မိတ္ေဆြမ်ားႏွင့္ ပူးတြဲလုပ္ငန္း မတည္ေထာင္ခင္ သိထားသင့္ေသာ အခ်က္(၅)ခု

သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔အတူ စီးပြားေရးလုပ္ငန္းတစ္ခု ပူးေပါင္းတည္ေထာင္တာဟာ တကယ္ေကာင္းတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ စိန္ေခၚမႈေတြအမ်ားႀကီးရွိတယ္ဆိုတာကိုေတာ့ မေမ့လိုက္ပါနဲ႔။ သင့္အေနနဲ႔ သင့္ကို တြန္းအားေပးႏိုင္မယ့္သူ၊ သင္မသိတာေတြကို သိေအာင္ေ၀မွ်ေပးႏိုင္မယ့္သူမ်ိဳးေတြနဲ႔ တြဲဖက္ၿပီး အလုပ္လုပ္ခ်င္မွာ ေသခ်ာပါတယ္။ သင့္ရဲ႕အသိမိတ္ေဆြေတြက ဒီလိုလူမ်ိဳးေတြဆိုရင္ေတာ့ ကံေကာင္းတယ္လို႔ ဆိုရပါလိမ့္မယ္။ ဒါ့ေပမယ့္ အားလံုးအဆင္ေျပေျပာ ေခ်ာေခ်ာေမြ႕ေမြ႕ ေရွ႕ဆက္ႏိုင္လိမ့္မယ္လို႔ေတာ့ တထစ္ခ်ယုံၾကည္မထားပါနဲ႔ဦး။ အခုေဖာ္ျပမယ့္ အခ်က္(၅)ခ်က္က သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ပူးေပါင္းလုပ္ငန္းတည္ေထာင္မယ့္သူေတြအတြက္ မသိမျဖစ္သိထားၿပီး သတိျပဳဆင္ျခင္သင့္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

၁။ သင့္လမ္းေၾကာင္းေပၚမွာပဲေနပါ။

သင့္ရဲ႕အခန္းက႑ကို အေစာႀကီးကတည္းက သတ္မွတ္ထားပါ။ သူငယ္ခ်င္းေတြနဲ႔တိုင္ပင္တဲ့အခ်ိန္မွာ အရာအားလံုး သဘာ၀က်က်ျဖစ္ေအာင္ ပူးေပါင္းေဆာင္ရြက္ခ်ဥ္းကပ္ပါ။ အေကာင္းဆံုးကေတာ့ အဖြဲ႕၀င္အျဖစ္နဲ႔ပါ၀င္သူတိုင္းဟာ လုပ္ငန္းအတြင္းမွာ သက္ဆိုင္ရာက႑ေတြကေန ပါ၀င္တာပဲျဖစ္ပါတယ္။ ဒါကို မွန္မွန္ကန္ကန္ဆံုးျဖတ္ႏိုင္ဖို႔အတြက္ သင္အပါအ၀င္အဖြဲ႕၀င္အားလံုးရဲ႕ အားသာခ်က္၊ အားနည္းခ်က္ေတြကို သိထားဖို႔လိုအပ္ၿပီး ဒီအခ်က္ေတြေပၚမွာမူတည္ၿပီး တာ၀န္ေတြခြဲေ၀သတ္မွတ္ရမွာ ျဖစ္ပါတယ္။ သက္ဆိုင္ရာလုပ္ငန္းတာ၀န္ေတြ ခြဲေ၀သတ္မွတ္ၿပီးရင္ေတာ့ အားလံုးကို ကိုယ့္တာ၀န္ကိုယ္ယူဖို႔ အားမနာတမ္းေျပာဖို႔လိုပါတယ္။

၂။ အစပိုင္းမွာကတည္းက အက်ိတ္အနယ္ေဆြးေႏြးပါ။

သင္တို႔ရဲ႕လုပ္ငန္းအတြက္ CEO တစ္ေယာက္၊ ထုတ္ကုန္တာ၀န္ခံတစ္ေယာက္၊ အေရာင္းတာ၀န္ခံတစ္ေယာက္ စသျဖင့္ သတ္သတ္မွတ္မွွတ္ရွိရမွာျဖစ္ပါတယ္။ ဒါေတြအတြက္ သင့္ေတာ္သူကို တာ၀န္ေပးႏိုင္ဖို႔ သူတို႔ရဲ႕အားနည္းခ်က္၊ အားသာခ်က္ေတြကို သိထားဖို႔လိုတယ္ဆိုတာ ေျပာၿပီးသားပါ။ အခုေျပာခ်င္တာက သူတို႔ရဲ႕ ရပိုင္ခြင့္၊ လစာ၊ ရာထူး၊ လုပ္ငန္းတာ၀န္စတဲ့ အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ေသခ်ာေဆြးေႏြးၿပီး သေဘာတူညီခ်က္ေတြ ရယူထားရမွာျဖစ္ပါတယ္။ ဒီကိစၥေဆြးေႏြးဖို႔ကို အခ်ိန္ၾကာၾကာေရႊ႕ဆိုင္းေလေလ၊ ေနာက္ပိုင္းမွာ စိတ္႐ႈပ္စရာေတြျဖစ္လာေလပါပဲ။

၃။ စီးပြားေရးလုပ္ငန္းဟာ ဒီမိုကေရစီဆန္လို႔ မရပါဘူး။

ကၽြန္ေတာ္တို႔ကေလးဘ၀တုန္းက သူငယ္ခ်င္းေတြနဲ႔ သာတူညီမွ် ခြဲေ၀တတ္ဖို႔ သင္ၾကားခဲ့သလို အရြယ္ေရာက္လာတဲ့အခါမွာလည္း ဒီမိုကေရစီစနစ္ဟာ အမွ်တဆံုးအစိုးရဖြဲ႕စည္းမႈပံုစံျဖစ္တယ္လို႔ သိလာခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ စီးပြားေရးလုပ္ငန္းတစ္ခုဟာ မူလတန္းေက်ာင္းတစ္ခုမဟုတ္သလို ႏိုင္ငံေတာ္တစ္ခုလည္း မဟုတ္ပါဘူး။ လုပ္ငန္းစတင္တည္ေထာင္သူအတြက္ မွ်တမႈဆိုတာ ဦးစားေပးစရာ အေရးကိစၥတစ္ခုမဟုတ္ပါဘူး။ အာဏာရွင္ေကာင္းတစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္ဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခုမွစတင္ထူေထာင္ေနတဲ့အဆင့္မွာ ကိစၥတိုင္းကို ေဆြးေႏြးၿပီး အမ်ားသေဘာတူျဖစ္မွ ေဆာင္ရြက္ေနလို႔မရပါဘူး။ ဟုတ္ပါတယ္။ အားလံုးရဲ႕သေဘာတူညီမႈကိုရယူတာက လြယ္ကူစိတ္ခ်ရတာမွန္ေပမယ့္ အခ်ိန္ေတြအလဟႆျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ဦးေဆာင္ထိန္းခ်ဳပ္မႈရယူၿပီး ေရွ႕ကိုေရာက္ေအာင္ ခ်ီတက္ပါ။

၄။ အျမင္သစ္ေတြက အေရးႀကီးပါတယ္။

သူငယ္ခ်င္းမိတ္ေဆြ စုေပါင္းၿပီး လုပ္ငန္းလုပ္ကိုင္ၾကတဲ့အခါမွာ သင္နဲ႔သင့္ရဲ႕သူငယ္ခ်င္းေတြၾကားမွာ တူညီမႈေတြရွိေနတတ္ပါတယ္။ တူညီတဲ့ေနာက္ခံ၊ ကိုယ္ရည္ကိုယ္ေသြး၊ ဘ၀အေတြ႕အၾကံဳ စတာေတြ ျဖစ္ပါတယ္။ ဒီလိုတူညီမႈေတြကို သင္တို႔ရဲ႕သူငယ္ခ်င္းမိတ္ေဆြအျဖစ္ကို ပိုမိုခိုင္ျမဲေစႏိုင္ေပမယ့္ စီးပြားေရးလုပ္တဲ့အခါမွာ ျပႆနာရွိႏိုင္ပါတယ္။ ဘာေၾကာင့္ဆို သင္မေတြးမိတဲ့အေရးကိစၥတစ္ခုကို သူတို႔လည္း ေတြးမိမွာမဟုတ္လို႔ပါ။ ဒါ့ေၾကာင့္ သင့္တို႔ရဲ႕လုပ္ငန္းအတြက္ ၀န္ထမ္းစတင္ခန္႔အပ္ခ်ိန္မွာ စိတ္ကူးသစ္ေတြ၊ အျမင္သစ္ေတြေပးႏိုင္သူမ်ိဳးကို ဦးစားေပးခန္႔အပ္ထားဖို႔လိုပါတယ္။

၅။ အားလံုးနဲ႔တိုင္ပင္ခြင့္ပိုရပါတယ္။

သင့္ရဲ႕မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ လုပ္ငန္းတစ္ခုစတင္ထူေထာင္တဲ့အခါမွာ သင္တို႔ရဲ႕ေန႔စဥ္လူမႈဘ၀ဟာ ဆန္းသစ္တဲ့စိတ္ကူးေတြအတြက္ ၾကားခံတစ္ခုျဖစ္လာပါတယ္။ သူငယ္ခ်င္းမိတ္ေဆြေတြျဖစ္တဲ့အတြက္ သင္တို႔ရဲ႕စိတ္ကူးသစ္၊ အၾကံဉာဏ္သစ္ေတြကို ညစာအတူစားရင္းနဲ႔ပဲျဖစ္ျဖစ္၊ ႐ုံးပိတ္ရက္မွာပဲျဖစ္ျဖစ္ ႐ုံးခန္းမဟုတ္တဲ့ ဘယ္ေနရာမွာမဆို တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။ ဒါဟာတကယ္ေကာင္းတဲ့ အခြင့္အေရးပါ။ ဒါေပမယ့္ တစ္ခုေတာ့ ဂရုစိုက္ရပါလိမ့္မယ္။ ေရရွည္လက္တြဲမွာမဟုတ္တဲ့သူေရွ႕မွာေတာ့ ဒါမ်ိဳးေတြေဆြးေႏြးလို႔ မျဖစ္ပါဘူး။

၆။ ဒီအခ်က္ကေတာ့ ေမတၱာလက္ေဆာင္ အၾကံျပဳခ်က္ျဖစ္ပါတယ္။ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ စီးပြားေရးလုပ္ငန္း ထူေထာင္တာက ေကာင္းပါတယ္။ ဘာမွမလုပ္တာထက္စာရင္ တစ္ခုခုကို ပူးေပါင္းလုပ္ေဆာင္တာက အေတြ႕အၾကံဳသစ္ေတြအမ်ားႀကီးရရွိေစမွာပါ။ ဒါ့အျပင္ သင့္ရဲ႕သူငယ္ခ်င္းေတြနဲ႔ အတူလုပ္ကိုင္ရတာကလည္း ပိုေကာင္းတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ အျမဲတမ္း အဆင္ေျပလြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ တစ္ခါတစ္ရံမွာ သင္တို႔ေတြက သူငယ္ခ်င္းမိတ္ေဆြေတြအျဖစ္ အဆင္ေျပေနေပမယ့္ စီးပြားေရးလုပ္တဲ့အခါမွာေတာ့ အားေလ်ာ့သြားတတ္ပါတယ္။ ဒီအခ်က္ကို ထည့္သြင္း စဥ္းစားထားၿပီး ေသခ်ာစီစဥ္ထားမယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈေတြကို အတူတကြဆြတ္ခူးႏိုင္မွာျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

မိတ်ဆွေများနှင့် ပူးတွဲလုပ်ငန်း မတည်ထောင်ခင် သိထားသင့်သော အချက်(၅)ခု

သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတစ်ခု ပူးပေါင်းတည်ထောင်တာဟာ တကယ်ကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေအများကြီးရှိတယ်ဆိုတာကိုတော့ မမေ့လိုက်ပါနဲ့။ သင့်အနေနဲ့ သင့်ကို တွန်းအားပေးနိုင်မယ့်သူ၊ သင်မသိတာတွေကို သိအောင်ဝေမျှပေးနိုင်မယ့်သူမျိုးတွေနဲ့ တွဲဖက်ပြီး အလုပ်လုပ်ချင်မှာ သေချာပါတယ်။ သင့်ရဲ့အသိမိတ်ဆွေတွေက ဒီလိုလူမျိုးတွေဆိုရင်တော့ ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ ဒါ့ပေမယ့် အားလုံးအဆင်ပြေပြော ချောချောမွေ့မွေ့ ရှေ့ဆက်နိုင်လိမ့်မယ်လို့တော့ တထစ်ချယုံကြည်မထားပါနဲ့ဦး။ အခုဖော်ပြမယ့် အချက်(၅)ချက်က သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပူးပေါင်းလုပ်ငန်းတည်ထောင်မယ့်သူတွေအတွက် မသိမဖြစ်သိထားပြီး သတိပြုဆင်ခြင်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ သင့်လမ်းကြောင်းပေါ်မှာပဲနေပါ။
သင့်ရဲ့အခန်းကဏ္ဍကို အစောကြီးကတည်းက သတ်မှတ်ထားပါ။ သူငယ်ချင်းတွေနဲ့တိုင်ပင်တဲ့အချိန်မှာ အရာအားလုံး သဘာဝကျကျဖြစ်အောင် ပူးပေါင်းဆောင်ရွက်ချဉ်းကပ်ပါ။ အကောင်းဆုံးကတော့ အဖွဲ့ဝင်အဖြစ်နဲ့ပါ၀င်သူတိုင်းဟာ လုပ်ငန်းအတွင်းမှာ သက်ဆိုင်ရာကဏ္ဍတွေကနေ ပါ၀င်တာပဲဖြစ်ပါတယ်။ ဒါကို မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့အတွက် သင်အပါအဝင်အဖွဲ့ဝင်အားလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိထားဖို့လိုအပ်ပြီး ဒီအချက်တွေပေါ်မှာမူတည်ပြီး တာဝန်တွေခွဲဝေသတ်မှတ်ရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာလုပ်ငန်းတာဝန်တွေ ခွဲဝေသတ်မှတ်ပြီးရင်တော့ အားလုံးကို ကိုယ့်တာဝန်ကိုယ်ယူဖို့ အားမနာတမ်းပြောဖို့လိုပါတယ်။

၂။ အစပိုင်းမှာကတည်းက အကျိတ်အနယ်ဆွေးနွေးပါ။
သင်တို့ရဲ့လုပ်ငန်းအတွက် CEO တစ်ယောက်၊ ထုတ်ကုန်တာဝန်ခံတစ်ယောက်၊ အရောင်းတာဝန်ခံတစ်ယောက် စသဖြင့် သတ်သတ်မှတ်မှှတ်ရှိရမှာဖြစ်ပါတယ်။ ဒါတွေအတွက် သင့်တော်သူကို တာဝန်ပေးနိုင်ဖို့ သူတို့ရဲ့အားနည်းချက်၊ အားသာချက်တွေကို သိထားဖို့လိုတယ်ဆိုတာ ပြောပြီးသားပါ။ အခုပြောချင်တာက သူတို့ရဲ့ ရပိုင်ခွင့်၊ လစာ၊ ရာထူး၊ လုပ်ငန်းတာဝန်စတဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သေချာဆွေးနွေးပြီး သဘောတူညီချက်တွေ ရယူထားရမှာဖြစ်ပါတယ်။ ဒီကိစ္စဆွေးနွေးဖို့ကို အချိန်ကြာကြာရွှေ့ဆိုင်းလေလေ၊ နောက်ပိုင်းမှာ စိတ်ရှုပ်စရာတွေဖြစ်လာလေပါပဲ။

၃။ စီးပွားရေးလုပ်ငန်းဟာ ဒီမိုကရေစီဆန်လို့ မရပါဘူး။
ကျွန်တော်တို့ကလေးဘဝတုန်းက သူငယ်ချင်းတွေနဲ့ သာတူညီမျှ ခွဲဝေတတ်ဖို့ သင်ကြားခဲ့သလို အရွယ်ရောက်လာတဲ့အခါမှာလည်း ဒီမိုကရေစီစနစ်ဟာ အမျှတဆုံးအစိုးရဖွဲ့စည်းမှုပုံစံဖြစ်တယ်လို့ သိလာခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုဟာ မူလတန်းကျောင်းတစ်ခုမဟုတ်သလို နိုင်ငံတော်တစ်ခုလည်း မဟုတ်ပါဘူး။ လုပ်ငန်းစတင်တည်ထောင်သူအတွက် မျှတမှုဆိုတာ ဦးစားပေးစရာ အရေးကိစ္စတစ်ခုမဟုတ်ပါဘူး။ အာဏာရှင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှစတင်ထူထောင်နေတဲ့အဆင့်မှာ ကိစ္စတိုင်းကို ဆွေးနွေးပြီး အများသဘောတူဖြစ်မှ ဆောင်ရွက်နေလို့မရပါဘူး။ ဟုတ်ပါတယ်။ အားလုံးရဲ့သဘောတူညီမှုကိုရယူတာက လွယ်ကူစိတ်ချရတာမှန်ပေမယ့် အချိန်တွေအလဟဿဖြစ်စေပါတယ်။ ဒါ့ကြောင့် ဦးဆောင်ထိန်းချုပ်မှုရယူပြီး ရှေ့ကိုရောက်အောင် ချီတက်ပါ။

၄။ အမြင်သစ်တွေက အရေးကြီးပါတယ်။
သူငယ်ချင်းမိတ်ဆွေ စုပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ကြတဲ့အခါမှာ သင်နဲ့သင့်ရဲ့သူငယ်ချင်းတွေကြားမှာ တူညီမှုတွေရှိနေတတ်ပါတယ်။ တူညီတဲ့နောက်ခံ၊ ကိုယ်ရည်ကိုယ်သွေး၊ ဘဝအတွေ့အကြုံ စတာတွေ ဖြစ်ပါတယ်။ ဒီလိုတူညီမှုတွေကို သင်တို့ရဲ့သူငယ်ချင်းမိတ်ဆွေအဖြစ်ကို ပိုမိုခိုင်မြဲစေနိုင်ပေမယ့် စီးပွားရေးလုပ်တဲ့အခါမှာ ပြဿနာရှိနိုင်ပါတယ်။ ဘာကြောင့်ဆို သင်မတွေးမိတဲ့အရေးကိစ္စတစ်ခုကို သူတို့လည်း တွေးမိမှာမဟုတ်လို့ပါ။ ဒါ့ကြောင့် သင့်တို့ရဲ့လုပ်ငန်းအတွက် ၀န်ထမ်းစတင်ခန့်အပ်ချိန်မှာ စိတ်ကူးသစ်တွေ၊ အမြင်သစ်တွေပေးနိုင်သူမျိုးကို ဦးစားပေးခန့်အပ်ထားဖို့လိုပါတယ်။

၅။ အားလုံးနဲ့တိုင်ပင်ခွင့်ပိုရပါတယ်။
သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လုပ်ငန်းတစ်ခုစတင်ထူထောင်တဲ့အခါမှာ သင်တို့ရဲ့နေ့စဉ်လူမှုဘဝဟာ ဆန်းသစ်တဲ့စိတ်ကူးတွေအတွက် ကြားခံတစ်ခုဖြစ်လာပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေဖြစ်တဲ့အတွက် သင်တို့ရဲ့စိတ်ကူးသစ်၊ အကြံဉာဏ်သစ်တွေကို ညစာအတူစားရင်းနဲ့ပဲဖြစ်ဖြစ်၊ ရုံးပိတ်ရက်မှာပဲဖြစ်ဖြစ် ရုံးခန်းမဟုတ်တဲ့ ဘယ်နေရာမှာမဆို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဒါဟာတကယ်ကောင်းတဲ့ အခွင့်အရေးပါ။ ဒါပေမယ့် တစ်ခုတော့ ဂရုစိုက်ရပါလိမ့်မယ်။ ရေရှည်လက်တွဲမှာမဟုတ်တဲ့သူရှေ့မှာတော့ ဒါမျိုးတွေဆွေးနွေးလို့ မဖြစ်ပါဘူး။

၆။ ဒီအချက်ကတော့ မေတ္တာလက်ဆောင် အကြံပြုချက်ဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စီးပွားရေးလုပ်ငန်း ထူထောင်တာက ကောင်းပါတယ်။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုကို ပူးပေါင်းလုပ်ဆောင်တာက အတွေ့အကြံုသစ်တွေအများကြီးရရှိစေမှာပါ။ ဒါ့အပြင် သင့်ရဲ့သူငယ်ချင်းတွေနဲ့ အတူလုပ်ကိုင်ရတာကလည်း ပိုကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း အဆင်ပြေလွယ်ကူမှာတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ သင်တို့တွေက သူငယ်ချင်းမိတ်ဆွေတွေအဖြစ် အဆင်ပြေနေပေမယ့် စီးပွားရေးလုပ်တဲ့အခါမှာတော့ အားလျော့သွားတတ်ပါတယ်။ ဒီအချက်ကို ထည့်သွင်း စဉ်းစားထားပြီး သေချာစီစဉ်ထားမယ်ဆိုရင်တော့ အောင်မြင်မှုတွေကို အတူတကွဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%