သင်ဟာ ကံကောင်းထောက်မစွာနဲ့ သင်ကြွေနေတဲ့ ကောင်မလေး ဆီက ပထမဦးဆုံး နှစ်ယောက်ထဲ အပြင်မှာတွေ့ဖို့ ချိန်းလို့ရပြီဆိုပါဆို့။ ကိုယ်က ပောက်ကရလေးဆယ် နဲ့ အူကြောင်ကြောင်လုပ်မိရင် နောက်တစ်ခါတွေ့ဖို့ဆိုတာ တော့ အိပ်မက်ပါပဲ ဆိုတာ တော်တော်များများ အရွယ်ရောက်နေတဲ့ ယောက်ျားလေးတွေ ကိုယ်တွေ့ပါ။ ကိုယ်ရည်းစားလောင်း လေးနဲ့ဘယ်သွားရမယ် ဘာလုပ်ရမယ် ဘယ်လိုနေရမယ် ဆိုတာကို ကိုယ့်ပတ်ဝန်းကျင်က အတွေ့အကြုံရင့် ဆရာသမားများကို အကူအညီတောင်းရတာအမော။ အဲဒါတွေကိုတော့ နောက် ဆောင်းပါးတွေမှပဲ ပြောတော့မယ်။ အခု အဓိကပြောချင်တာက ကံကကိုယ့်ဘက်ပါလို့ ကိုယ့် ဆော်လောင်းလေးက ချိန်းတွေ့တာလက်ခံ လိုက်ရင်တွေ့နေတဲ့အချိန်တလျှောက်မှာ တခြားသော ကိစ္စအဝဝ ကိုမေ့ထားပြီး သူ့ကိုပဲ ဂရုစိုက်ပေးပါ။ အခုခေတ်မှာ ကလူတိုင်းဖုန်းကိုယ်စီ နဲ့ Viber တွေ၊ Game တွေ၊ Facebook တွေ နဲ့အလုပ်ရှုပ်နေတက်ပါတယ်။ ဆော်ဖွန် မှ မဟုတ်ပါဘူး ကိုယ်က တကယ်အမှန်အကန် တခြားလူတစ်ယောက်နဲ့ ခင်မင်ချင်တယ် ရင်းနှီးချင်တယ် ဆိုရင် ကိုယ့်ရှေ့မှာ ဂုတ်တုတ်ကြီး (သို့) မတ်မတ်ကြီး ရှိနေတဲ့လူကို ဂရုတစိုက်ကာ အတူတူ ရှိနေတဲ့ အချိန်မှန်သမျှကို ကောင်းစွာ အသုံးချပါ။ ဖုန်းသုံးနေခြင်းအား ဖြင့် တဖက်လူကို မလေးစားရာရောက်သလို တဖက်လူက သင့်ဖုန်းလောက်မှ စိတ်ဝင်စားစရာမကောင်းဘူး အရေးမပါဘူးဟု သဘောသက်ရောက်ပါတယ်။ သိပ်အရေးကြီးနေတဲ့ သေရေးရှင်ရေး ကိစ္စမှလွဲရင် ဖုန်းကိုယောင်လို့ထောင် မထုတ်မိပါစေနဲ့။ လူတိုင်းက တခြားလူအလေးထားတာ၊ အရေးပေးတာလိုချင်ကြတဲ့အတွက် ခဏတာတွေ့ခွင့်ရတဲ့ တခြားလူရှေ့မှာဖုန်းတကားကားနဲ့ ကိုယ့်ပုံရိပ် ကို ကိုယ် အရောင်အစွန်းအထင်း မခံပါနဲ့။ ဖုန်းကသင့်ရဲ့ အချစ်လမ်းကြောင်းပေါ်က ကျွန်းတစ်ကျွန်း အဖြစ်မခံမိပါစေနဲ့။
ဘယ်သူဘယ်ဝါနဲ့တွေ့တွေ့တဖက်လူကိုရိုသေ လေးစား သောအားဖြင့် ဖုန်းပြောတာ၊ ဖုန်းကြည့်တာတွေ အတက်နို်င်ဆုံးရှောင်ကြင်ကာ လူတိုင်း ချစ်ခင်လေးစားသော လူလိမ္မာ ဖြစ်နိုင်ကြပါစေ။
မိန်းကလေးတိုင်း တောင့်တပြီး . . . ယောက်ျားလေးတိုင်း အားကျစေဖို့ . . .
Gentleman Magazine
===============================================
ပထမဆုုံး ချိန်းတွေ့နေတဲ့ အချိန် လုံုးဝ မလုုပ်သင့်တဲ့ အရာ ဟာဘာလဲသိသလား။
သင်ဟာ ကံကောင်းထောက်မစွာနဲ့ သင်ကြွေနေတဲ့ ကောင်မလေး ဆီက ပထမဦးဆုံုး နှစ်ယောက်ထဲ အပြင်မှာတွေ့ဖိုု့ ချိန်းလိုု့ရပြီဆိုုပါဆိုု့။ ကိုုယ်က ပောက်ကရလေးဆယ် နဲ့ အူကြောင်ကြောင်လုုပ်မိရင် နောက်တစ်ခါတွေ့ဖုုိ့ဆိုုတာ တော့ အိပ်မက်ပါပဲ ဆိုုတာ တော်တော်များများ အရွယ်ရောက်နေတဲ့ ယောကျ်ားလေးတွေ ကိုုယ်တွေ့ပါ။ ကိုုယ်ရည်းစားလောင်း လေးနဲ့ဘယ်သွားရမယ် ဘာလုုပ်ရမယ် ဘယ်လိုုနေရမယ် ဆိုုတာကိုု ကိုုယ့်ပတ်ဝန်းကျင်က အတွေ့အကြံုရင့် ဆရာသမားများကိုု အကူအညီတောင်းရတာအမော။ အဲဒါတွေကိုုတော့ နောက် ဆောင်းပါးတွေမှပဲ ပြောတော့မယ်။ အခု အဓိကပြောချင်တာက ကံကကိုုယ့်ဘက်ပါလိုု့ ကိုုယ့် ဆော်လောင်းလေးက ချိန်းတွေ့တာလက်ခံ လိုုက်ရင်တွေ့နေတဲ့အချိန်တလျှောက်မှာ တခြားသော ကိစ္စအဝဝ ကိုုမေ့ထားပြီး သူ့ကိုုပဲ ဂရုုစုုိက်ပေးပါ။ အခုုခေတ်မှာ ကလူတုုိင်းဖုုန်းကိုုယ်စီ နဲ့ Viber တွေ၊ Game တွေ၊ Facebook တွေ နဲ့အလုုပ်ရှုပ်နေတက်ပါတယ်။ ဆော်ဖွန် မှ မဟုုတ်ပါဘူး ကိုုယ်က တကယ်အမှန်အကန် တခြားလူတစ်ယောက်နဲ့ ခင်မင်ချင်တယ် ရင်းနှီးချင်တယ် ဆိုုရင် ကိုုယ့်ရှေ့မှာ ဂုုတ်တုုတ်ကြီး (သိုု့) မတ်မတ်ကြီး ရှိနေတဲ့လူကိုု ဂရုုတစိုုက်ကာ အတူတူ ရှိနေတဲ့ အချိန်မှန်သမျှကိုု ကောင်းစွာ အသုံုးချပါ။ ဖုုန်းသုံုးနေခြင်းအား ဖြင့် တဖက်လူကိုု မလေးစားရာရောက်သလိုု တဖက်လူက သင့်ဖုုန်းလောက်မှ စိတ်ဝင်စားစရာမကောင်းဘူး အရေးမပါဘူးဟုု သဘောသက်ရောက်ပါတယ်။ သိပ်အရေးကြီးနေတဲ့ သေရေးရှင်ရေး ကိစ္စမှလွဲရင် ဖုုန်းကိုုယောင်လိုု့ထောင် မထုုတ်မိပါစေနဲ့။ လူတိုုင်းက တခြားလူအလေးထားတာ၊ အရေးပေးတာလိုုချင်ကြတဲ့အတွက် ခဏတာတွေ့ခွင့်ရတဲ့ တခြားလူရှေ့မှာဖုန်းတကားကားနဲ့ ကိုုယ့်ပုံုရိပ် ကိုု ကိုုယ် အရောင်အစွန်းအထင်း မခံပါနဲ့။ ဖုုန်းကသင့်ရဲ့ အချစ်လမ်းကြောင်းပေါ်က ကျွန်းတစ်ကျွန်း အဖြစ်မခံမိပါစေနဲ့။
ဘယ်သူဘယ်ဝါနဲ့တွေ့တွေ့တဖက်လူကိုုရိုုသေ လေးစား သောအားဖြင့် ဖုုန်းပြောတာ၊ ဖုုန်းကြည့်တာတွေ အတက်နိုု်င်ဆုံုးရှောင်ကြင်ကာ လူတိုုင်း ချစ်ခင်လေးစားသော လူလိမ္မာ ဖြစ်နိုုင်ကြပါစေ။
မိန်းကလေးတိုုင်း တောင့်တပြီး . . . ယောကျ်ားလေးတိုုင်း အားကျစေဖိုု့ . . .
Gentleman Magazine
===============================================