စဥ္းစားမိၾကမွာပါ။ စာေရးသူဟာ ႐ူးမ်ား႐ူးေနသလား?? ၅ နဲ႔ ၅ ေပါင္းတာ ၅ ရတယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။
ေမးခြန္းေလးတစ္ခု ေမးၾကည့္ပါမယ္။ သင္ သင့္အတြက္လကာလ႐ွည္ စီမံကိန္းလိုအပ္တယ္ဆိုတာ ဘယ္ႏွေခါက္ ၾကားဖူးပါသလဲ?? ၿပီးေတာ့ အဲဒိစီမံကိန္းေအာင္ျမင္ဖို႔ အဲဒိ ကာလ႐ွည္တစ္ခုလံုး အာရံုစူးစိုက္ထားရမယ္ဆိုတာ ဘယ္ေလာက္ ၾကားဖူးပါသလဲ။ ဒီစာထဲမွာ ကြၽန္ေတာ္ဟာ ငါးႏွစ္ စီမံကိန္းတစ္ခုကို ခ်ျပမွာ ျဖစ္ၿပီး သင္ဟာ အဲဒိစီမံကိန္းကို ေအာင္ျမင္ႏိုင္သလားဆိုတာပါ ေျပာျပေပးသြားမွာပါ။ အေပၚက အီေကြး႐ွင္းမွာ အေျဖ ၅ ဟာ သင့္ရဲ႕ ပန္းတိုင္ ျဖစ္ၿပီး ၅ + ၅ ကေတာ့ ပန္းတိုင္ကိုေရာက္ဖို႔ လ်ိႈ့ဝွက္ခ်က္ပါပဲ။
အီေကြး႐ွင္းက ပထမ ၅ ဟာ သင့္ရဲ႕ မိတ္ေဆြ၊ လုပ္ေဖာ္ကိုင္ဖက္ ငါးေယာက္ပါ။ သင္ေန႔တိုင္း ဆက္ဆံေနရတဲ့ အရင္းႏွိးဆံုးလူ ၅ ေယာက္ကို စာရင္းလုပ္ၿပီး သင္နဲ႔ သူတို႔ ရည္မွန္းခ်က္ တူသလား။ ရည္မွန္းခ်က္တူရင္ေတာင္ တိုးတက္မႈ ႐ွိေနသလား ၾကည့္ပါ။ ဘာလို႔လဲ ဆိုေတာ့ သင္က သင့္အနားမွာ ႐ွိေနသူေတြနဲ႔ ပံုစံတူ ျဖစ္လာႏိုင္ေခ် ၁၀၀ ရာႏႈန္း ႐ွိေနလို႔ပါပဲ။ ဥပမာ သင္က က်န္းမာ၊ ခ်မ္းသာ ခ်င္သူျဖစ္ၿပီး သင့္ေဘးနညးကလူေတြက ေဆးလိပ္ထိုင္ဖြာၿပီး တစ္မိနစ္ေလာက္ အလုပ္လုပ္ရမွာကို ပ်င္းေနသူေတြ ဆိုရင္ေတာ့ သင့္္ပန္းတိုင္ကို ေရာက္ဖို႔ ရာႏႈန္းဟာ သုညနား နီးသြားပါၿပီ။
လူေတာ္ေတာ္မ်ားမ်ား သူတို႔ရည္မွန္းခ်က္ေတြကို မေရာက္ရတာက သူတို႔ သူငယ္ခ်င္းေတြက သူတို႔ေျခေထာက္ကို ဆြဲထားလို႔ပါပဲ။ ရည္မွန္းခ်က္ေတြ သတ္မွတ္ၿပီးတာနဲ႔ သင္နဲ႔ ရည္မွန္းခ်က္ တူသူေတြနဲ႔ သင့္ကိုယ္သင္ ဝန္းရံထားလိုက္ပါ။
ဒုတိယ ၅ ကေတာ့ သင္ ေနာက္ဆံုးဖတ္ဖူးတဲ့ စာအုပ္ ၅ အုပ္ကို သင့္အိတ္ထဲ ထည့္ထားလိုက္ပါ။ အေပ်ာ္အေနနဲ႔ သင့္သူငယ္ခ်င္းေတြ တစ္ခုခုအေၾကာင္း Complain တက္ရင္ သူတို႔ေနာက္ဆံုးဖတ္ဖူးတဲ့ စာအုပ္ ငါးအုပ္က ဘာလဲဆိုတာ ေမးၾကည့္ပါ။ အေျဖ ၂ မ်ိဳး ရလာပါလိမ့္မယ္။ မမွတ္မိဘူး။ ငါ့မွာ စာဖတ္ဖို႔ အခ်ိန္ မ႐ွိဘူး။
သင္ ေနာက္ဆံုးဖတ္တဲ့ စာအုပ္ ၅ အုပ္ဟာ သင့္ဘဝရဲ႕ ပန္းတိုင္နဲ႔ ဦးတည္ခ်က္ကိုအဆံုးအျဖတ္ ေပးသြားမွာပါ။ ပံုမွန္လူတစ္ေယာက္ဟာ ပ်ွမ္းမ်ွ တစ္ႏွစ္ကို စာတစ္အုပ္ႏႈန္းသာ ဖတ္ပါတယ္။ အဲဒါက ၉၅ ရာႏႈန္းေသာ လူေတြ အသက္ ၆၅ ႏွစ္မွာ ႏြမ္းပါးရတဲ့ အေၾကာင္းရင္းပါ။ ကမၻာ့အေကာင္းဆံုး ကြန္ပ်ဴတာေတာင္ အလုပ္လုပ္ေအာင္ ပ႐ိုဂရမ္ ေရးေပးရပါတယ္။
ကြၽန္ေတယ္တို႔ အားလံုး အျမင့္ကို ေရာက္ခ်င္တာပါပဲ။ ဒါေပမယ့္ သင္ ေန႔တိုင္းဖတ္ေန၊ နားေထာင္ေနတဲ့ အရာေတြက သင္ ဘယ္ေလာက္ အျမင့္ေရာက္ႏိုင္လဲဆိုတာ အဆံုးအျဖတ္ေပးေနပါတယ္။ သင့္ရဲ႕ ငါးႏွစ္ စီမံကိန္း ပန္းတိုင္ကို အာရံုစိုက္ထားၿပီး သင္ဖတ္တဲ့ စာအုပ္ ၅ အုပ္၊ သင့္အနားက သူငယ္ခ်င္း ၅ ေယာက္က အဲဒိပန္းတိုင္ကို ေရာက္မေရာက္ အဆံုးအျဖတ္ေပးသြားမွာပါ။ ေအာင္ျမင္မႈဆိုတာ ႐ိုး႐ွင္းေပမယ့္ မလြယ္ကူပါဘူး။
5 + 5 = 5 .. ႀကိဳးစားၾကည့္ၿပီး သင့္အတြက္ အဲဒိ အီေကြး႐ွင္းက အလုပ္ျဖစ္လား ေျပာၾကည့္ပါ။
ကြၽန္ေတာ္ကေတာ့ ႀကိဳတင္ခန္႔မွန္းႏုိင္ပါတယ္။ 5 + 5 = သင့္အိပ္မက္ပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
===================================================
စဉ်းစားမိကြမှာပါ။ စာရေးသူဟာ ရူးများရူးနေသလား?? ၅ နဲ့ ၅ ပေါင်းတာ ၅ ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
မေးခွန်းလေးတစ်ခု မေးကြည့်ပါမယ်။ သင် သင့်အတွက်လကာလရှည် စီမံကိန်းလိုအပ်တယ်ဆိုတာ ဘယ်နှခေါက် ကြားဖူးပါသလဲ?? ပြီးတော့ အဲဒိစီမံကိန်းအောင်မြင်ဖို့ အဲဒိ ကာလရှည်တစ်ခုလုံး အာရုံစူးစိုက်ထားရမယ်ဆိုတာ ဘယ်လောက် ကြားဖူးပါသလဲ။ ဒီစာထဲမှာ ကျွန်တော်ဟာ ငါးနှစ် စီမံကိန်းတစ်ခုကို ချပြမှာ ဖြစ်ပြီး သင်ဟာ အဲဒိစီမံကိန်းကို အောင်မြင်နိုင်သလားဆိုတာပါ ပြောပြပေးသွားမှာပါ။ အပေါ်က အီကွေးရှင်းမှာ အဖြေ ၅ ဟာ သင့်ရဲ့ ပန်းတိုင် ဖြစ်ပြီး ၅ + ၅ ကတော့ ပန်းတိုင်ကိုရောက်ဖို့ လျိႈ့ဝှက်ချက်ပါပဲ။
အီကွေးရှင်းက ပထမ ၅ ဟာ သင့်ရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် ငါးယောက်ပါ။ သင်နေ့တိုင်း ဆက်ဆံနေရတဲ့ အရင်းနှိးဆုံးလူ ၅ ယောက်ကို စာရင်းလုပ်ပြီး သင်နဲ့ သူတို့ ရည်မှန်းချက် တူသလား။ ရည်မှန်းချက်တူရင်တောင် တိုးတက်မှု ရှိနေသလား ကြည့်ပါ။ ဘာလို့လဲ ဆိုတော့ သင်က သင့်အနားမှာ ရှိနေသူတွေနဲ့ ပုံစံတူ ဖြစ်လာနိုင်ချေ ၁၀၀ ရာနှုန်း ရှိနေလို့ပါပဲ။ ဥပမာ သင်က ကျန်းမာ၊ ချမ်းသာ ချင်သူဖြစ်ပြီး သင့်ဘေးနညးကလူတွေက ဆေးလိပ်ထိုင်ဖွာပြီး တစ်မိနစ်လောက် အလုပ်လုပ်ရမှာကို ပျင်းနေသူတွေ ဆိုရင်တော့ သင့်ပန်းတိုင်ကို ရောက်ဖို့ ရာနှုန်းဟာ သုညနား နီးသွားပါပြီ။
လူတော်တော်များများ သူတို့ရည်မှန်းချက်တွေကို မရောက်ရတာက သူတို့ သူငယ်ချင်းတွေက သူတို့ခြေထောက်ကို ဆွဲထားလို့ပါပဲ။ ရည်မှန်းချက်တွေ သတ်မှတ်ပြီးတာနဲ့ သင်နဲ့ ရည်မှန်းချက် တူသူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံထားလိုက်ပါ။
ဒုတိယ ၅ ကတော့ သင် နောက်ဆုံးဖတ်ဖူးတဲ့ စာအုပ် ၅ အုပ်ကို သင့်အိတ်ထဲ ထည့်ထားလိုက်ပါ။ အပျော်အနေနဲ့ သင့်သူငယ်ချင်းတွေ တစ်ခုခုအကြောင်း Complain တက်ရင် သူတို့နောက်ဆုံးဖတ်ဖူးတဲ့ စာအုပ် ငါးအုပ်က ဘာလဲဆိုတာ မေးကြည့်ပါ။ အဖြေ ၂ မျိုး ရလာပါလိမ့်မယ်။ မမှတ်မိဘူး။ ငါ့မှာ စာဖတ်ဖို့ အချိန် မရှိဘူး။
သင် နောက်ဆုံးဖတ်တဲ့ စာအုပ် ၅ အုပ်ဟာ သင့်ဘဝရဲ့ ပန်းတိုင်နဲ့ ဦးတည်ချက်ကိုအဆုံးအဖြတ် ပေးသွားမှာပါ။ ပုံမှန်လူတစ်ယောက်ဟာ ပျှမ်းမျှ တစ်နှစ်ကို စာတစ်အုပ်နှုန်းသာ ဖတ်ပါတယ်။ အဲဒါက ၉၅ ရာနှုန်းသော လူတွေ အသက် ၆၅ နှစ်မှာ နွမ်းပါးရတဲ့ အကြောင်းရင်းပါ။ ကမ္ဘာ့အကောင်းဆုံး ကွန်ပျူတာတောင် အလုပ်လုပ်အောင် ပရိုဂရမ် ရေးပေးရပါတယ်။
ကျွန်တေယ်တို့ အားလုံး အမြင့်ကို ရောက်ချင်တာပါပဲ။ ဒါပေမယ့် သင် နေ့တိုင်းဖတ်နေ၊ နားထောင်နေတဲ့ အရာတွေက သင် ဘယ်လောက် အမြင့်ရောက်နိုင်လဲဆိုတာ အဆုံးအဖြတ်ပေးနေပါတယ်။ သင့်ရဲ့ ငါးနှစ် စီမံကိန်း ပန်းတိုင်ကို အာရုံစိုက်ထားပြီး သင်ဖတ်တဲ့ စာအုပ် ၅ အုပ်၊ သင့်အနားက သူငယ်ချင်း ၅ ယောက်က အဲဒိပန်းတိုင်ကို ရောက်မရောက် အဆုံးအဖြတ်ပေးသွားမှာပါ။ အောင်မြင်မှုဆိုတာ ရိုးရှင်းပေမယ့် မလွယ်ကူပါဘူး။
5 + 5 = 5 .. ကြိုးစားကြည့်ပြီး သင့်အတွက် အဲဒိ အီကွေးရှင်းက အလုပ်ဖြစ်လား ပြောကြည့်ပါ။
ကျွန်တော်ကတော့ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ 5 + 5 = သင့်အိပ်မက်ပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
===================================================