မ်က္လံုးအေရာင္ေျပာင္းဖို႔ ကုသႏိုင္ၿပီ

မ်က္လံုးေတြဟာ ဆံပင္ေတြလို ႀကိဳက္သလို အေရာင္ဆိုးလို႔ မရပါဘူး။ ဒါေပမယ့္ ေလဆာအကူအညီသံုးၿပီးေတာ့ မ်က္လံုးအေရာင္ကို အျပာေရာင္ျဖစ္ေအာင္ ေျပာင္းပစ္လို႔ရပါၿပီ။

ဒီနည္းပညာကို ကယ္လီဖိုးနီးယားအေျခစိုက္ Stroma Medical က စတင္ခဲ့ၿပီး အခု ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ရ႐ွိေနပါၿပီ။ အေမရိကန္မွာေတာ့ ခြင့္ျပဳခ်က္ ေစာင့္ဆိုင္းေနတုန္းပါ။ မက္ဆီကိုနဲ႔ ကိုစတာရီကာက လူနာ ၃၇ ေယာက္ကေတာ့ ခြဲစိတ္မႈေအာင္ျမင္သြားၿပီး သူတို႔မ်က္လံုးေတြကို အျပာေရာင္ ေျပာင္းပစ္ႏိုင္ပါၿပီ။

မ်က္ဝန္းလဲ့ျပာျပာေလးေတြကို လိုခ်င္ရင္ေတာ့ ပိုက္ဆံစုတာ ပိုေကာင္းပါ့မယ္။ ဒီကုသမႈဟာ ေဒၚလာ ငါးေထာင္ ကုန္က်မွာ မို႔လို႔ပါ။ ပိုက္ဆံမစုခ်င္သူေတြကေတာ့ မ်က္ကပ္မွန္တတြ သံုးလိုက္တာ ပိုအဆင္ေျပပါမယ္။

ဒီကုသမႈမွာ မ်က္လံုးထဲကို ဘာအေရာင္မွ မထည့္ပါဘူး။ မ်က္လံုးရဲ႕ ဖြဲ႔စည္းပံုဟာ မ်က္လံုးေတြအားလံုးရဲ႕ မ်က္သားဟာ အျပာေရာင္ေတာက္ေနပါတယ္။ မ်က္လံုးညိဳတဲ့သူေတြက်ေတာ့ အဲ့ဒိမ်က္လံုးအျပာေရာင္ရဲ႕အေပၚမွာ အညိဳေရာင္ မယ္လ္တိုနင္ အလႊာတစ္ခု ဖံုးအုပ္ေနတာပါ။ မယ္လ္တိုနင္ဟာ အေရျပားနဲ႔ ဆံပင္မွာပါတဲ့ အညိဳေရာင္ခ်ယ္ ပစၥည္းပါ။ ဒီကုသမႈမွာ အဲဒိ အညိဳေရာင္ အလႊာကို ဖယ္ထုတ္လိုက္တာပါ။

ေလဆာနဲ႔ ဖယ္ထုတ္တာဟာ စကၠန္႔ ၂၀ ပဲ ၾကာမွာပါ။ ဒါေပမယ့္ မ်က္လံုးအေရာင္ေျပာင္းဖို႔ကေတာ့ တစ္လ ႏွစ္လေလာက္ ေစာင့္ရမွာပါ။ ခႏၶာကိုယ္ကို ေသေနတဲ့ အညိဳေရာင္အလႊာကို ဖယ္ထုတ္ဖို႔ အခ်ိန္ေပးရပါမယ္။ အေမရိကန္မွာ ခြင့္ျပဳခ်က္ရဖို႔ကေတာ့ ေတာ္ေတာ္ၾကာဦးမွာပါ။ ကုသမႈ ခံယူထားသူေတြ ေရ႐ွည္မွာ ဘာအက်ိဳးသက္ေရာက္လဲ ေစာင့္ၾကည့္ဦးမွာမို႔ပါ။ အခုထိေတာ့ ဘာဆိုးႀကိဳးမွ မေတြ႕ေသးပါဘူး။

တခ်ိဳ႕ေတြကေတာ့ အဲဒိ ေသဆံုးသြားတဲ့ အလႊာက မ်က္လံုးေသြးေၾကာေလးေတြကို ပိတ္ဆို႔ေစၿပီး ေရတိမ္ျဖစ္ေစႏိုင္ေလာက္တယ္လို႔ မွန္းဆၿပီး ေျပာၾကပါတယ္။ ဒါေပမယ့္ Stroma က တာဝန္႐ွိသူကေတာ့ အဲဒိ အလႊာေလးဟာ အရမ္းေသးငယ္လြန္းလို႔ အဲလို မပိတ္ဆို႔ေစႏိုင္ပါဘူး လို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ဒီကုသမႈဟာ ေစ်းႀကီးေပမယ့္ ကုသခံလိုသူ အမ်ားအျပား႐ွိေနပါတယ္။ ကမၻာေပၚမွာ မ်က္လံုးျပာသူေတြဟာ ၁၇% ပဲ ႐ွိၿပီး ပိုပိုၿပီး ႐ွားလာပါၿပီ။ သင္ေရာ မ်က္ဝန္းလဲ့ျပာျပာေတြ လိုခ်င္ပါသလား။

╔============╗

မိန္းခေလးတိုင္းေတာင့္တၿပီး

ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

Gentleman Magazine

╚============╝

Cyan Calyx

================================================

မျက်လုံးအရောင်ပြောင်းဖို့ ကုသနိုင်ပါပြီ

မျက်လုံးတွေဟာ ဆံပင်တွေလို ကြိုက်သလို အရောင်ဆိုးလို့ မရပါဘူး။ ဒါပေမယ့် လေဆာအကူအညီသုံးပြီးတော့ မျက်လုံးအရောင်ကို အပြာရောင်ဖြစ်အောင် ပြောင်းပစ်လို့ရပါပြီ။

ဒီနည်းပညာကို ကယ်လီဖိုးနီးယားအခြေစိုက် Stroma Medical က စတင်ခဲ့ပြီး အခု နိုင်ငံတော်တော်များများမှာ ရရှိနေပါပြီ။ အမေရိကန်မှာတော့ ခွင့်ပြုချက် စောင့်ဆိုင်းနေတုန်းပါ။ မက်ဆီကိုနဲ့ ကိုစတာရီကာက လူနာ ၃၇ ယောက်ကတော့ ခွဲစိတ်မှုအောင်မြင်သွားပြီး သူတို့မျက်လုံးတွေကို အပြာရောင် ပြောင်းပစ်နိုင်ပါပြီ။

မျက်ဝန်းလဲ့ပြာပြာလေးတွေကို လိုချင်ရင်တော့ ပိုက်ဆံစုတာ ပိုကောင်းပါ့မယ်။ ဒီကုသမှုဟာ ဒေါ်လာ ငါးထောင် ကုန်ကျမှာ မို့လို့ပါ။ ပိုက်ဆံမစုချင်သူတွေကတော့ မျက်ကပ်မှန်တတွ သုံးလိုက်တာ ပိုအဆင်ပြေပါမယ်။

ဒီကုသမှုမှာ မျက်လုံးထဲကို ဘာအရောင်မှ မထည့်ပါဘူး။ မျက်လုံးရဲ့ ဖွဲ့စည်းပုံဟာ မျက်လုံးတွေအားလုံးရဲ့ မျက်သားဟာ အပြာရောင်တောက်နေပါတယ်။ မျက်လုံးညိုတဲ့သူတွေကျတော့ အဲ့ဒိမျက်လုံးအပြာရောင်ရဲ့အပေါ်မှာ အညိုရောင် မယ်လ်တိုနင် အလွှာတစ်ခု ဖုံးအုပ်နေတာပါ။ မယ်လ်တိုနင်ဟာ အရေပြားနဲ့ ဆံပင်မှာပါတဲ့ အညိုရောင်ချယ် ပစ္စည်းပါ။ ဒီကုသမှုမှာ အဲဒိ အညိုရောင် အလွှာကို ဖယ်ထုတ်လိုက်တာပါ။

လေဆာနဲ့ ဖယ်ထုတ်တာဟာ စက္ကန့် ၂၀ ပဲ ကြာမှာပါ။ ဒါပေမယ့် မျက်လုံးအရောင်ပြောင်းဖို့ကတော့ တစ်လ နှစ်လလောက် စောင့်ရမှာပါ။ ခန္ဓာကိုယ်ကို သေနေတဲ့ အညိုရောင်အလွှာကို ဖယ်ထုတ်ဖို့ အချိန်ပေးရပါမယ်။ အမေရိကန်မှာ ခွင့်ပြုချက်ရဖို့ကတော့ တော်တော်ကြာဦးမှာပါ။ ကုသမှု ခံယူထားသူတွေ ရေရှည်မှာ ဘာအကျိုးသက်ရောက်လဲ စောင့်ကြည့်ဦးမှာမို့ပါ။ အခုထိတော့ ဘာဆိုးကြိုးမှ မတွေ့သေးပါဘူး။

တချို့တွေကတော့ အဲဒိ သေဆုံးသွားတဲ့ အလွှာက မျက်လုံးသွေးကြောလေးတွေကို ပိတ်ဆို့စေပြီး ရေတိမ်ဖြစ်စေနိုင်လောက်တယ်လို့ မှန်းဆပြီး ပြောကြပါတယ်။ ဒါပေမယ့် Stroma က တာဝန်ရှိသူကတော့ အဲဒိ အလွှာလေးဟာ အရမ်းသေးငယ်လွန်းလို့ အဲလို မပိတ်ဆို့စေနိုင်ပါဘူး လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒီကုသမှုဟာ ဈေးကြီးပေမယ့် ကုသခံလိုသူ အများအပြားရှိနေပါတယ်။ ကမ္ဘာပေါ်မှာ မျက်လုံးပြာသူတွေဟာ ၁၇% ပဲ ရှိပြီး ပိုပိုပြီး ရှားလာပါပြီ။ သင်ရော မျက်ဝန်းလဲ့ပြာပြာတွေ လိုချင်ပါသလား။

╔============╗

မိန်းခလေးတိုင်းတောင့်တပြီး

ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

╚============╝

Cyan Calyx

================================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%