ရေရှည် အောင်မြင်တဲ့ အိမ်ထောင်ရေး အတွက် လိုအပ်သော အချက် ၂ ချက်က စာနာတက်သောစိတ်ထား နဲ့ အလိုက်သိတက်တဲ့ စိတ်ထားတို့ပဲဖြစ်ပါတယ်။
တစ်နှစ်တစ်နှစ် ဝါကျွတ်တာနဲ့ ဆောင်လိုက်ကြတဲ့ မင်္ဂလာဆောင်တွေ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့မနည်းပါဘူး။ ဆုတွေဝိုင်းတောင်းပေးတာကတော့ ထာဝရပျော်ရွှင်ပြီး အိုအောင်မင်းအောင်ပေါင်းရပါစေပေါ့။ ဒါပေမယ့် လူအများစုရဲ့ အိမ်ထောင်သည်ဘဝ ကပျော်ရွှင်မှုနဲ့ အဆုံးသတ်ရန် အခက်အခဲများစွာ ကြုံတွေ့ရမှာပါ။
ခုခေတ်ကြီးက အမြန်ခေတ်ကြီးဆိုတော့ အကုန်လုံးက မြန်နေကြပါတယ်။ အမြန်ကား၊ အမြန်ချောပို့၊ အမြန် ဖုန်း၊ အမြန် ကွန်ပြူတာ၊ အမြန် တွေ အများကြီးထဲမှာ အမြန်တွေ့ ၊အမြန်ချစ်၊အမြန် ယူ ပြီး အမြန်ကွဲသွားတာတွေ အများကြီးကြုံတွေ့ရမှာပါ။ မြန်မာယဉ်ကျေးမှု အရ အိမ်ထောင်ကွဲတယ်ဆိုတာ လူကဲ့ရဲ့စရာဖြစ်နေတဲ့အတွက် လင်မယားတော်တော်များများဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲစွာ နောင်တများတပွေ့တပိုက်နဲ့ ယိုယွင်းနေတဲ့ လက်ရှိအိမ်ထောင်မှာ သည်းညည်းခံနေရတာများပါတယ်။ အိမ်ထောင်ရေးမသာယာရင် လင်ယော မယားပါ ပျော်ရွှင်မှုရှိ မှာ မဟုတ်တဲ့အပြင် ကလေးပါ ရှိလာပြီးဆိုလျှင်လည်း ကလေးအတွက်များစွာ ထိခိုက်မှုရှိလာမှာပါ။ ဒါတွေကို အစတည်းက ကာကွယ်ဖို့အတွက် သာယာတဲ့ အိမ်ထောင် နဲ့ သာယာမှုကင်းမဲ့တဲ့ အိမ်ထောင်သည်တွေ မှာရှိတက်တဲ့ အမူအကျင့် များကိုသိထားရမှာဖြစ်ပါတယ်။
လူနှစ်ယောက်ပေါင်းစည်းဖို့ဆိုတာက တစ်ယောက်ကို တစ်ယောက်နားလည်မှု ရှိဖို့အလွန်ရေးကြီးပါတယ်။ ကိုယ် အသိုင်းအဝိုင်းနဲ့ သူ့အသိုင်းအဝို်င်း တူဖို့ခဲယဉ်းသလို သူ့အကြိုက် ကိုယ့် အကြိုက် ၊သူနေထို်င်တဲ့ပုံ . ကိုယ်နေထိုင်တဲ့ပုံ ကအစ ကွဲလွဲမှုတွေများစွာရှိမှာပါ။ အတူတူ စနေကြတဲ့ အခါမှ ပေါ်ပေါက်လာမယ့် ပြသာနာပေါင်းစုံလည်း ရှိလာမှာပါ။ သာယာမှုရှိခြင်း မရှိခြင်းက အဲဒီ ပေါ်ပေါက်လာတဲ့ ပြသာနာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းလဲဆိုတာ အပေါ်မှာ များစွာမူတည်နေပါတယ်။
သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုမှာ အမှားတွေ. အဆင်မပြေတာတွေ တွေ့လာရပြီဆိုရင် နားလည်မှုနဲ့ နှစ်ဦးသား အတူတူဖြေရှင်းတက်ကြပါတယ်။ ဒီတော့ နှစ်ဦးကြား ယုံကြည်မှုတိုးလာပြီး ဘာမဆိုအတူတူရင်ဆိုင်ဖို့ ခွန်အားတွေရှိလာပါတယ်။ တချိန်တည်းမှာပဲ ကောင်းတဲ့ အချက်များ ကို မြင်၍ အသိအမှတ်ပြု ချီးမွန်းတက်ကြပါသေးတယ်။
သာယာမှုကင်းတဲ့ အိမ်ထောင်မှာဆိုရင်တော့ တစ်ယောက်ကိုတစ် ယောက်အပြစ်တင်ပြီး ဖြေရှင်းတက်ကြပါတယ်။ ဒီတော့ တစ်ယောက်ပေါ်တစ်ယောက်ယုံကြည်မှု ကင်းမဲ့လာပြီး တစ်ယောက်အမှား တစ်ယောက်ထောက်ပြလာကာ ပြသာနာများ ကိုဖိတ်ခေါ်နေတက်ပါတယ်။ ပြောလိုက်တဲ့စကားကို အတိအကျလိုက်ကောက်တာ၊ အရွဲ့တိုက်တာတွေ က သာယာမှုတွေကို ပျက်စီးစေတဲ့ အကြောင်းအရင်းများတဲ့က အချို့သာဖြစ်ပါတယ်။
တစ်ယောက်ပြောစကားကို တစ်ယောက်အလေးထားမှုဟာလည်း သာယာတဲ့ အိမ်ထောင်ရေးကို ခန့်မှန်းပေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ယောက်ျားက ဘောလုံးစိတ်ဝင်စားသူဆိုပါစို့။ ယောက်ျားကဘောလုံးပွဲ ကြည့်နေချိန် မှာ ဘောလုံး ဖရီးကစ်ကနေ ဂိုးရသွားတဲ့ ဟာကို တော်တော်သဘောကျပြီး မိန်းမကိုခေါ်ပြလိုက်တယ်ပဲထား။ ဒီအချိန်မှာ မိန်းမအနေနဲ့ လုပ်လို့ရတာက
- လာကြည့်ပြီး ယောက်ျားပြောတာကို ထောက်ခံတာ
- ဟုတ်လားဟု ပြောကာ လာမကြည့်တာ
- ဘာမှပြန်မပြောတာ
- အလုပ်ရှပ်တယ်ဟု ပြန်အော်တာ
ဘယ်အပြုအမူ ကသာယာတဲ့ အိမ်ထောင်ရေးကိုဖန်တီးပေးမယ်ထင်သလဲ။ ယောက်ျားအနေနဲ့ မိန်းမကို ဖိတ်ခေါ်ပြီး ကြည့်ခိုင်းပြီ ဆိုကတည်းက ယောက်ျားကိုယ်တိုင် အရေးပါတယ်ထင်လို့ဖြစ်တဲ့ အတွက် လာမကြည့်မိတဲ့မိန်းမများက ယောက်ျားရဲ့ ထင်မြင်ချက်ကို အရေးမပေးတာ . ဂရုမစိုက်တဲ့ပုံပေါက်သွားပါတယ်။ ဒီတော့ ယောက်ျားအနေနဲ့ ကိုယ့်ကို တန်ဖိုးမထားသည့် သူနှင့်နေရသည့် အတွက် ပျော်ရွှင်မှုများနှင့်ဝေးကွာလာမည်။ ဒါက ဥပမာ တစ်ခုတည်းပါ။ တကယ်တမ်း လက်တွေ့ဘဝမှာ ဒါမျိုးတွေက ခဏခဏ ကြုံတွေ့နေရမှာဖြစ်ပြီး တစ်ယောက် ထင်မြင်ချက်ကို တစ်ယောက် မလေးစားသော အထင်မကြီးသော အိမ်ထောင်ရေးကသာယာမည်မဟုတ်ပါ။ အလိုက်သတိနဲ့ နေတက်ထိုင်တက်ကာ မှ အိမ်ထောင်ရေးက သာယာမည်ဖြစ်သည်။
စာနာစိတ်ထားရန်အခက်ခဲဆုံးအချိန်က ရန်ဖြစ်နေတဲ့ အချိန်ဖြစ်ပြီး အဲဒီအချိန်ကပဲ စာနာစိတ်အထားရဆုံးဖြစ်မှာပါ။ ပြောချင်တာပြော. လုပ်ချင်တာလုပ် အော်ဟစ် ဆဲဆိုနေလို့ကတော့ အဆုံးသပ်ရလဒ်က ကောင်းသောရလဒ်ဖြစ်မှာမဟုတ်တဲ့အပြင် ချစ်ကြည်ရေးကို ထိခိုက်စေပါတယ်။ စာနာစိတ်ထားရမယ်ဆိုတာ စိတ်မဆိုး ရဘူး စိတ်မကောက်ရဘူး မဟုတ်ပါဘူး. ဒါပေမယ့် ဘယ်လို စိတ်ဆိုးနေတာကို ပြလဲဆိုတာပါ။ တဖက်လူကို အော်ဟစ်ပြီး သူအမှားကိုထောက်ပြလို့ရသလို သူ့လုပ်ရပ်ကြောင့်သင့် ဘယ်လိုခံစားရသလဲ ဘယ်လောက်စိတ်ဆိုးလဲဆိုတာကို ပြောပြလဲရပါတယ်။
“နင်ဘာလို့နောက်ကျရတာလဲ . အမြဲနောက်ကျနေတာပဲ . ဘာမှကို အားကိုးလို့မရဘူး” လို့အပြစ်ပြောမယ့်အစား “နင်ကိုမပြောလဲပြောပြချင်ဘူး ဒါပေမယ့် နင်နောက်ကျကျနေတာ ငါစိတ်အနှောက်အယှက်ဖြစ်တယ်” လို့ပြောတော့ ပိုကောင်းတာပေါ့။ သူ့အပြစ်ကို ဖုံးကွယ်ရမယ့်အစား သူကိုယ်ချင်းစာတက်အောင် ခပ်ပျော့ပျော့လေး ပြောလိုက်တော့ ရန်ထမဖြစ်ရတော့ပါဘူး။ သူနောက်ကျနေတာက လဲသင့်အတွက် လက်ဆောင်တစ်ခုခုဝင်ဝယ်ပေးနေလို့ (သင့်အတွက်ကြောင့်) ဆိုရင် အပြစ်တင်မိတဲ့ သင့်ကို သူစိတ်ခုသွားပါလိမ့်မယ်။ ဒီတော့ အပြစ်တင်မစောရုံသာမက အပြစ်တင်ခြင်းကို စာနာစိတ်ထားကာ ရှောင်ကြဉ်သင့်ပါတယ်။
- ကောင်းတာပေါ့ သူမနဲ့မဆိုင်သလို ပေါ့ပျက်ပျက်ဖြေတာ (စိတ်မပါသော အပြုသဘော)
- ဂရုမစိုက်ပဲ သူမ ဘောနပ်ရတာကို ပြန်ပြောပြတာ (စိတ်မပါတသာ အပျက်သဘော)
- အလုပ်တွေကော နိုင်ပါ့မလား။ ခုတောင်တော်တော်အလုပ်များနေတာ။ လခလဲပိုရတာမဟုတ်ဘူး။ (စိတ်ပါသော အပျက်သဘော)
စိတ်ပါသော အပြုသဘောဆောင်သော တုန့်ပြန်မှုများဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ဦးတည်နေပါတယ်။ အိမ်ထောင်တစ်ခုမှာ ကြာလာတာနဲ့အမျှ ငွေ ပြသာနာ၊ ကလေးတွေ ကိစ္စ၊ မိဘတွေကိစ္စ များကို ကြုံတွေ့လာရမှာဖြစ်ပြီး အခက်အခဲတွေကြားထဲမှာ လင်မယား အချင်းချင်းအပေါ်မှာထားတဲ့ စိတ်ထားပေါ်မူတည်ပြီး ဘယ်အိမ်ထောင်ကသာယာမယ် မသာယာဘူး အဆုံးအဖြတ်ပေးသွားမှာပါ။
မိန်းကလေးတိုင်း တောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
ချစ်သူနှစ်ဦးပျော်ရွှင်စွာ ပေါင်းစည်းနိုု်င်ရန်အတွက် ဤ စိတ်ထားကောင်း ၂ ခုုသာလိုုအပ်
ရေရှည် အောင်မြင်တဲ့ အိမ်ထောင်ရေး အတွက် လိုုအပ်သော အချက် ၂ ချက်က စာနာတက်သောစိတ်ထား နဲ့ အလုုိက်သိတက်တဲ့ စိတ်ထားတိုု့ပဲဖြစ်ပါတယ်။
တစ်နှစ်တစ်နှစ် ဝါကျွတ်တာနဲ့ ဆောင်လိုုက်ကြတဲ့ မင်္ဂလာဆောင်တွေ မြန်မာတစ်နိုုင်ငံလုုံးအတိုုင်းအတာနဲ့မနည်းပါဘူး။ ဆုုတွေဝိုုင်းတောင်းပေးတာကတော့ ထာဝရပျော်ရွှင်ပြီး အိုုအောင်မင်းအောင်ပေါင်းရပါစေပေါ့။ ဒါပေမယ့် လူအများစုုရဲ့ အိမ်ထောင်သည်ဘဝ ကပျော်ရွှင်မှုနဲ့ အဆုံုးသတ်ရန် အခက်အခဲများစွာ ကြံုုတွေ့ရမှာပါ။
ခုုခေတ်ကြီးက အမြန်ခေတ်ကြီးဆိုုတော့ အကုုန်လုံုးက မြန်နေကြပါတယ်။ အမြန်ကား၊ အမြန်ချောပိုု့၊ အမြန် ဖုုန်း၊ အမြန် ကွန်ပြူတာ၊ အမြန် တွေ အများကြီးထဲမှာ အမြန်တွေ့ ၊အမြန်ချစ်၊အမြန် ယူ ပြီး အမြန်ကွဲသွားတာတွေ အများကြီးကြံုတွေ့ရမှာပါ။ မြန်မာယဉ်ကျေးမှု အရ အိမ်ထောင်ကွဲတယ်ဆိုုတာ လူကဲ့ရဲ့စရာဖြစ်နေတဲ့အတွက် လင်မယားတော်တော်များများဟာ စိတ်ဆင်းရဲ ကိုုယ်ဆင်းရဲစွာ နောင်တများတပွေ့တပိုုက်နဲ့ ယုုိယွင်းနေတဲ့ လက်ရှိအိမ်ထောင်မှာ သည်းညည်းခံနေရတာများပါတယ်။ အိ်မ်ထောင်ရေးမသာယာရင် လင်ယော မယားပါ ပျော်ရွှင်မှုရှိ မှာ မဟုုတ်တဲ့အပြင် ကလေးပါ ရှိလာပြီးဆိုုလျှင်လည်း ကလေးအတွက်များစွာ ထိခိုုက်မှုရှိလာမှာပါ။ ဒါတွေကိုု အစတည်းက ကာကွယ်ဖိုု့အတွက် သာယာတဲ့ အိမ်ထောင် နဲ့ သာယာမှုကင်းမဲ့တဲ့ အိမ်ထောင်သည်တွေ မှာရှိတက်တဲ့ အမူအကျင့် များကိုုသိထားရမှာဖြစ်ပါတယ်။
လူနှစ်ယောက်ပေါင်းစည်းဖိုု့ဆုုိတာက တစ်ယောက်ကိုု တစ်ယောက်နားလည်မှု ရှိဖိုု့အလွန်ရေးကြီးပါတယ်။ ကိုုယ် အသိုုင်းအဝိုုင်းနဲ့ သူ့အသိုုင်းအဝိုု်င်း တူဖိုု့ခဲယဉ်းသလိုု သူ့အကြိုုက် ကိုုယ့် အကြိုုက် ၊သူနေထိုု်င်တဲ့ပုံု . ကိုုယ်နေထိုုင်တဲ့ပုံု ကအစ ကွဲလွဲမှုတွေများစွာရှိမှာပါ။ အတူတူ စနေကြတဲ့ အခါမှ ပေါ်ပေါက်လာမယ့် ပြသာနာပေါင်းစုံုလည်း ရှိလာမှာပါ။ သာယာမှုရှိခြင်း မရှိခြင်းက အဲဒီ ပေါ်ပေါက်လာတဲ့ ပြသာနာတွေကိုု ဘယ်လိုုနည်းနဲ့ ဖြေရှင်းလဲဆိုုတာ အပေါ်မှာ များစွာမူတည်နေပါတယ်။
သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုုမှာ အမှားတွေ. အဆင်မပြေတာတွေ တွေ့လာရပြီဆိုုရင် နားလည်မှုနဲ့ နှစ်ဥိီးသား အတူတူဖြေရှင်းတက်ကြပါတယ်။ ဒီတော့ နှစ်ဦးကြား ယုံုကြည်မှုတိုုးလာပြီး ဘာမဆိုုအတူတူရင်ဆိုုင်ဖိုု့ ခွန်အားတွေရှိလာပါတယ်။ တချိ်န်တည်းမှာပဲ ကောင်းတဲ့ အချက်များ ကိုု မြင်၍ အသိအမှတ်ပြု ချီးမွန်းတက်ကြပါသေးတယ်။
သာယာမှုကင်းတဲ့ အိမ်ထောင်မှာဆိုုရင်တော့ တစ်ယောက်ကိုုတစ် ယောက်အပြစ်တင်ပြီး ဖြေရှင်းတက်ကြပါတယ်။ ဒီတော့ တစ်ယောက်ပေါ်တစ်ယောက်ယုံုုကြည်မှု ကင်းမဲ့လာပြီး တစ်ယောက်အမှား တစ်ယောက်ထောက်ပြလာကာ ပြသာနာများ ကိုုဖိတ်ခေါ်နေတက်ပါတယ်။ ပြောလိုုက်တဲ့စကားကိုု အတိအကျလိုုက်ကောက်တာ၊ အရွဲ့တိုုက်တာတွေ က သာယာမှုတွေကိုု ပျက်စီးစေတဲ့ အကြောင်းအရင်းများတဲ့က အချို့သာဖြစ်ပါတယ်။
တစ်ယောက်ပြောစကားကိုု တစ်ယောက်အလေးထားမှုဟာလည်း သာယာတဲ့ အိမ်ထောင်ရေးကိုု ခန့်မှန်းပေနိုုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ယောကျ်ားက ဘောလုံုးစိတ်ဝင်စားသူဆိုုပါစိုု့။ ယောကျ်ားကဘောလုံုးပွဲ ကြည့်နေချိန် မှာ ဘောလုံုး ဖရီးကစ်ကနေ ဂိုုးရသွားတဲ့ ဟာကိုု တော်တော်သဘောကျပြီး မိန်းမကိုုခေါ်ပြလိုုက်တယ်ပဲထား။ ဒီအချိန်မှာ မိန်းမအနေနဲ့ လုုပ်လိုု့ရတာက
– လာကြည့်ပြီး ယောကျ်ားပြောတာကိုု ထောက်ခံတာ
– ဟုုတ်လားဟုု ပြောကာ လာမကြည့်တာ
– ဘာမှပြန်မပြောတာ
– အလုုပ်ရှပ်တယ်ဟုု ပြန်အော်တာ
ဘယ်အပြုအမူ ကသာယာတဲ့ အိမ်ထောင်ရေးကိုုဖန်တီးပေးမယ်ထင်သလဲ။ ယောကျ်ားအနေနဲ့ မိန်းမကိုု ဖိတ်ခေါ်ပြီး ကြည့်ခိုုင်းပြီ ဆိုုကတည်းက ယောကျ်ားကိုုယ်တိုင် အရေးပါတယ်ထင်လိုု့ဖြစ်တဲ့ အတွက် လာမကြည့်မိတဲ့မိန်းမများက ယောကျ်ားရဲ့ ထင်မြင်ချက်ကိုု အရေးမပေးတာ . ဂရုုမစိုုက်တဲ့ပုံုပေါက်သွားပါတယ်။ ဒီတော့ ယောကျ်ားအနေနဲ့ ကိုုယ့်ကိုု တန်ဖိုုးမထားသည့် သူနှင့်နေရသည့် အတွက် ပျော်ရွှင်မှုများနှင့်ဝေးကွာလာမည်။ ဒါက ဥပမာ တစ်ခုုတည်းပါ။ တကယ်တမ်း လက်တွေ့ဘဝမှာ ဒါမျိုးတွေက ခဏခဏ ကြံုတွေ့နေရမှာဖြစ်ပြီး တစ်ယောက် ထင်မြင်ချက်ကိုု တစ်ယောက် မလေးစားသော အထင်မကြီးသော အိမ်ထောင်ရေးကသာယာမည်မဟုုတ်ပါ။ အလိုုက်သတိနဲ့ နေတက်ထိုုင်တက်ကာ မှ အိမ်ထောင်ရေးက သာယာမည်ဖြစ်သည်။
စာနာတက်တဲ့စိတ်ကတော့ အိမ်ထောင်များကိုု ပူးကပ်ပေးထားတဲ့ ကော်လိုပါပဲ မရှိမဖြစ်လိုုအပ်ပါတယ်။ စာနာမှုက မီးနဲ့အသွင်တူပါတယ်။ ကိုုယ်ကစပေးလိုုက်တာ နဲ့ ကိုုယ့်စီကနေလျှော့သွားခြင်းမရှိပဲသူများ တွေဆီမှာပါတိုုးပွားလာမှာဖြစ်ပါတယ်။ စာနာတက်လေလေ ကိုုယ်ကိုု သူက စာနာလေလေဖြစ်မှာပါ။ စာနာမှု ဆိုုတာက ကြွက်သားလိုုပါပဲ။ လေ့ကျင့်ခန်းလုုပ်လေလေ ကြီးထွားသန်မာလေလေပါ။ စာနာမှုကိုု အမြဲ ကျင့်သုံုးနေမှ အိမ်ထောင်ရေးသာယာနိုုင်မှာပါ။
ကိုုယ့်ကြင်သူက ကိုုယ့်ကိုု လိုုအပ်နေတဲ့ အချန်ဘယ်လောက်ပင်ပန်းပင်ပန်း သူ့အနားသွားပြီး သူပြောတာနာထောင်ပေးတာစာနာမှုတစ်ခုုပါ။ ကိုုယ်ပင်ပန်းနေဆိုုပြီး လှစ်လျှူရှု့ ပြီး ဖုုန်းကစားတာဖြစ်ဖြစ် TV ကြည့်တာဖြစ်ဖြစ်လုုပ်လိုု့ရပါတယ်။ ဒီလိုုသေးသေး လေးတွေကနေ အကြီးကြီးဖြစ်ပြီး တစ်နေ့ပေါက်ကွဲသွားတက်လိုု့ပါ။ လှစ်လျှူရှု့မှုများက တစ်ယောက်နဲ့တစ်ယောက်တစ်ဖြေးဖြေး နီးရက်နဲ့ဝေးသွားစေပြီး လှစ်လျှူရှု့ခံရတဲ့လူအပေါ်မှာ စိတ်သောကရောက်ရပါတယ်။
စာနာစိတ်ထားရန်အခက်ခဲဆုံုးအချိန်က ရန်ဖြစ်နေတဲ့ အချိန်ဖြစ်ပြီး အဲဒီအချိန်ကပဲ စာနာစိတ်အထားရဆုံုးဖြစ်မှာပါ။ ပြောချင်တာပြော. လုုပ်ချင်တာလုုပ် အော်ဟစ် ဆဲဆိုုနေလိုု့ကတော့ အဆုံုးသပ်ရလဒ်က ကောင်းသောရလဒ်ဖြစ်မှာမဟုုတ်တဲ့အပြင် ချစ်ကြည်ရေးကိုု ထိခိုုက်စေပါတယ်။ စာနာစိတ်ထားရမယ်ဆိုုတာ စိတ်မဆိုုး ရဘူး စိတ်မကောက်ရဘူး မဟုုတ်ပါဘူး. ဒါပေမယ့် ဘယ်လိုု စိတ်ဆိုုးနေတာကိုု ပြလဲဆိုုတာပါ။ တဖက်လူကိုု အော်ဟစ်ပြီး သူအမှားကိုုထောက်ပြလိုု့ရသလိုု သူ့လုပ်ရပ်ကြောင့်သင့် ဘယ်လိုုခံစားရသလဲ ဘယ်လောက်စိတ်ဆိုုးလဲဆိုုတာကိုု ပြောပြလဲရပါတယ်။
“နင်ဘာလိုု့နောက်ကျရတာလဲ . အမြဲနောက်ကျနေတာပဲ . ဘာမှကိုု အားကိုုးလိုု့မရဘူး” လိုု့အပြစ်ပြောမယ့်အစား “နင်ကိုုမပြောလဲပြောပြချင်ဘူး ဒါပေမယ့် နင်နောက်ကျကျနေတာ ငါစိတ်အနှောက်အယှက်ဖြစ်တယ်” လုုိ့ပြောတော့ ပိုုကောင်းတာပေါ့။ သူ့အပြစ်ကိုု ဖုံုးကွယ်ရမယ့်အစား သူကိုုယ်ချင်းစာတက်အောင် ခပ်ပျော့ပျော့လေး ပြောလိုုက်တော့ ရန်ထမဖြစ်ရတော့ပါဘူး။ သူနောက်ကျနေတာက လဲသင့်အတွက် လက်ဆောင်တစ်ခုုခုုဝင်ဝယ်ပေးနေလိုု့ (သင့်အတွက်ကြောင့်) ဆိုုရင် အပြစ်တင်မိတဲ့ သင့်ကိုု သူစိတ်ခုုသွားပါလိမ့်မယ်။ ဒီတော့ အပြစ်တင်မစောရုံုသာမက အပြစ်တင်ခြင်းကိုု စာနာစိတ်ထားကာ ရှောင်ကြဉ်သင့်ပါတယ်။
စာနာစိတ်နောက်တစ်မျိုးက ပျော်ရွှင်မှုမျှဝေတာပဲခံစားတာဖြစ်ပါတယ်။ သင်ကအလုုပ်ရာထူးတိုုးတာကိုုပြောပြတဲ့အခါ သူမရဲ့တုုန့်ပြန်မှုများက
– ဝမ်းသာအားရနဲ့ ဘာရာထူးလဲ ဘယ်တော့စမှလဲ. (စိတ်ပါသော အပြုသဘော)
– ကောင်းတာပေါ့ သူမနဲ့မဆိုုင်သလိုု ပေါ့ပျက်ပျက်ဖြေတာ (စိတ်မပါသော အပြုသဘော)
– ဂရုုမစိုုက်ပဲ သူမ ဘောနပ်ရတာကိုု ပြန်ပြောပြတာ (စိတ်မပါတသာ အပျက်သဘော)
– အလုုပ်တွေကော နိုုင်ပါ့မလား။ ခုုတောင်တော်တော်အလုုပ်များနေတာ။ လခလဲပိုုရတာမဟုုတ်ဘူး။ (စိတ်ပါသော အပျက်သဘော)
စိတ်ပါသော အပြုသဘောဆောင်သော တုုန့်ပြန်မှုများဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုု ဦးတည်နေပါတယ်။ အိ်မ်ထောင်တစ်ခုုမှာ ကြာလာတာနဲ့အမျှ ငွေ ပြသာနာ၊ ကလေးတွေ ကိစ္စ၊ မိဘတွေကိစ္စ များကိုု ကြံုုတွေ့လာရမှာဖြစ်ပြီး အခက်အခဲတွေကြားထဲမှာ လင်မယား အချင်းချင်းအပေါ်မှာထားတဲ့ စိတ်ထားပေါ်မူတည်ပြီး ဘယ်အိမ်ထောင်ကသာယာမယ် မသာယာဘူး အဆုံုးအဖြတ်ပေးသွားမှာပါ။
အိမ်ထောင်ပြုပြီး ၁ နှစ် ၂ နှစ် အတွင်းမှာ စိတ်ကျေနပ် သာယာမှုတွေ က အကြောင်းကြောင်းကြောင့် ပျောက်သွားတက်ကြပါတယ်။ စာနာစိတ်နဲ့ အလုုိက်သိတက်တဲ့ စိတ်တွေကိုု လက်ကိုုင်ထားတဲ့ အတွဲတွေကတော့ သာယာတဲ့ အနာဂတ်များဆီကိုု နှစ်ကိုုယ်တူလက်တွဲ လောကကြီးကိုု ရဲရဲ ရင်ဆိုုင်သွားနိုုင်မှာပါ။
မိန်းကလေးတိုုင်း တောင့်တပြီး ယောကျ်ားလေးတိုုင်း အားကျစေဖိုု့
Gentleman Magazine