲႏိုင္ပါတယ္
– မုတ္ဆိတ္ကိုုလိုုသလိုု ပံုသြင္းလို႔ပါ ရပါတယ္။ ဓားနဲ႔ဆို အဲဒါ မရပါဘူး
– ထိခိုက္မိ ႐ွမိတာ နည္းပါတယ္
အျပစ္
– လ်ွပ္စစ္ မုတ္ဆိတ္ရိတ္စက္ေတြက အကုန္ အေျပာင္ ရိတ္မေပးပါဘူး။ ခဏခဏ ျပန္ရိတ္ရပါတယ္
– စက္ေတြကို အျမဲ သန္႔႐ွင္းေနေအာင္ ထိန္းသိမ္းဖို႔ လိုပါတယ္။ ပ်က္သြားရင္ အသစ္တစ္လံုးဝယ္လိုက္တာ ပိုသက္သာပါတယ္
– အလြယ္တကူ ဝယ္လို႔မရပါဘူး
– တခ်ိဳ႕ တံဆိပ္ေတြက အသံဆူညံပါတယ္
– ရိတ္ေနတုန္း ဘက္ထရီကုန္သြားရင္ တန္းလန္းႀကီး က်န္ခဲ့ပါတယ္
– အထိအခိုက္မခံတဲ့ အေရျပား႐ွိသူေတြဟာ စက္ေၾကာင့္ အပူေလာင္နာေတြ ျဖစ္တတ္ပါတယ္
နိဂံုး
ႏွစ္မ်ိဳးလံုးမွာ အားသာခ်က္ အားနည္းခ်က္ေတြ ႐ွိတာ ေတြ႕ၿပီး ျဖစ္မွာပါ။ ဘာေရြးရမလဲဆိုတာေတာ့ သင္နဲ႔ပဲဆိုင္မွာပါ။ အေျပာင္၊ ပံုက်က် ရိတ္ခ်င္ရင္ ဓားကို သံုးပါ။ ျမန္ျမန္ဆန္ဆန္ ၿပီးေစခ်င္ရင္ေတာ့ လ်ွပ္စစ္ မုတ္ဆိတ္ရိတ္စက္ကို သံုးပါ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
Cyan Calyx
=================================================
လျှပ်စစ် မုတ်ဆိတ်ရိတ်စက် သုံးမလား၊ ဘလိတ်ဓား သုံးမလား
———————————————————————–
မုတ်ဆိတနဲ့ နှုတ်ခမ်းမွှေးကို သန့်သန့်ရှင်းရှင်း ထားဖို့ဟာ ယောက်ျားတွေရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် အရမ်းအရေးကြီးပါတယ်။ အကောင်းဆုံး ပုံစံရဖို့ မုတ်ဆိတ်ရိတ်ရာမှာ သုံးတဲ့ ပစ္စည်းဟာ အရေးကြီးပါတယ်။ မုတ်ဆိတ်ရိတ်ဖို့ သင်တုန်းဓားကနေ ဘလိတ်ဓား၊ အဲဒိကနေ လျှပ်စစ် မုတ်ဆိတ်ရိတ်စက်ထိ တိုးတက်လာခဲ့ပါပြီ။ ဘလိတ်ဓားသုံးမလား၊ စက်သုံးမလားဆိုတာကတော့ လူတစ်ဦးချင်းစီအကြိုက်အရ ကွဲပြားပေမယ့် တစ်မျိုးချင်းစီမှာ အကျိုး အပြစ်တွေ ရှိပါတယ်။ အဲဒါတွေကတော့
ဘလိတ်ဓား
အကျိုး
– ပုံထွက် ပိုကောင်းပါတယ်
– သုံးရ၊ ထိန်းသိမ်းရ လွယ်ကူပါတယ်
– ဈေးသက်သာပါတယ်
– ပိုပြီး သယ်ရဆောင်ရ လွယ်ကူပါတယ်
အပြစ်
– ခန္ဓာကိုယ် စိုစွိတ်နေဖို့ Shaving Cream သုံးဖို့ လိုအပ်ပါတယ်
– ရှမိဖို့ ပိုလွယ်ပါတယ်
– ရိတ်ရတဲ့ အချိန်ဟာ ကြာမြင့်ပါတယ်
– ကာလရှည်မှာ ဓားဖိုးက စက်ထက် ပိုပြီးများပါတယ်
မုတ်ဆိတ်ရိတ်စက်
အကျိုး
– ခဏလေးနဲ့ ရိတ်ပြီးပါတယ်
– လျှပ်စစ်အားရှိတဲ့ နေရာတိုင်းမှာ သုံးစွဲနိုင်ပါတယ်
– မုတ်ဆိတ်တိလို့၊ ပုံသွင်းလို့ပါ ရပါတယ်။ ဓားနဲ့ဆို အဲဒါ မရပါဘူး
– ထိခိုက်မိ ရှမိတာ နည်းပါတယ်
အပြစ်
– လျှပ်စစ် မုတ်ဆိတ်ရိတ်စက်တွေက အကုန် အပြောင် ရိတ်မပေးပါဘူး။ ခဏခဏ ပြန်ရိတ်ရပါတယ်
– စက်တွေကို အမြဲ သန့်ရှင်းနေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ ပျက်သွားရင် အသစ်တစ်လုံးဝယ်လိုက်တာ ပိုသက်သာပါတယ်
– အလွယ်တကူ ဝယ်လို့မရပါဘူး
– တချို့ တံဆိပ်တွေက အသံဆူညံပါတယ်
– ရိတ်နေတုန်း ဘက်ထရီကုန်သွားရင် တန်းလန်းကြီး ကျန်ခဲ့ပါတယ်
– အထိအခိုက်မခံတဲ့ အရေပြားရှိသူတွေဟာ စက်ကြောင့် အပူလောင်နာတွေ ဖြစ်တတ်ပါတယ်
နိဂုံး
နှစ်မျိုးလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိတာ တွေ့ပြီး ဖြစ်မှာပါ။ ဘာရွေးရမလဲဆိုတာတော့ သင်နဲ့ပဲဆိုင်မှာပါ။ အပြောင်၊ ပုံကျကျ ရိတ်ချင်ရင် ဓားကို သုံးပါ။ မြန်မြန်ဆန်ဆန် ပြီးစေချင်ရင်တော့ လျှပ်စစ် မုတ်ဆိတ်ရိတ်စက်ကို သုံးပါ။
╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx