ျဖဴစင္လွပတ့ဲ သြားေတြနဲ႔ ေတာက္ပတ့ဲအျပံဳးဟာ သင့္ကိုပိုၿပီး ၾကည့္ေကာင္းေစ႐ုံသာမက အမ်ိဳးသမီးေတြကို ပိုဆြဲေဆာင္ႏိုင္ပါတယ္။ ေလ့လာမႈေတြအရ ေျပာရရင္ (၇၁)ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားတစ္ေယာက္ရဲ႕သြားကို ၾကည့္ၿပီး စိတ္ထဲကအမွတ္ေပးအကဲျဖတ္တတ္ၾကတယ္လို႔ သိရပါတယ္။ ဒါတင္ပဲလား ? မဟုတ္ေသးပါဘူး။ သြားေလးေတြျဖဴေဖြးေတာက္ပမႈေၾကာင့္ အလုပ္အကိုင္ေကာင္းရရွိ (၅၈)ရာခိုင္ႏႈန္းနဲ႕ ရာထူးလစာတိုးဖို႔ (၅၃) ရာခိုင္ႏႈန္း အခြင့္အေရးပိုမ်ားတယ္လို႔လည္း ေလ့လာေတြ႕ရွိထားပါတယ္။ ဒီေတာ့ သြားေလးေတြျဖဴစင္လွပဖို႔ အေရးႀကီးကိစၥတစ္ခုျဖစ္လာပါၿပီ။
သြားျဖဴစင္ဖို႕အတြက္ သြားတိုက္ေဆးအေကာင္းစားေတြ၊ ခံတြင္းသန္႔စင္ေဆးရည္ေတြနဲ႕ အထူးကုသမႈေတြခံယူစရာမလိုပဲ လြယ္ကူ႐ုိးရွင္းတ့ဲ ေဆာင္ရန္ေရွာင္ရန္ (၉)ခုကိုတင္ျပေပးလိုက္ပါတယ္။
ေရွာင္ရန္ (၃)ခ်က္
(၁) မုန္႔ဖုတ္ဆိုဒါ မသုံးပါနဲ႕။
မုန္႔ဖုတ္ဆိုဒါက အိမ္သုံးပစၥည္းေတြသန္႔ရွင္းရာမွာ အစြမ္းထက္ပါတယ္။ ဒါေပမယ့္ သြားသန္႔ရွင္း ျဖဴစင္ဖို႔ေတာ့ သုံးလို႔မရပါဘူး။ မုန္႔ဖုတ္ဆိုဒါ ဟာ အရမ္းျပင္းလြန္းတာေၾကာင့္ သြားရဲ႕အေပၚယံေၾကြလႊာေတြကို ပ်က္စီးၿပီး ထိခိုက္ေစႏိုင္ပါတယ္။
(၂) အနက္ေရာင္ခ်ယ္ပါတ့ဲ စားစရာေတြေရွာင္ပါ။
ဘလူးဘယ္ရီတို႔ ပဲငပိတို႔လို စားစရာေတြမွာ အနက္ေရာင္ခ်ယ္ေတြပါ၀င္တာေၾကာင့္ သြားေတြမွာ စြန္းထင္းေစပါတယ္။ ဒါ့ေၾကာင့္ အနက္ေရာင္ခ်ယ္ပါ၀င္မႈႏႈန္းမ်ားတ့ဲ စားစရာေတြကို ေရွာင္သင့္ပါတယ္။
(၃) အားျဖည့္အခ်ိဳရည္ေတြကို ေမာ့မေသာက္ပါနဲ႕။
ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ ၀ိုင္ေတြက သြားျဖဴစင္မႈကို အဟန္႔အထားျဖစ္ေစႏိုင္သလို အားျဖည့္အခ်ိဳရည္ေတြကလည္း သင့္သြားေတြကို ၀ါသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္ အခ်ိဳရည္ေသာက္ခ်င္တယ္ဆိုရင္ ဒီအတိုင္းေမာ့ေသာက္တာထက္ ပိုက္နဲ႔စုပ္ေသာက္မယ္ဆိုရင္ သြားျဖဴစင္လွပမႈကို ထိန္းသိမ္းထားႏိုင္မွာ ျဖစ္ပါတယ္။
ေဆာင္ရန္ (၆) ခ်က္
(၁) သြားတိုက္တံကို မၾကာခဏလဲသုံးပါ။
သင္သုံးေနတဲ့ သြားတိုက္တံရဲ႕အမွ်င္ေလးေတြ ေကြးလာၿပီဆိုတာနဲ႕ အသစ္လဲသုံးဖို႔ လိုေနပါၿပီ။ သြားတိုက္တံ မေကာင္းေတာ့ရင္ သြားေတြကို ေကာင္းေကာင္းသန္႔ရွင္းေပးႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ သြားတိုက္တံကို ၃ လ တစ္ႀကိမ္ေလာက္ အသစ္လဲသုံးေပးဖို႔ အၾကံျပဳလိုက္ပါတယ္။
(၂) လွ်ာကိုပါ သန္႔ရွင္းပါ။
သင္လွ်ာမွာ ဘက္တီးရီးယားေတြ အမ်ားႀကီးစုပုံေနႏိုင္ၿပီး အ့ဲဒီဘက္တီးရီးယာေတြက သြားေတြကိုပါ အေရာင္ေျပာင္းေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သြားတိုက္တ့ဲအခါ လွ်ာကိုပါတိုက္ေပးမယ္ဆိုရင္ ခံတြင္းနံ႔ေကာင္းေစရုံသာမက သြားေတြကိုပါ ျဖဴေနေစမွာျဖစ္ပါတယ္။ လွ်ာကိုသြားတိုက္တံနဲ႔တိုက္တ့ဲအခါမွာ တစ္ခ်က္တိုက္ၿပီးတိုင္း ေရျပန္ေဆးဖို႔လိုပါလိမ့္မယ္။ ေရျပန္မေဆးပဲ ေနာက္တစ္ခ်က္ထပ္တိုက္ရင္ ပထမအခ်က္မွာ ပါသြားတ့ဲ ဘက္တီးရီးယားေတြက ျပန္ပါလာမွာျဖစ္တ့ဲအတြက္ ဘာမွထူးမွာမဟုတ္ပါဘူး။
(၃) ပန္းသီးရွာလကာရည္ျဖင့္ပလုပ္က်င္းပါ။
အျခားနည္းလမ္းေတြ အက်ိဳးသက္ေရာက္မႈမရွိလို႔ စိတ္ညစ္မေနပါနဲ႕။ ပန္းသီးရွာလကာရည္ ၁ ဆ ကို ေရ ၂ ဆ နဲ႕ေရာၿပီး ပလုပ္က်င္းေပးရင္လည္း သြားေလးေတြ ျဖဴေဖြးသန္႔စင္လာမွာျဖစ္ပါတယ္။
(၄) အသီးအႏွံနဲ႕ဟင္းသီးဟင္းရြက္ေတြစားေပးပါ။
အသီးအႏွံနဲ႕ ဟင္းသီးဟင္းရြက္အမ်ိဳးမ်ိဳးကို အစိမ္းစားတာဟာ ခႏၶာကိုယ္က်န္းမာေရးအတြက္သာမက သြားေတြျဖဴစင္ဖို႔ကိုပါ အေထာက္အကူျဖစ္ပါတယ္။ ပန္းသီး၊ မုန္လာဥ၊ ပန္းေဂၚဖီတို႔ဟာ သြားေပၚက အစြန္းေတြကို ကၽြတ္ေစ႐ုံသာမက သြားပိုးေပါက္ျဖစ္တာကိုပါ ကာကြယ္ေပးႏိုင္ပါတယ္။
(၅) ဂ်ယ္သြားတိုက္ေဆးကို အသုံးျပဳပါ။
ဂ်ယ္လ္သြားတိုက္ေဆးေတြက ႐ုိး႐ုိးသြားတိုက္ေဆးေတြထက္ စိမ့္၀င္ပ်ံ႕ႏွံ႔မႈေကာင္းတာေၾကာင့္ သြားေတြကို ေနရာလပ္မက်န္ေအာင္ျဖဴေဖြးေတာက္ပလာေစမွာ ျဖစ္ပါတယ္။
(၆) လိေမၼာ္သီးစားၿပီးတိုင္း ပလုပ္က်င္းပါ။
လိေမၼာ္သီး၊ ေရွာက္သီးတို႔လိုမ်ိဳး အခ်ဥ္ဓာတ္မ်ားတ့ဲ အသီးေတြက ဗီတာမင္စီ ရရွိဖို႔စားသုံးသင့္ပါတယ္။ ဒါေပမယ့္ သူတို႔မွာပါ၀င္တ့ဲ အက္စစ္ဓာတ္က သြားရဲ႕အေပၚယံလႊာကို ပ်က္စီးေစတာေၾကာင့္ သြားမွာအေရာင္ေတြစြန္းထင္းလာေစပါတယ္။ ဒါေၾကာင့္ အခ်ဥ္ဓာတ္ပါတ့ဲ အသီးေတြစားၿပီးတိုင္ ပလုပ္က်င္းပါလို႔ အၾကံျပဳလိုက္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ဖြူစင်လှပတဲ့သွားတွေဖြစ်ဖို့ ဆောင်ရန် ရှောင်ရန်များ
ဖြူစင်လှပတဲ့ သွားတွေနဲ့ တောက်ပတဲ့အပြုံးဟာ သင့်ကိုပိုပြီး ကြည့်ကောင်းစေရုံသာမက အမျိုးသမီးတွေကို ပိုဆွဲဆောင်နိုင်ပါတယ်။ လေ့လာမှုတွေအရ ပြောရရင် (၇၁)ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်ရဲ့သွားကို ကြည့်ပြီး စိတ်ထဲကအမှတ်ပေးအကဲဖြတ်တတ်ကြတယ်လို့ သိရပါတယ်။ ဒါတင်ပဲလား ? မဟုတ်သေးပါဘူး။ သွားလေးတွေဖြူဖွေးတောက်ပမှုကြောင့် အလုပ်အကိုင်ကောင်းရရှိ (၅၈)ရာခိုင်နှုန်းနဲ့ ရာထူးလစာတိုးဖို့ (၅၃) ရာခိုင်နှုန်း အခွင့်အရေးပိုများတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။ ဒီတော့ သွားလေးတွေဖြူစင်လှပဖို့ အရေးကြီးကိစ္စတစ်ခုဖြစ်လာပါပြီ။
သွားဖြူစင်ဖို့အတွက် သွားတိုက်ဆေးအကောင်းစားတွေ၊ ခံတွင်းသန့်စင်ဆေးရည်တွေနဲ့ အထူးကုသမှုတွေခံယူစရာမလိုပဲ လွယ်ကူရိုးရှင်းတဲ့ ဆောင်ရန်ရှောင်ရန် (၉)ခုကိုတင်ပြပေးလိုက်ပါတယ်။
ရှောင်ရန် (၃)ချက်
(၁) မုန့်ဖုတ်ဆိုဒါ မသုံးပါနဲ့။
မုန့်ဖုတ်ဆိုဒါက အိမ်သုံးပစ္စည်းတွေသန့်ရှင်းရာမှာ အစွမ်းထက်ပါတယ်။ ဒါပေမယ့် သွားသန့်ရှင်း ဖြူစင်ဖို့တော့ သုံးလို့မရပါဘူး။ မုန့်ဖုတ်ဆိုဒါ ဟာ အရမ်းပြင်းလွန်းတာကြောင့် သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပျက်စီးပြီး ထိခိုက်စေနိုင်ပါတယ်။
(၂) အနက်ရောင်ချယ်ပါတဲ့ စားစရာတွေရှောင်ပါ။
ဘလူးဘယ်ရီတို့ ပဲငပိတို့လို စားစရာတွေမှာ အနက်ရောင်ချယ်တွေပါ၀င်တာကြောင့် သွားတွေမှာ စွန်းထင်းစေပါတယ်။ ဒါ့ကြောင့် အနက်ရောင်ချယ်ပါ၀င်မှုနှုန်းများတဲ့ စားစရာတွေကို ရှောင်သင့်ပါတယ်။
(၃) အားဖြည့်အချိုရည်တွေကို မော့မသောက်ပါနဲ့။
ကော်ဖီ၊ လက်ဖက်ရည်နဲ့ ၀ိုင်တွေက သွားဖြူစင်မှုကို အဟန့်အထားဖြစ်စေနိုင်သလို အားဖြည့်အချိုရည်တွေကလည်း သင့်သွားတွေကို ၀ါသွားစေနိုင်ပါတယ်။ ဒါကြောင့် အချိုရည်သောက်ချင်တယ်ဆိုရင် ဒီအတိုင်းမော့သောက်တာထက် ပိုက်နဲ့စုပ်သောက်မယ်ဆိုရင် သွားဖြူစင်လှပမှုကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
ဆောင်ရန် (၆) ချက်
(၁) သွားတိုက်တံကို မကြာခဏလဲသုံးပါ။
သင်သုံးနေတဲ့ သွားတိုက်တံရဲ့အမျှင်လေးတွေ ကွေးလာပြီဆိုတာနဲ့ အသစ်လဲသုံးဖို့ လိုနေပါပြီ။ သွားတိုက်တံ မကောင်းတော့ရင် သွားတွေကို ကောင်းကောင်းသန့်ရှင်းပေးနိုင်တော့မှာ မဟုတ်ပါဘူး။ သွားတိုက်တံကို ၃ လ တစ်ကြိမ်လောက် အသစ်လဲသုံးပေးဖို့ အကြံပြုလိုက်ပါတယ်။
(၂) လျှာကိုပါ သန့်ရှင်းပါ။
သင်လျှာမှာ ဘက်တီးရီးယားတွေ အများကြီးစုပုံနေနိုင်ပြီး အဲ့ဒီဘက်တီးရီးယာတွေက သွားတွေကိုပါ အရောင်ပြောင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ပေးမယ်ဆိုရင် ခံတွင်းနံ့ကောင်းစေရုံသာမက သွားတွေကိုပါ ဖြူနေစေမှာဖြစ်ပါတယ်။ လျှာကိုသွားတိုက်တံနဲ့တိုက်တဲ့အခါမှာ တစ်ချက်တိုက်ပြီးတိုင်း ရေပြန်ဆေးဖို့လိုပါလိမ့်မယ်။ ရေပြန်မဆေးပဲ နောက်တစ်ချက်ထပ်တိုက်ရင် ပထမအချက်မှာ ပါသွားတဲ့ ဘက်တီးရီးယားတွေက ပြန်ပါလာမှာဖြစ်တဲ့အတွက် ဘာမှထူးမှာမဟုတ်ပါဘူး။
(၃) ပန်းသီးရှာလကာရည်ဖြင့်ပလုပ်ကျင်းပါ။
အခြားနည်းလမ်းတွေ အကျိုးသက်ရောက်မှုမရှိလို့ စိတ်ညစ်မနေပါနဲ့။ ပန်းသီးရှာလကာရည် ၁ ဆ ကို ရေ ၂ ဆ နဲ့ရောပြီး ပလုပ်ကျင်းပေးရင်လည်း သွားလေးတွေ ဖြူဖွေးသန့်စင်လာမှာဖြစ်ပါတယ်။
(၄) အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေစားပေးပါ။
အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးကို အစိမ်းစားတာဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက သွားတွေဖြူစင်ဖို့ကိုပါ အထောက်အကူဖြစ်ပါတယ်။ ပန်းသီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီတို့ဟာ သွားပေါ်က အစွန်းတွေကို ကျွတ်စေရုံသာမက သွားပိုးပေါက်ဖြစ်တာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဂျယ်သွားတိုက်ဆေးကို အသုံးပြုပါ။
ဂျယ်လ်သွားတိုက်ဆေးတွေက ရိုးရိုးသွားတိုက်ဆေးတွေထက် စိမ့်ဝင်ပျံ့နှံ့မှုကောင်းတာကြောင့် သွားတွေကို နေရာလပ်မကျန်အောင်ဖြူဖွေးတောက်ပလာစေမှာ ဖြစ်ပါတယ်။
(၆) လိမ္မော်သီးစားပြီးတိုင်း ပလုပ်ကျင်းပါ။
လိမ္မော်သီး၊ ရှောက်သီးတို့လိုမျိုး အချဉ်ဓာတ်များတဲ့ အသီးတွေက ဗီတာမင်စီ ရရှိဖို့စားသုံးသင့်ပါတယ်။ ဒါပေမယ့် သူတို့မှာပါ၀င်တဲ့ အက်စစ်ဓာတ်က သွားရဲ့အပေါ်ယံလွှာကို ပျက်စီးစေတာကြောင့် သွားမှာအရောင်တွေစွန်းထင်းလာစေပါတယ်။ ဒါကြောင့် အချဉ်ဓာတ်ပါတဲ့ အသီးတွေစားပြီးတိုင် ပလုပ်ကျင်းပါလို့ အကြံပြုလိုက်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================