လက္တြဲေဖာ္အမ်ိဳးသမီးကို ေလးစားသမႈနဲ႔ ဆက္ဆံတတ္ဖို႔

ခ်စ္သူရည္းစားဆက္ဆံေရးမွာပဲျဖစ္ျဖစ္၊ လင္မယားခ်င္း ဆက္ဆံေရးမွာပဲျဖစ္ျဖစ္ အျပန္အလွန္ ခ်စ္ခင္႐ုံ သာမက ေလးစားတတ္ဖို႔လည္း လိုအပ္ပါတယ္။ သင့္ရဲ႕လက္တြဲေဖာ္အမ်ိဳးသမီးကို ခ်စ္ေန႐ုံနဲ႔ မလုံေလာက္ ပါဘူး။ သူမကို ေလးစားသမႈမရွိဘူးဆိုရင္ ေရရွည္ဆက္ဆံေရးမွာ ထိခိုက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသား ေတြအတြက္ ဘ၀လက္တြဲေဖာ္အမ်ိဳးသမီးကို ဘယ္လို ေလးစားသမႈရွိသင့္လဲဆိုတာကို စုစည္း ေဖာ္ျပ လိုက္ပါတယ္။

၁။ သူမရဲ႕စိတ္ကူးေတြကို ေလးစားပါ။

အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႔ ေတြးေခၚပံုခ်င္းေတြ မတူညီတတ္ၾကပါဘူး။ သူတို႔မွာ ကြဲျပားတဲ့ အရည္အေသြးေတြရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အေတြးအေခၚနဲ႔ စိတ္ကူးေတြကိုပဲ ဇြတ္အတင္း အတည္ျပဳဖို႔ ႀကိဳးစားမေနပဲ သူမရဲ႕အေတြးစိတ္ကူးေတြကိုလည္း တေလးတစား နားေထာင္ေပးသင့္ပါတယ္။

၂။ သူမရဲ႕ေနရာကို ေလးစားပါ။

တစ္ခါတစ္ေလမွာ အမ်ိဳးသမီးေတြက သင္အပါအ၀င္ ဘယ္သူနဲ႔မွစကားေျပာဆို ဆက္ဆံတာမ်ိဳးမလုပ္ပဲ တစ္ေယာက္တည္းေနခ်င္တာမ်ိဳး ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ သူမကိုေနရာေပးထားဖို႔ အေရးႀကီးပါတယ္။ ဒီအခ်ိန္မွာ သင့္ကိုအာ႐ုံစိုက္ေနမယ္လို႔လည္း မေမွ်ာ္လင့္ပါနဲ႔။ တကယ္လို႔ သင့္ရဲ႕လက္တြဲေဖာ္အမ်ိဳးသမီးဟာ အလုပ္အကိုင္ရွိခဲ့မယ္ဆိုရင္ သင္စကားေျပာခ်င္တိုင္း ဖုန္းေခၚေနလို႔မျဖစ္ပါဘူး။ ဒီလိုလုပ္တာဟာ ခ်စ္တာမဟုတ္ပဲ သူမကို ေႏွာက္ယွက္ရာေရာက္ပါတယ္။

၃။ သူမရဲ႕အယူအဆေတြကို ေလးစားပါ။

သင့္ရဲ႕အမ်ိဳးသမီးဟာ သင့္ထက္ပညာအရည္အခ်င္းနိမ့္ပါးတာမ်ိဳး၊ ျပင္ပကမာၻနဲ႔ ထိေတြ႕ဆက္ဆံမႈနည္းတာမ်ိဳး ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ ဒီလိုအေျခအေနမ်ိဳးမွာ သင့္ရဲ႕အယူအဆေတြကိုပဲ အမွန္လုိ႔သတ္မွတ္ဖို႔ အခြင့္အေရး ရွိတယ္လို႔ မထင္လိုက္ပါနဲ႔။ ဒီလိုသတ္မွတ္မယ္ဆိုရင္ေတာ့ အရမ္းကိုတဖက္သတ္ဆန္လြန္းသြားပါလိမ့္မယ္။ သူမက တစ္ခုခုေျပာလာခ်ိန္မွာ နားေထာင္ေပးပါ။ သူမရဲ႕အယူအဆကို သေဘာမတူဘူးဆိုရင္ေတာင္မွ က်ိဳးသင့္ ေၾကာင္းသင့္ ျပန္ရွင္းျပေပးဖို႔ လိုပါတယ္။

၄။ သူမရဲ႕အသိမိတ္ေဆြေတြနဲ႔ မိသားစုကိုေလးစားပါ။

အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕အသိမိတ္ေဆြသူငယ္ခ်င္းေတြ၊ မိသားစု၀င္ေတြက ေႏြးေထြးတယ္လို႔ ထင္တတ္ၾက ပါတယ္။ သူမရဲ႕အသိအကၽြမ္းေတြထဲကပဲျဖစ္ျဖစ္၊ ေဆြမ်ိဳးသားခ်င္းထဲကပဲျဖစ္ျဖစ္ ၾကားစကားေတြေျပာတာမ်ိဳး ေတြက သင့္တို႔ရဲ႕ခ်စ္ျခင္းမွာ အဖုအထစ္ေတြျဖစ္လာႏိုင္ေစပါတယ္။ ဒါ့ေၾကာင့္ သူမအသိုင္းအ၀ိုင္းကိုလည္း သင့္ရဲ႕အသိုင္းအ၀ိုင္းလိုပဲ အခြင့္အေရးရတိုင္း ဂ႐ုစိုက္ဆက္ဆံေပးဖို႔လိုအပ္ပါတယ္။ သူမရဲ႕ သူငယ္ခ်င္းေတြ၊ ေဆြမ်ိဳးေတြနဲ႔ ပတ္သက္ၿပီး မေကာင္းေျပာတာတို႔၊ မဆက္သြယ္ပဲေနခိုင္းတာတို႔ေတြကို ေရွာင္ပါ။

၅။ သူမကိုလည္း ေလးစားပါ။

သင့္လက္တြဲဖို႔အမ်ိဳးသမီးကို အိပ္ခန္းနဲ႔ မီးဖိုခန္းမွာ အသံုးေတာ္ခံဖို႔ အရာ၀တၳဳတစ္ခုအေနနဲ႔ ဆက္ဆံတာဟာ အဆိုးရြားဆံုး ကိစၥျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သူမကို ဂ႐ုတစိုက္ရွိေၾကာင္းေဖာ္ျပၿပီး ခ်စ္ခင္ၾကင္နာဖို႔ လိုအပ္ပါတယ္။ လိုအပ္ေနခ်ိန္မွာ ရွိေနေပးတာ၊ က်ိဳးေၾကာင္းသင့္ျမတ္တဲ့ကိစၥတစ္ခုကိုေျပာျပေနရင္ နားေထာင္ ေပးတာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

အမ်ိဳးသမီးတစ္ေယာက္ကို ေလးစားသမႈနဲ႔ဆက္ဆံတာဟာ သူမကိုအရွိအတိုင္းခ်စ္ခင္ေၾကာင္း ေဖာ္ျပရာ ေရာက္ၿပီး သူမရဲ႕ႏွလံုးသားကို သိမ္းပိုက္ထားႏိုင္မယ့္ အျမန္ဆံုးနဲ႔ အလြယ္ဆံုးနည္းလမ္းလည္း ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

လက်တွဲဖော်အမျိုးသမီးကို လေးစားသမှုနဲ့ ဆက်ဆံတတ်ဖို့

ချစ်သူရည်းစားဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လင်မယားချင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ် အပြန်အလှန် ချစ်ခင်ရုံ သာမက လေးစားတတ်ဖို့လည်း လိုအပ်ပါတယ်။ သင့်ရဲ့လက်တွဲဖော်အမျိုးသမီးကို ချစ်နေရုံနဲ့ မလုံလောက် ပါဘူး။ သူမကို လေးစားသမှုမရှိဘူးဆိုရင် ရေရှည်ဆက်ဆံရေးမှာ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသား တွေအတွက် ဘဝလက်တွဲဖော်အမျိုးသမီးကို ဘယ်လို လေးစားသမှုရှိသင့်လဲဆိုတာကို စုစည်း ဖော်ပြ လိုက်ပါတယ်။

၁။ သူမရဲ့စိတ်ကူးတွေကို လေးစားပါ။
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တွေးခေါ်ပုံချင်းတွေ မတူညီတတ်ကြပါဘူး။ သူတို့မှာ ကွဲပြားတဲ့ အရည်အသွေးတွေရှိတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အတွေးအခေါ်နဲ့ စိတ်ကူးတွေကိုပဲ ဇွတ်အတင်း အတည်ပြုဖို့ ကြိုးစားမနေပဲ သူမရဲ့အတွေးစိတ်ကူးတွေကိုလည်း တလေးတစား နားထောင်ပေးသင့်ပါတယ်။

၂။ သူမရဲ့နေရာကို လေးစားပါ။
တစ်ခါတစ်လေမှာ အမျိုးသမီးတွေက သင်အပါအဝင် ဘယ်သူနဲ့မှစကားပြောဆို ဆက်ဆံတာမျိုးမလုပ်ပဲ တစ်ယောက်တည်းနေချင်တာမျိုး ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူမကိုနေရာပေးထားဖို့ အရေးကြီးပါတယ်။ ဒီအချိန်မှာ သင့်ကိုအာရုံစိုက်နေမယ်လို့လည်း မမျှော်လင့်ပါနဲ့။ တကယ်လို့ သင့်ရဲ့လက်တွဲဖော်အမျိုးသမီးဟာ အလုပ်အကိုင်ရှိခဲ့မယ်ဆိုရင် သင်စကားပြောချင်တိုင်း ဖုန်းခေါ်နေလို့မဖြစ်ပါဘူး။ ဒီလိုလုပ်တာဟာ ချစ်တာမဟုတ်ပဲ သူမကို နှောက်ယှက်ရာရောက်ပါတယ်။

၃။ သူမရဲ့အယူအဆတွေကို လေးစားပါ။
သင့်ရဲ့အမျိုးသမီးဟာ သင့်ထက်ပညာအရည်အချင်းနိမ့်ပါးတာမျိုး၊ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံမှုနည်းတာမျိုး ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့အယူအဆတွေကိုပဲ အမှန်လို့သတ်မှတ်ဖို့ အခွင့်အရေး ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ဒီလိုသတ်မှတ်မယ်ဆိုရင်တော့ အရမ်းကိုတဖက်သတ်ဆန်လွန်းသွားပါလိမ့်မယ်။ သူမက တစ်ခုခုပြောလာချိန်မှာ နားထောင်ပေးပါ။ သူမရဲ့အယူအဆကို သဘောမတူဘူးဆိုရင်တောင်မှ ကျိုးသင့် ကြောင်းသင့် ပြန်ရှင်းပြပေးဖို့ လိုပါတယ်။
၄။ သူမရဲ့အသိမိတ်ဆွေတွေနဲ့ မိသားစုကိုလေးစားပါ။
အမျိုးသမီးတွေဟာ သူတို့ရဲ့အသိမိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေက နွေးထွေးတယ်လို့ ထင်တတ်ကြ ပါတယ်။ သူမရဲ့အသိအကျွမ်းတွေထဲကပဲဖြစ်ဖြစ်၊ ဆွေမျိုးသားချင်းထဲကပဲဖြစ်ဖြစ် ကြားစကားတွေပြောတာမျိုး တွေက သင့်တို့ရဲ့ချစ်ခြင်းမှာ အဖုအထစ်တွေဖြစ်လာနိုင်စေပါတယ်။ ဒါ့ကြောင့် သူမအသိုင်းအဝိုင်းကိုလည်း သင့်ရဲ့အသိုင်းအဝိုင်းလိုပဲ အခွင့်အရေးရတိုင်း ဂရုစိုက်ဆက်ဆံပေးဖို့လိုအပ်ပါတယ်။ သူမရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး မကောင်းပြောတာတို့၊ မဆက်သွယ်ပဲနေခိုင်းတာတို့တွေကို ရှောင်ပါ။

၅။ သူမကိုလည်း လေးစားပါ။
သင့်လက်တွဲဖို့အမျိုးသမီးကို အိပ်ခန်းနဲ့ မီးဖိုခန်းမှာ အသုံးတော်ခံဖို့ အရာဝတ္ထုတစ်ခုအနေနဲ့ ဆက်ဆံတာဟာ အဆိုးရွားဆုံး ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် သူမကို ဂရုတစိုက်ရှိကြောင်းဖော်ပြပြီး ချစ်ခင်ကြင်နာဖို့ လိုအပ်ပါတယ်။ လိုအပ်နေချိန်မှာ ရှိနေပေးတာ၊ ကျိုးကြောင်းသင့်မြတ်တဲ့ကိစ္စတစ်ခုကိုပြောပြနေရင် နားထောင် ပေးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

အမျိုးသမီးတစ်ယောက်ကို လေးစားသမှုနဲ့ဆက်ဆံတာဟာ သူမကိုအရှိအတိုင်းချစ်ခင်ကြောင်း ဖော်ပြရာ ရောက်ပြီး သူမရဲ့နှလုံးသားကို သိမ်းပိုက်ထားနိုင်မယ့် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလည်း ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%