သူဌေးဖြစ်ရတဲ့ ဒုက္ခ

ကိုယ်ပိုင်အလုပ်လုပ်နေတဲ့ သူတွေကို တွေ့ဖူး၊ မြင်ဖူး၊ဆက်ဆံဖူးကြမှာပါ။ အခုခေတ်မှ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေ ကို ပိုက်ဆံရှိသူတွေ၊ အောင်မြင်တဲ့သူတွေ လို့လူတွေက မှတ်ထင်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီဆောင်းပါက လုပ်ငန်းရှင်တစ်ယောက် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

၁။ တစ်ယောက်တည်းအထီးကျန်ခြင်း – ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ တပျော်တပါးလျှောက်သွားတက်ကြသလို ၊လုပ်ငန်းခွင်ထဲဝင်လာတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားလာသောက်စားတက်ကြပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်များအတွက်ကတော့ အခြားသူများနှင့် ဆက်ဆံရန်အတွက် ကိုယ့်အလုပ်မှာ ပင်အချိန်မလောက်ဖြစ်ကာ လုပ်ငန်းပြင်ပတွင် အပေါင်းအသင်းထားရန်ပင် အလွန်ခက်ခဲလာပါတယ်။ ကံကောင်းတဲ့ လုပ်ငန်းရှင်များကတော့ တစ်နေ့တစ်နေ့ ကြုံ့တွေ့နေရတာတွေ ကို ပြန်လည်တိုင်ပင်ဆွေးနွေးရန် အတွက် စပ်တူလုပ်တူတွေရှိနေတက်ပေမယ့် အများသောအားဖြင့်က တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းရတာများပါတယ်။ နောက်ဆုံးကျတော့ တစ်ယောက်ထဲ ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ရင်း အထီးကျန်ဆန်လာပါတော့တယ်။

၂။ ကိုယ်ပိုင်လုပ်ငန်းသည် အလုပ် နှင့် lifestyle ပေးသော်လည်း ချမ်းသာကြွယ်ဝမှု ကိုပေးမည်မဟုတ် – လုပ်ငန်းတစ်ခု စလုပ်လိုက်ရင်ပဲ သူဌေးဖြစ်သွားတာမဟုတ်ပါဘူး။ ဥပမာ စစလုပ်ချင်း စားသောက်ဆိုင်ပိုင်ရှင်အများစုရဲ့ တစ်လစာဝင်ငွေဟာ သာမန်စားသောက်ဆိုင် မန်နေဂျာလခ လောက်တောင်ရှိဖို့နည်းပါသည်။ ဒါပေမယ့် ပိုင်ရှင်တစ်ယောက်အနေနဲ့ လုပ်ရတဲ့ အလုပ်တာဝန်များကတော့ မန်နေဂျာတစ်ယောက်ရဲ့တာဝန်ထက် အစမတန်များနေမှာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များဟာ ဘော်ကျော့နေပြီး သူများကို ထိုင်ခိုင်းနေတယ်ဆိုတာထက် ကိုယ်ကိုယ်တိုင် အလုပ်လုပ်နေရသူများဖြစ်ပြီး အလွန်ခက်ခဲသော အလုပ်ကိုတာဝန်ယူနေရသူများဖြစ်သည်။

၃။ အောင်မြင်သောလုပ်ငန်း တစ်ခုထူထောင်ရန်အတွက် နှစ်ပေါင်းများစွာကြာမြင့်နိုင် – အလုပ်တစ်ခုကိုစတင်ရန်လွယ်ပေမယ့် လုပ်ငန်းရဲ့ လွယ်ကူ ခက်ခဲမှုအပေါ်မူတည် ၍ လုပ်ငန်းအောင်မြင်မှုရရှိရန် . အမြတ်ဝင်ငွေရရှိရန် နှစ်ပေါင်းများစွာ ရုံးကန်ရန်လိုအပ်ပါလိမ့်မည်။ လုပ်ငန်းတစ်ခုအောင်မြင်ရန် နာမည်က အလွန်အရေးကြီးကာ နာမည်ကောင်းကိုရရှိရန် နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ရမည်ဖြစ်သည်။ အောင်မြင်မှုပန်းတိုင်ကို မရောက်မီ လုပ်ငန်းကျရှုံးခြင်းများသည် ဖြစ်နေကျဖြစ်စဉ်များဖြစ်သည်။

၎။ လူတွေကို ထိန်းချုပ်ရမည် – ဝန်ထမ်းများသာမက၊ ဖောက်သည်များ ၊ ဒို်င်များနှင့် ပါ ပြောဆိုဆက်ဆံရမည်ဖြစ်သည်။ သင်က အမြဲတမ်း လူဆိုးနေရာတွင်နေရကာ ပြောစရာရှိသည်ကို လိုရင်းတိုရှင်းပြော၊ အလုပ်ထုတ်ခြင်းများ၊ လူမုန်းမည့်ကိစ္စများကို ဒိုင်ခံဖြေရှင်းရမည်။ လူတွေကို စီမံ ခံ့ခွဲခြင်းအလုပ်သည် လွန်စွာမှ ခက်ခဲသောအလုပ်ဖြစ်ကာ လုပ်ငန်းရှင်တစ်ယောက်မှာ မရှိမဖြစ်လိုအပ်သော အရည်အချင်းဖြစ်သည်။

အထက်ဖော်ပြပါအချက်အလက်များသည် လုပ်ငန်းရှင်များ နေ့စဉ် ကြုံတွေ့ရသော အခက်အခဲများ အချို့ကို ရွေးချယ်တင်ပြထားခြင်းဖြစ်သည်။ ကို်ယ်ပိုင်လုပ်ငန်း လုပ်ရန်ကြံစနေသာသူများအနေဖြင့် ထိုအခက်အခဲများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်နိုင်မှသာ ကိုယ်ပိုင်လုပ်ငန်းကို စတင်လုပ်ကိုင်သင့်သည်။ လူတိုင်းဆရာဝန်မဖြစ်နိုင်သလို . လူတိုင်းလုပ်ငန်းရှင်မဖြစ်နိုင်သည်ကို ကြိုတင်သိရှိစေရန် အသိပညာပေးခြင်းသက်သက်ဖြစ်သည်။

မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

Gentleman Magazine

===============================================

လုုပ်ငန်းရှင်ဖြစ်ရခြင်းရဲ့ ဆိုုးကျိုး ၄ ခုု

ကိုုယ်ပိုုင်အလုုပ်လုုပ်နေတဲ့ သူတွေကိုု တွေ့ဖူး၊ မြင်ဖူး၊ဆက်ဆံဖူးကြမှာပါ။ အခုုခေတ်မှ ကိုုယ်ပိုုင်လုုပ်ငန်းလုုပ်တဲ့သူတွေ ကိုု ပိုုက်ဆံရှိသူတွေ၊ အောင်မြင်တဲ့သူတွေ လိုု့လူတွေက မှတ်ထင်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီဆောင်းပါက လုုပ်ငန်းရှင်တစ်ယောက် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများကိုု ဖော်ထုုတ်ပေးသွားမှာဖြစ်ပါတယ်။

၁။ တစ်ယောက်တည်းအထီးကျန်ခြင်း – ကျောင်းတက်တုုန်းက သူငယ်ချင်းတွေနဲ့ တပျော်တပါးလျှောက်သွားတက်ကြသလိုု ၊လုုပ်ငန်းခွင်ထဲဝင်လာတော့ လုုပ်ဖော်ကိုုင်ဖက်တွေနဲ့ သွားလာသောက်စားတက်ကြပါတယ်။ ဒါပေမယ့် လုုပ်ငန်းရှင်များအတွက်ကတော့ အခြားသူများနှင့် ဆက်ဆံရန်အတွက် ကိုုယ့်အလုုပ်မှာ ပင်အချိန်မလောက်ဖြစ်ကာ လုုပ်ငန်းပြင်ပတွင် အပေါင်းအသင်းထားရန်ပင် အလွန်ခက်ခဲလာပါတယ်။ ကံကောင်းတဲ့ လုုပ်ငန်းရှင်များကတော့ တစ်နေ့တစ်နေ့ ကြ့ံုတွေ့နေရတာတွေ ကိုု ပြန်လည်တိုုင်ပင်ဆွေးနွေးရန် အတွက် စပ်တူလုုပ်တူတွေရှိနေတက်ပေမယ့် အများသောအားဖြင့်က တစ်ယောက်ထဲရင်ဆိုုင်ဖြေရှင်းရတာများပါတယ်။ နောက်ဆုံုးကျတော့ တစ်ယောက်ထဲ ကိုုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ရင်း အထီးကျန်ဆန်လာပါတော့တယ်။

၂။ ကိုုယ်ပိုုင်လုုပ်ငန်းသည် အလုုပ် နှင့် lifestyle ပေးသော်လည်း ချမ်းသာကြွယ်ဝမှု ကိုုပေးမည်မဟုုတ် – လုုပ်ငန်းတစ်ခုု စလုုပ်လိုုက်ရင်ပဲ သူဌေးဖြစ်သွားတာမဟုုတ်ပါဘူး။ ဥပမာ စစလုုပ်ချင်း စားသောက်ဆိုုင်ပိုုင်ရှင်အများစုုရဲ့ တစ်လစာဝင်ငွေဟာ သာမန်စားသောက်ဆိုုင် မန်နေဂျာလခ လောက်တောင်ရှိဖိုု့နည်းပါသည်။ ဒါပေမယ့် ပိုုင်ရှင်တစ်ယောက်အနေနဲ့ လုုပ်ရတဲ့ အလုုပ်တာဝန်များကတော့ မန်နေဂျာတစ်ယောက်ရဲ့တာဝန်ထက် အစမတန်များနေမှာဖြစ်ပါတယ်။ ဒါကြောင့် လုုပ်ငန်းရှင်များဟာ ဘော်ကျော့နေပြီး သူများကိုု ထိုုင်ခိုုင်းနေတယ်ဆိုုတာထက် ကိုုယ်ကိုုယ်တိုုင် အလုုပ်လုုပ်နေရသူများဖြစ်ပြီး အလွန်ခက်ခဲသော အလုုပ်ကိုုတာဝန်ယူနေရသူများဖြစ်သည်။

၃။ အောင်မြင်သောလုုပ်ငန်း တစ်ခုုထူထောင်ရန်အတွက် နှစ်ပေါင်းများစွာကြာမြင့်နိုုင် – အလုုပ်တစ်ခုုကိုုစတင်ရန်လွယ်ပေမယ့် လုုပ်ငန်းရဲ့ လွယ်ကူ ခက်ခဲမှုအပေါ်မူတည် ၍ လုုပ်ငန်းအောင်မြင်မှုရရှိရန် . အမြတ်ဝင်ငွေရရှိရန် နှစ်ပေါင်းများစွာ ရုံုးကန်ရန်လိုုအပ်ပါလိမ့်မည်။ လုုပ်ငန်းတစ်ခုုအောင်မြင်ရန် နာမည်က အလွန်အရေးကြီးကာ နာမည်ကောင်းကိုုရရှိရန် နှစ်ပေါင်းများစွာ ယုံုကြည်မှုတည်ဆောက်ရမည်ဖြစ်သည်။ အောင်မြင်မှုပန်းတိုုင်ကိုု မရောက်မီ လုုပ်ငန်းကျရှုံးခြင်းများသည် ဖြစ်နေကျဖြစ်စဉ်များဖြစ်သည်။

၄။ လူတွေကိုု ထိန်းချုပ်ရမည် – ဝန်ထမ်းများသာမက၊ ဖောက်သည်များ ၊ ဒိုု်င်များနှင့် ပါ ပြောဆုုိဆက်ဆံရမည်ဖြစ်သည်။ သင်က အမြဲတမ်း လူဆိုုးနေရာတွင်နေရကာ ပြောစရာရှိသည်ကိုု လိုုရင်းတိုုရှင်းပြော၊ အလုုပ်ထုုတ်ခြင်းများ၊ လူမုုန်းမည့်ကိစ္စများကိုု ဒိုုင်ခံဖြေရှင်းရမည်။ လူတွေကိုု စီမံ ခံ့ခွဲခြင်းအလုုပ်သည် လွန်စွာမှ ခက်ခဲသောအလုုပ်ဖြစ်ကာ လုုပ်ငန်းရှင်တစ်ယောက်မှာ မရှိမဖြစ်လိုုအပ်သော အရည်အချင်းဖြစ်သည်။

အထက်ဖော်ပြပါအချက်အလက်များသည် လုုပ်ငန်းရှင်များ နေ့စဉ် ကြံုတွေ့ရသော အခက်အခဲများ အချို့ကိုု ရွေးချယ်တင်ပြထားခြင်းဖြစ်သည်။ ကိုု်ယ်ပိုုင်လုုပ်ငန်း လုုပ်ရန်ကြံစနေသာသူများအနေဖြင့် ထုုိအခက်အခဲများကိုု ရင်ဆိုုင်နိုုင်ရန် ကြိုတင်ပြင်ဆင်နိုုင်မှသာ ကိုုယ်ပိုုင်လုုပ်ငန်းကိုု စတင်လုုပ်ကိုုင်သင့်သည်။ လူတိုုင်းဆရာဝန်မဖြစ်နိုုင်သလိုု . လူတိုင်းလုုပ်ငန်းရှင်မဖြစ်နိုုင်သည်ကို ကြိုုတင်သိရှိစေရန် အသိပညာပေးခြင်းသက်သက်ဖြစ်သည်။

မိန်းကလေးတိုုင်း တောင့်တပြီး ယောကျ်ားလေးတိုုင်း အားကျစေဖိုု့
Gentleman Magazine
===============================================

Related Posts

%%footer%%