ေဆြးေႏြးျခင္း အမ်ိဳးအစားမ်ား

ေက်ာင္းသားေတြကို စိတ္ဝင္စားလာေစဖို႔ဆိုတာ သင္ယူေလ့လာ သင္ၾကားနည္းနဲ႔မွ ျဖစ္မွာပါ။ အဲဒိနည္းလမ္းမွာဆို ဆရာေရာ ေက်ာင္းသားေတြေရာက ျပသနာတစ္ခုရဲ႕ ေကာင္းက်ိဳး ဆိုးက်ိဳးကို ေဆြးေႏြးၾကၿပီး အဆင္ေျပေစမယ့္ အေျဖကို ထုတ္တတ္ၾကပါတယ္။ ေဆြးေႏြးျခင္းဆိုတာ ျပသနာတစ္ခုကို အေျဖ႐ွာဖို႔ ပါတ္သတ္ဆက္ႏြယ္ျခင္းပါပဲ။ အဲဒိျပသနာကုိ ေလ့လာတယ္၊ ႏိႈင္းယွဥ္တယ္၊ တြက္ခ်က္တယ္၊ ၿပီးေတာ့မွ အေျဖကို ထုတ္ပါတယ္။ ေဆြးေႏြးမႈ ျပဳလုပ္ဖို႔ ကိုယ္ေဆြးေႏြးမဲ့အရာရဲ႕အေၾကာင္းအရာ တခ်ိဳ႕ကို သိထားရပါမယ္။ သက္ေသမျပႏိုင္တဲ့အခ်က္ေတြဟာ ေဆြးေႏြးမႈေတြအတြက္ တန္ဖိုးမ႐ွိပါဘူး။

ေဆြးေႏြးမႈ ပံုစံ မ်ိဳး႐ွိပါတယ္

ဆက္တိုက္ေဆြးေႏြးျခင္းနဲ႔

အစီအစဥ္ခ် ေဆြးေႏြးျခင္းတို႔ပါပဲ။

ဆက္တိုက္ေဆြးေႏြးျခင္းဟာ တစ္ခုခုကို သင္ယူေနရင္းနဲ႔ ေက်ာင္းသားေတြက အဲဒါနဲ႔ သက္ဆိုင္ေနတဲ့ အ႐ာတစ္ခုခုကို ေမးျမန္းျခင္းကေန ေပၚေပါက္လာတာပါ။ အဲဒါဟာ ေက်ာင္းသားေတြကို ေဆြးေႏြးေလ့လာတတ္တဲ့အက်င့္ ရေစပါတယ္။

အစီအစဥ္ခ် ေဆြးေႏြးျခင္း ကေတာ့ ဆရာကေန ေက်ာင္းသားတစ္ဦးကို တစ္ခုခု ေမးမယ္၊ အဲဒါကေန စၿပီး ေဆြးေႏြးရတာပါ။ အဲဒိလို ေဆြးေႏြးမႈအတြက္ ဆရာက အစီအစဥ္ခ်ထားဖို႔ လိုအပ္ၿပီး အတန္းကို တစ္ခုၿပီးတစ္ခု ခ်ျပရင္း လွလွပပ နိဂံုးသတ္ရတာပါ။ အဲဒိ ေဆြးေႏြးမႈမ်ိဳးမွာ ေမးခြန္းေတြ မ်ားမ်ားေမးေပးဖို႔ လိုအပ္ပါတယ္။

ေဆြးေႏြးသင္ၾကားမႈပံုစံရဲ႕ ေကာင္းက်ိဳးေတြကေတာ့

သင္ၾကားမႈ အဆင့္ေတြကို လိုက္နာျခင္း

ဆက္စပ္ေနေသာ သင္ခန္းစာမ်ားကို အဆင္ေျပေျပ ပို႔ခ်ႏိုင္ျခင္း

ေက်ာင္းသားေတြကို စိတ္ပါဝင္စားလာေအာင္ တြန္းအားေပးႏိုင္ျခင္း

ေက်ာင္းသားေတြရဲ႕ ႏႈတ္မႈစြမ္းရည္ တိုးတက္ေစျခင္း

ေက်ာင္းသားေတြရဲ႕ ဆံုးျဖတ္ႏိုင္စြမ္း တိုးတက္လာေစျခင္း

ဆရာနဲ႔ သင္ၾကားတဲ့စာအေပၚ ေက်ာင္းသားေတြအျမင္ေကာင္းေစျခင္း တို႔ ျဖစ္ပါတယ္။

ဆိုးက်ိဳးေတြေတာ့

ေတာ္တဲ့ ေက်ာင္းသားတခ်ိဳ႕ကပဲ ေဆြးေႏြးပြဲကို လႊမ္းမိုးသြားႏိုင္ျခင္း

ေက်ာင္းသားေတြ စိတ္မဝင္စားတဲ့အရာမ်ိဳးကို ေဆြးေႏြးမိျခင္း

အခ်ိန္ကုန္ျခင္း

သင္ၾကားမႈ ေနရာတိုင္း မသံုးႏိုင္ျခင္း

ေက်ာင္းသားအားလံုး လႊမ္းျခံဳမိေစဖို႔ ခက္ခဲျခင္း တို႔ ျဖစ္ပါတယ္။

အုပ္စုစုျခင္းႏွင့္ ထိန္းခ်ဳပ္ျခင္း

ေက်ာင္းသားေတြကို အေၾကာင္းအရာ၊ အေျခအေန တစ္ခုခုေျပာျပၿပီး ေဆြးေႏြးပြဲ စတင္ရပါမယ္။

အခ်က္အလက္ေတြေပးၿပီး ေခါင္းစဥ္ကို ေက်ာင္းသားေတြနဲ႔ မိတ္ဆက္ရပါမယ္။

အေရးႀကီးအခ်က္ေတြကို ဆရာေတြနဲ႔ ေက်ာင္းသားေတြ အတူတူ စုေပါင္းၿပီး ေဆြးေႏြးေျဖ႐ွင္း ရပါမယ္။

ေဆြးေႏြးပြဲ ေပ်ာ္စရာေကာင္းေစဖို႔ ေက်ာင္းသားေတြရဲ႕ ကိုယ္ပိုင္ဘဝနဲ႔ ႏိႈင္းယွဥ္ျပပါ။

အေထာက္အကူပစၥည္းေတြကို အတန္းထဲ ယူလာရပါမယ္။

ေက်ာင္းသားေတြေပးတဲ့ အေျဖမ်ိဳးစံုကို အတန္းကို ေျပာျပရပါမယ္။

ေက်ာင္းသားေတြကို အတြဲေတြ တြဲေပးၿပီး အေရးႀကီးအခ်က္ေတြမွာ စကားရည္ လုခိုင္းသင့္ပါတယ္။

ေဆြးေႏြးပြဲ ပံုစံမ်ိဳးစံုကို အတန္းအေျခအေနေပၚ မူတည္ၿပီး ျပဳလုပ္ေပးရပါမယ္။

ေဆြေးႏြးပြဲေအာင္ျမင္ မေအာင္ျမင္က ဆရာရဲ႕ စြမ္းရည္အေပၚမွာ မွီခိုေနပါတယ္။ ဆရာက ေဆြးေႏြးပြဲ တစ္ခုလံုးကို ထိန္းေက်ာင္းေပးရပါမယ္။ ေက်ာင္းသားေတြကိုလဲ ေဗာ္လန္တီယာ ေခၚရမွာပါ။ ေက်ာင္းသားေတြ ႐ွက္ေနမွာကိုလဲ ဂ႐ုျပဳပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကျောင်းသားတွေကို စိတ်ဝင်စားလာစေဖို့ဆိုတာ သင်ယူလေ့လာ သင်ကြားနည်းနဲ့မှ ဖြစ်မှာပါ။ အဲဒိနည်းလမ်းမှာဆို ဆရာရော ကျောင်းသားတွေရောက ပြသနာတစ်ခုရဲ့ ကောင်းကျိုး ဆိုးကျိုးကို ဆွေးနွေးကြပြီး အဆင်ပြေစေမယ့် အဖြေကို ထုတ်တတ်ကြပါတယ်။ ဆွေးနွေးခြင်းဆိုတာ ပြသနာတစ်ခုကို အဖြေရှာဖို့ ပါတ်သတ်ဆက်နွယ်ခြင်းပါပဲ။ အဲဒိပြသနာကို လေ့လာတယ်၊ နှိုင်းယှဉ်တယ်၊ တွက်ချက်တယ်၊ ပြီးတော့မှ အဖြေကို ထုတ်ပါတယ်။ ဆွေးနွေးမှု ပြုလုပ်ဖို့ ကိုယ်ဆွေးနွေးမဲ့အရာရဲ့အကြောင်းအရာ တချို့ကို သိထားရပါမယ်။ သက်သေမပြနိုင်တဲ့အချက်တွေဟာ ဆွေးနွေးမှုတွေအတွက် တန်ဖိုးမရှိပါဘူး။

ဆွေးနွေးမှု ပုံစံ ၂ မျိုးရှိပါတယ်

ဆက်တိုက်ဆွေးနွေးခြင်းနဲ့

အစီအစဉ်ချ ဆွေးနွေးခြင်းတို့ပါပဲ။

ဆက်တိုက်ဆွေးနွေးခြင်းဟာ တစ်ခုခုကို သင်ယူနေရင်းနဲ့ ကျောင်းသားတွေက အဲဒါနဲ့ သက်ဆိုင်နေတဲ့ အရာတစ်ခုခုကို မေးမြန်းခြင်းကနေ ပေါ်ပေါက်လာတာပါ။ အဲဒါဟာ ကျောင်းသားတွေကို ဆွေးနွေးလေ့လာတတ်တဲ့အကျင့် ရစေပါတယ်။

အစီအစဉ်ချ ဆွေးနွေးခြင်း ကတော့ ဆရာကနေ ကျောင်းသားတစ်ဦးကို တစ်ခုခု မေးမယ်၊ အဲဒါကနေ စပြီး ဆွေးနွေးရတာပါ။ အဲဒိလို ဆွေးနွေးမှုအတွက် ဆရာက အစီအစဉ်ချထားဖို့ လိုအပ်ပြီး အတန်းကို တစ်ခုပြီးတစ်ခု ချပြရင်း လှလှပပ နိဂုံးသတ်ရတာပါ။ အဲဒိ ဆွေးနွေးမှုမျိုးမှာ မေးခွန်းတွေ များများမေးပေးဖို့ လိုအပ်ပါတယ်။

ဆွေးနွေးသင်ကြားမှုပုံစံရဲ့ ကောင်းကျိုးတွေကတော့

သင်ကြားမှု အဆင့်တွေကို လိုက်နာခြင်း

ဆက်စပ်နေသော သင်ခန်းစာများကို အဆင်ပြေပြေ ပို့ချနိုင်ခြင်း

ကျောင်းသားတွေကို စိတ်ပါဝင်စားလာအောင် တွန်းအားပေးနိုင်ခြင်း

ကျောင်းသားတွေရဲ့ နှုတ်မှုစွမ်းရည် တိုးတက်စေခြင်း

ကျောင်းသားတွေရဲ့ ဆုံးဖြတ်နိုင်စွမ်း တိုးတက်လာစေခြင်း

ဆရာနဲ့ သင်ကြားတဲ့စာအပေါ် ကျောင်းသားတွေအမြင်ကောင်းစေခြင်း တို့ ဖြစ်ပါတယ်။

ဆိုးကျိုးတွေတော့

တော်တဲ့ ကျောင်းသားတချို့ကပဲ ဆွေးနွေးပွဲကို လွှမ်းမိုးသွားနိုင်ခြင်း

ကျောင်းသားတွေ စိတ်မဝင်စားတဲ့အရာမျိုးကို ဆွေးနွေးမိခြင်း

အချိန်ကုန်ခြင်း

သင်ကြားမှု နေရာတိုင်း မသုံးနိုင်ခြင်း

ကျောင်းသားအားလုံး လွှမ်းခြုံမိစေဖို့ ခက်ခဲခြင်း တို့ ဖြစ်ပါတယ်။

အုပ်စုစုခြင်းနှင့် ထိန်းချုပ်ခြင်း

ကျောင်းသားတွေကို အကြောင်းအရာ၊ အခြေအနေ တစ်ခုခုပြောပြပြီး ဆွေးနွေးပွဲ စတင်ရပါမယ်။

အချက်အလက်တွေပေးပြီး ခေါင်းစဉ်ကို ကျောင်းသားတွေနဲ့ မိတ်ဆက်ရပါမယ်။

အရေးကြီးအချက်တွေကို ဆရာတွေနဲ့ ကျောင်းသားတွေ အတူတူ စုပေါင်းပြီး ဆွေးနွေးဖြေရှင်း ရပါမယ်။

ဆွေးနွေးပွဲ ပျော်စရာကောင်းစေဖို့ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ဘဝနဲ့ နှိုင်းယှဉ်ပြပါ။

အထောက်အကူပစ္စည်းတွေကို အတန်းထဲ ယူလာရပါမယ်။

ကျောင်းသားတွေပေးတဲ့ အဖြေမျိုးစုံကို အတန်းကို ပြောပြရပါမယ်။

ကျောင်းသားတွေကို အတွဲတွေ တွဲပေးပြီး အရေးကြီးအချက်တွေမှာ စကားရည် လုခိုင်းသင့်ပါတယ်။

ဆွေးနွေးပွဲ ပုံစံမျိုးစုံကို အတန်းအခြေအနေပေါ် မူတည်ပြီး ပြုလုပ်ပေးရပါမယ်။

ဆွေေးနွးပွဲအောင်မြင် မအောင်မြင်က ဆရာရဲ့ စွမ်းရည်အပေါ်မှာ မှီခိုနေပါတယ်။ ဆရာက ဆွေးနွေးပွဲ တစ်ခုလုံးကို ထိန်းကျောင်းပေးရပါမယ်။ ကျောင်းသားတွေကိုလဲ ဗော်လန်တီယာ ခေါ်ရမှာပါ။ ကျောင်းသားတွေ ရှက်နေမှာကိုလဲ ဂရုပြုပါ။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

Related Posts

%%footer%%