၃. သန်း မကပ်တော့ပါဘူး
၎. နေရထိုင်ရ ပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။
© Gentleman Magazine 🄶🄼
==============================================
လျိှု့ဝှက်အမွှေးရိတ်သင့်တဲ့ အကြောင်း ၅ ချက်
နေမသာတဲ့နေရာက ဆံပင်ကို ပုန်းလျိှုးကွယ်လျိှုးနဲ့ ညှပ်နေတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ စစ်တမ်းတစ်ခုမှာ ယောက်ျားမိန်းမအားလုံးရဲ့ ၉၅ ရာနှုန်းဟာ အရင်လက ဆီးခုံမွှေးကို ရိတ်ခြင်း ပြုလုပ်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။
၁၂ ရာနှုန်းဟာ ညှပ်ရုံပဲ ညှပ်ကြပြီး ၃၈ ရာနှုန်းကတော့ အပြောင်ရှင်းကြပါတယ် တဲ့။ သင့်ရဲ့ အောက်က အမွှေးတွေကို ဂရုစိုက်ပေးခြင်းက သင့်ရဲ့ လိင်မှုဘဝကို ပြောင်းလဲစေနိုင်ပါတယ်။
သုတေသနပြုထားတဲ့ အမွှေးရိတ်ခြင် အကျိုးငါးချက်ကို လေ့လာကြည့်ပါ။ ပြီးတော့ ခုပဲ ပုံသွင်းလိုက်ပါတော့။
၁. လိင်ဆွဲဆောင်မှု ပိုရှိတယ်လို့ ခံစားရစေပါတယ်
သင့်ရဲ့ ကိုယ်ရေးကိုယ်တာနေရာတွေ ရှင်းသွားခြင်းဟာ သင့်ကို ကိုယ့်ဘာသာယုံကြည်မှု ပိုများလာစေပါတယ်။ ရတ်တဲ့သူ အများစုက အဲဒိအကြောင်းပြချက်နဲ့ ရိတ်တာပါ။ ရိတ်လိုက်ရင် သင့်ယောက်ျားပစ္စည်းက ပိုကြီးသလို မြင်ရစေပြီး အဲဒါကြောင့် ယုံကြည်မှု ပိုရှိလာတာပါ။
၂. Oral လုပ်ရတာ ပိုလွယ်လာစေပါတယ်
စစ်တမ်းကောက်ထားသူတွေအလိုအရ အမွှေးရိတ်ထားတဲ့ စုံတွဲတွေဟာ ပါးစပ်နဲ့ ဖျော်ဖြေပေးခြင်းကို ပိုပြီး လုပ်ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အောက်ကို ကြည့်လိုက်လို့ ပါးစပ်ဟလိုက်တာနဲ့ အမွှေးတွေ ဝင်လာတာက မုဒ်ပျက်စေပါတယ်။ အဲဒါကို ရိတ်လိုက်ခြင်းဖြင့် Oral လုပ်ရတာ ပိုလွယ်လာပါစေတယ်။
၃. သန်း မကပ်တော့ပါဘူး
ဆီးခုံမွှေး ရိတ်လိုက်တာနဲ့ ဆီးခုံသန်းကပ်ငြိမှု နိမ့်ကျသွားပါတယ်။ တကယ်လို့ သန်းတွေက ဥချရမယ့် နေရာ မရှိရင် သူတို့ဘဝ ဆုံးသွားပါပြီ။
၄. နေရထိုင်ရ ပိုပြီး သက်တောင့်သက်သာ ရှိစေပါတယ်။
အဲဒိအမွှေးရိတ်ရတဲ့ အကြောင်းရင်း တစ်ခုက နေရထိုင်ရ သက်တောင့်သက်သာ ရှိစေဖို့ပါ။ အိပ်ခန်းထဲမှာသာမက အပြင်မှာလဲ ပိုအဆင်ပြေစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမျိုးမှာ ပိုပြီး အဆင်ပြေချောမွေ့တာ တွေ့ရပါတယ်။
၅. ပိုပြီး သန့်သွားတယ်လို့ ခံစားစေရပါတယ်
မုတ်ဆိတ်နှုတ်ခမ်းမွှေးတွေ ရိတ်ပြီးသွားရင် ဘယ်လောက် ပေါ့ပါးသွားပါသလဲ? အောက်ပိုင်းအတွက်လဲ တူတူပါပဲ။ အနံ့ဆိုးတွေကို ကြောက်စရာမလိုပဲ လိင်ကို စိတ်တိုင်းကျ ဆက်ဆံနိုင်ပါတယ်။ အဲဒါဟာ ဆီးခုံ အရေပြားကိုလဲ ပိုပြီး ကျန်းမာစေပါတယ်။ဘက်တီးရီးယား၊ မှို၊ ချွေးထွက်တဲ့အခါ နံစေတဲ့ နေရာတွေ ဟာ အမွှေးရှည်လာလေ ရှိလာလေပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================