တရားထိုင္ျခင္း၏ အက်ိဳးေက်းဇူးမ်ား
တရားထိုင္ျခင္းအေလ့အထဟာ ယခုအခ်ိန္မွာ လူသိမ်ားထင္ရွားလာေနၿပီျဖစ္ပါတယ္။ ေအာင္ျမင္ခ်မ္းသာသူ ဘီလ်ံနာလုပ္ငန္းရွင္တစ္ခ်ိဳ႕ကလည္း တရား႐ႈမွတ္ျခင္းဟာ ေအာင္ျမင္မႈကိုအေထာက္အကူျဖစ္ေစတဲ့ လ်ိဳ႕၀ွက္ခ်က္တစ္ခုအျဖစ္ ရည္ညႊန္းၾကပါတယ္။ စစ္တမ္းေကာက္ယူမႈေတြအရ အေမရိကန္ျပည္ေထာင္စုက လူဦးေရရဲ႕ (၈)ရာခိုင္ႏႈန္း၊ (၁၈)သန္းဟာ တရားထိုင္ေလ့ရွိတယ္လို႔ သိရပါတယ္။ တရားထိုင္ျခင္းဟာ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးသက္သာေစျခင္း၊ မွတ္ဉာဏ္စြမ္းအားတိုးေစျခင္းနဲ႔ ကင္ဆာေရာဂါကို ကာကြယ္ေပးႏိုင္ျခင္း စတဲ့အက်ိဳးေက်းဇူးေတြ ရရွိႏိုင္တယ္လို႔လည္း သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ၿပီး ျဖစ္ပါတယ္။
တရားထိုင္ျခင္းနဲ႔ အက်ိဳးသက္ေရာက္မႈေတြကို သုေတသနျပဳေလ့လာမႈေတြ မ်ားစြာရွိသလို လူေတြ တရားထိုင္တဲ့အခါမွာ ဘယ္လိုျဖစ္ပ်က္ေျပာင္းလဲမႈေတြ ဦးေႏွာက္အတြင္းမွာ ျဖစ္ေပၚလာသလဲဆိုတာကိုလည္း ေလ့လာခဲ့ၾကပါတယ္။ တရားထိုင္တဲ့အေလ့အက်င့္ဟာ ဦးေႏွာက္ရဲ႕ဖြဲ႕စည္းတည္ေဆာက္ပံုကို ေျပာင္းလဲေစတယ္လို႔ ဆိုပါတယ္။ သီတင္းရွစ္ပတ္ၾကာ တရားထိုင္ခဲ့သူေတြကို ေလ့လာခဲ့ရာမွာ ေလ့လာသင္ယူမႈမွတ္ဉာဏ္လုပ္ငန္းစဥ္ေတြ၊ စိတ္ခံစားမႈထိန္းခ်ဳပ္ႏိုင္စြမ္းေတြနဲ႔ ႐ႈျမင္သံုးသပ္ပံုေတြနဲ႔ သက္ဆိုင္တဲ့ ဦးေႏွာက္ရဲ႕အစိတ္အပိုင္းေတြကို အားေကာင္းလာတာကို ေတြ႕ရွိခဲ့ရပါတယ္။ ဒီလို ဦးေႏွာက္အတြင္း ေျပာင္းလဲမႈေတြေၾကာင့္ တရားထိုင္တဲ့သူေတြမွာ ခံစားမႈကို ပိုမိုေကာင္းမြန္ေစၿပီး အျခားတုိးတက္မႈေတြလည္း ရရွိေစႏိုင္ပါတယ္။ ပံုမွန္တရားထိုင္သူတစ္ေယာက္အေနနဲ႔ ရရွိႏိုင္တဲ့ ေျပာင္းလဲမႈ အက်ိဳးရလဒ္ေတြကေတာ့ –
မိမိကိုယ္ကိုနဲ႔ အျခားလူေတြကို နားလည္လာျခင္း
တရားထိုင္ျခင္းအားျဖင့္ သင့္ရဲ႕အေသးငယ္ဆံုးေသာ အေတြးေတြနဲ႔ စိတ္ခံစားမႈေတြ အားလံုးကိုသတိျပဳ ဆင္ျခင္ႏိုင္စြမ္းတိုးတက္လာေစပါတယ္။ အရင္က သတိမထားမိခဲ့တဲ့ စိတ္ခံစားမႈေတြ ျဖစ္ပ်က္ေျပာင္းလဲေနတာကို သိလာႏိုင္ပါတယ္။ ဒီလိုအေတြးေတြနဲ႔ စိတ္ခံစားမႈေတြကို သိျမင္လာတာေၾကာင့္ မိမိကိုယ္ကိုပိုၿပီး ပိုၿပီးနားလည္လာႏိုင္သလို အျခားသူေတြကိုလည္း နားလည္မႈပိုရွိလာေစပါတယ္။
စိတ္ခံစားမႈၾကံ႕ခိုင္လာျခင္း
တရားထိုင္တဲ့အခါမွာ မိမိရဲ႕စိတ္ခံစားမႈေတြကို အေကာင္းဆံုးသိျမင္လာႏိုင္တဲ့အတြက္ ခံစားမႈေတြကိုလည္း ပိုၿပီး ထိန္းခ်ဳပ္လာႏိုင္ပါတယ္။ စိတ္ခံစားမႈေနာက္ကိုလိုက္ၿပီး ယိမ္းယိုင္သြားတာမ်ိဳးေတြ ရွိေတာ့မွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ စိတ္တည္ၿငိမ္ေအးခ်မ္းမႈရွိေနမွာ ျဖစ္ပါတယ္။
စိတ္ဖိစီးမႈ ေလ်ာ့ပါးသက္သာျခင္း
အေလာတႀကီး ဆံုးျဖတ္လုပ္ေဆာင္တာေတြ ရွိေတာ့မွာမဟုတ္ပါဘူး။ စိတ္ဖိစီးမႈနည္းလာတဲ့အတြက္ ဘ၀ကို အက်ိဳးရွိရွိ အသံုးခ်ႏိုင္မွာျဖစ္ၿပီးပါတယ္
==============================================
တရားထိုင်ခြင်း၏ အကျိုးကျေးဇူးများ
တရားထိုင်ခြင်းအလေ့အထဟာ ယခုအချိန်မှာ လူသိများထင်ရှားလာနေပြီဖြစ်ပါတယ်။ အောင်မြင်ချမ်းသာသူ ဘီလျံနာလုပ်ငန်းရှင်တစ်ချို့ကလည်း တရားရှုမှတ်ခြင်းဟာ အောင်မြင်မှုကိုအထောက်အကူဖြစ်စေတဲ့ လျို့ဝှက်ချက်တစ်ခုအဖြစ် ရည်ညွှန်းကြပါတယ်။ စစ်တမ်းကောက်ယူမှုတွေအရ အမေရိကန်ပြည်ထောင်စုက လူဦးရေရဲ့ (၈)ရာခိုင်နှုန်း၊ (၁၈)သန်းဟာ တရားထိုင်လေ့ရှိတယ်လို့ သိရပါတယ်။ တရားထိုင်ခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေခြင်း၊ မှတ်ဉာဏ်စွမ်းအားတိုးစေခြင်းနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့လည်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
တရားထိုင်ခြင်းနဲ့ အကျိုးသက်ရောက်မှုတွေကို သုတေသနပြုလေ့လာမှုတွေ များစွာရှိသလို လူတွေ တရားထိုင်တဲ့အခါမှာ ဘယ်လိုဖြစ်ပျက်ပြောင်းလဲမှုတွေ ဦးနှောက်အတွင်းမှာ ဖြစ်ပေါ်လာသလဲဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။ တရားထိုင်တဲ့အလေ့အကျင့်ဟာ ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို ပြောင်းလဲစေတယ်လို့ ဆိုပါတယ်။ သီတင်းရှစ်ပတ်ကြာ တရားထိုင်ခဲ့သူတွေကို လေ့လာခဲ့ရာမှာ လေ့လာသင်ယူမှုမှတ်ဉာဏ်လုပ်ငန်းစဉ်တွေ၊ စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်းတွေနဲ့ ရှုမြင်သုံးသပ်ပုံတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို အားကောင်းလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလို ဦးနှောက်အတွင်း ပြောင်းလဲမှုတွေကြောင့် တရားထိုင်တဲ့သူတွေမှာ ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အခြားတိုးတက်မှုတွေလည်း ရရှိစေနိုင်ပါတယ်။ ပုံမှန်တရားထိုင်သူတစ်ယောက်အနေနဲ့ ရရှိနိုင်တဲ့ ပြောင်းလဲမှု အကျိုးရလဒ်တွေကတော့ –
မိမိကိုယ်ကိုနဲ့ အခြားလူတွေကို နားလည်လာခြင်း
တရားထိုင်ခြင်းအားဖြင့် သင့်ရဲ့အသေးငယ်ဆုံးသော အတွေးတွေနဲ့ စိတ်ခံစားမှုတွေ အားလုံးကိုသတိပြု ဆင်ခြင်နိုင်စွမ်းတိုးတက်လာစေပါတယ်။ အရင်က သတိမထားမိခဲ့တဲ့ စိတ်ခံစားမှုတွေ ဖြစ်ပျက်ပြောင်းလဲနေတာကို သိလာနိုင်ပါတယ်။ ဒီလိုအတွေးတွေနဲ့ စိတ်ခံစားမှုတွေကို သိမြင်လာတာကြောင့် မိမိကိုယ်ကိုပိုပြီး ပိုပြီးနားလည်လာနိုင်သလို အခြားသူတွေကိုလည်း နားလည်မှုပိုရှိလာစေပါတယ်။
စိတ်ခံစားမှုကြံ့ခိုင်လာခြင်း
တရားထိုင်တဲ့အခါမှာ မိမိရဲ့စိတ်ခံစားမှုတွေကို အကောင်းဆုံးသိမြင်လာနိုင်တဲ့အတွက် ခံစားမှုတွေကိုလည်း ပိုပြီး ထိန်းချုပ်လာနိုင်ပါတယ်။ စိတ်ခံစားမှုနောက်ကိုလိုက်ပြီး ယိမ်းယိုင်သွားတာမျိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်တည်ငြိမ်အေးချမ်းမှုရှိနေမှာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှု လျော့ပါးသက်သာခြင်း
အလောတကြီး ဆုံးဖြတ်လုပ်ဆောင်တာတွေ ရှိတော့မှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုနည်းလာတဲ့အတွက် ဘဝကို အကျိုးရှိရှိ အသုံးချနိုင်မှာဖြစ်ပြီးပါတယ်
GM ရဲ့ တခြားဆောင်းပါး တွေ မလွတ်တမ်းဖတ်ချင်တယ်ဆိုရင်တော့
https://www.facebook.com/myanmargentleman ကို Like လုပ်ထားပါ
—————————————————————————-
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
==============================================