အိမ်ထောင်ပြုတယ်ဆိုတာက လောင်းကစားလိုပါပဲ။ ရလဒ်က ကောင်းမကောင်းဆိုတာ (အိမ်ထောင်ရေး အောင်မြင်တယ် ရှုံးနိမ့်တယ်ဆိုတာ) ရင်တမမနဲ့ပါ။ တိုးတက်လာတဲ့ ၂၁ ရာစုကြီးမှာ အိမ်ထောင်ပြုတယ်ဆိုတာက တော်တော်ခက်ခဲလာတဲ့လုပ်ရပ်တစ်ခုပါ။
အိမ်ထောင်ပြုပြီး အိမ်ထောင်ရေးမသာယာတဲ့ လူတွေ အများအပြားကြုံတွေ့ရသလို အိမ်ထောင် ပြုပြီး အိမ်ထောင်ရေးသာယာတဲ့ သူတွေကလည်း ဟိုးအရင်ခေတ်တွေ ကနဲ့မတူ ပိုမိုပျော်ရွှင်နေကြတာကိုတွေ့ရမှာပါ။ ဒါတွေကဘာကြောင့်လဲ အဖြေရှာဖို့အတွက် ဘာကြောင့်အိမ်ထောင်ပြုကြသလဲဆိုတာကို လေ့လာကြည့်ရအောင်။
၁ – အိမ်ထောင်ပြုရန် အရွယ်ရောက်လို့ယူတာ
၂ – ကိုယ်ကချစ်လို့ ယူတာ
၃ – တစ်ယောက်ကိုတစ်ယောက် ချစ်လို့ နားလည်စွာနဲ့ယူတာ
၁ – အရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ့်ဆီမှာချစ်သူမရှိ ရည်းစားမရှိ ရင်ပတ်ဝန်းကျင်ကနေပြီး ဝိုင်းလှော်ပေးတာနဲ့၊ မိဘက ပေးစားတာနဲ့၊သူငယ်ချင်းတွေ က မြှောက်ပေးတာနဲ့ ဆိုပြီး မိန်းမယူတက်ကြပါတယ်။ ဒီလိုပေါင်းစည်းမှုများက အချစ်ကိုအဓိကမထားပဲနဲ့ ပြေလည်မည့်အိမ်ထောင်ဖက်ကို ခေါင်းသုံးပြီရွေးချယ်ကြတာများပါတယ်။ မတိုးတက်သေးတဲ့ နေရာတွေ တောရွာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတက်တယ်။ တွေ့ဖူးနေကျမိန်းမတွေကလည်း ကိုယ့်ရွာပတ်လည်လောက်ကပဲ ရှိတော့ ရွေးစရာကလွန်စွာနည်းပါးပါတယ်။ မိန်းမယူတယ်ဆိုတာကိုက ကိုယ့်နဲ့ ကိုယ့်မိဘကို ပြုစုစောင့်ရှောင့်မယ့်သူ၊ ယောက်ျားက အပြင်မှာ စားဝတ်နေရေးအတွက် ရုံးကန်နေချိန် အိမ်အလုပ်တွေကို တစ်နို်င်တစ်နင်းတာဝန်ယူနိုင်မယ့်သူ ကို ရှာဖွေတက်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ရှေးရိုးအစဉ်အလာအတိုင်းကြီးပေါ့။
၂ – ဒါတွေအကုန်လုံးက စက်မှုတိုးတက်ထွန်းကားလာတဲ့ခေတ်မှာ ပြောင်းလဲကုန်ပါတယ်။ လယ်ထဲရွာထဲ မှာနေထို်င်သူတွေက မြို့ပေါ်တက်လာပြီး အလုပ်ချိန်နည်းပြီး ငွေပိုရတဲ့ အလုပ်တွေလုပ်ကြ၊ စားဖို့သောက်ဖို့ အလွယ်တကူရနိုင်တာ၊ အဝတ်အထည်တွေ လျှော်ရန် လွယ်ကူလာတာတွေ၊ အိမ်မှုကိစ္စ တွေတော်တော်များများက စက်ပစ္စည်းများကို အစားထိုးအသုံးပြုလာတဲ့ အတွက် အချိန်တိုတို အတွင်းမှာ ပဲ အကုန်လုံးလုပ်နိုင်တာကြောင့် အိမ်ရှင်မများပင် လိုအပ်မှုနည်းလာပါတယ်။ ထို့အတူ ခေတ် မိန်းခလေးတွေဆို ထမင်းဟင်း ချက်တက်တဲ့ လူရှားလာပါပြီး ကိုယ်ပိုင် ဝင်ငွေ ရှာနိုင်တဲ့ မိန်းခလေးတွေ များလာခဲ့ပါပြီ။ ကိုယ်ပိုင် အားလပ်ချိန်များ အပိုရရှိလာတဲ့ စက်မှု ခေတ်ကြီးမှာ အိမ်ထောင်ပြုရတဲ့ အဓိပ္မာယ်က လည်း ခေတ်နဲ့ အညီပြောင်းလဲသွားပါပြီ။ မိန်းမများ အနေနဲ့ ယောက်ျားယူပြီးအိမ်မှာ ငုတ်တုတ်နဲ့ လုပ်စရာမရှိဖြစ်လာတော့မှာ ဖြစ်တဲ့ခေတ်မှာ အိမ်မှုကိစ္စနိုင်နင်းတာထက် အချစ်ကို ဦးစားပေးပြီး လက်ထက်တာတွေဖြစ်လာပါပြီး ကိုယ်ချစ်နိုင်မယ့်လူကို ရှာဖွေရွေးချယ်လာကြပါပြီ။
၃ – အခု အင်ဖော်မေးရှင်းခေတ်ရောက်လာတော့ လူတွေအတွက် မိန်းမရှာရတာ အလွန်လွယ်ကူလာပါတယ်။ သွားရလာရတာ လွယ်ကူတာ၊ ဆက်သွယ်ရတာ လွယ်ကူတာတွေ၊ အင်တာနက်ရဲ့ကျေးဇူးကြောင့် မိုင်ထောင်ပေါင်းများစွာက လူတွေနဲ့ ကြူကြူခင်းနိုင်တာတွေဟာ ကြင်ဖော် ရှာဖွေဆက်သွယ်ဖို့အတွက် အဓိက အထောက်အကူ ဖြစ်စေပါတယ်။ လိင်ကိစ္စ လိုအပ်ချက်များစွာကို တောင် အိမ်ထောင်ပြုစရာမလိုပဲ လွယ်လွယ်နဲ့ ရရှိနိုင်တဲ့ခေတ်ကိုရောက်လာတော့ အိမ်ထောင်ပြုခြင်းဟာ မလုပ်မနေလုပ်ရမယ့် ထုံးစံကနေပြီးတော့ ကိုယ်ပိုင်ရွေးချယ်ခွင့်အနေနဲ့ အသွင်ပြောင်းခဲ့ရပါပြီ။ ကိုယ်က ချစ်နေရုံ မိန်းမမျိုးကိုရှာမယ့် အစား ကိုယ့်ကို ကိုယ်ရောစိတ်ပါ ချမ်းသာပျော်ရွှင်အောင်ထားနိုင်မယ့် . အပြန်အလှန် နားလည်မှုပေးနိုင်မယ့်လူမျိုးကို ရှာဖွေလာကြပါပြီ။ အိမ်ထောင်ပြုတယ်ဆိုတာ စိတ်ချမ်းသာမှု ရှာဖွေတယ်ဆိုပြီး ကိုယ့် ကြင်ဖော် ဆီကနေ မျော်လင့်ချက်များစွာထားရှိလာတက်ပါတယ်။ ဒါတွေကို အစကတည်းကရှောင်ကြင်သင့်ပါတယ်။ စိတ်ကြေနပ်မှု စိတ်ချမ်းသာမှုတွေကို ကြင်ဖော် ဆီမှ သီးသန့်မဟုတ်ပဲနဲ့ အလုပ်၊ ဝါသနာ၊ သူငယ်ချင်း အပေါင်းအသင်း တွေဆီမှလည်း ရယူသင့်ပါတယ်။ ဒါမှ မဟုတ် ကြင်ဖက်ဆီကနေ မျော်လင့်ချက်များစွာ ထားတက်တယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင်ကလည်း များစွာ ပေးဆပ်စတေးတက်ဖို့ပြင်ထားရပါတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ချမ်းသာမှုကို တခြားကမရှာတက်ဘူး . ရင်းနှီး ပေးဆပ်မှုတွေလဲ မလုပ်ချင်ဘူးဆိုရင်တော့ သူများသွားဒုက္ခမပေးပဲ ကိုယ့် ကိုယ်တိုင်ပြန်လည်စမ်းစစ်ကြည့်ကာ ကိုယ်ဘာဖြစ်ချင်တာလဲ ဖြစ်ကောဖြစ် နိုင်ရဲ့လား ဆိုတာ သုံးသပ်ကြည့်သင့်နေပါပြီ။
လက်ရှိမြန်မာနိုင်ငံ အနေအထားနဲ့ ကြည့်ရရင် အထက်ဖော်ပြပါ လူမျိုး သုံးမျိုးလုံးကို တွေ့မြင်နေရမှာပါ။ ဒါဟာ ပြသာနာ တွေအားလုံးရဲ့ စမှတ်ပါ။ နံပတ် ၃ စုံတွဲ က တော့ ၁ နဲ့ ၂ စုံတွဲ ထက် ပျော်ရွှင်သာယာမယ်လို့လက်ခံမယ်ထင်ပါတယ်။ ဒါပေမယ့် ၁ က ၁ နဲ့ပဲ တွဲ မှ၊ ၂ က ၂ နဲ့ပဲတွဲမှ ၊ ၃ က ၃ နဲ့ပဲတွဲ အမှ အဆင်ပြေမှာဖြစ်ပြီး တခြားသူတွေနဲ့ တွဲမိတဲ့ အခါ ဒုက္ခလှလှ တွေ့သွားမှာပါ။ အကယ်၍ ၁ ချည်းပဲ ၊ ၂ ချည်းပဲ ၊ ၃ ချည်းပဲဖြစ်နေရင် တော့ ကြင်ဖော်ရှာရတာလွယ်ပေမယ့် အရော အနှောတွေ ကို ရှောင်ရှားနေရတဲ့ ဒီ စပ်ကူးမတ်ကူး ခေတ်ကြီးမှာ မိမိနဲ့ စိတ်တူ ကိုယ်တူ ရှာဖို့ လွန်စွာမှ ခဲယဉ်းလာပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့. ကို်ယ်ကလည်း နံပတ် ၃ သူကလည်း နံပတ် ၃ ဆိုရင်တော့ ကိုယ့်ရဲ့အိမ်ထောင်ရေးက ကိုယ့် အဖေအမေ အဖိုးအဖွား များထက်ပင်သာယာမှာဖြစ်ပါတယ်။ အချစ်ကံကောင်းကြပါစေ။
မိန်းကလေးတိုင်း တောင့်တပြီး . . . ယောက်ျားလေးတိုင်း အားကျစေဖို့ . . .
Gentleman Magazine
===============================================
ဒီခေတ်ကြီးမှာ အိမ်ထောင်ပြုတာ ဘာကြောင့်ခက်ခဲလာတာလဲ ?
အိမ်ထောင်ပြုတယ်ဆိုုတာက လောင်းကစားလိုုပါပဲ။ ရလဒ်က ကောင်းမကောင်းဆိုုတာ (အိမ်ထောင်ရေး အောင်မြင်တယ် ရှုံးနိမ့်တယ်ဆိုုတာ) ရင်တမမနဲ့ပါ။ တိုုးတက်လာတဲ့ ၂၁ ရာစုုကြီးမှာ အိမ်ထောင်ပြုတယ်ဆိုုတာက တော်တော်ခက်ခဲလာတဲ့လုုပ်ရပ်တစ်ခုုပါ။
အိမ်ထောင်ပြုပြီး အိမ်ထောင်ရေးမသာယာတဲ့ လူတွေ အများအပြားကြံုတွေ့ရသလိုု အိမ်ထောင် ပြုပြီး အိမ်ထောင်ရေးသာယာတဲ့ သူတွေကလည်း ဟိုုးအရင်ခေတ်တွေ ကနဲ့မတူ ပိုုမိုုပျော်ရွှင်နေကြတာကိုုတွေ့ရမှာပါ။ ဒါတွေကဘာကြောင့်လဲ အဖြေရှာဖိုု့အတွက် ဘာကြောင့်အိမ်ထောင်ပြုကြသလဲဆိုုတာကိုု လေ့လာကြည့်ရအောင်။
အိမ်ထောင်ပြုရတဲ့အကြောင်းအရင်း များစွာထဲက အဓိကကျတဲ့အကြောင်းများကတော့
၁ – အိမ်ထောင်ပြုရန် အရွယ်ရောက်လိုု့ယူတာ
၂ – ကိုယ်ကချစ်လိုု့ ယူတာ
၃ – တစ်ယောက်ကိုုတစ်ယောက် ချစ်လိုု့ နားလည်စွာနဲ့ယူတာ
၁ – အရွယ်ရောက်လာပြီဆိုုတာနဲ့ ကိုုယ့်ဆီမှာချစ်သူမရှိ ရည်းစားမရှိ ရင်ပတ်ဝန်းကျင်ကနေပြီး ဝိုုင်းလှော်ပေးတာနဲ့၊ မိဘက ပေးစားတာနဲ့၊သူငယ်ချင်းတွေ က မြှောက်ပေးတာနဲ့ ဆိုုပြီး မိန်းမယူတက်ကြပါတယ်။ ဒီလိုုပေါင်းစည်းမှုများက အချစ်ကိုုအဓိကမထားပဲနဲ့ ပြေလည်မည့်အိမ်ထောင်ဖက်ကိုု ခေါင်းသုံုးပြီရွေးချယ်ကြတာများပါတယ်။ မတိုုးတက်သေးတဲ့ နေရာတွေ တောရွာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတက်တယ်။ တွေ့ဖူးနေကျမိန်းမတွေကလည်း ကိုုယ့်ရွာပတ်လည်လောက်ကပဲ ရှိတော့ ရွေးစရာကလွန်စွာနည်းပါးပါတယ်။ မိန်းမယူတယ်ဆိုုတာကိုုက ကိုုယ့်နဲ့ ကိုုယ့်မိဘကိုု ပြုစုုစောင့်ရှောင့်မယ့်သူ၊ ယောကျ်ားက အပြင်မှာ စားဝတ်နေရေးအတွက် ရုံုးကန်နေချိန် အိမ်အလုုပ်တွေကိုု တစ်နိုု်င်တစ်နင်းတာဝန်ယူနိုုင်မယ့်သူ ကိုု ရှာဖွေတက်ကြပါတယ်။ ပြောရမယ်ဆိုုရင်တော့ ရှေးရိုုးအစဉ်အလာအတိုုင်းကြီးပေါ့။
၂ – ဒါတွေအကုုန်လုံုးက စက်မှုတိုုးတက်ထွန်းကားလာတဲ့ခေတ်မှာ ပြောင်းလဲကုုန်ပါတယ်။ လယ်ထဲရွာထဲ မှာနေထိုု်င်သူတွေက မြို့ပေါ်တက်လာပြီး အလုုပ်ချိန်နည်းပြီး ငွေပိုုရတဲ့ အလုုပ်တွေလုုပ်ကြ၊ စားဖိုု့သောက်ဖိုု့ အလွယ်တကူရနိုုင်တာ၊ အဝတ်အထည်တွေ လျှော်ရန် လွယ်ကူလာတာတွေ၊ အိမ်မှုကိစ္စ တွေတော်တော်များများက စက်ပစ္စည်းများကိုု အစားထိုုးအသုံုးပြုလာတဲ့ အတွက် အချိန်တိုုတိုု အတွင်းမှာ ပဲ အကုုန်လုံုးလုုပ်နိုုင်တာကြောင့် အိမ်ရှင်မများပင် လိုုအပ်မှုနည်းလာပါတယ်။ ထိုု့အတူ ခေတ် မိန်းခလေးတွေဆိုု ထမင်းဟင်း ချက်တက်တဲ့ လူရှားလာပါပြီး ကိုုယ်ပိုုင် ဝင်ငွေ ရှာနိုုင်တဲ့ မိန်းခလေးတွေ များလာခဲ့ပါပြီ။ ကိုုယ်ပိုုင် အားလပ်ချိန်များ အပိုုရရှိလာတဲ့ စက်မှု ခေတ်ကြီးမှာ အိမ်ထောင်ပြုရတဲ့ အဓိပ္မာယ်က လည်း ခေတ်နဲ့ အညီပြောင်းလဲသွားပါပြီ။ မိ်န်းမများ အနေနဲ့ ယောကျ်ားယူပြီးအိမ်မှာ ငုုတ်တုုတ်နဲ့ လုုပ်စရာမရှိဖြစ်လာတော့မှာ ဖြစ်တဲ့ခေတ်မှာ အိမ်မှုကိစ္စနိုုင်နင်းတာထက် အချစ်ကိုု ဦးစားပေးပြီး လက်ထက်တာတွေဖြစ်လာပါပြီး ကိုုယ်ချစ်နိုုင်မယ့်လူကိုု ရှာဖွေရွေးချယ်လာကြပါပြီ။
၃ – အခုု အင်ဖော်မေးရှင်းခေတ်ရောက်လာတော့ လူတွေအတွက် မိန်းမရှာရတာ အလွန်လွယ်ကူလာပါတယ်။ သွားရလာရတာ လွယ်ကူတာ၊ ဆက်သွယ်ရတာ လွယ်ကူတာတွေ၊ အင်တာနက်ရဲ့ကျေးဇူးကြောင့် မိုုင်ထောင်ပေါင်းများစွာက လူတွေနဲ့ ကြူကြူခင်းနိုုင်တာတွေဟာ ကြင်ဖော် ရှာဖွေဆက်သွယ်ဖိုု့အတွက် အဓိက အထောက်အကူ ဖြစ်စေပါတယ်။ လိင်ကိစ္စ လိုုအပ်ချက်များစွာကိုု တောင် အိမ်ထောင်ပြုစရာမလိုုပဲ လွယ်လွယ်နဲ့ ရရှိနိုုင်တဲ့ခေတ်ကိုုရောက်လာတော့ အိမ်ထောင်ပြုခြင်းဟာ မလုုပ်မနေလုုပ်ရမယ့် ထုံုးစံကနေပြီးတော့ ကိုုယ်ပိုုင်ရွေးချယ်ခွင့်အနေနဲ့ အသွင်ပြောင်းခဲ့ရပါပြီ။ ကိုုယ်က ချစ်နေရုံု မိန်းမမျိူးကိုုရှာမယ့် အစား ကိုုယ့်ကိုု ကိုုယ်ရောစိတ်ပါ ချမ်းသာပျော်ရွှင်အောင်ထားနိုုင်မယ့် . အပြန်အလှန် နားလည်မှုပေးနိုုင်မယ့်လူမျိုးကိုု ရှာဖွေလာကြပါပြီ။ အိမ်ထောင်ပြုတယ်ဆိုုတာ စိတ်ချမ်းသာမှု ရှာဖွေတယ်ဆိုုပြီး ကိုုယ့် ကြင်ဖော် ဆီကနေ မျော်လင့်ချက်များစွာထားရှိလာတက်ပါတယ်။ ဒါတွေကိုု အစကတည်းကရှောင်ကြင်သင့်ပါတယ်။ စိတ်ကြေနပ်မှု စိတ်ချမ်းသာမှုတွေကိုု ကြင်ဖော် ဆီမှ သီးသန့်မဟုုတ်ပဲနဲ့ အလုုပ်၊ ဝါသနာ၊ သူငယ်ချင်း အပေါင်းအသင်း တွေဆီမှလည်း ရယူသင့်ပါတယ်။ ဒါမှ မဟုုတ် ကြင်ဖက်ဆီကနေ မျော်လင့်ချက်များစွာ ထားတက်တယ်ဆိုရင်တော့ ကိုုယ်ကိုုယ်တိုုင်ကလည်း များစွာ ပေးဆပ်စတေးတက်ဖိုု့ပြင်ထားရပါတယ်။ ကိုုယ်ကိုုယ်တိုုင်က စိတ်ချမ်းသာမှုကိုု တခြားကမရှာတက်ဘူး . ရင်းနှီး ပေးဆပ်မှုတွေလဲ မလုုပ်ချင်ဘူးဆိုုရင်တော့ သူများသွားဒုုက္ခမပေးပဲ ကိုုယ့် ကိုုယ်တိုုင်ပြန်လည်စမ်းစစ်ကြည့်ကာ ကိုုယ်ဘာဖြစ်ချင်တာလဲ ဖြစ်ကောဖြစ် နိုုင်ရဲ့လား ဆိုုတာ သုံုးသပ်ကြည့်သင့်နေပါပြီ။
လက်ရှိမြန်မာနိုုင်ငံ အနေအထားနဲ့ ကြည့်ရရင် အထက်ဖော်ပြပါ လူမျိုး သုံုးမျိုးလုံုးကိုု တွေ့မြင်နေရမှာပါ။ ဒါဟာ ပြသာနာ တွေအားလုံုးရဲ့ စမှတ်ပါ။ နံပတ် ၃ စုံုတွဲ က တော့ ၁ နဲ့ ၂ စုံုတွဲ ထက် ပျော်ရွှင်သာယာမယ်လိုု့လက်ခံမယ်ထင်ပါတယ်။ ဒါပေမယ့် ၁ က ၁ နဲ့ပဲ တွဲ မှ၊ ၂ က ၂ နဲ့ပဲတွဲမှ ၊ ၃ က ၃ နဲ့ပဲတွဲ အမှ အဆင်ပြေမှာဖြစ်ပြီး တခြားသူတွေနဲ့ တွဲမိတဲ့ အခါ ဒုုက္ခလှလှ တွေ့သွားမှာပါ။ အကယ်၍ ၁ ချည်းပဲ ၊ ၂ ချည်းပဲ ၊ ၃ ချည်းပဲဖြစ်နေရင် တော့ ကြင်ဖော်ရှာရတာလွယ်ပေမယ့် အရော အနှောတွေ ကိုု ရှောင်ရှားနေရတဲ့ ဒီ စပ်ကူးမတ်ကူး ခေတ်ကြီးမှာ မိမိနဲ့ စိတ်တူ ကိုုယ်တူ ရှာဖိုု့ လွန်စွာမှ ခဲယဉ်းလာပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့. ကိုု်ယ်ကလည်း နံပတ် ၃ သူကလည်း နံပတ် ၃ ဆိုုရင်တော့ ကိုုယ့်ရဲ့အိမ်ထောင်ရေးက ကိုုယ့် အဖေအမေ အဖိုုးအဖွား များထက်ပင်သာယာမှာဖြစ်ပါတယ်။ အချစ်ကံကောင်းကြပါစေ။
မိန်းကလေးတိုုင်း တောင့်တပြီး . . . ယောကျ်ားလေးတိုုင်း အားကျစေဖိုု့ . . .
Gentleman Magazine
===============================================