တစ္ခါက အလြန္ခ်မ္းသာတဲ့ သန္းၾကြယ္သူေဌးတစ္ေယာက္ဟာ မ်က္စိနာတဲ့ေ၀ဒနာကို အျပင္းအထန္ ခံစားေနရပါတယ္။ ေဆးဆရာေတြ အမ်ားႀကီးထံမွာ ကုသမႈေတြခံယူခဲ့ၿပီး စားေဆးေတြ၊ ထိုးေဆးေတြ အမ်ားႀကီးကို ေသာက္သံုးခဲ့ေပမယ့္ သူ႔ရဲ႕ေ၀ဒနာက မသက္သာခဲ့ပါဘူး။
တစ္ေန႔မွာေတာ့ သူၾကြယ္ဆီမွာခံစားေနရတဲ့ ေ၀ဒနာမ်ိဳးကို ေပ်ာက္ကင္းေအာင္ကုသေပးႏိုင္တဲ့ ဘုန္းေတာ္ႀကီးတစ္ပါးကို ပင့္ဖိတ္ၿပီး စမ္းသပ္ကုသခဲ့ပါတယ္။ ဘုန္းေတာ္ႀကီးက စစ္ေဆးၾကည့္ရႈၿပီးတဲ့ ေနာက္မွာ သူၾကြယ္ရဲ႕ေ၀ဒနာဟာ အစိမ္းေရာင္ကလြဲၿပီး တျခားအေရာင္ေတြကို မၾကည့္မိရင္ ေပ်ာက္ကင္းႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒီကုသနည္းလမ္းဟာ ထူးဆန္းေပမယ့္ သူၾကြယ္က ေ၀ဒနာသက္သာေပ်ာက္ကင္းဖို႔အတြက္ စမ္းသပ္ၾကည့္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။
သူၾကြယ္ဟာ ေဆးသုတ္သမားေတြကို ေခၚ၊ အစိမ္းေရာင္ေဆးေတြ၀ယ္ယူၿပီး သူျမင္ႏိုင္ေတြ႕ႏိုင္သမွ် အရာအားလံုးကို အစိမ္းေရာင္ေျပာင္းပစ္ဖို႔ ေစခိုင္းလိုက္ပါတယ္။ ရက္အနည္းငယ္အၾကာမွာ ဘုန္းေတာ္ႀကီး ျပန္လည္ၾကြေရာက္လာခဲ့ၿပီး ဘုန္းေတာ္ႀကီးၾကြလာတာကိုေတြ႕တာနဲ႔ သူၾကြယ္ရဲ႕အေစခံေတြက အစိမ္းေရာင္ ေဆးပံုးေတြ စုတ္တံေတြကိုင္ၿပီး ေျပးလာကာ အနီေရာင္သကၤန္း၀တ္ဆင္ထားတဲ့ ဘုန္းေတာ္ႀကီးကို အစိမ္းေရာင္ သုတ္ဖို႔ႀကိဳးစားၾကပါတယ္။ ျဖစ္ေၾကာင္းကုန္စင္ကို သိၿပီးတဲ့ေနာက္မွာေတာ့ ဘုန္းေတာ္ႀကီးက သူၾကြယ္ရဲ႕လုပ္ရပ္ကို ရယ္ေမာၿပီး မ်က္မွန္အစိမ္းေရာင္တစ္လက္ကို အကုန္အက်မမ်ားပဲ ၀ယ္တပ္လိုက္ရုံနဲ႔ အားလံုးကို အစိမ္းေရာင္ျမင္ရေစႏိုင္ရက္နဲ႔ အျခားအရာေတြအားလံုးကို အစိမ္းေရာင္ေျပာင္းတာ အလုပ္မဟုတ္ေၾကာင္း မိန္႔ဆိုေျပာၾကားခဲ့ပါတယ္။
ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔ေတြလည္း ကမာၻႀကီးကို ပံုေဖာ္ဖို႔၊ အေရာင္ေျပာင္းဖို႔ ႀကိဳးစားေနမယ့္အစား ကိုယ့္ရဲ႕ အျမင္နဲ႔ ခံယူခ်က္ေတြကို လိုအပ္သလိုေျပာင္းလဲၾကရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
အမြင်တွေ ပြောင်းကြပါစို့။
တစ်ခါက အလွန်ချမ်းသာတဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဟာ မျက်စိနာတဲ့ဝေဒနာကို အပြင်းအထန် ခံစားနေရပါတယ်။ ဆေးဆရာတွေ အများကြီးထံမှာ ကုသမှုတွေခံယူခဲ့ပြီး စားဆေးတွေ၊ ထိုးဆေးတွေ အများကြီးကို သောက်သုံးခဲ့ပေမယ့် သူ့ရဲ့ဝေဒနာက မသက်သာခဲ့ပါဘူး။
တစ်နေ့မှာတော့ သူကြွယ်ဆီမှာခံစားနေရတဲ့ ဝေဒနာမျိုးကို ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ ဘုန်းတော်ကြီးတစ်ပါးကို ပင့်ဖိတ်ပြီး စမ်းသပ်ကုသခဲ့ပါတယ်။ ဘုန်းတော်ကြီးက စစ်ဆေးကြည့်ရှုပြီးတဲ့ နောက်မှာ သူကြွယ်ရဲ့ဝေဒနာဟာ အစိမ်းရောင်ကလွဲပြီး တခြားအရောင်တွေကို မကြည့်မိရင် ပျောက်ကင်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီကုသနည်းလမ်းဟာ ထူးဆန်းပေမယ့် သူကြွယ်က ဝေဒနာသက်သာပျောက်ကင်းဖို့အတွက် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူကြွယ်ဟာ ဆေးသုတ်သမားတွေကို ခေါ်၊ အစိမ်းရောင်ဆေးတွေဝယ်ယူပြီး သူမြင်နိုင်တွေ့နိုင်သမျှ အရာအားလုံးကို အစိမ်းရောင်ပြောင်းပစ်ဖို့ စေခိုင်းလိုက်ပါတယ်။ ရက်အနည်းငယ်အကြာမှာ ဘုန်းတော်ကြီး ပြန်လည်ကြွရောက်လာခဲ့ပြီး ဘုန်းတော်ကြီးကြွလာတာကိုတွေ့တာနဲ့ သူကြွယ်ရဲ့အစေခံတွေက အစိမ်းရောင် ဆေးပုံးတွေ စုတ်တံတွေကိုင်ပြီး ပြေးလာကာ အနီရောင်သင်္ကန်းဝတ်ဆင်ထားတဲ့ ဘုန်းတော်ကြီးကို အစိမ်းရောင် သုတ်ဖို့ကြိုးစားကြပါတယ်။ ဖြစ်ကြောင်းကုန်စင်ကို သိပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီးက သူကြွယ်ရဲ့လုပ်ရပ်ကို ရယ်မောပြီး မျက်မှန်အစိမ်းရောင်တစ်လက်ကို အကုန်အကျမများပဲ ၀ယ်တပ်လိုက်ရုံနဲ့ အားလုံးကို အစိမ်းရောင်မြင်ရစေနိုင်ရက်နဲ့ အခြားအရာတွေအားလုံးကို အစိမ်းရောင်ပြောင်းတာ အလုပ်မဟုတ်ကြောင်း မိန့်ဆိုပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့တွေလည်း ကမ္ဘာကြီးကို ပုံဖော်ဖို့၊ အရောင်ပြောင်းဖို့ ကြိုးစားနေမယ့်အစား ကိုယ့်ရဲ့ အမြင်နဲ့ ခံယူချက်တွေကို လိုအပ်သလိုပြောင်းလဲကြရမှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================