သမိုင်းအစဉ် အဆက် အရ စိတ်ကောင်းရှိသူတွေဟာ အောင်မြင်ပျော်ရွှင် တဲ့ လူချစ်လူခင်ပေါတဲ့ ဘဝပိုင်ရှင်များဖြစ်ကြပါတယ်။ လူတိုင်းမှာ ဒေါသ၊မောဟ၊မာန်မာန အစရှိတဲ့ မကောင်းတဲ့စိတ်ထားတွေ ရှိနေတက်ပြီး ထိုစိတ်ထားတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို သိရင် အောင်မြင်ပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် စိတ်ရိုင်းတွေကို ဘယ်လို ကောင်းမွန်တဲ့စိတ်ဓာတ်များ အဖြစ်အသွင်ြေ့ပာင်းရမလဲဆိုတဲ့ အချက် ၅ ချက်ကို ဖောက်သည်ချလိုက်ပါတယ်။
၁။ ရောင့်ရဲတက်ပါ – ကိုယ့်လက်ရှိ အနေအထားထက်ဆိုးရွားနေတဲ့ လူပေါင်းများစွာရှိနေပါတယ်။ ကိုယ်က ကားမစီးနိုင်လို့ ဘာတို့ဖြစ်နေတယ်ဆိုရင် လမ်းလျှောက်ဖို့တောင် ခြေထောက်မပါတဲ့ သူတွေအများကြီးရှိနေတယ်ဆိုတာကိုသတိရပါ ။ ကိုယ်ရှိတာကို ကိုယ်တန်ဖိုးထား တက်ပြီး မရှိတဲ့ဟာ ကို ဘယ်လိုရှိအောင် လုပ်ရမလဲ ဘယ်လိုကြိုးစားရမလဲကို လက်တွေ့ကျကျစဉ်းစားပါ။ အကောင်းဆုံးက မနက်မိုးလင်းတာနဲ့ ကိုယ့်ဆီမှာ ရှိတဲ့ ပိုင်ဆိုင်တဲ့ ကိုယ်ကို ကူညီပေးနေတဲ့ လူတွေ အရာတွေ ကို မြင်ယောင်ကြည့်လိုက်ပြီး သူတို့ရှိနေတဲ့အတွက် သင့်ဘဝဘယ်လောက် သာယာနေတယ်ဆိုတာကို တွေးကြည့်ပေးပါ။ ရှိပြီးသားဟာတွေကို တန်ဖိုးမြင်ပြီး တန်ဖိုးထားတက်လာပါလိမ့်မယ့်။
၂။ အကူအညီပေးပါ – ငွေအားဖြင့်သော်၎င်း ၊လူအားဖြင့်သော်၎င်း ကူညီနိုင်တာတွေ အများကြီးရှိပါတယ်။ အများအကျိုးဆောင် ကိုယ့် အကျိုးအောင်ဆိုသလိုပဲ များများကူညီနိုင်အောင်ကြိုးစားပါ။ သူတပါးကို အကူအညီပေးပြီး ရရှိလာတဲ့ပီတိကို ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံး အထိရောက်ဆုံးဖြစ်ချင်ရင်တော့ ဘာကိုမှ ပြန်မျော်လင့်မနေပါနဲ့။
၃။ အသက်ထိန်းရှူပါ – စိတ်ဆိုး ဒေါသထွက်နေတဲ့ အချိန်တွေကို ပြန်တွေးကြည့်ပါ။ အသက်ရှူတာက ပုံမှန်မဟုတ် ပဲ အမြန်အမြန် ရှူနေတာကို ကြုံဖူးမှာပါ။ တရားထိုင်တဲ့သူတွေဟာ အေးချမ်းတယ် လို့ ဆိုတာအလကားမဟုတ်ပါဘူး။ အသက်ရှူတာကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် ဘဝမှာ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုး ခံစားချက်များကို အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။
၎။ အောင်မြင်မှု ကိုစိတ်ကူးယာဉ်ပါ – မျက်လုံးကိုမှိတ်ပြီး ကိုယ်ဖြစ်ချင်တာကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ အဆင့်ဆင့် အသေးစိတ်ကို စိတ်ကူးပုံဖော်ကြည့်ခြင်းအားဖြင့် ဘယ်လောက်သာယာလာသလဲ စမ်းစစ်ကြည့်လိုက်ပါ။ ကောင်းမွန်တဲ့ အတွေးတွေက ကောင်းမွန်တဲ့ စိတ်နှလုံးကို ဖန်တီးပေးမှာပါ။
၅။ mediate လုပ်ပါ – meditate လုပ်တယ်ဆိုတာ တရားထိုင်တယ်လို့ဆိုပေမယ့် ဘာသာရေးနဲ့ သက်ဆိုင်မှုမရှိပါဘူး။ ကိုယ့်စိတ်တည်ငြိမ်အောင်လုပ်တဲ့ အသက်ရှူ ကျင့်စဉ်တစ်ခု အနေနဲ့ပဲကြည့်ပါ။ Meditate လုပ်ခြင်းအားဖြင့် စိတ်၊ ကိုယ်၊ ဝိညာဉ် ကြားထဲက စက်စပ်မှုကို ကွဲပြားစွာမြင်လာနိုင်မှာဖြစ်တဲ့အတွက် မကောင်းတဲ့စိတ်တွေကို ထိန်းချုပ်ဖယ်ရှားပြီး မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုထားနိုင်မှာပါ။ တိတ်စိတ်နေတဲ့ နေရာတစ်ခုကို ရှာပြီး အသက်ပြင်းပြင်းရှုပြီး စိတ်ထဲမှာ ရှိတဲ့ အရိုင်းစိတ်တွေကို ထုတ်ပြစ်လိုက်ပြီး အားလုံးကို မေတ္တာထားတဲ့စိတ်ကို အာရုံပြုလိုက်ပါ။ ဒါမှ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံးကို အကောင်းမြင်တက်တဲ့စိတ်တစ်ခုတည်း ကျန်ခဲ့ကာ အရာအားလုံးကလှပနေမှာပါ။
အထက်ပါ လမ်းစဉ်များကို လိုက်နာဆောင်ရွက်ပါက သာယာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကာ ကံများ ကောင်းသထက်ကောင်း ပြီး လူချစ်လူခင်ပေါများလာမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး … ယောက်ျားလေးတိုင်း အားကျစေဖို့ …
Gentleman Magazine
===============================================
စိတ်ထားကောင်းမွေးမြူ ရန်လိုုအပ်သော အခြေခံ အချက် ၅ ချက်
သမိုုင်းအစဉ် အဆက် အရ စိတ်ကောင်းရှိသူတွေဟာ အောင်မြင်ပျော်ရွှင် တဲ့ လူချစ်လူခင်ပေါတဲ့ ဘဝပိုုင်ရှင်များဖြစ်ကြပါတယ်။ လူတိုုင်းမှာ ဒေါသ၊မောဟ၊မာန်မာန အစရှိတဲ့ မကောင်းတဲ့စိတ်ထားတွေ ရှိနေတက်ပြီး ထိုုစိတ်ထားတွေကိုု ဘယ်လိုု ထိန်းချုပ်ရမလဲဆိုုတာကိုု သိရင် အောင်မြင်ပျော်ရွှင်တဲ့ဘဝများကိုုပိုုင်ဆိုုင်နိုုင်မှာပါ။ ဒါကြောင့် စိတ်ရိုုင်းတွေကိုု ဘယ်လုုိ ကောင်းမွန်တဲ့စိတ်ဓာတ်များ အဖြစ်အသွင်ေြ့ပာင်းရမလဲဆိုုတဲ့ အချက် ၅ ချက်ကိုု ဖောက်သည်ချလိုုက်ပါတယ်။
၁။ ရောင့်ရဲတက်ပါ – ကိုုယ့်လက်ရှိ အနေအထားထက်ဆိုုးရွားနေတဲ့ လူပေါင်းများစွာရှိနေပါတယ်။ ကိုုယ်က ကားမစီးနိုုင်လိုု့ ဘာတိုု့ဖြစ်နေတယ်ဆိုုရင် လမ်းလျှောက်ဖိုု့တောင် ခြေထောက်မပါတဲ့ သူတွေအများကြီးရှိနေတယ်ဆိုုတာကိုုသတိရပါ ။ ကိုုယ်ရှိတာကိုု ကိုုယ်တန်ဖိုုးထား တက်ပြီး မရှိတဲ့ဟာ ကိုု ဘယ်လိုုရှိအောင် လုုပ်ရမလဲ ဘယ်လိုုကြိုးစားရမလဲကိုု လက်တွေ့ကျကျစဉ်းစားပါ။ အကောင်းဆုုံးက မနက်မိုုးလင်းတာနဲ့ ကိုုယ့်ဆီမှာ ရှိတဲ့ ပိုုင်ဆိုုင်တဲ့ ကိုုယ်ကိုု ကူညီပေးနေတဲ့ လူတွေ အရာတွေ ကိုု မြင်ယောင်ကြည့်လိုုက်ပြီး သူတိုု့ရှိနေတဲ့အတွက် သင့်ဘဝဘယ်လောက် သာယာနေတယ်ဆိုုတာကိုု တွေးကြည့်ပေးပါ။ ရှိပြီးသားဟာတွေကိုု တန်ဖိုုးမြင်ပြီး တန်ဖိုုးထားတက်လာပါလိမ့်မယ့်။
၂။ အကူအညီပေးပါ – ငွေအားဖြင့်သော်၄င်း ၊လူအားဖြင့်သော်၄င်း ကူညီနိုုင်တာတွေ အများကြီးရှိပါတယ်။ အများအကျိုးဆောင် ကိုုယ့် အကျိုးအောင်ဆိုုသလိုုပဲ များများကူညီနိုုင်အောင်ကြိုးစားပါ။ သူတပါးကိုု အကူအညီပေးပြီး ရရှိလာတဲ့ပီတိကိုု ဘာနဲ့မှလဲနိုုင်မှာ မဟုုတ်ပါဘူး။ အကောင်းဆုံုး အထိရောက်ဆုံုးဖြစ်ချင်ရင်တော့ ဘာကိုုမှ ပြန်မျော်လင့်မနေပါနဲ့။
၃။ အသက်ထိန်းရှူပါ – စိတ်ဆိုုး ဒေါသထွက်နေတဲ့ အချိန်တွေကိုု ပြန်တွေးကြည့်ပါ။ အသက်ရှူတာက ပုံုမှန်မဟုုတ် ပဲ အမြန်အမြန် ရှူနေတာကိုု ကြံုဖူးမှာပါ။ တရားထိုုင်တဲ့သူတွေဟာ အေးချမ်းတယ် လိုု့ ဆိုုတာအလကားမဟုုတ်ပါဘူး။ အသက်ရှူတာကိုု ထိန်းချုပ်နိုုင်ခြင်းအားဖြင့် ဘဝမှာ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုုး ခံစားချက်များကိုု အလွန်အကျွံမဖြစ်အောင် ထိန်းချုပ်ပေးနိုုင်မှာဖြစ်ပါတယ်။
၄။ အောင်မြင်မှု ကိုုစိတ်ကူးယာဉ်ပါ – မျက်လုံုးကိုုမှိတ်ပြီး ကိုုယ်ဖြစ်ချင်တာကိုု စိတ်ကူးယဉ်ကြည့်လိုုက်ပါ။ အဆင့်ဆင့် အသေးစိတ်ကိုု စိတ်ကူးပုံုဖော်ကြည့်ခြင်းအားဖြင့် ဘယ်လောက်သာယာလာသလဲ စမ်းစစ်ကြည့်လိုုက်ပါ။ ကောင်းမွန်တဲ့ အတွေးတွေက ကောင်းမွန်တဲ့ စိတ်နှလုံုးကိုု ဖန်တီးပေးမှာပါ။
၅။ mediate လုုပ်ပါ – meditate လုုပ်တယ်ဆိုုတာ တရားထိုုင်တယ်လိုု့ဆိုုပေမယ့် ဘာသာရေးနဲ့ သက်ဆိုုင်မှုမရှိပါဘူး။ ကိုုယ့်စိတ်တည်ငြိမ်အောင်လုုပ်တဲ့ အသက်ရှူ ကျင့်စဉ်တစ်ခုု အနေနဲ့ပဲကြည့်ပါ။ Meditate လုုပ်ခြင်းအားဖြင့် စိတ်၊ ကိုုယ်၊ ဝိညာဉ် ကြားထဲက စက်စပ်မှုကိုု ကွဲပြားစွာမြင်လာနိုုင်မှာဖြစ်တဲ့အတွက် မကောင်းတဲ့စိတ်တွေကိုု ထိန်းချုပ်ဖယ်ရှားပြီး မြင့်မြတ်တဲ့ စိတ်ဓာတ်ကိုုထားနိုုင်မှာပါ။ တိတ်စိတ်နေတဲ့ နေရာတစ်ခုုကိုု ရှာပြီး အသက်ပြင်းပြင်းရှုပြီး စိတ်ထဲမှာ ရှိတဲ့ အရိုုင်းစိတ်တွေကိုု ထုုတ်ပြစ်လိုုက်ပြီး အားလုံုးကိုု မေတ္တာထားတဲ့စိတ်ကိုု အာရုံုပြုလုုိက်ပါ။ ဒါမှ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာအားလုံုးကိုု အကောင်းမြင်တက်တဲ့စိတ်တစ်ခုုတည်း ကျန်ခဲ့ကာ အရာအားလုံုးကလှပနေမှာပါ။
အထက်ပါ လမ်းစဉ်များကိုု လိုုက်နာဆောင်ရွက်ပါက သာယာပျော်ရွှင်တဲ့ ဘဝကိုုပိုုင်ဆိုုင်နိုုင်ကာ ကံများ ကောင်းသထက်ကောင်း ပြီး လူချစ်လူခင်ပေါများလာမှာပါ။
မိန်းကလေးတိုုင်း တောင့်တပြီး … ယောကျ်ားလေးတိုုင်း အားကျစေဖိုု့ …
Gentleman Magazine
===============================================