Cyber Dating (အြန္လိုုင္းခ်စ္သူ)

သင္ Online မွာ ေတြ႕ရသူတစ္ေယာက္ကို ခ်စ္ေနသလို ခံစားရပါလိမ့္မယ္။ ဒါေပမယ့္ ႏွစ္ေယာက္တူတူ အျပင္မွာ အခ်ိန္ျဖဳန္းမၾကည့္ဖူးမခ်င္း သင္ ေသခ်ာ မသိႏိုင္ပါဘူး။

အခုေခတ္သစ္ ယဥ္ေက်းမွုမွာ က်ြန္ေတာ္တို႕ဟာ အခ်စ္ကို အသင့္ ရရွိနိုင္ေပမယ့္ အဲဒါက ေရရွည္ခံပါရဲ႕လား။

အင္တာနက္ဟာ ခ်ိန္းေတြ႕ျခင္း၊ လက္ထပ္ျခင္းနဲ႔ ေဆြမ်ိဳးေတာ္ျခင္းေတြကို ပံုစံေျပာင္းလဲခဲ့ၿပီးပါၿပီ။ အင္တာနက္ေပၚမွာဆိုရင္ ကြၽန္ေတာ္တို႔ အရင္က မ်က္ႏွာခ်င္းဆိုင္ ေတြ႕ၿပီး ေလ့လာခဲ့ၾကတဲ့ အခ်က္ေတြကို ဖယ္႐ွားလိုက္ၿပီး ပိုၿပီး နက္႐ိႈင္း အဆင့္ျမင့္မားတဲ့ ခ်စ္ဇာတ္လမ္းေတြကို ခဏေလးနဲ႔ ေရာက္႐ွိသြားတတ္ၾကပါတယ္။

မ်က္ႏွာျခင္းဆိုင္ ေတြ႕ဆံုမႈမ်ိဳးမွာဆိုရင္ ကြၽန္ေတာ္တို႔ဟာ တျခားတစ္ေယာက္ကို စြဲလမ္းသြားျခင္း၊ အရမ္း ခ်စ္မိသြားျခင္း ႐ွိမ႐ွိ ကိုယ့္ဘာသာ သတိျပဳမိတတ္ၾကပါတယ္။ တျခားတစ္ေယာက္ရဲ႕ စကားေလသံကိုလဲ နားေထာင္တတ္ၾကၿပီး လိင္ဆြဲေဆာင္မႈအတြက္ အကဲ ျဖတ္တတ္ၾကပါေသးတယ္။

အဲဒိ အဆင့္ေတြမွာ လူႏွစ္ေယာက္ ဆက္သြယ္မႈ ႐ွိခဲ့ရင္ Dating စတင္တာပါပဲ။ ထပ္တူညီတဲ့ အာရံုေတြ ႏိုးႂကြလာတယ္။ လူတစ္ေယာက္ရဲ႕ ေျခဟန္လက္ဟန္ အမူအရာ ေလသံေတြကို တျခားတစ္ေယာက္က အတုခိုးလာတယ္။ ဒီလိုနဲ႔ ခ်စ္ဇာတ္လမ္းဟာ တျဖည္းျဖည္း ေ႐ွ႕ကို တိုးသြားပါတယ္။

လက္ေတြ႕ဘဝမွာ ကြၽန္ေတာ္တို႔ လူတစ္ေယာက္ကို ေတြ႕လိုက္တဲ့အခါ ျဖစ္လာတဲ့ ဆက္သြယ္မႈကို ဦးေႏွာက္နဲ႔သာမက အတြင္းစိတ္နဲ႔ပါ ဆံုးျဖတ္တတ္ၾကပါတယ္။ တကယ္ ခ်စ္မခ်စ္ ဆိုတာမ်ိဳးေပါ့။ အဲဒါကို အ႐ုပ္၊ အသံ၊ အၾကား၊ အထိအေတြ႕၊ အနံ႔အသက္ အာရံုေပါင္းစံုအေပၚ မူတည္ၿပီး ဆံုးျဖတ္ရတာပါ။

Online ေပၚမွာက်ေတာ့ ဦးေႏွာက္ကိုပဲ လံုးဝ ပံုအပ္ထားရပါတယ္။ ဆံုးျဖတ္ဖို႔ကလဲ Chat ထဲကေရာက္လာတဲ့ စာလံုးေတြကိုပဲ စဥ္းစားဆံုးျဖတ္ရတာပါ။ ဒါေပမယ့္ ႏွလံုးသားကလဲ ဦးေႏွာက္ရဲ႕ ဆံုးျဖတ္တဲ့ လုပ္ငန္းစဥ္ကို ဝင္ေရာက္ ေႏွာက္ယွက္တတ္ၾကပါတယ္။

Online ေပၚမွာဆို တစ္ေယာက္ေယာက္နဲ႔ ခ်စ္ႀကိဳးသြယ္မိတာနဲ႔ ဘာကိုမွ ေသခ်ာ မစဥ္းစားေတာ့ပဲ ႏွလံုးသားရဲ႕ ေခၚေဆာင္ရာကို လိုက္ပါသြားတတ္ၾကတယ္။ Online ေပၚကအတိုင္း အျပင္ကလူက အကုန္ ေကာင္းမြန္ေနတယ္ ထင္တတ္ၾကပါတယ္။

Online ေပၚမွာဆို အလ်င္အျမန္ သံေယာဇဥ္ေတြ ျဖစ္တတ္ၾကပါတယ္။ Chat ေနရင္း ကုန္ရတဲ့ အခ်ိန္ေတြဟာ တကယ္ ခိုင္ျမဲတဲ့ ခ်စ္ျခင္းလို အတုအေယာင္ခံစားမႈေတြ ေပးႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာျခင္းဆိုင္ ေတြ႕တာေလာက္ ဘယ္ဟာမွ မခိုင္မာပါဘူး။ ဒါေပမယ့္ အဆင့္တက္တာကေတာ့ ျပင္ပထက္ ဆယ္ဆေလာက္ ျမန္ေနတတ္ပါတယ္။ အျပင္မွာ လနဲ႔ခ်ီၿပီး ၾကာမယ့္ အဆင့္ကို Online မွာ တစ္ပါတ္ႏွစ္ပါတ္အတြင္း ေရာက္သြားႏိုင္ပါတယ္။

Online ေပၚက ခံစားခ်က္ေတြက အမွန္အကန္ေတြပါ။ Online Relationship ေတြလဲ အမွန္အကန္ေတြ ျဖစ္ေနႏိုင္ပါေသးတယ္။ အဲဒါက ၾကာၾကာခံမွာလားဆိုေတာ့ အျပင္မွာ ႏွစ္ေယာက္မေတြ႕ရပဲ Online ေပၚကခ်ည္းပဲဆို ၾကာ႐ွည္ခံမွာ မဟုတ္ပါဘူး။ တစ္ခါတစ္ေလမွာ လူႏွစ္ေယာက္ ဆံုေတြ႕တယ္၊ အရမ္းခံစားတတ္ၾကတယ္၊ ၿပီးေတာ့ ၿပီးၿပီးေပ်ာက္ေပ်ာက္ ျဖစ္သြားၾကတယ္။ Online ေပၚမွာေတြ႕တာ အခ်စ္လား၊ ရည္းစားထားလိုမႈလား၊ ကံၾကမၼာပဲလား၊ ေရစက္လားဆိုတာ ဘယ္သူမွ အာမ မခံႏိုင္ပါဘူး။

အျပင္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနသြားရဖို႔က အေရးႀကီးဆံုးပါ။ Online ေပၚမွာ သင့္အေၾကာင္း Personal ေတြ အရမ္း မ Share ပါနဲ႔။ တစ္ေယာက္ေယာက္နဲ႔ ခင္မင္မိတာနဲ႔ သူ႔အေၾကာင္း ေသခ်ာေလ့လာပါ။ အျပင္မွာ ေတြ႕ၾကည့္ပါ။ Online ေတြမွာ အျမန္လိုက္႐ွာေနရင္ေတာ့ တရားရံုး ကြာ႐ွင္းစင္ျမင့္ကိုလဲ အျမန္ ေရာက္သြားမွာပါ။

သင့္ရဲ႕ ႏွလံုးသားကို အရမ္း မလိုက္ေလ်ာပါနဲ႔။ အျပင္မွာ ေတြ႕သည့္တိုင္ေအာင္ သတိထားပါ။ တကယ္လို႔ အျပင္မွာပါ မွန္ကန္ေနရင္ေတာ့ ႏွလံုးသားကုိ လႊတ္ေပးလိုက္ၿပီး အဆံုးမဲ့သာ ခ်စ္လိုက္ပါေတာ့။

╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Cyan Calyx

==============================================

Cyber Dating (အွန်လိုင်းချစ်သူ)
======================

သင် Online မှာ တွေ့ရသူတစ်ယောက်ကို ချစ်နေသလို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် နှစ်ယောက်တူတူ အပြင်မှာ အချိန်ဖြုန်းမကြည့်ဖူးမချင်း သင် သေချာ မသိနိုင်ပါဘူး။

အခုခေတ်သစ် ယဉ်ကျေးမှုမှာ ကျွန်တော်တို့ဟာ အချစ်ကို အသင့် ရရှိနိုင်ပေမယ့် အဲဒါက ရေရှည်ခံပါရဲ့လား။

အင်တာနက်ဟာ ချိန်းတွေ့ခြင်း၊ လက်ထပ်ခြင်းနဲ့ ဆွေမျိုးတော်ခြင်းတွေကို ပုံစံပြောင်းလဲခဲ့ပြီးပါပြီ။ အင်တာနက်ပေါ်မှာဆိုရင် ကျွန်တော်တို့ အရင်က မျက်နှာချင်းဆိုင် တွေ့ပြီး လေ့လာခဲ့ကြတဲ့ အချက်တွေကို ဖယ်ရှားလိုက်ပြီး ပိုပြီး နက်ရှိုင်း အဆင့်မြင့်မားတဲ့ ချစ်ဇာတ်လမ်းတွေကို ခဏလေးနဲ့ ရောက်ရှိသွားတတ်ကြပါတယ်။

မျက်နှာခြင်းဆိုင် တွေ့ဆုံမှုမျိုးမှာဆိုရင် ကျွန်တော်တို့ဟာ တခြားတစ်ယောက်ကို စွဲလမ်းသွားခြင်း၊ အရမ်း ချစ်မိသွားခြင်း ရှိမရှိ ကိုယ့်ဘာသာ သတိပြုမိတတ်ကြပါတယ်။ တခြားတစ်ယောက်ရဲ့ စကားလေသံကိုလဲ နားထောင်တတ်ကြပြီး လိင်ဆွဲဆောင်မှုအတွက် အကဲ ဖြတ်တတ်ကြပါသေးတယ်။

အဲဒိ အဆင့်တွေမှာ လူနှစ်ယောက် ဆက်သွယ်မှု ရှိခဲ့ရင် Dating စတင်တာပါပဲ။ ထပ်တူညီတဲ့ အာရုံတွေ နိုးကြွလာတယ်။ လူတစ်ယောက်ရဲ့ ခြေဟန်လက်ဟန် အမူအရာ လေသံတွေကို တခြားတစ်ယောက်က အတုခိုးလာတယ်။ ဒီလိုနဲ့ ချစ်ဇာတ်လမ်းဟာ တဖြည်းဖြည်း ရှေ့ကို တိုးသွားပါတယ်။

လက်တွေ့ဘဝမှာ ကျွန်တော်တို့ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ဖြစ်လာတဲ့ ဆက်သွယ်မှုကို ဦးနှောက်နဲ့သာမက အတွင်းစိတ်နဲ့ပါ ဆုံးဖြတ်တတ်ကြပါတယ်။ တကယ် ချစ်မချစ် ဆိုတာမျိုးပေါ့။ အဲဒါကို အရုပ်၊ အသံ၊ အကြား၊ အထိအတွေ့၊ အနံ့အသက် အာရုံပေါင်းစုံအပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပါ။

Online ပေါ်မှာကျတော့ ဦးနှောက်ကိုပဲ လုံးဝ ပုံအပ်ထားရပါတယ်။ ဆုံးဖြတ်ဖို့ကလဲ Chat ထဲကရောက်လာတဲ့ စာလုံးတွေကိုပဲ စဉ်းစားဆုံးဖြတ်ရတာပါ။ ဒါပေမယ့် နှလုံးသားကလဲ ဦးနှောက်ရဲ့ ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ကို ဝင်ရောက် နှောက်ယှက်တတ်ကြပါတယ်။

Online ပေါ်မှာဆို တစ်ယောက်ယောက်နဲ့ ချစ်ကြိုးသွယ်မိတာနဲ့ ဘာကိုမှ သေချာ မစဉ်းစားတော့ပဲ နှလုံးသားရဲ့ ခေါ်ဆောင်ရာကို လိုက်ပါသွားတတ်ကြတယ်။ Online ပေါ်ကအတိုင်း အပြင်ကလူက အကုန် ကောင်းမွန်နေတယ် ထင်တတ်ကြပါတယ်။

Online ပေါ်မှာဆို အလျင်အမြန် သံယောဇဉ်တွေ ဖြစ်တတ်ကြပါတယ်။ Chat နေရင်း ကုန်ရတဲ့ အချိန်တွေဟာ တကယ် ခိုင်မြဲတဲ့ ချစ်ခြင်းလို အတုအယောင်ခံစားမှုတွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာခြင်းဆိုင် တွေ့တာလောက် ဘယ်ဟာမှ မခိုင်မာပါဘူး။ ဒါပေမယ့် အဆင့်တက်တာကတော့ ပြင်ပထက် ဆယ်ဆလောက် မြန်နေတတ်ပါတယ်။ အပြင်မှာ လနဲ့ချီပြီး ကြာမယ့် အဆင့်ကို Online မှာ တစ်ပါတ်နှစ်ပါတ်အတွင်း ရောက်သွားနိုင်ပါတယ်။

Online ပေါ်က ခံစားချက်တွေက အမှန်အကန်တွေပါ။ Online Relationship တွေလဲ အမှန်အကန်တွေ ဖြစ်နေနိုင်ပါသေးတယ်။ အဲဒါက ကြာကြာခံမှာလားဆိုတော့ အပြင်မှာ နှစ်ယောက်မတွေ့ရပဲ Online ပေါ်ကချည်းပဲဆို ကြာရှည်ခံမှာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူနှစ်ယောက် ဆုံတွေ့တယ်၊ အရမ်းခံစားတတ်ကြတယ်၊ ပြီးတော့ ပြီးပြီးပျောက်ပျောက် ဖြစ်သွားကြတယ်။ Online ပေါ်မှာတွေ့တာ အချစ်လား၊ ရည်းစားထားလိုမှုလား၊ ကံကြမ္မာပဲလား၊ ရေစက်လားဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။

အပြင်မှာ ပျော်ပျော်ရွှင်ရွှင် နေသွားရဖို့က အရေးကြီးဆုံးပါ။ Online ပေါ်မှာ သင့်အကြောင်း Personal တွေ အရမ်း မ Share ပါနဲ့။ တစ်ယောက်ယောက်နဲ့ ခင်မင်မိတာနဲ့ သူ့အကြောင်း သေချာလေ့လာပါ။ အပြင်မှာ တွေ့ကြည့်ပါ။ Online Dating Site တွေမှာ အမြန်လိုက်ရှာနေရင်တော့ တရားရုံး ကွာရှင်းစင်မြင့်ကိုလဲ အမြန် ရောက်သွားမှာပါ။

သင့်ရဲ့ နှလုံးသားကို အရမ်း မလိုက်လျောပါနဲ့။ အပြင်မှာ တွေ့သည့်တိုင်အောင် သတိထားပါ။ တကယ်လို့ အပြင်မှာပါ မှန်ကန်နေရင်တော့ နှလုံးသားကို လွှတ်ပေးလိုက်ပြီး အဆုံးမဲ့သာ ချစ်လိုက်ပါတော့။

╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx

==============================================

Related Posts

%%footer%%