(၇) ရက္အတြင္း ကိုယ္အေလးခ်ိန္ (၁၀)ေပါင္ က်သြားေစဖို႔

အခ်ိန္တိုအတြင္းမွာ ကိုယ္အေလးခ်ိန္က်သြားဖို႔ဆိုတာက ခက္ခဲပင္ပန္းတဲ့အလုပ္တစ္ခုျဖစ္ပါတယ္။ သာမန္အားျဖင့္ တစ္ပတ္()ရက္အတြင္း ကိုယ္အေလးခ်ိန္(၁၀)ေပါင္ က်ဆင္းသြားဖို႔အတြက္ သင့္တင့္မွ်တတဲ့ စားေသာက္ေနထိုင္မႈပံုစံနဲ႔ ကာယေလ့က်င့္ခန္းေတြ လုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ သင့္ရဲ႕ ကိုယ္အေလးခ်ိန္ကို ()ရက္အတြင္း (၁၀)ေပါင္ေလာက္က်သြားေစႏိုင္တဲ့ နည္းလမ္းေတြအမ်ားႀကီးရွိမွာပါ။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ သင့္ကို အဟာရခ်ိဳ႕တဲ့ၿပီး ေနထိုင္မေကာင္းျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အာဟာရျပည့္၀ၿပီး က်န္းမာၾကံ႕ခိုင္ေနေစမယ့္ နည္းလမ္းေတြကိုပဲ လုပ္ေဆာင္သင့္ပါတယ္။ အခုေဖာ္ျပမယ့္ နည္းလမ္း(၁၀)ခုကေတာ့ သင့္ရဲ႕ကိုယ္အေလးခ်ိန္ကို ()ရက္အတြင္းက်သြားေစႏိုင္သလို ေရရွည္မွာလည္း သင့္ရဲ႕က်န္းမာေရးကိုအေထာက္အကူျဖစ္ေစႏိုင္မယ့္ နည္းလမ္းေတြပဲျဖစ္ပါတယ္။

၁။ အစားေလွ်ာ့စားပါ။ ကယ္လိုရီေတြ ပိုေလာင္ကၽြမ္းပါေစ။

ကိုယ္အေလးခ်ိန္ေလွ်ာ႔ခ်ေနတဲ့အခ်ိန္မွာ အေရးအႀကီးဆံုးကေတာ့ ကယ္လိုရီပမာဏကို သတိထားဖို႔ပါပဲ။ ဒီလိုေျပာလို႔ မစားရဲ႕မေသာက္ရဲ႕ျဖစ္ေနဖို႔ မလိုပါဘူး။ ()ရက္အတြင္း ကိုယ္အေလးခ်ိန္က်သြားဖို႔အတြက္ သင့္အေနနဲ႔ အစားကို သင့္တင္႐ုံစားၿပီး တစ္ေန႔မွာ ကယ္လိုရီ(၅၀၀၀)ေလာက္ ေလာင္ကၽြမ္းသြားဖို႔ လိုပါတယ္။ သာမန္လူတစ္ေယာက္ဟာ ေန႔စဥ္လႈပ္ရွားသြားလာမႈေတြလုပ္ေဆာင္ရင္းနဲ႔ပဲ ကယ္လိုရီပမာဏ(၂၀၀၀)ေလာက္ ကုန္ဆံုးသြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်င္တယ္ဆိုရင္ တစ္ေန႔ကို ကယ္လိုရီ(၅၀၀၀)ျပည့္ေအာင္ ေလာင္ကၽြမ္းပစ္လိုက္ဖို႔လိုပါတယ္။ ဒီအတြက္ကေတာ့ လမ္းေလွ်ာက္တာ၊ ႐ုိး႐ုိးေလွကားေတြက တက္တာနဲ႔ ကိုယ္လက္ေလ့က်င့္ခန္းအနည္းငယ္လုပ္ရုံနဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။

၂။ မနက္စာ စားပါ။

သင့္ရဲ႕ နံနက္စာဟာ တစ္ေန႔တာမွာ အေရးအႀကီးဆံုးအနပ္ျဖစ္ၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔လည္း လိုအပ္ပါတယ္။ မနက္စာစားတဲ့သူေတြက မစားသူေတြထက္ ခႏၶာကိုယ္အေလးခ်ိန္ညႊန္းကိန္း ပိုနည္းတာကို ေလ့လာေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အဆီနည္းၿပီး အားျဖစ္ေစမယ့္ အသားဓာတ္၊ သစ္သီးေတြကို မနက္စာအျဖစ္စားသံုးၿပီး သင့္ရဲ႕တစ္ေန႔တာကို စတင္ပါ။

၃။ အဆီနည္းေသာ အသားမ်ားစားပါ။

အဆီဓာတ္ပါ၀င္မႈနည္းတဲ့ အသားေတြက အလြန္အကၽြံစားမိတာကို ကာကြယ္ထားႏိုင္သလို႔ အခ်ိန္ၾကာၾကာ ဗိုက္၀ေနေစႏိုင္ပါတယ္။ တို႔ဟူး၊ ေျမပဲေထာပတ္၊ ပဲအမ်ိဳးမ်ိဳး၊ ၾကက္ရင္ပံု(အေရျပားမပါ) စတာေတြနဲ႔ အျခား အဆီနည္းတဲ့အသားေတြကို စားသံုးႏိုင္ပါတယ္။ ဒါ့အျပင္ ()နာရီျခားတစ္ခါေလာက္ နည္းနည္းစီစားေပးတာက ေသြးအတြင္းသၾကားဓာတ္ကို ထိန္းညွိထားေပးႏိုင္မွာျဖစ္ပါတယ္။

၄။ ျပဳျပင္သန္႔စင္ထားတဲ့ ကစီဓာတ္နဲ႔ အျမန္စာေတြေရွာင္ပါ။

ထမင္းျဖဴမွာပါရွိတဲ့ ကစီဓာတ္ေတြကို ခႏၶာကိုယ္က အလြယ္တကူစုပ္ယူႏိုင္ၿပီး အာဟာရတန္ဖိုးနည္းပါတယ္။ ဘာဂါတို႔၊ ေဟာ့ေဒါ့တို႔လို အျမန္စာေတြကေတာ့ အဆီ၊ အခ်ိဳနဲ႔ အငံဓာတ္ေတြမ်ားပါတယ္။ သင့္ရဲ႕ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ေတာ့ ဒီအစားအစာေတြ ေရွာင္ဖို႔ အၾကံျပဳခ်င္ပါတယ္။

၅။ ႐ုိး႐ုိးကစီဓာတ္ေတြကို စားသံုးပါ။

ဆန္လံုးညိဳ၊ ဂ်ံဳ စတဲ့ႏွံစားသီးႏွံအခ်ိဳ႕နဲ႔ အသီးအႏွံ၊ ဟင္းသီးဟင္းရြက္အမ်ိဳးမ်ိဳးမွာ ပါ၀င္တဲ့ ကစီဓာတ္ေတြမွာေတာ့ အမွ်င္ဓာတ္နဲ႔ အာဟာရဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါ့အျပင္ အစာေၾကညက္မႈ ေႏွးတဲ့အတြက္ ဆာေလာင္မႈကို ထိန္းထားႏိုင္ျဖစ္ပါတယ္။

၆။ ညနက္မွ အစားမစားပါနဲ႔။

အစားကိုေလွ်ာ့စားတာက သင့္ခႏၶာကိုယ္ရဲ႕ ဇီ၀ကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစၿပီး ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ ဒါေပမယ့္ ညနက္မွ စားစရာတစ္ခုခုစားေသာက္တာကလည္း ကယ္လိုရီေတြပိုမ်ားေစတဲ့ အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ညစာကို ေနာက္အက်ဆံုး ()နာရီမတုိင္ခင္စားသံုးသင့္ၿပီး ဒီအခ်ိန္ေနာက္ပိုင္း အစားစားတာကို ေရွာင္သင့္ပါတယ္။

၇။ ေရမ်ားမ်ားေသာက္ပါ။

တစ္ေန႔ကို အနည္းဆံုး ေရဖန္ခြက္()ခြက္ေလာက္ေသာက္ရင္ အေကာင္းဆံုးျဖစ္ပါတယ္။ ေရေသာက္ျခင္းေၾကာင့္ သင့္ခႏၶာကိုယ္မွာ ေရဓာတ္ၾကြယ္၀ေနမွာျဖစ္ၿပီး ဆာေလာင္မႈကို ေလ်ာ့ပါးသက္သာေစပါတယ္။

၈။ ေလ့က်င့္ခန္းလုပ္ပါ။

သင္စားသံုးလိုက္တဲ့ ကယ္လိုရီကိုေလာင္ကၽြမ္းသြားေစဖို႔ ေလ့က်င့္ခန္းလုပ္ေပးဖို႔ လိုပါပတယ္။ ဒါ့အျပင္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အထိေရာက္ဆံုးနည္းလမ္းေတြထဲက တစ္ခုက ေလ့က်င့္ခန္းလုပ္တာပဲ ျဖစ္ပါတယ္။

၉။ အိပ္ေရး၀၀အိပ္ပါ။

အိပ္စက္ေနခ်ိန္မွာ သင့္ရဲ႕ခႏၶာကိုယ္ျဖစ္စဥ္ႏွစ္ခုေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့သြားပါတယ္။ တစ္ခုကေတာ့ အသက္႐ႈသြင္း႐ႈထုတ္ျဖစ္စဥ္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ အေရျပားကေန ေခၽြးထြက္တဲ့ျဖစ္စဥ္ပဲျဖစ္ပါတယ္။ ဒီအခ်က္ေတြအားလံုးက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔အတြက္ ေပါင္းစပ္ပါ၀င္ေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အိပ္ေရး၀၀နဲ႔ ႏွစ္ျခိဳက္စြာ အိပ္ေပ်ာ္ဖို႔ကလည္း အေရးႀကီးပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်ကျသွားဖို့ဆိုတာက ခက်ခဲပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ သာမန်အားဖြင့် တစ်ပတ်(၇)ရက်အတွင်း ကိုယ်အလေးချိန်(၁၀)ပေါင် ကျဆင်းသွားဖို့အတွက် သင့်တင့်မျှတတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ကာယလေ့ကျင့်ခန်းတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ကို (၇)ရက်အတွင်း (၁၀)ပေါင်လောက်ကျသွားစေနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိမှာပါ။ ဒါပေမယ့် တော်တော်များများကတော့ သင့်ကို အဟာရချို့တဲ့ပြီး နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်၀ပြီး ကျန်းမာကြံ့ခိုင်နေစေမယ့် နည်းလမ်းတွေကိုပဲ လုပ်ဆောင်သင့်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်း(၁၀)ခုကတော့ သင့်ရဲ့ကိုယ်အလေးချိန်ကို (၇)ရက်အတွင်းကျသွားစေနိုင်သလို ရေရှည်မှာလည်း သင့်ရဲ့ကျန်းမာရေးကိုအထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ အစားလျှော့စားပါ။ ကယ်လိုရီတွေ ပိုလောင်ကျွမ်းပါစေ။

ကိုယ်အလေးချိန်လျှော့ချနေတဲ့အချိန်မှာ အရေးအကြီးဆုံးကတော့ ကယ်လိုရီပမာဏကို သတိထားဖို့ပါပဲ။ ဒီလိုပြောလို့ မစားရဲ့မသောက်ရဲ့ဖြစ်နေဖို့ မလိုပါဘူး။ (၇)ရက်အတွင်း ကိုယ်အလေးချိန်ကျသွားဖို့အတွက် သင့်အနေနဲ့ အစားကို သင့်တင်ရုံစားပြီး တစ်နေ့မှာ ကယ်လိုရီ(၅၀၀၀)လောက် လောင်ကျွမ်းသွားဖို့ လိုပါတယ်။ သာမန်လူတစ်ယောက်ဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေလုပ်ဆောင်ရင်းနဲ့ပဲ ကယ်လိုရီပမာဏ(၂၀၀၀)လောက် ကုန်ဆုံးသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချင်တယ်ဆိုရင် တစ်နေ့ကို ကယ်လိုရီ(၅၀၀၀)ပြည့်အောင် လောင်ကျွမ်းပစ်လိုက်ဖို့လိုပါတယ်။ ဒီအတွက်ကတော့ လမ်းလျှောက်တာ၊ ရိုးရိုးလှေကားတွေက တက်တာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းအနည်းငယ်လုပ်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။

၂။ မနက်စာ စားပါ။

သင့်ရဲ့ နံနက်စာဟာ တစ်နေ့တာမှာ အရေးအကြီးဆုံးအနပ်ဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့လည်း လိုအပ်ပါတယ်။ မနက်စာစားတဲ့သူတွေက မစားသူတွေထက် ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း ပိုနည်းတာကို လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အဆီနည်းပြီး အားဖြစ်စေမယ့် အသားဓာတ်၊ သစ်သီးတွေကို မနက်စာအဖြစ်စားသုံးပြီး သင့်ရဲ့တစ်နေ့တာကို စတင်ပါ။

၃။ အဆီနည်းသော အသားများစားပါ။

အဆီဓာတ်ပါဝင်မှုနည်းတဲ့ အသားတွေက အလွန်အကျွံစားမိတာကို ကာကွယ်ထားနိုင်သလို့ အချိန်ကြာကြာ ဗိုက်၀နေစေနိုင်ပါတယ်။ တို့ဟူး၊ မြေပဲထောပတ်၊ ပဲအမျိုးမျိုး၊ ကြက်ရင်ပုံ(အရေပြားမပါ) စတာတွေနဲ့ အခြား အဆီနည်းတဲ့အသားတွေကို စားသုံးနိုင်ပါတယ်။ ဒါ့အပြင် (၃)နာရီခြားတစ်ခါလောက် နည်းနည်းစီစားပေးတာက သွေးအတွင်းသကြားဓာတ်ကို ထိန်းညှိထားပေးနိုင်မှာဖြစ်ပါတယ်။

၄။ ပြုပြင်သန့်စင်ထားတဲ့ ကစီဓာတ်နဲ့ အမြန်စာတွေရှောင်ပါ။

ထမင်းဖြူမှာပါရှိတဲ့ ကစီဓာတ်တွေကို ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်ပြီး အာဟာရတန်ဖိုးနည်းပါတယ်။ ဘာဂါတို့၊ ဟော့ဒေါ့တို့လို အမြန်စာတွေကတော့ အဆီ၊ အချိုနဲ့ အငံဓာတ်တွေများပါတယ်။ သင့်ရဲ့ကိုယ်အလေးချိန်ကို လျှော့ချချင်တယ်ဆိုရင်တော့ ဒီအစားအစာတွေ ရှောင်ဖို့ အကြံပြုချင်ပါတယ်။

၅။ ရိုးရိုးကစီဓာတ်တွေကို စားသုံးပါ။

ဆန်လုံးညို၊ ဂျုံ စတဲ့နှံစားသီးနှံအချို့နဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာ ပါဝင်တဲ့ ကစီဓာတ်တွေမှာတော့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အစာကြေညက်မှု နှေးတဲ့အတွက် ဆာလောင်မှုကို ထိန်းထားနိုင်ဖြစ်ပါတယ်။

၆။ ညနက်မှ အစားမစားပါနဲ့။

အစားကိုလျှော့စားတာက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် ညနက်မှ စားစရာတစ်ခုခုစားသောက်တာကလည်း ကယ်လိုရီတွေပိုများစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ညစာကို နောက်အကျဆုံး ည(၉)နာရီမတိုင်ခင်စားသုံးသင့်ပြီး ဒီအချိန်နောက်ပိုင်း အစားစားတာကို ရှောင်သင့်ပါတယ်။

၇။ ရေများများသောက်ပါ။

တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက်(၈)ခွက်လောက်သောက်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ရေသောက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကြွယ်၀နေမှာဖြစ်ပြီး ဆာလောင်မှုကို လျော့ပါးသက်သာစေပါတယ်။

၈။ လေ့ကျင့်ခန်းလုပ်ပါ။

သင်စားသုံးလိုက်တဲ့ ကယ်လိုရီကိုလောင်ကျွမ်းသွားစေဖို့ လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါပတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုက လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ပါတယ်။

၉။ အိပ်ရေး၀ဝအိပ်ပါ။

အိပ်စက်နေချိန်မှာ သင့်ရဲ့ခန္ဓာကိုယ်ဖြစ်စဉ်နှစ်ခုကြောင့် ကိုယ်အလေးချိန်လျော့သွားပါတယ်။ တစ်ခုကတော့ အသက်ရှုသွင်းရှုထုတ်ဖြစ်စဉ်ဖြစ်ပြီး နောက်တစ်ခုကတော့ အရေပြားကနေ ချွေးထွက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးက ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ပေါင်းစပ်ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေး၀ဝနဲ့ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ကလည်း အရေးကြီးပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%