နည္းပညာပစၥည္းေတြနဲ႔ ခရီးသြားျခင္း
——————————————-
လူေတြဟာ နည္းပညာပစၥည္းတစ္ခုရဲ႕ ဘက္ထရီကို တလြဲ သံုးေနၾကၿပီး ဘက္ထရီသက္တမ္းကို တိုေစပါတယ္။ အဲဒိျပသနာေတြကို ႐ွင္းလင္းႏိုင္ဖို႔ အၾကံဉာဏ္ ေလးခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁. အိတ္ထဲ မထည့္ပါနဲ႔ ခရီးသြားရင္ Laptop ေတြကို အိတ္ထဲထည့္သယ္လာတာ လူေတြ လုပ္ေနၾကပါ။ ဒါေပမယ့္ အဲဒိပစၥည္းေတြကို ပါဝါဖြင့္ထားၿပီး အပူလံုအိတ္ထဲ ထည့္ထားတာဟာ အပူလြန္ကဲေစၿပီး ဘက္ထရီ သက္တမ္း တိုေစပါတယ္။ ပိတ္ထားရင္ေတာင္ ဘက္ထရီကေႏြးေနရင္ အဲဒိအပူက အိတ္ထဲမွာ လံုေနၿပီး အနၱရာယ္ ႐ွိေစပါတယ္။ အတိတ္မွာ ျဖစ္ခဲ့တဲ့ လစ္သီယမ္ ဘက္ထရီေတြ အပူလြန္ၿပီး ထေပါက္တာ အဲဒါေၾကာင့္ပါ။ လုပ္သင့္တာက ပါဝါဖြင့္မထားရင္ေတာင္ ဘက္ထရီေတြ ေအးေနေၾကာင္း စစ္ေဆးၿပီးမွ အိတ္ထဲထည့္ပါ။ တတ္ႏိုင္ရင္ အိတ္ထဲမထည့္ပဲ ယူလာပါ။
၂. သြားလာရင္း အားသြင္းတာ ခရီးသြားရင္ ႀကိဳတင္ျပင္ဆင္ထားရမွာပါ။ မဟုတ္ရင္ မဟုတ္ကဟုတ္ကေနရာေတြမွာ အားသြင္းေနရတာမ်ိဳး ၾကံဳႏိုင္ပါတယ္။ ဓာတ္ဆီဆိုင္က ပလပ္ေပါက္မွာ၊ စားေသာက္ဆိုင္ေတြမွာနဲ႔ ေနာက္ဆံုး အမ်ားသံုးအိမ္သာေတြထဲမွာေတာင္ အားသြင္းေနရမွာပါ။ အဲဒိလို ကိုးလို႔ကန္႔လန္႔ေနရာေတြမွာ အားသြင္းရတာ အခက္အခဲေတြ အမ်ားႀကီး ၾကံဳႏိုင္ပါတယ္။ တစ္ခါတစ္ေလ အားသြင္းလို႔ေတာင္ မရပါဘူး။ အဲဒိအစား ဘက္ထရီအပိုေတြ ယူလာလိုက္ပါ။ ဒါမွမဟုတ္ Power Bank ေတြ ေဆာင္ထားတာက ပိုအဆင္ေျပေစပါတယ္။
၃. အားသြင္းမွားတာ ေနာက္ဆံုးေပၚ Portable ကိရိ္ယာေတြဟာ လစ္သီယမ္ဘက္ထရီေတြ သံုးထားတာပါ။ အားလံုးဝ အကုန္သံုးလိုက္တာဟာ ဘက္ထရီသက္တမ္းကို တိုေစပါတယ္။ ဒါေပမယ့္ လူေတြရဲ႕ သံုးပံုတစ္ပံုဟာ ၁၀ရာႏႈန္းေအာက္ ေရာက္မွ အားသြင္းၾကတာပါ။ တတ္ႏိုင္ရင္ အဲဒိလိုမသံုးပဲ ဘက္ထရီကို ၄၀ နဲ႔ ၈၀ ၾကား ေရာက္ေနေအာင္ ထားပါ။ ေနာက္ဆံုးေပၚကိရိယာေတြမွာ အားျပည့္ရင္ အလိုလို အားသြင္းရပ္ေပးတဲ့ စနစ္ ပါပါတယ္။ တစ္ညလံုး အားသြင္းထားလို႔ ရပါတယ္။ ဒါေပမယ့္ ဘက္ထရီေႏြးလာရင္ အားသြင္းရပ္ေပးတာ ပိုေကာင္းပါတယ္။
၄. ဘယ္ခ်ိန္မွာ ပိတ္ရမလဲ လူေတြ ေဝခြဲမရ ျဖစ္ေနတာေတြ ႐ွိပါတယ္။ ဖုန္းပိတ္ထားတာက အျမဲဖြင့္ထားတာထက္ ဘက္ထရီ သက္သာမလား၊ ပိတ္လိုက္ဖြင့္လိုက္ လုပ္ေနတာက ဘက္ထရီ ပိုနာမလား ဆိုတာပါပဲ။ အမွန္က ေခတ္သစ္ ပစၥည္းေတြဟာ ဘက္ထရီ အထိမနာေစပဲ ဖြင့္ႏိုင္ ပိတ္ႏိုင္ ၾကပါတယ္။ အားသြင္းခ်ိန္ကေတာ့ နည္းနည္းထူးျခားပါတယ္။ လစ္သီယမ္ဘက္ထရီသံုး ပစၥည္းေတြဟာ အားသြင္းခ်ိန္မွာ ပါဝါပိတ္လိုက္ရင္ ဘက္ထရီကို စီးတဲ့ လ်ွပ္စီးေၾကာင္း ေလ်ာ့နည္းသြားေစၿပီး ဘက္ထရီကုိ မထိခိုက္ေအာင္ ကာကြယ္ေပးပါတယ္။ ေနာက္ဆံုးေပၚေတြကေတာ့ ဘက္ထရီကို လံုးဝေက်ာ္လိုက္ၿပီး ပစၥည္းကို ဒါ႐ိုက္ ပါဝါေပးပါတယ္။ အဲဒါေၾကာင့္ သင့္ပစၥည္းကို ဘယ္အခ်ိန္မွာ ဘယ္လို အဖြင့္အပိတ္လုပ္တယ္ဆိုတာ အရမ္းအေရးမပါပါဘူး။
GM ရဲ႕ တျခားေဆာင္းပါး ေတြ မလြတ္တမ္းဖတ္ခ်င္တယ္ဆိုုရင္ေတာ့
https://www.facebook.com/myanmargentleman ကိုု Like လုုပ္ထားပါ
—————————————————————————-
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
နည်းပညာပစ္စည်းတွေနဲ့ ခရီးသွားခြင်း
——————————————-
လူတွေဟာ နည်းပညာပစ္စည်းတစ်ခုရဲ့ ဘက်ထရီကို တလွဲ သုံးနေကြပြီး ဘက်ထရီသက်တမ်းကို တိုစေပါတယ်။ အဲဒိပြသနာတွေကို ရှင်းလင်းနိုင်ဖို့ အကြံဉာဏ် လေးခုကို ဖော်ပြပေးလိုက်ပါတယ်။
၁. အိတ်ထဲ မထည့်ပါနဲ့ ခရီးသွားရင် Laptop တွေကို အိတ်ထဲထည့်သယ်လာတာ လူတွေ လုပ်နေကြပါ။ ဒါပေမယ့် အဲဒိပစ္စည်းတွေကို ပါဝါဖွင့်ထားပြီး အပူလုံအိတ်ထဲ ထည့်ထားတာဟာ အပူလွန်ကဲစေပြီး ဘက်ထရီ သက်တမ်း တိုစေပါတယ်။ ပိတ်ထားရင်တောင် ဘက်ထရီကနွေးနေရင် အဲဒိအပူက အိတ်ထဲမှာ လုံနေပြီး အန္တရာယ် ရှိစေပါတယ်။ အတိတ်မှာ ဖြစ်ခဲ့တဲ့ လစ်သီယမ် ဘက်ထရီတွေ အပူလွန်ပြီး ထပေါက်တာ အဲဒါကြောင့်ပါ။ လုပ်သင့်တာက ပါဝါဖွင့်မထားရင်တောင် ဘက်ထရီတွေ အေးနေကြောင်း စစ်ဆေးပြီးမှ အိတ်ထဲထည့်ပါ။ တတ်နိုင်ရင် အိတ်ထဲမထည့်ပဲ ယူလာပါ။
၂. သွားလာရင်း အားသွင်းတာ ခရီးသွားရင် ကြိုတင်ပြင်ဆင်ထားရမှာပါ။ မဟုတ်ရင် မဟုတ်ကဟုတ်ကနေရာတွေမှာ အားသွင်းနေရတာမျိုး ကြုံနိုင်ပါတယ်။ ဓာတ်ဆီဆိုင်က ပလပ်ပေါက်မှာ၊ စားသောက်ဆိုင်တွေမှာနဲ့ နောက်ဆုံး အများသုံးအိမ်သာတွေထဲမှာတောင် အားသွင်းနေရမှာပါ။ အဲဒိလို ကိုးလို့ကန့်လန့်နေရာတွေမှာ အားသွင်းရတာ အခက်အခဲတွေ အများကြီး ကြုံနိုင်ပါတယ်။ တစ်ခါတစ်လေ အားသွင်းလို့တောင် မရပါဘူး။ အဲဒိအစား ဘက်ထရီအပိုတွေ ယူလာလိုက်ပါ။ ဒါမှမဟုတ် Power Bank တွေ ဆောင်ထားတာက ပိုအဆင်ပြေစေပါတယ်။
၃. အားသွင်းမှားတာ နောက်ဆုံးပေါ် Portable ကိရိ်ယာတွေဟာ လစ်သီယမ်ဘက်ထရီတွေ သုံးထားတာပါ။ အားလုံးဝ အကုန်သုံးလိုက်တာဟာ ဘက်ထရီသက်တမ်းကို တိုစေပါတယ်။ ဒါပေမယ့် လူတွေရဲ့ သုံးပုံတစ်ပုံဟာ ၁ဝရာနှုန်းအောက် ရောက်မှ အားသွင်းကြတာပါ။ တတ်နိုင်ရင် အဲဒိလိုမသုံးပဲ ဘက်ထရီကို ၄၀ နဲ့ ၈၀ ကြား ရောက်နေအောင် ထားပါ။ နောက်ဆုံးပေါ်ကိရိယာတွေမှာ အားပြည့်ရင် အလိုလို အားသွင်းရပ်ပေးတဲ့ စနစ် ပါပါတယ်။ တစ်ညလုံး အားသွင်းထားလို့ ရပါတယ်။ ဒါပေမယ့် ဘက်ထရီနွေးလာရင် အားသွင်းရပ်ပေးတာ ပိုကောင်းပါတယ်။
၄. ဘယ်ချိန်မှာ ပိတ်ရမလဲ လူတွေ ဝေခွဲမရ ဖြစ်နေတာတွေ ရှိပါတယ်။ ဖုန်းပိတ်ထားတာက အမြဲဖွင့်ထားတာထက် ဘက်ထရီ သက်သာမလား၊ ပိတ်လိုက်ဖွင့်လိုက် လုပ်နေတာက ဘက်ထရီ ပိုနာမလား ဆိုတာပါပဲ။ အမှန်က ခေတ်သစ် ပစ္စည်းတွေဟာ ဘက်ထရီ အထိမနာစေပဲ ဖွင့်နိုင် ပိတ်နိုင် ကြပါတယ်။ အားသွင်းချိန်ကတော့ နည်းနည်းထူးခြားပါတယ်။ လစ်သီယမ်ဘက်ထရီသုံး ပစ္စည်းတွေဟာ အားသွင်းချိန်မှာ ပါဝါပိတ်လိုက်ရင် ဘက်ထရီကို စီးတဲ့ လျှပ်စီးကြောင်း လျော့နည်းသွားစေပြီး ဘက်ထရီကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။ နောက်ဆုံးပေါ်တွေကတော့ ဘက်ထရီကို လုံးဝကျော်လိုက်ပြီး ပစ္စည်းကို ဒါရိုက် ပါဝါပေးပါတယ်။ အဲဒါကြောင့် သင့်ပစ္စည်းကို ဘယ်အချိန်မှာ ဘယ်လို အဖွင့်အပိတ်လုပ်တယ်ဆိုတာ အရမ်းအရေးမပါပါဘူး။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================