ကမၻာ့ပထမဆံုး က်ားအဂၤါ အစားထိုးကုသမႈ ေအာင္ျမင္

ကမၻာ့ပထမဆံုး က်ားအဂၤါ အစားထိုးကုသမႈ ေအာင္ျမင္ (Zawgyi)
————————————————————–

ေတာင္အာဖရိက ကိပ္ေတာင္းေဆးရံုတစ္ရံုမွာ ကမၻာ့ပထမဆံုးက်ားအဂၤါ အစားထိုးကုသမႈကို ေအာင္ျမင္ခဲ့ပါတယ္။ လူနာက အသက္ ၂၁ ႏွစ္အရြယ္ပါ။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၁ က ခြဲစိတ္ခဲ့တာ ျဖစ္ၿပီး ခြဲစိတ္ကုသခ်ိန္ ၁၁ နာရီ ၾကာခဲ့ပါတယ္။ အခု လူနာဟာ နာလန္ထူလာၿပီး က်ားအဂၤါကလည္း နဂိုအတိုင္း ျပန္လည္သန္စြမ္းလာၿပီလို႔ သိရပါတယ္။

အဲဒိအမည္မေဖာ္လိုသူလူနာဟာ ႐ိုးရာအရ အဂၤါထိပ္ အေရျပားျဖတ္ေတာက္မႈကေန ပိုးဝင္လာတာေၾကာင့္ အဂၤါတစ္ေခ်ာင္းလံုး ျဖတ္ထုတ္တာ ခံခဲ့ရပါတယ္။ ေတာင္အာဖရိကမွာ အေရျပားျဖတ္ေတာက္ရာကေန ပိုးဝင္မႈေၾကာင့္ တစ္ႏွစ္ကို လူအေယာက္ ၂၅၀ ေလာက္ အဂၤါ တစ္ေခ်ာင္းလံုး ျဖတ္ပစ္ေနရပါတယ္။

႐ိုးရာအေရျပားျဖတ္ျခင္းဟာ ေတာင္အာဖရိကမွာ အရြယ္ေရာက္တဲ့အထိမ္းအမွတ္အေနနဲ႔ လုပ္ၾကတာပါ။ အဲ့ဒါကို ပိုးသတ္ထားတဲ့ ပါတ္ဝန္းက်င္မွာ လုပ္ေလ့မ႐ွိပါဘူး။ ပိုးမႊားဝင္ျခင္း၊ ေရာင္ရမ္းျခင္း၊ အသားပိုၿပီဴ ျဖတ္မိျခင္းဟာ ျဖစ္ေနၾကပါ။

ခြဲစိတ္မႈရဲ႕ ရည္မွန္းခ်က္က ႏွစ္ႏွစ္အတြင္း မူလအတိုင္း ျပန္စြမ္းေဆာင္ႏိုင္ဖို႔ပါ။ သူရဲ႕ အလ်င္အျမန္ နာလန္ထူလာမႈေၾကာင့္ ဆရာဝန္မ်ားေတာင္ အံ့ဩခဲ့ၾကပါတယ္။ ခုတစ္ေခါက္က ဒီလိုခြဲစိတ္မႈကို ဒုတိယအႀကိမ္ လုပ္ေဆာင္တာျဖစ္ၿပီး ပထမဆံုးအႀကိမ္ ေအာင္ျမင္ခဲ့တာပါ။

ဒီလို အစားထိုးကုသခံရတဲ့လူနာဟာ လိင္ပိုင္းဆိုင္ရာ တက္ႂကြမႈ နဂိုအတိုင္း႐ွိၿပီးေတာ့ ကေလးလည္း ရႏိုင္ပါတယ္။ ဒီလူနာကို ေနာက္ထပ္ သံုးလ ေစာင့္ၾကည့္ၿပီးလို႔ အဆင္ေျပရင္ ကုသမႈခံယူဖို႔ ေစာင့္ဆိုင္းေနၾကသူ ကိုးေယာက္ ႐ွိပါတယ္။

ေသဆံုးသူေတြရဲ႕ မိသားစုေတြဟာ သူတို႔ေဆြမ်ိဳးေတြရဲ႕ အဂၤါေတြကို မလႈခ်င္ၾကပါဘူး။ ေဆြမ်ိဳးေတြသေဘာမတူရင္ ယူလို႔မရေအာင္လဲ ေတာင္အာဖရိကဥပေဒက ကန္႔သတ္ထားပါတယ္။ အခုတစ္ခုကိုေတာင္ အေလာင္းမွာ အဂၤါလိုမ်ိဳး အေရျပားစတစ္ခု လုပ္ၿပီး တပ္ေပးၿပီးမွ ရခဲ့တာပါ။ အဲဒိ အဂၤါဟာ အေရျပားျဖတ္ျခင္း ျပဳလုပ္မထားပါဘူး။

ေတာင္အာဖရိကမွာ ဒီလို ကုသမႈမ်ိဳးကို အရမ္းလိုအပ္ေနပါတယ္။ ဒီက ေယာက္်ားေလးေတြဟာ ႐ိုးရာ အေရျပားျဖတ္တာကေနၿပီး ပိုးဝင္တာကို ႏွစ္တိုင္းၾကံဳေတြ႕ေနၾကပါတယ္။ လို႔ ဆရာဝန္တစ္ေယာက္က ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

╔============╗

မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Cyan Calyx
================================================

ကမ္ဘာ့ပထမဆုံး ကျားအင်္ဂါ အစားထိုးကုသမှု အောင်မြင်
————————————————————–

တောင်အာဖရိက ကိပ်တောင်းဆေးရုံတစ်ရုံမှာ ကမ္ဘာ့ပထမဆုံးကျားအင်္ဂါ အစားထိုးကုသမှုကို အောင်မြင်ခဲ့ပါတယ်။ လူနာက အသက် ၂၁ နှစ်အရွယ်ပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ က ခွဲစိတ်ခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသချိန် ၁၁ နာရီ ကြာခဲ့ပါတယ်။ အခု လူနာဟာ နာလန်ထူလာပြီး ကျားအင်္ဂါကလည်း နဂိုအတိုင်း ပြန်လည်သန်စွမ်းလာပြီလို့ သိရပါတယ်။

အဲဒိအမည်မဖော်လိုသူလူနာဟာ ရိုးရာအရ အင်္ဂါထိပ် အရေပြားဖြတ်တောက်မှုကနေ ပိုးဝင်လာတာကြောင့် အင်္ဂါတစ်ချောင်းလုံး ဖြတ်ထုတ်တာ ခံခဲ့ရပါတယ်။ တောင်အာဖရိကမှာ အရေပြားဖြတ်တောက်ရာကနေ ပိုးဝင်မှုကြောင့် တစ်နှစ်ကို လူအယောက် ၂၅၀ လောက် အင်္ဂါ တစ်ချောင်းလုံး ဖြတ်ပစ်နေရပါတယ်။

ရိုးရာအရေပြားဖြတ်ခြင်းဟာ တောင်အာဖရိကမှာ အရွယ်ရောက်တဲ့အထိမ်းအမှတ်အနေနဲ့ လုပ်ကြတာပါ။ အဲ့ဒါကို ပိုးသတ်ထားတဲ့ ပါတ်ဝန်းကျင်မှာ လုပ်လေ့မရှိပါဘူး။ ပိုးမွှားဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ အသားပိုပြီူ ဖြတ်မိခြင်းဟာ ဖြစ်နေကြပါ။

ခွဲစိတ်မှုရဲ့ ရည်မှန်းချက်က နှစ်နှစ်အတွင်း မူလအတိုင်း ပြန်စွမ်းဆောင်နိုင်ဖို့ပါ။ သူရဲ့ အလျင်အမြန် နာလန်ထူလာမှုကြောင့် ဆရာဝန်များတောင် အံ့ဩခဲ့ကြပါတယ်။ ခုတစ်ခေါက်က ဒီလိုခွဲစိတ်မှုကို ဒုတိယအကြိမ် လုပ်ဆောင်တာဖြစ်ပြီး ပထမဆုံးအကြိမ် အောင်မြင်ခဲ့တာပါ။

ဒီလို အစားထိုးကုသခံရတဲ့လူနာဟာ လိင်ပိုင်းဆိုင်ရာ တက်ကြွမှု နဂိုအတိုင်းရှိပြီးတော့ ကလေးလည်း ရနိုင်ပါတယ်။ ဒီလူနာကို နောက်ထပ် သုံးလ စောင့်ကြည့်ပြီးလို့ အဆင်ပြေရင် ကုသမှုခံယူဖို့ စောင့်ဆိုင်းနေကြသူ ကိုးယောက် ရှိပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေဟာ သူတို့ဆွေမျိုးတွေရဲ့ အင်္ဂါတွေကို မလှုချင်ကြပါဘူး။ ဆွေမျိုးတွေသဘောမတူရင် ယူလို့မရအောင်လဲ တောင်အာဖရိကဥပဒေက ကန့်သတ်ထားပါတယ်။ အခုတစ်ခုကိုတောင် အလောင်းမှာ အင်္ဂါလိုမျိုး အရေပြားစတစ်ခု လုပ်ပြီး တပ်ပေးပြီးမှ ရခဲ့တာပါ။ အဲဒိ အင်္ဂါဟာ အရေပြားဖြတ်ခြင်း ပြုလုပ်မထားပါဘူး။

တောင်အာဖရိကမှာ ဒီလို ကုသမှုမျိုးကို အရမ်းလိုအပ်နေပါတယ်။ ဒီက ယောက်ျားလေးတွေဟာ ရိုးရာ အရေပြားဖြတ်တာကနေပြီး ပိုးဝင်တာကို နှစ်တိုင်းကြုံတွေ့နေကြပါတယ်။ လို့ ဆရာဝန်တစ်ယောက်က ထုတ်ဖော်ပြောခဲ့ပါတယ်။

╔============╗

မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx

Related Posts

%%footer%%