ေဟာက္လြန္းလို႔ စိတ္ညစ္ေနပါသလား

ဟောက်လွန်းလို့ စိတ်ညစ်နေပါသလား
ေဟာက္တာအတြက္ ကုသနည္းလမ္းတစ္ခု ႐ွာေတြ႕ပါၿပီ။ လ်ွာနဲ႔ ပါးစပ္ေလ့က်င့္ခန္းေတြဟာ ေဟာက္တဲ့အႀကိမ္အေရအတြက္နဲ႔ အသံက်ယ္တာကို ေလ်ွာ့ခ်ေပးႏိုင္ပါတယ္။

ေဟာက္တယ္ဆိုတာ ပါးစပ္ လ်ွာနဲ႔ အာေခါင္က ႂကြက္သားေတြဟာ သင့္ရဲ႕ အသက္႐ႈလမ္းေၾကာင္းကို ပိတ္တဲ့အထိ ေျပေလ်ာ့သြားလို႔ပါ။ ေဟာက္သံဟာ စိ္တ္ညစ္ဖို႔ေကာင္းပါတယ္။ တခါတစ္ေလမွာဆိုရင္ အသက္႐ႈမဝလြန္းလို႔ အိပ္ရာက လန္႔ႏိုးတဲ့အထိ ျဖစ္တတ္ပါတယ္။
လည္ေခ်ာင္းနဲ႔ လ်ွာႂကြက္သားေတြကို တင္းထားလိုက္ရင္ ဘာျဖစ္မလဲဆိုတာ စမ္းသပ္ၾကည့္ပါတယ္။ လ်ွာနဲ႔ လည္ေခ်ာင္း ေလ့က်င့္ခန္း ၄ မ်ိဳး႐ွိပါတယ္။ လ်ွာဖ်ားကို အာေခါင္မွာ ဖိထားၿပီး အာေခါင္အတိုင္း ေနာက္ျပန္ဆြဲသြားတာ၊ လ်ွာကို ေခါက္ၿပီး အာေခါင္ကို ဖိထားရင္းနဲ႔ လ်ွာကို စုပ္တာ၊ လ်ွာကို ေအာက္အာေခါင္နဲ႔ ကပ္ထားရင္းနဲ႔ လ်ွာဖ်ားကို အေပၚသြားနဲ႔ ထိတာ၊ လ်ွာထုတ္ၿပီး ေအလို႔ ႐ြတ္ဆိုခိုင္းတာတို႔ ျဖစ္ပါတယ္။ေလ့က်င့္မယ့္ အုပ္စုကို တစ္ခါလုပ္ရင္ အေခါက္၂၀၊ တစ္ေန႔ကို ၃ ခါ နဲ႔ သံုးလ ဆက္တိုက္ လုပ္ၾကည့္ပါတယ္။ တျခားအုပ္စုတစ္ခုကိုေတာ့ အသက္႐ႈအေထာက္အကူ ေမးသိုင္းႀကိဳးပဲ တပ္ေပးထားၿပီး အသက္႐ႈေလ့က်င့္ခန္းပဲ လုပ္ေစပါတယ္။ ၃ လ ၿပီးဆံုးသြားတဲ့အခါမွာ ဒုတိယအုပ္စုမွာ ဘာမွ တိုးတက္လာမႈ မ႐ွိပါဘူး။ လ်ွာနဲ႔ ခံတြင္း ေလ့က်င့္ခန္းလုပ္သူေတြကေတာ့ ၃၆ ရာႏႈန္း ေဟာက္တာ ေလ်ာ့နည္းသြားတာေတြ႕ရၿပီး ေဟာက္တဲ့ အသံကိုေတာ့ တစ္ဝက္တိတိ ေလ်ာ့ပစ္ႏိုင္ခဲ့ၾကပါတယ္။

ကြၽန္ေတာ္တို႔ဟာ အသက္႐ႈဖို႔ ေလကို စုပ္ယူရတာပါ။ ေဟာက္တတ္သူေတြက် အဲဒိလို စုပ္လိုက္တာဟာ ေလလမ္းေၾကာင္းကို က်ဥ္းေစ ပိတ္ေစပါတယ္။ လည္ေခ်ာင္းေနာက္ပိုင္းက ႂကြက္သားေတြကို ေလ့က်င့္ေပးျခင္းဟာ ေလကို စုပ္ယူတဲ့အခါ က်ဥ္းမသြားေအာင္ ကူညီေပးပါတယ္။ သင္ဟာ ေဟာက္တတ္သူဆိုရင္ အေပၚက ေလ့က်င့္ခန္းေလး ေလးခုကို လုပ္ၾကည့္ပါ။ လူေတြက သူတို႔က်န္းမာေရးကို အဲလို ေသးေသးမႊားမႊားေလ့က်င့္ခန္းေလးေတြနဲ႔ ေျပာင္းလဲ ပစ္ႏိုင္ပါတယ္။

———————————————

ဟောက်လွန်းလို့ စိတ်ညစ်နေပါသလား

ဟောက်တာအတွက် ကုသနည်းလမ်းတစ်ခု ရှာတွေ့ပါပြီ။ လျှာနဲ့ ပါးစပ်လေ့ကျင့်ခန်းတွေဟာ ဟောက်တဲ့အကြိမ်အရေအတွက်နဲ့ အသံကျယ်တာကို လျှော့ချပေးနိုင်ပါတယ်။

ဟောက်တယ်ဆိုတာ ပါးစပ် လျှာနဲ့ အာခေါင်က ကြွက်သားတွေဟာ သင့်ရဲ့ အသက်ရှုလမ်းကြောင်းကို ပိတ်တဲ့အထိ ပြေလျော့သွားလို့ပါ။ ဟောက်သံဟာ စိ်တ်ညစ်ဖို့ကောင်းပါတယ်။ တခါတစ်လေမှာဆိုရင် အသက်ရှုမဝလွန်းလို့ အိပ်ရာက လန့်နိုးတဲ့အထိ ဖြစ်တတ်ပါတယ်။

လည်ချောင်းနဲ့ လျှာကြွက်သားတွေကို တင်းထားလိုက်ရင် ဘာဖြစ်မလဲဆိုတာ စမ်းသပ်ကြည့်ပါတယ်။ လျှာနဲ့ လည်ချောင်း လေ့ကျင့်ခန်း ၄ မျိုးရှိပါတယ်။ လျှာဖျားကို အာခေါင်မှာ ဖိထားပြီး အာခေါင်အတိုင်း နောက်ပြန်ဆွဲသွားတာ၊ လျှာကို ခေါက်ပြီး အာခေါင်ကို ဖိထားရင်းနဲ့ လျှာကို စုပ်တာ၊ လျှာကို အောက်အာခေါင်နဲ့ ကပ်ထားရင်းနဲ့ လျှာဖျားကို အပေါ်သွားနဲ့ ထိတာ၊ လျှာထုတ်ပြီး အေလို့ ရွတ်ဆိုခိုင်းတာတို့ ဖြစ်ပါတယ်။

လေ့ကျင့်မယ့် အုပ်စုကို တစ်ခါလုပ်ရင် အခေါက်၂၀၊ တစ်နေ့ကို ၃ ခါ နဲ့ သုံးလ ဆက်တိုက် လုပ်ကြည့်ပါတယ်။ တခြားအုပ်စုတစ်ခုကိုတော့ အသက်ရှုအထောက်အကူ မေးသိုင်းကြိုးပဲ တပ်ပေးထားပြီး အသက်ရှုလေ့ကျင့်ခန်းပဲ လုပ်စေပါတယ်။ ၃ လ ပြီးဆုံးသွားတဲ့အခါမှာ ဒုတိယအုပ်စုမှာ ဘာမှ တိုးတက်လာမှု မရှိပါဘူး။ လျှာနဲ့ ခံတွင်း လေ့ကျင့်ခန်းလုပ်သူတွေကတော့ ၃၆ ရာနှုန်း ဟောက်တာ လျော့နည်းသွားတာတွေ့ရပြီး ဟောက်တဲ့ အသံကိုတော့ တစ်ဝက်တိတိ လျော့ပစ်နိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ဟာ အသက်ရှုဖို့ လေကို စုပ်ယူရတာပါ။ ဟောက်တတ်သူတွေကျ အဲဒိလို စုပ်လိုက်တာဟာ လေလမ်းကြောင်းကို ကျဉ်းစေ ပိတ်စေပါတယ်။ လည်ချောင်းနောက်ပိုင်းက ကြွက်သားတွေကို လေ့ကျင့်ပေးခြင်းဟာ လေကို စုပ်ယူတဲ့အခါ ကျဉ်းမသွားအောင် ကူညီပေးပါတယ်။ သင်ဟာ ဟောက်တတ်သူဆိုရင် အပေါ်က လေ့ကျင့်ခန်းလေး လေးခုကို လုပ်ကြည့်ပါ။ လူတွေက သူတို့ကျန်းမာရေးကို အဲလို သေးသေးမွှားမွှားလေ့ကျင့်ခန်းလေးတွေနဲ့ ပြောင်းလဲ ပစ်နိုင်ပါတယ်။

╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx

=================================================

 

Related Posts

%%footer%%