သင့္ အဂၤါ ေကာက္ေနပါသလား

Peyronie’s Disease ဆိုတာ လိင္တံထိပ္ဖူး ပံုစံ မမွန္မႈေၾကာင့္ က်ား လိင္အဂၤါ ေကာက္သြားေစတဲ့ အေျခအေနမ်ိဳးပါ။ အဲလိုျဖစ္ေနရင္ ေပ်ာ္ရႊင္စရာ လိင္မႈဘဝ ရဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ နာက်င္မႈ သက္သာေစမယ့္ ကုထံုး တစ္ခုကေတာ့ စမ္းသပ္ေနဆဲ အဆင့္မွာ ႐ွိပါတယ္။

ေလ့လာသူေတြဟာ စမ္းသပ္မႈႏွစ္ခုမွာ ေရာဂါ႐ွိသူေတြရဲ႕ အဂၤါထဲကို Xiaflex ဆိုတဲ့ ေဆးကို တစ္သ်ဴးေတြ ေပ်ာ့ေပ်ာင္းၿပီး ျပန္ေကာင္းသြားႏိုင္တဲ့ ေမ်ွာ္လင့္ခ်က္နဲ႔ စမ္းသပ္ ထိုးသြင္းၾကည့္ပါတယ္။ တစ္ႏွစ္ေလာက္ ကုသမႈ ခံယူအၿပီးမွာ ၆၇ ရာခိုင္ႏႈန္း လူနာေတြမွာ တိုးတက္မႈ ေတြ႕႐ွိခဲ့ရပါတယ္။ တစ္ႏွစ္အတြင္းမွာ ပ်ွမ္းမ်ွျခင္းအေနနဲ႔ လိင္တံ ေကာက္ေကြးမႈ ၁၇ ဒီဂရီေလာက္ က်သြားပါတယ္။

အသက္ေလးဆယ္အတြင္း အေမရိကန္အမ်ိဳးသား ၈ ရာႏႈန္းကေန ၁၀ ရာႏႈန္းထိဟာ အဲဒိေရာဂါကို ခံစားေနရပါတယ္။ ျဖစ္ပြားသူေတြဟာ စစျခင္းမွာ ကင္ဆာလို႔ ထင္တတ္ၾကၿပီး စမ္းသပ္မႈ ၿပီးမွ Peyronie’s Disease ျဖစ္ေနေၾကာင္း သိရေလ့ ႐ွိပါတယ္။ US မွာဆို တစ္ႏွစ္ကို အမ်ိဳးသား ၆၅၀၀၀ ကေန ၁၂၀၀၀၀ ထိ အဲဒိေရာဂါနဲ႔ ေဆးကုသမႈ ခံယူေနရပါတယ္။

ဒါေပမယ့္ အရမ္းလဲ ႀကိဳေတြးၿပီး ေၾကာက္မေနပါနဲ႔။ အဲဒိေရာဂါနဲ႔ ပါတ္သတ္တဲ့ သင္ သိသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပထားလိုက္ပါတယ္။

ဘာေၾကာင့္ ေကာက္ေစတာလဲ

အဲဒိေရာဂါဟာ သင့္ရဲ႕ လိင္တံထဲမွာ ျဖစ္လာတဲ့ အသားပို မာခဲခဲေတြေၾကာင့္ ျဖစ္လာတာပါ။ ေရာင္ရမ္းျခင္းကေန စတင္ေလ့႐ွိၿပီး အထဲက တစ္သ်ဴးေတြ မာခဲသြားတဲ့အခါ သင့္အဂၤါရဲ႕ က်ံဳ႕ဆန္႔ႏိုင္စြမ္းကို ထိခိုက္ေစၿပီး ေထာင္မတ္ခ်ိန္မွာ ေကြးေကာက္သြားေစပါတယ္။ လက္ေတြ႕ဘဝမွာ လိင္အဂၤါကို ထိခိုက္မိတဲ့၊ အနာတရျဖစ္ေစတဲ့ အရာအားလံုးက ဒီေရာဂါကို ျဖစ္ေစပါတယ္။

သင့္အဂၤါကို ဘယ္လို ထိခိုက္ေစသလဲ

အနာရြတ္ျဖစ္ေနတဲ့ တစ္သ်ဴးဟာ မာခဲသြားတဲ့ အခါမွာ အဲဒိအနာရြတ္႐ွိတဲ့ ဘက္ျခမ္းဟာ တျခားဘက္ျခမ္းလို က်ံဳ႕ဆန္႔ႏိုင္စြမ္း မ႐ွိေတာ့ပါဘူး။ အဲဒါေၾကာင့္ ေထာင္မတ္လာတဲ့အခါမွာ တျခမ္းေစာင္းၿပီး ေကြးေကာက္သြားတာပါ။

သင့္ လိင္မႈဘဝကို ထိခိုက္ေစပါသလား

ျဖစ္ႏိုင္ပါတယ္။ သင္ ေထာင္မတ္လာတဲ့ အခ်ိန္မွာ နာက်င္လာလိမ့္မယ္။ သင့္နဲ႔ သင့္ပါတနာ လိင္ဆက္ဆံရတာ ခက္ခဲလာေစပါတယ္။ ဒါေပမယ့္ ေထာင္မတ္ခ်ိန္မွာ နာက်င္တာက ေရာဂါစျဖစ္ျဖစ္ျခင္း ေျခာက္လေလာက္ပဲ နာက်င္တာပါ။ ေတာ္ေတာ္မ်ားမ်ားဟာ လိင္ဆက္ဆံမႈ ျပန္လုပ္ႏိုင္ၾကေပမယ့္ အရင္ကေလာက္ မေကာင္းေတာ့ပါဘူး။

လက္႐ွိခ်ိန္မွာ ကုသမႈနည္းလမ္း ဘာေတြ ႐ွိမလဲ

ကံဆိုးစြာနဲ႔ ေသာက္ေဆးနဲ႔ ကုသမႈနည္းလမ္း လက္႐ွိခ်ိန္ထိ မ႐ွိေသးပါဘူး။ ထိုးေဆးကုသနည္းလမ္းေတြ ႐ွိေပမယ့္ ရာႏႈန္းျပည့္ ေပ်ာက္ကင္းဖို႔ အာမမခံႏိုင္ပါဘူး။ စမ္းသပ္ဆဲ အေျခအေနေတြကေတာ့ အားရစရာ ေကာင္းေပမယ့္ ခြင့္ျပဳခ်က္ရဖို႔က ေတာ္ေတာ္ၾကာၾကာ ေစာင့္ဆိုင္းရမွာပါ။ ခြဲစိတ္ျခင္းကေတာ့ ေနာက္ဆံုးက်ည္ဆန္အေနနဲ႔ အသံုးျပဳၾကေလ့ ႐ွိၿပီး အခန္႔မသင့္ရင္ ပန္းေသျခင္း၊ လိင္တံ တိုသြားျခင္းနဲ႔ တျခားေရာဂါေတြ ျဖစ္ပြားလာႏိုင္ပါတယ္။

╔============╗
မိန္းခေလးတိုင္းေတာင့္တၿပီး
ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine
╚============╝
Cyan Calyx
================================================

သင့် အင်္ဂါ ကောက်နေပါသလား
————————————

Peyronie’s Disease ဆိုတာ လိင်တံထိပ်ဖူး ပုံစံ မမှန်မှုကြောင့် ကျား လိင်အင်္ဂါ ကောက်သွားစေတဲ့ အခြေအနေမျိုးပါ။ အဲလိုဖြစ်နေရင် ပျော်ရွှင်စရာ လိင်မှုဘဝ ရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် နာကျင်မှု သက်သာစေမယ့် ကုထုံး တစ်ခုကတော့ စမ်းသပ်နေဆဲ အဆင့်မှာ ရှိပါတယ်။

လေ့လာသူတွေဟာ စမ်းသပ်မှုနှစ်ခုမှာ ရောဂါရှိသူတွေရဲ့ အင်္ဂါထဲကို Xiaflex ဆိုတဲ့ ဆေးကို တစ်သျူးတွေ ပျော့ပျောင်းပြီး ပြန်ကောင်းသွားနိုင်တဲ့ မျှော်လင့်ချက်နဲ့ စမ်းသပ် ထိုးသွင်းကြည့်ပါတယ်။ တစ်နှစ်လောက် ကုသမှု ခံယူအပြီးမှာ ၆၇ ရာခိုင်နှုန်း လူနာတွေမှာ တိုးတက်မှု တွေ့ရှိခဲ့ရပါတယ်။ တစ်နှစ်အတွင်းမှာ ပျှမ်းမျှခြင်းအနေနဲ့ လိင်တံ ကောက်ကွေးမှု ၁၇ ဒီဂရီလောက် ကျသွားပါတယ်။

အသက်လေးဆယ်အတွင်း အမေရိကန်အမျိုးသား ၈ ရာနှုန်းကနေ ၁၀ ရာနှုန်းထိဟာ အဲဒိရောဂါကို ခံစားနေရပါတယ်။ ဖြစ်ပွားသူတွေဟာ စစခြင်းမှာ ကင်ဆာလို့ ထင်တတ်ကြပြီး စမ်းသပ်မှု ပြီးမှ Peyronie’s Disease ဖြစ်နေကြောင်း သိရလေ့ ရှိပါတယ်။ US မှာဆို တစ်နှစ်ကို အမျိုးသား ၆၅၀၀၀ ကနေ ၁၂၀၀၀၀ ထိ အဲဒိရောဂါနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။

ဒါပေမယ့် အရမ်းလဲ ကြိုတွေးပြီး ကြောက်မနေပါနဲ့။ အဲဒိရောဂါနဲ့ ပါတ်သတ်တဲ့ သင် သိသင့်တဲ့ အချက်တွေကို ဖော်ပြထားလိုက်ပါတယ်။

ဘာကြောင့် ကောက်စေတာလဲ

အဲဒိရောဂါဟာ သင့်ရဲ့ လိင်တံထဲမှာ ဖြစ်လာတဲ့ အသားပို မာခဲခဲတွေကြောင့် ဖြစ်လာတာပါ။ ရောင်ရမ်းခြင်းကနေ စတင်လေ့ရှိပြီး အထဲက တစ်သျူးတွေ မာခဲသွားတဲ့အခါ သင့်အင်္ဂါရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ထိခိုက်စေပြီး ထောင်မတ်ချိန်မှာ ကွေးကောက်သွားစေပါတယ်။ လက်တွေ့ဘဝမှာ လိင်အင်္ဂါကို ထိခိုက်မိတဲ့၊ အနာတရဖြစ်စေတဲ့ အရာအားလုံးက ဒီရောဂါကို ဖြစ်စေပါတယ်။

သင့်အင်္ဂါကို ဘယ်လို ထိခိုက်စေသလဲ

အနာရွတ်ဖြစ်နေတဲ့ တစ်သျူးဟာ မာခဲသွားတဲ့ အခါမှာ အဲဒိအနာရွတ်ရှိတဲ့ ဘက်ခြမ်းဟာ တခြားဘက်ခြမ်းလို ကျုံ့ဆန့်နိုင်စွမ်း မရှိတော့ပါဘူး။ အဲဒါကြောင့် ထောင်မတ်လာတဲ့အခါမှာ တခြမ်းစောင်းပြီး ကွေးကောက်သွားတာပါ။

သင့် လိင်မှုဘဝကို ထိခိုက်စေပါသလား

ဖြစ်နိုင်ပါတယ်။ သင် ထောင်မတ်လာတဲ့ အချိန်မှာ နာကျင်လာလိမ့်မယ်။ သင့်နဲ့ သင့်ပါတနာ လိင်ဆက်ဆံရတာ ခက်ခဲလာစေပါတယ်။ ဒါပေမယ့် ထောင်မတ်ချိန်မှာ နာကျင်တာက ရောဂါစဖြစ်ဖြစ်ခြင်း ခြောက်လလောက်ပဲ နာကျင်တာပါ။ တော်တော်များများဟာ လိင်ဆက်ဆံမှု ပြန်လုပ်နိုင်ကြပေမယ့် အရင်ကလောက် မကောင်းတော့ပါဘူး။

လက်ရှိချိန်မှာ ကုသမှုနည်းလမ်း ဘာတွေ ရှိမလဲ

ကံဆိုးစွာနဲ့ သောက်ဆေးနဲ့ ကုသမှုနည်းလမ်း လက်ရှိချိန်ထိ မရှိသေးပါဘူး။ ထိုးဆေးကုသနည်းလမ်းတွေ ရှိပေမယ့် ရာနှုန်းပြည့် ပျောက်ကင်းဖို့ အာမမခံနိုင်ပါဘူး။ စမ်းသပ်ဆဲ အခြေအနေတွေကတော့ အားရစရာ ကောင်းပေမယ့် ခွင့်ပြုချက်ရဖို့က တော်တော်ကြာကြာ စောင့်ဆိုင်းရမှာပါ။ ခွဲစိတ်ခြင်းကတော့ နောက်ဆုံးကျည်ဆန်အနေနဲ့ အသုံးပြုကြလေ့ ရှိပြီး အခန့်မသင့်ရင် ပန်းသေခြင်း၊ လိင်တံ တိုသွားခြင်းနဲ့ တခြားရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။

╔============╗
မိန်းခလေးတိုင်းတောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
╚============╝
Cyan Calyx
==========================

Related Posts

%%footer%%