လူတိုင်းလိုလို ဘဝမှာ ပျော်ရွှင်ချင်ကြပေမယ့် အနည်းငယ်သာ ပျော်ရွှင်သောဘဝများကိုပိုင်ဆိုင်ထားကြပါတယ်။ ကိုယ်တိုင်ဖန်တီးလို့ရတဲ့ ပျော်ရွှင်မှုတွေရှိသလို ကိုယ်ထိန်းချုပ်လို့မရတာတွေလည်းရှိပါတယ်။ အသက်ရှင်နေသ၍ အပျော်ရွှင်နိုင်ဆုံးဖြစ်နိုင်ရန်အတွက် ကိုယ်တိုင်လုပ်လို့ရတာတွေအများကြီးရှိတဲ့ထဲက အကောင်းဆုံး ၇ ချက်ကိုဖော်ပြပေးသွားပါမယ်။
၁။ သူငယ်ချင်းကောင်း များထားပါ – လက်တွေ့အပြင်မှာ ဆုံတွေ့နေသာ ကိုယ့်အပေါ်အပြန်အလှန်ကောင်းသော၊နားလည်တက်သော သူငယ်ချင်းများများ ထားပါ။ Facebook ပေါ်က သူငယ်ချင်း အရောက် တစ်ထောင်က အပြင်က ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လောက်တောင် တန်ဖိုးမရှိတာ နားလည်ပါ။ ကိုယ့်အပေါ်နားလည်ပေးနိုင်တဲ့ အရေးကြုံရင်အားကိုးလို့ရတဲ့ သူငယ်ချင်းတွေရှိတာ ဟာ ပျော်ရွှင်မှုများစွာကိုဖန်တီးပေးမှာပါ။
၂။ ကျေးဇူးတင်တက်ပါစေ – ကိုယ့်ကို စောင့်ရှောက်ပေးလာတဲ့မိဘ၊ ကိုယ့်အပေါ် ပညာသင်ပေးတဲ့ ဆရာ၊ ကိုယ့်ကို ကူညီတဲ့ လုပ်ဖော်ကိုင်ဖက်၊ ကုန်ကုန်ပြောရရင် ကိုယ့်အပေါ် ကောင်းတဲ့ သူတွေမှန်သမျှကို ကျေးဇူးတင်ကြောင်း တစ်နည်းနည်း နဲ့ အသိအမှန်ပြုသင့်ပါတယ်။ ကျေးဇူးတင်ခံရရင် နောက်ပိုင်း အကူအညီလိုရင် အတက်နိုင်ဆုံးကူညီမှာဖြစ်တဲ့ အတွက် ကိုယ့်ကိစ္စတွေ အလွယ်တကူ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ပိုမိုပျော်ရွှင်လာနိုင်မှာပါ။
၃။ ရည်မှန်းချက်ပန်းတိုင် တစ်စိုက်မတ်မတ်သွားပါ – လူတစ်ယောက်အတွက်ရေးအကြီးဆုံးအရာဟာ မျော်လင့်ချက်ပဲဖြစ်ပါတယ်။ ကိုယ်ကတစ်ခုခု ဖြစ်ချင်တယ်. အောင်မြင်ချင်တယ်လို့ မျော်လင့်ချက် ရည်မှန်းချက်ရှိတယ်ဆိုရင် ဒါကိုမရ ရအောင် နေ့စဉ်နဲ့ အမျှ ကြိုးစားနေသင့်ပါတယ်။ ကြိုးစားနေတဲ့ တစ်လျှောက်မှာလည်း အားဖြစ်စေရန်အတွက် ကိုယ့်ဟာကိုယ် နှိုင်းယှဉ်မှုများပြုလုပ်သွားသင့်ပါတယ်။ နှိုင်းယှဉ်တဲ့အခါ ကိုယ်က ကိုယ်ဖြစ်ချင်တာနဲ့ အခုဖြစ်နေတာ ယှဉ်ရမှာမဟုတ်ပါဘူး။ မနေ့ကအနေအထားနဲ့ သင်နဲ့ တိုးတက်လာတဲ့ ဒီနေ့အနေအထား ကို နှိုင်းယှဉ်ရမှာဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းအားဖြင့် တစ်နေ့တခြား သာလွန်ကောင်းမွန်လာသော သင့်အရည်အချင်းများကို သတိပြုမိကာ သာယာပျော်ရွှင်မှုများစွာကို ခံစားနိုင်မှာပါ။
၎။ ကိုယ်တော်တာ ကို လုပ်ပါ – လူတော်တော်များများ က သူတို့တော်တဲ့ နေရာရှိပြီးသားပါ။ အနုပညာသမားများဟာ အကောင်းဆုံးဥပမာဖြစ်ပြီး သူတို့ တော်တဲ့ အနုပညာကိုလုပ်ပြီး အမြဲ ပျော်နေတက်ကြပါတယ်။ ကိုကျွမ်းတာကို ကိုယ်လုပ်ခြင်းအားဖြင့် အလုပ်အဆင်ပြေချောမွေ့နေမှာဖြစ်တဲ့ အတွက် စိတ်ဖိဆီးမှုကင်းဝေးပြီး ပျော်ရွှင်မှုများကိုပေးနိုင်မှာဖြစ်ပါတယ်။
၅။ ကူညီပါ . ပေးကမ်း လှူတမ်း ပါ – အများကောင်းကျိုးကို ရည်းစူးပြီး လှူတမ်း မှုများပြုလုပ်ပါ။ ဘုရားသွားလှုတာထက် အမှန်တကယ်လို်အပ်နေသော မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ ၊ ဒုက္ခသည်စခန်းများ ကို လှုဒါန်းသင့်ပါတယ်။ သင့်ကြောင့်အခြားသူများ အဆင်ပြေသွားသည်ကို သိရှိခြင်းအားဖြင့် သင့်ကိုပျော်ရွှင်စေနိုင်မှာပါ။
၆။ ပစ္စည်း ဥစ္စာ ကို မမက်မောပါနဲ့ – လူတိုင်း လိုချင်တာ မရခင်ကသော အသည်းအသန် . ရတော့ ဘာမှလဲသိပ်မဟုတ်တော့ တာတွေကြုံတွေ့ဖူးမှာပါ။ ဖုန်း၊ ကား၊ အိမ်၊ လက်ဝတ်လက်စား ၊အစရှိတာတွေအားလုံးက ရုပ်ဝတ္ထုတွေဖြစ်ပြီး တန်ကြေးရှိပြီး တန်ဖိုးသိပ်မရှိတက်ပါဘူး။ လူတစ်ယောက်အတွက်လိုအပ်တာပြည့်စုံသွားတဲ့ အခါ လိုချင်တာတွေကို ဦးစားပေးလာတက်ကြပါတယ်။ အိမ်မှာရှိတဲ့ အဝတ်အစားတွေကို ပြန်ကြည့်ကြည့်ပါ။ ဝယ်တုန်းကတော့ ကြိုက်လှချည်ရဲ့ဆိုပြီး ဝယ်ထားတယ် တစ်ခါနှစ်ခါဝတ် ပြီးတော့ သိပ်လဲမဝတ်ဖြစ် သိပ်လဲ ဖီလင်မလာတော့ဘူး။ လိုအပ်တာထပ် လိုချင်လို့ ဝယ်တဲ့ ပစ္စည်းတော်တော်များများက ခဏတာ ပျော်ရွှင်မှုကိုသာပေးမှာဖြစ်ပါပြီး ထိုခဏတာအချိန်ကျော်သွားတာနဲ့ရိုးသွားမှာပါ။ ဒီတော့ ပစ္စည်းတွေဝယ်မယ့်အစား ကြာကြာခံတဲ့ ပျော်ရွှင်မှု ကြာကြာပေးနိုင်မယ့် အတွေ့အကြုံတွေကို ဝယ်သင့်ပါတယ်။ ဥပမာ ခရီးသွားတာတို့ ၊ လျှောက်လည်တာတို့၊ ကစားကွင်းသွားတာတို့ကို လုပ်သင့်ပါတယ်။
၇။ ကိုယ့်ဘဝနဲ့ကိုယ်နေပါ – သူများတွေ ဘာထင်လဲ. ဘယ်လိုမြင်လဲဆိုတာ ဂရုစိုက်နေမယ်ဆိုရင် သင်ပျော်ရွှင်နေရမှာမဟုတ်ပါဘူး။ ဒါက မိဘတွေ၊ ဆရာတွေ၊အပေါင်းအသင်းတွေ ကိုယ့်ကို ဖြစ်စေချင်တာတွေ အကုန်ပါ ပါတယ်။ သူတို့ဖြစ်စေချင်တာ လိုက်လုပ်ပေးနေမှတော့ ကိုယ့်ဘဝ ပျော်ရွှင်မှုကို ရရှိနိုင်မှာမဟုတ်တော့ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခြင်းအားဖြင့် သူတပါး ပယောဂ ကင်းကင်း ကိုယ်လုပ်ကိုယ်ခံ ကိုယ်စံ နိုင်ပါတယ်။
ကိုယ်နေချင်သလို နေတက်သလိုနေပါ။ ကိုယ့်ကို ဘာပဲဖြစ်ဖြစ် အားပေးနေမဲ့လူတွေနဲ့ ခြံလျှံထားပါ။ မှန်မယ်ထင်တာ ကို ရဲရဲလုပ်ပြီး အမှားများကို လက်ခံ ပြင်ဆင်နိုင်အောင်ကြိုးစားပါ။ သူငယ်ချင်းကောင်း များများထားပြီး သူတို့နဲ့ အဆက်အသွယ်အမြဲလုပ်ပါ။ နောက်ဆုံးအနေနဲ့ ပျော်ရွှင်မှုဆိုတာကို ဖန်တီးယူလို့ရတဲ့အတွက် သင့်ကိုပျော်၇ွှင်စေမယ့်အရာများကို ယနေ့ကစပြီး လုပ်လိုက်ပါ။
မိန်းကလေးတိုင်း တောင့်တပြီး . . . ယောက်ျားလေးတိုင်း အားကျစေဖို့ . . .
Gentleman Magazine
===============================================
သာယာပျော်ရွှင်သောလူများ၏ လျှို့ဝှက်ချက် ရ ခုု
လူတိုုင်းလိုုလုုိ ဘဝမှာ ပျော်ရွှင်ချင်ကြပေမယ့် အနည်းငယ်သာ ပျော်ရွှင်သောဘဝများကိုုပိုုင်ဆိုုင်ထားကြပါတယ်။ ကိုုယ်တိုုင်ဖန်တီးလိုု့ရတဲ့ ပျော်ရွှင်မှုတွေရှိသလုုိ ကိုုယ်ထိန်းချုပ်လိုု့မရတာတွေလည်းရှိပါတယ်။ အသက်ရှင်နေသ၍ အပျော်ရွှင်နိုုင်ဆုုံးဖြစ်နိုုင်ရန်အတွက် ကိုုယ်တုုိင်လုုပ်လိုု့ရတာတွေအများကြီးရှိတဲ့ထဲက အကောင်းဆုံုး ရ ချက်ကိုုဖော်ပြပေးသွားပါမယ်။
၁။ သူငယ်ချင်းကောင်း များထားပါ – လက်တွေ့အပြင်မှာ ဆုံုတွေ့နေသာ ကိုုယ့်အပေါ်အပြန်အလှန်ကောင်းသော၊နားလည်တက်သော သူငယ်ချင်းများများ ထားပါ။ Facebook ပေါ်က သူငယ်ချင်း အရောက် တစ်ထောင်က အပြင်က ကိုုယ့်အချစ်ဆုံုးသူငယ်ချင်းတစ်ယောက်လောက်တောင် တန်ဖိုုးမရှိတာ နားလည်ပါ။ ကိုုယ့်အပေါ်နားလည်ပေးနိုုင်တဲ့ အရေးကြံုရင်အားကိုုးလုုိ့ရတဲ့ သူငယ်ချင်းတွေရှိတာ ဟာ ပျော်ရွှင်မှုများစွာကိုုဖန်တီးပေးမှာပါ။
၂။ ကျေးဇူးတင်တက်ပါစေ – ကိုုယ့်ကိုု စောင့်ရှောက်ပေးလာတဲ့မိဘ၊ ကိုုယ့်အပေါ် ပညာသင်ပေးတဲ့ ဆရာ၊ ကိုုယ့်ကိုု ကူညီတဲ့ လုုပ်ဖော်ကိုုင်ဖက်၊ ကုုန်ကုုန်ပြောရရင် ကိုုယ့်အပေါ် ကောင်းတဲ့ သူတွေမှန်သမျှကိုု ကျေးဇူးတင်ကြောင်း တစ်နည်းနည်း နဲ့ အသိအမှန်ပြုသင့်ပါတယ်။ ကျေးဇူးတင်ခံရရင် နောက်ပိုုင်း အကူအညီလိုုရင် အတက်နိုုင်ဆုံုးကူညီမှာဖြစ်တဲ့ အတွက် ကိုုယ့်ကိစ္စတွေ အလွယ်တကူ ဆောင်ရွက်နိုုင်မှာဖြစ်တဲ့အတွက် ပိုုမိုုပျော်ရွှင်လာနိုုင်မှာပါ။
၃။ ရည်မှန်းချက်ပန်းတိုုင် တစ်စိုုက်မတ်မတ်သွားပါ – လူတစ်ယောက်အတွက်ရေးအကြီးဆုံုးအရာဟာ မျော်လင့်ချက်ပဲဖြစ်ပါတယ်။ ကိုယ်ကတစ်ခုုခုု ဖြစ်ချင်တယ်. အောင်မြင်ချင်တယ်လိုု့ မျော်လင့်ချက် ရည်မှန်းချက်ရှိတယ်ဆိုုရင် ဒါကိုုမရ ရအောင် နေ့စဉ်နဲ့ အမျှ ကြိုးစားနေသင့်ပါတယ်။ ကြိုးစားနေတဲ့ တစ်လျှောက်မှာလည်း အားဖြစ်စေရန်အတွက် ကိုုယ့်ဟာကိုုယ် နှိုင်းယှဉ်မှုများပြုလုုပ်သွားသင့်ပါတယ်။ နှိုင်းယှဉ်တဲ့အခါ ကိုုယ်က ကုုိယ်ဖြစ်ချင်တာနဲ့ အခုုဖြစ်နေတာ ယှဉ်ရမှာမဟုုတ်ပါဘူး။ မနေ့ကအနေအထားနဲ့ သင်နဲ့ တိုုးတက်လာတဲ့ ဒီနေ့အနေအထား ကိုု နှိုင်းယှဉ်ရမှာဖြစ်ပြီး ဒီလိုုပြုလုုပ်ခြင်းအားဖြင့် တစ်နေ့တခြား သာလွန်ကောင်းမွန်လာသော သင့်အရည်အချင်းများကိုု သတိပြုမိကာ သာယာပျော်ရွှင်မှုများစွာကိုု ခံစားနိုုင်မှာပါ။
၄။ ကိုုယ်တော်တာ ကိုု လုုပ်ပါ – လူတော်တော်များများ က သူတိုု့တော်တဲ့ နေရာရှိပြီးသားပါ။ အနုုပညာသမားများဟာ အကောင်းဆုံုးဥပမာဖြစ်ပြီး သူတိုု့ တော်တဲ့ အနုုပညာကိုုလုုပ်ပြီး အမြဲ ပျော်နေတက်ကြပါတယ်။ ကိုုကျွမ်းတာကိုု ကိုယ်လုုပ်ခြင်းအားဖြင့် အလုုပ်အဆင်ပြေချောမွေ့နေမှာဖြစ်တဲ့ အတွက် စိတ်ဖိဆီးမှုကင်းဝေးပြီး ပျော်ရွှင်မှုများကိုုပေးနိုုင်မှာဖြစ်ပါတယ်။
၅။ ကူညီပါ . ပေးကမ်း လှူတမ်း ပါ – အများကောင်းကျိုးကိုု ရည်းစူးပြီး လှူတမ်း မှုများပြုုလုုပ်ပါ။ ဘုုရားသွားလှုတာထက် အမှန်တကယ်လိုု်အပ်နေသော မိဘမဲ့ကျောင်းများ၊ ဘိုုးဘွားရိပ်သာများ ၊ ဒုုက္ခသည်စခန်းများ ကိုု လှုဒါန်းသင့်ပါတယ်။ သင့်ကြောင့်အခြားသူများ အဆင်ပြေသွားသည်ကိုု သိရှိခြင်းအားဖြင့် သင့်ကိုုပျော်ရွှင်စေနိုုင်မှာပါ။
၆။ ပစ္စည်း ဥစ္စာ ကိုု မမက်မောပါနဲ့ – လူတိုုင်း လိုုချင်တာ မရခင်ကသော အသည်းအသန် . ရတော့ ဘာမှလဲသိပ်မဟုုတ်တော့ တာတွေကြံုုတွေ့ဖူးမှာပါ။ ဖုုန်း၊ ကား၊ အိမ်၊ လက်ဝတ်လက်စား ၊အစရှိတာတွေအားလုံုးက ရုုပ်ဝတ္ထုုတွေဖြစ်ပြီး တန်ကြေးရှိပြီး တန်ဖိုုးသိပ်မရှိတက်ပါဘူး။ လူတစ်ယောက်အတွက်လိုုအပ်တာပြည့်စုံုသွားတဲ့ အခါ လိုုချင်တာတွေကိုု ဦးစားပေးလာတက်ကြပါတယ်။ အိမ်မှာရှိတဲ့ အဝတ်အစားတွေကိုု ပြန်ကြည့်ကြည့်ပါ။ ဝယ်တုုန်းကတော့ ကြိုုက်လှချည်ရဲ့ဆိုုပြီး ဝယ်ထားတယ် တစ်ခါနှစ်ခါဝတ် ပြီးတော့ သိပ်လဲမဝတ်ဖြစ် သိပ်လဲ ဖီလင်မလာတော့ဘူး။ လိုုအပ်တာထပ် လိုုချင်လိုု့ ဝယ်တဲ့ ပစ္စည်းတော်တော်များများက ခဏတာ ပျော်ရွှင်မှုကိုုသာပေးမှာဖြစ်ပါပြီး ထိုုခဏတာအချိန်ကျော်သွားတာနဲ့ရိုုးသွားမှာပါ။ ဒီတော့ ပစ္စည်းတွေဝယ်မယ့်အစား ကြာကြာခံတဲ့ ပျော်ရွှင်မှု ကြာကြာပေးနိုုင်မယ့် အတွေ့အကြံုတွေကိုု ဝယ်သင့်ပါတယ်။ ဥပမာ ခရီးသွားတာတိုု့ ၊ လျှောက်လည်တာတိုု့၊ ကစားကွင်းသွားတာတိုု့ကိုု လုုပ်သင့်ပါတယ်။
၇။ ကိုုယ့်ဘဝနဲ့ကိုုယ်နေပါ – သူများတွေ ဘာထင်လဲ. ဘယ်လိုုမြင်လဲဆိုတာ ဂရုုစိုုက်နေမယ်ဆိုုရင် သင်ပျော်ရွှင်နေရမှာမဟုုတ်ပါဘူး။ ဒါက မိဘတွေ၊ ဆရာတွေ၊အပေါင်းအသင်းတွေ ကိုုယ့်ကိုု ဖြစ်စေချင်တာတွေ အကုုန်ပါ ပါတယ်။ သူတိုု့ဖြစ်စေချင်တာ လိုုက်လုုပ်ပေးနေမှတော့ ကိုုယ့်ဘဝ ပျော်ရွှင်မှုကိုု ရရှိနိုုင်မှာမဟုုတ်တော့ပါဘူး။ ကိုုယ်ကြိုက်တာ ကိုုယ်လုုပ်ခြင်းအားဖြင့် သူတပါး ပယောဂ ကင်းကင်း ကိုုယ်လုုပ်ကိုုယ်ခံ ကိုုယ်စံ နိုုင်ပါတယ်။
ကိုုယ်နေချင်သလိုု နေတက်သလိုုနေပါ။ ကိုုယ့်ကိုု ဘာပဲဖြစ်ဖြစ် အားပေးနေမဲ့လူတွေနဲ့ ခြံလျှံထားပါ။ မှန်မယ်ထင်တာ ကိုု ရဲရဲလုုပ်ပြီး အမှားများကိုု လက်ခံ ပြင်ဆင်နိုုင်အောင်ကြိုးစားပါ။ သူငယ်ချင်းကောင်း များများထားပြီး သူတိုု့နဲ့ အဆက်အသွယ်အမြဲလုုပ်ပါ။ နောက်ဆုံုးအနေနဲ့ ပျော်ရွှင်မှုဆိုုတာကိုု ဖန်တီးယူလိုု့ရတဲ့အတွက် သင့်ကိုုပျော်ရွှင်စေမယ့်အရာများကိုု ယနေ့ကစပြီး လုုပ်လိုုက်ပါ။
မိန်းကလေးတိုုင်း တောင့်တပြီး . . . ယောကျ်ားလေးတိုုင်း အားကျစေဖိုု့ . . .
Gentleman Magazine
===============================================