သင်ယူရခက်ပေမယ့် တစ်သက်လုံး အကျိုးရှိစေမယ့် အကျင့်များ
၂. ကြင်နာမှု
၎. ကိုယ့်ဘာသာ အကောင်းမြင်ခြင်း
၅. စွဲမြဲ လုပ်ဆောင်မှု
၆. အကူအညီ တောင်းခြင်း
၈. နားထောင်ခြင်း
© Gentleman Magazine 🄶🄼
==============================================
သင်ကြားဖို့ ခက်ပေမယ့် တစ်သက်လုံး အကျိုးရှိစေမယ့် အလေ့အကျင့် ၁၀ မျိုး
ဘဝမှာ အကောင်းဆုံးအရာတွေက ငွေ မပေးရပါဘူး။ ဒါပေမယ့် အလကားတော့ မရနိုင်ပါဘူး။ အချိန်၊ ခွန်အားနဲ့ ဝီရိယတို့ လိုအပ်ပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ အလေ့အကျင့်တွေဆို ပိုတောင် လိုအပ်မှာပါ။ သင်ယူဖို့ အခက်ခဲဆုံးနဲ့ အကျိုးအရှိဆုံး အလေ့အကျင့်တွေက ဘာတွေပါလဲ? ကျွန်တော််တို့ရဲ့ Favourite တွေကတော့
၁. အချိန် စီမံခန့်ခွဲခြင်း
အချိန်ကို စီမံခန့်ခွဲတတ်တာက အလုပ်လုပ်ရာမှာ အရမ်းအရေးကြီးပါတယ်။ ကျွန်တော့်အတွက် အခက်ခဲဆုံးက အချိန်ဇယား ကောင်းကောင်းတစ်ခု ဆွဲတတ်ဖို့ပါ။ အရမ်းကောင်းတဲ့ အချိန်ဇယားတစ်ခု ဆွဲန်ုင်ရင် ရက်ချိန်းပေးထားတဲ့ ရက်မှာ အကုန်ပြီးအောင် လုပ်နိုင်ပါတယ်။
၂. ကြင်နာမှု
သင်ဟာ စည်းကမ်းအရှိဆုံး၊ အတော်ဆုံး၊ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်နေရင်တောင် သူတစ်ပါးကို ကြင်နာသနားတတ်မှု မရှိရင်တော့ သင်ဟာ လူမဟုတ်တဲ့ လူတစ်ယောက်ပါပဲ။ တခြားသူတစ်ယောက်ရဲ့ ခံစားမှုကို လိုက်ပါခံစားတတ်တာဟာ အရောင်းအဝယ်သမားတွေမှာ အောင်မြင်စေနိုင်တဲ့ အချက်ပါ။
၃. အိပ်ချိန်ကို စီမံခန့်ခွဲခြင်း
အိပ်ချိန်နဲ့ ပါတ်သတ်လို့ အိပ်နည်းမျိုးစုံ ရှိနေပါတယ်။ ဘယ်ဟာကိုပဲ ရွေးရွေး သင် လုံးဝ ဆုံးဖြတ်ချက် ချနိုင်ပြီး လိုက်လုပ်နိုင်မှပါ။ အိပ်ချိန်မှန်မှန်အိပ်တာဟာ ပိုပြီး အိပ်ပျော်စေပြီး အိပ်ခြင်းရဲ့ အကျိုးတွေကို အများဆုံးရနိုင်ပါတယ်။
၄. ကိုယ့်ဘာသာ အကောင်းမြင်ခြင်း
တခြားသူတွေ သင့်ကို မြင်တဲ့ အမြင်ထက် သင့်ကိုယ်သင် မြင်တဲ့ အမြင်က ပိုအရေးကြီးပါတယ်။ တခြားသူတစ်ယောက်မှ သင့်ကို မယုံတဲ့အခါတွေမှာ သင့်ကိုယ်သင် ယုံကြည်မှုရှိနေဖို့ ဆိုတာက အချိန်ယူပြီး လေ့ကျင့်ရတာပါ။
၅. စွဲမြဲ လုပ်ဆောင်မှု
လေ့ကျင့်ခန်းတစ်ခုပဲလုပ်လုပ်၊ စာပဲ ကျက်ကျက် အမြဲ အချိန်တစ်ခု သတ်မှတ်ပြီး စွဲစွဲ မြဲမြဲ လုပ်ဆောင်မှပါ။ လူတွေဟာ ထိပ်ဆုံးကို ရောက်သွားရင် ဆက်မကြိုးစားချင်ကြတော့ပါဘူး။ တကယ်က အဲဒိထိပ်ဆုံးနေရာကို ထိန်းထားဖို့ ဆက်ကြိုး စားနေရတာပါ။
၆. အကူအညီ တောင်းခြင်း
သင် အကူအညီလိုနေတာ သိဖို့နဲ့ အကူအညီတောင်းတတ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့ အလုပ်တစ်ခုပါ။ သင့်ရဲ့ မာနတွေကို ခဝါချပစ်တတ်ရမှာပါ။ တကယ်က သင် အကူအညီတောင်းလိုက်တာနဲ့ လူတွေက သင့်ကို ပိုပြီး သိသွားစေပါတယ်။
၇. ဘယ်အချိန် ပါးစပ်ပိတ်ရမလဲ နားလည်ခြင်းနှင့် တကယ်ပိတ်နိုင်ခြင်း
သင် အမြင်မတော်တာ တွေ့သမျှ လိုက်ရစ်နေလို့ မရပါဘူး။ ပါးစပ်ပိတ်ထားသင့်တဲ့ အချိန်တွေလဲ ရှိနေပါသေးတယ်။ တစ်ခါတစ်လေမှာ ကိုယ့်စိတ်ထဲကအရာတွေကို ကိုယ့်ဘာသာ သိုဝှက်ထားတာ အကောင်းဆုံးပါ။ ဖွင့်ပြောပြီးကာမှ နောင်တရပေါင်းတွေလဲ မနည်းတော့ပါဘူး။
၈. နားထောင်ခြင်း
ပါးစပ်ပိတ်ခြင်းနဲ့ တူတူလာတာက နားထောင်ပေးခြင်းပါ။ တကယ် နားထောင်ပေးနိုင်ဖို့ သင် သင့်စကားဖော်ဆီက ကြားရတဲ့ အရာတွေကို သင့်စကားပြောဖော်ကို ပြန်ပြောပြကြည့်ပါ။
၉. ကိုယ့်အလုပ်ကိုယ်လုပ်ခြင်း
ဒါကို တတ်ကျွမ်းနိုင်ဖို့ နှစ်ပေါင်းများစွာ ကြာမှာပါ။ တခြားသူရဲ့ အလုပ်ကို ဝင်ရှုပ်ခြင်းဟာ အချိန်ကုန် လူပန်းစေပါတယ်။ သင့်မှာ လုပ်ပိုင်ခွင့် ရှိနေရင်တောင် ပညာရှင်တွေ လက်ထဲ အပ်ထားလိုက်ပါ။
၁၀. သင့်အတွေးတွေကို ထိန်းချုပ်နိုင်ခြင်း
သင် လုပ်ချင်တာ လုပ်နေဖို့နဲ့ ဖြစ်ချင်တာ ဖြစ်ဖို့ဆိုတာ သင့်အတွေးတွေကို နိုင်နေမှ ရမှာပါ။ ကျွန်တော်တို့ဟာ အတိတ်မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားပြီး အလုပ်လုပ်တတ်ကြပါတယ်။ တကယ်တော့ အတိတ်ဆိုတာ အနာဂါတ်နဲ့ မတူပါဘူး။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================
Related Posts
%%footer%%