လက္ထပ္ၿပီးစ ေလးငါးလေလာက္ကေတာ့ အရမ္းတက္ႂကြေနမွာပါ၊ တစ္ေယာက္ကိုတစ္ေယာက္ အျမဲ ထိကိုင္ေနခ်င္တယ္၊ လိင္ကိစၥ တစ္ေန႔ကို သံုးႀကိမ္ေလာက္ လုပ္ျဖစ္မွာပါ။ ဆက္ဆံနည္းမ်ိဳးစံုနဲ႔ တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ ဆက္ဆံမယ္။ ခ်စ္ဇာတ္လမ္းထဲမွာ ႏွစ္ေယာက္သား ေပ်ာ္ေမြ႕ေနမွာပါ။
ေနာက္က်ေတာ့ အဲဒါေတြ အ႐ွိန္ေလ်ာ့သြားတယ္။ လက္ထပ္ၿပီး နည္းနည္းၾကာေတာ့ အ႐ွိန္ေလ်ာ့သြားတာ ပံုမွန္ျဖစ္ေပမယ့္ လံုးဝနီးပါး ရပ္သြားတယ္ဆိုရင္ေတာ့ ပံုမွန္ မဟုတ္ေတာ့ပါဘူး။
ဒီမွာ သူမ မဆက္ဆံခ်င္ရတဲ့ အေၾကာင္း ငါးခ်က္နဲ႔ ေျဖ႐ွင္းနည္းေတြကို ေဖာ္ျပထားပါတယ္။
၁. မဆက္ဆံတာကို အက်င့္ျဖစ္သြားလို႔ပါ သူမ စိတ္ဖိစီးေနရင္၊ ပင္ပန္းေနရင္၊ မအားရင္ မဆက္ဆံ ျဖစ္ေတာ့ပါဘူး။ သင္ ရက္အနည္းငယ္ မဆက္ဆံမိတာကေန လြယ္လြယ္ေလးနဲ႔ ရက္သတၱပါတ္ေတြ ျဖစ္သြားမယ္။ အပါတ္ေတြကေန လေတြ ျဖစ္သြားမွာပါ။ မဆက္ဆံျဖစ္တာ ၾကာေလ၊ ပံုမွန္ျပန္ဆက္ဆံႏိုင္ဖို႔ ခက္ခဲေလပါ။ အဲလိုမျဖစ္ဖို႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ အျမဲ ပြတ္သီးပြတ္သပ္ေနပါ။ မအားရင္ေတာင္ ဆြဲေဆာင္မႈ႐ွိတဲ့ စာေလးေတြ ပို႔ေပးပါ။ ေရတူတူခ်ိဳးပါ။ ေျဖ႐ွင္းဖို႔ကေတာ့ စက္ဘီးစီးသလိုပါပဲ။ စီးလိုက္မွပါ။ မစီးပဲနဲ႔ စီးတတ္ခ်င္လို႔ မရပါဘူး။ လိင္ကိစၥ တစ္ေခါက္ စလုပ္ေပးလိုက္ရင္ အဆင္ေျပသြားမွာပါ။
၂. ကြာ႐ွင္းခ်င္ေနတာပါ မိန္းမတစ္ေယာက္က သူ႔ပါတနာကို ကြာ႐ွင္းခ်င္ေနၿပီဆိုရင္ လိင္ကိစၥ ရပ္တန္႔သြားပါတယ္။ ဒါေပမယ့္ ရပ္တန္႔႔တိုင္း ကြာ႐ွင္းခ်င္တာ မဟုတ္ပါဘူး။ အရမ္းမစိုးရိမ္ပါနဲ႔။ အဲလိုမျဖစ္ဖို႔ သင့္ပါတနာကို ၾကင္နာပါ။ ေလးစားပါ။ ခ်စ္ျပပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္း ႐ွိပါ။ ျဖစ္ခဲ့ရင္ ေျဖ႐ွင္းဖို႔ကေတာ့ သူမကို ပြင့္ပြင့္လင္းလင္း ေမးၾကည့္ပါ။ စိတ္ထဲမွာ ျမံဳၿပီးေၾကာက္ေနရင္ေတာ့ ႏွစ္ေယာက္စလံုးအတြက္ မေကာင္းပါဘူး။
၃. သူမကိုယ္သူမ ဆြဲေဆာင္မႈ မ႐ွိေတာ့ဘူး ထင္ေနလို႔ပါ အမ်ိဳးသမီးတစ္ေယာက္ ဝိတ္တက္လာရင္၊ ဒါမွမဟုတ္ ကေလးေမြးၿပီးသြားရင္ ဆြဲေဆာင္မႈ႐ွိတယ္ မခံစားရေတာ့ပါဘူး။အဲဒါဆို မဆက္ဆံခ်င္ေတာ့ပါဘူး။ အဲလိုမျဖစ္ဖို႔ သူမကို ဦးစီးဦးေဆာင္ ဆြဲေဆာင္မႈ႐ွိေၾကာင္ ေျပာေပးပါ။ သူမက အျမဲ လွေနတဲ့ အေၾကာင္းကို ေျပာပါ။ ျဖစ္ခဲ့ရင္ေတာ့ ဝေနတာကို တိုက္႐ိုက္ႀကီးမေျပာပါနဲ႔။ သင္ကဦးေဆာင္ၿပီး ဝိတ္ခ်ျပပါ။ သူမ အားကိုးရေလာက္တဲ့ လူတစ္ေယာက္ ျဖစ္ပါေစ။
၄. သူမက ေဖာက္ျပန္ေနတာပါ ဒါဟာ အဆိုးရြားဆံုးအေျခအေနပါ။ သင့္ဆီက လိင္ကိစၥ မလိုခ်င္ရတာက တျခားတစ္ေယာက္ဆီက ရေနလို႔ပါပဲ။ ဒါေပမယ့္ မေသခ်ာပဲ ရမ္းမစြပ္စြဲပါနဲ႔။ အဲလိုမျဖစ္ဖို႔ သူမစ႐ိုက္ေတြကို ေလ့လာၾကည့္ပါ။ ည အခ်ိန္မေတာ္ ဖုန္းဆက္ေနတာ၊ ဖုန္းကို ဖြက္ထားတာ၊ အိမ္ေနာက္က်ျပန္တာ၊ အဲဒါေတြကို ေတြ႕ခဲ့ရင္ေတာ့ ပြင့္လင္းမႈက အဓိကပါပဲ။ ပြင့္ပြင့္လင္းလင္း ေမးၾကည့္ပါ။ ျဖစ္ခဲ့ၿပီးရင္ေတာ့ လမ္းခြဲဖို႔နဲ႔ ခြင့္လႊတ္ေပးဖို႔ ႏွစ္မ်ိဳးပဲ ေရြးစရာ႐ွိပါတယ္။ အဲဒါကေတာ့ သင္တို႔နဲ႔ သက္ဆိုင္ပါတယ္။ ခြင့္လႊတ္မယ္ဆိုရင္ေတာ့ ဘာေၾကာင့္ ေဖာက္ျပန္ရတာလဲဆိုတာ သိေအာင္လုပ္ၿပီး သူမလိုတာ ျဖည့္ေပးႏိုင္ဖို႔ ႀကိဳးစားပါ။
၅. အဲဒိကိစၥကို ပ်င္းလာလို႔ပါ လိင္ကိစၥမွာ ႐ိုးလာ ပ်င္းလာသူဟာ ပံုစံသစ္ေတြကို သံုးရင္သံုး၊ မဟုတ္ရင္ ျမန္ျမန္္ ၿပီးၿပီးေရာ လုပ္လာတတ္ၾကပါတယ္။ အဲဒါက အတြဲတိုင္းမွာ ျဖစ္လာတတ္ၾကပါတယ္။ စိတ္မပူပါနဲ႔။ ေျဖ႐ွင္းဖို႔က ေတာ့ ပံုစံသစ္ေတြ၊ ေနရာသစ္ေတြ၊ အျပဳအမူသစ္ေတြကို စမ္းသပ္ၾကည့္ပါ။ ေခြ တူတူၾကည့္ၿပီး ပံုစံ အသစ္ေတြကို တူတူေလ့လာပါ။ အေရးႀကီးတာက သင္ ပ်င္းလာရင္ ပ်င္းလာတယ္ေျပာပါ။ သင္တို႔ႏွစ္ေယာက္ တူတူ ၾကည့္လို႔ရတဲ့၊ ဖတ္လို႔ရတဲ့ အရာေတြ အမ်ားႀကီး ႐ွိပါတယ္။
╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Cyan Calyx
==================================================
ချစ်တင်းနှီးနှောချင်စိတ် လျော့နည်းလာတဲ့ အကြောင်းရင်း ငါးချက်
———————————————————————-
လက်ထပ်ပြီးစ လေးငါးလလောက်ကတော့ အရမ်းတက်ကြွနေမှာပါ၊ တစ်ယောက်ကိုတစ်ယောက် အမြဲ ထိကိုင်နေချင်တယ်၊ လိင်ကိစ္စ တစ်နေ့ကို သုံးကြိမ်လောက် လုပ်ဖြစ်မှာပါ။ ဆက်ဆံနည်းမျိုးစုံနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ဆက်ဆံမယ်။ ချစ်ဇာတ်လမ်းထဲမှာ နှစ်ယောက်သား ပျော်မွေ့နေမှာပါ။
နောက်ကျတော့ အဲဒါတွေ အရှိန်လျော့သွားတယ်။ လက်ထပ်ပြီး နည်းနည်းကြာတော့ အရှိန်လျော့သွားတာ ပုံမှန်ဖြစ်ပေမယ့် လုံးဝနီးပါး ရပ်သွားတယ်ဆိုရင်တော့ ပုံမှန် မဟုတ်တော့ပါဘူး။
ဒီမှာ သူမ မဆက်ဆံချင်ရတဲ့ အကြောင်း ငါးချက်နဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြထားပါတယ်။
၁. မဆက်ဆံတာကို အကျင့်ဖြစ်သွားလို့ပါ သူမ စိတ်ဖိစီးနေရင်၊ ပင်ပန်းနေရင်၊ မအားရင် မဆက်ဆံ ဖြစ်တော့ပါဘူး။ သင် ရက်အနည်းငယ် မဆက်ဆံမိတာကနေ လွယ်လွယ်လေးနဲ့ ရက်သတ္တပါတ်တွေ ဖြစ်သွားမယ်။ အပါတ်တွေကနေ လတွေ ဖြစ်သွားမှာပါ။ မဆက်ဆံဖြစ်တာ ကြာလေ၊ ပုံမှန်ပြန်ဆက်ဆံနိုင်ဖို့ ခက်ခဲလေပါ။ အဲလိုမဖြစ်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် အမြဲ ပွတ်သီးပွတ်သပ်နေပါ။ မအားရင်တောင် ဆွဲဆောင်မှုရှိတဲ့ စာလေးတွေ ပို့ပေးပါ။ ရေတူတူချိုးပါ။ ဖြေရှင်းဖို့ကတော့ စက်ဘီးစီးသလိုပါပဲ။ စီးလိုက်မှပါ။ မစီးပဲနဲ့ စီးတတ်ချင်လို့ မရပါဘူး။ လိင်ကိစ္စ တစ်ခေါက် စလုပ်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။
၂. ကွာရှင်းချင်နေတာပါ မိန်းမတစ်ယောက်က သူ့ပါတနာကို ကွာရှင်းချင်နေပြီဆိုရင် လိင်ကိစ္စ ရပ်တန့်သွားပါတယ်။ ဒါပေမယ့် ရပ်တန့်တိုင်း ကွာရှင်းချင်တာ မဟုတ်ပါဘူး။ အရမ်းမစိုးရိမ်ပါနဲ့။ အဲလိုမဖြစ်ဖို့ သင့်ပါတနာကို ကြင်နာပါ။ လေးစားပါ။ ချစ်ပြပါ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ရှိပါ။ ဖြစ်ခဲ့ရင် ဖြေရှင်းဖို့ကတော့ သူမကို ပွင့်ပွင့်လင်းလင်း မေးကြည့်ပါ။ စိတ်ထဲမှာ မြုံပြီးကြောက်နေရင်တော့ နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။
၃. သူမကိုယ်သူမ ဆွဲဆောင်မှု မရှိတော့ဘူး ထင်နေလို့ပါ အမျိုးသမီးတစ်ယောက် ဝိတ်တက်လာရင်၊ ဒါမှမဟုတ် ကလေးမွေးပြီးသွားရင် ဆွဲဆောင်မှုရှိတယ် မခံစားရတော့ပါဘူး။အဲဒါဆို မဆက်ဆံချင်တော့ပါဘူး။ အဲလိုမဖြစ်ဖို့ သူမကို ဦးစီးဦးဆောင် ဆွဲဆောင်မှုရှိကြောင် ပြောပေးပါ။ သူမက အမြဲ လှနေတဲ့ အကြောင်းကို ပြောပါ။ ဖြစ်ခဲ့ရင်တော့ ဝနေတာကို တိုက်ရိုက်ကြီးမပြောပါနဲ့။ သင်ကဦးဆောင်ပြီး ဝိတ်ချပြပါ။ သူမ အားကိုးရလောက်တဲ့ လူတစ်ယောက် ဖြစ်ပါစေ။
၄. သူမက ဖောက်ပြန်နေတာပါ ဒါဟာ အဆိုးရွားဆုံးအခြေအနေပါ။ သင့်ဆီက လိင်ကိစ္စ မလိုချင်ရတာက တခြားတစ်ယောက်ဆီက ရနေလို့ပါပဲ။ ဒါပေမယ့် မသေချာပဲ ရမ်းမစွပ်စွဲပါနဲ့။ အဲလိုမဖြစ်ဖို့ သူမစရိုက်တွေကို လေ့လာကြည့်ပါ။ ည အချိန်မတော် ဖုန်းဆက်နေတာ၊ ဖုန်းကို ဖွက်ထားတာ၊ အိမ်နောက်ကျပြန်တာ၊ အဲဒါတွေကို တွေ့ခဲ့ရင်တော့ ပွင့်လင်းမှုက အဓိကပါပဲ။ ပွင့်ပွင့်လင်းလင်း မေးကြည့်ပါ။ ဖြစ်ခဲ့ပြီးရင်တော့ လမ်းခွဲဖို့နဲ့ ခွင့်လွှတ်ပေးဖို့ နှစ်မျိုးပဲ ရွေးစရာရှိပါတယ်။ အဲဒါကတော့ သင်တို့နဲ့ သက်ဆိုင်ပါတယ်။ ခွင့်လွှတ်မယ်ဆိုရင်တော့ ဘာကြောင့် ဖောက်ပြန်ရတာလဲဆိုတာ သိအောင်လုပ်ပြီး သူမလိုတာ ဖြည့်ပေးနိုင်ဖို့ ကြိုးစားပါ။
၅. အဲဒိကိစ္စကို ပျင်းလာလို့ပါ လိင်ကိစ္စမှာ ရိုးလာ ပျင်းလာသူဟာ ပုံစံသစ်တွေကို သုံးရင်သုံး၊ မဟုတ်ရင် မြန်မြန် ပြီးပြီးရော လုပ်လာတတ်ကြပါတယ်။ အဲဒါက အတွဲတိုင်းမှာ ဖြစ်လာတတ်ကြပါတယ်။ စိတ်မပူပါနဲ့။ ဖြေရှင်းဖို့က တော့ ပုံစံသစ်တွေ၊ နေရာသစ်တွေ၊ အပြုအမူသစ်တွေကို စမ်းသပ်ကြည့်ပါ။ ခွေ တူတူကြည့်ပြီး ပုံစံ အသစ်တွေကို တူတူလေ့လာပါ။ အရေးကြီးတာက သင် ပျင်းလာရင် ပျင်းလာတယ်ပြောပါ။ သင်တို့နှစ်ယောက် တူတူ ကြည့်လို့ရတဲ့၊ ဖတ်လို့ရတဲ့ အရာတွေ အများကြီး ရှိပါတယ်။
╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx
==================================================