(၁၉၇၂)ခုႏွစ္မွာ Jim Cathcart ဟာ အာကန္းဆပ္အိမ္ရာအာဏာပိုင္လုပ္ငန္းတစ္ခုမွာ ၀န္ထမ္းအျဖစ္ အလုပ္လုပ္ခဲ့ၿပီး တစ္လကို လစာ (၅၂၅)ေဒၚလာရပါတယ္။ အိမ္ေထာင္ရွိကေလးတစ္ေယာက္ဖခင္ျဖစ္ၿပီး ဘြဲ႕ရပညာတတ္မဟုတ္သလို ေအာင္ျမင္မႈလည္း မ်ားမ်ားစားစားမရွိ အနာဂတ္အတြက္လည္း ဘာအစီအစဥ္မွ မရွိသူတစ္ဦးျဖစ္ခဲ့ပါတယ္။
တစ္မနက္မွာေတာ့ Jim ဟာ သူ႔ရုံးခန္းထဲမွာထိုင္ၿပီး ေရဒီယိုနားေထာင္ေနခဲ့ပါတယ္။ ဒီအခ်ိန္မွာ ေရဒီယိုကေန လူသိမ်ားတဲ့ စိတ္ဓာတ္လႈံ႕ေဆာ္ေရးေဟာေျပာသူတစ္ဦးျဖစ္တဲ့ Earl Nightingale ရဲ႕ Our Changing World အစီအစဥ္လာေနတာျဖစ္ပါတယ္။ ဒီအစီအစဥ္ကိုနားေထာင္ရင္းနဲ႔ Earl Nightingale ရဲ႕ စကားတစ္ခြန္းျဖစ္တဲ့ တစ္ေန႔မွာတစ္နာရီ ကိုယ္စိတ္ပါ၀င္စာတဲ့နယ္ပယ္နဲ႔ပတ္သက္တဲ့အေၾကာင္းအရာကို ဖတ္႐ႈမယ္ဆိုရင္ ေနာက္ငါးႏွစ္အတြင္းမွာ အဲဒီနယ္ပယ္နဲ႔ ပတ္သက္ၿပီး ကၽြမ္းက်င္ပညာရွင္တစ္ေယာက္ျဖစ္လာႏိုင္တယ္ဆိုတဲ့ စကားက Jim အတြက္ ေတြးစရာေတြျဖစ္လာခဲ့ပါတယ္။
ဒီအေၾကာင္းကို သူေတြးေလေလ၊ သေဘာက်ေလေလျဖစ္ေနခဲ့ပါတယ္။ သူ႔အေနနဲ႔ မိန္႔ခြန္းေတြ၊ ေဟာေျပာမႈေတြ မလုပ္ဖူးခဲ့ေပမယ့္ လူေတြကို တကိုယ္ရည္ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ စိတ္ဓာတ္လႈံ႕ေဆာ္ေရးေတြ လုပ္ေပးခ်င္မိလာပါတယ္။ ဒီလိုနဲ႔ Nightingale ေျပာတဲ့အတိုင္းလိုက္နာၿပီး အခ်ိန္ရတိုင္းမွာ စာအုပ္ေတြဖတ္၊ တိပ္ေခြေတြနားေထာင္သလို တကိုယ္ရည္တိုးတက္ေရးအဖြဲ႕ေတြနဲ႔ ဆက္သြယ္ၿပီး ေလ့လာဆည္းပူးခဲ့ပါတယ္။ စိတ္ပ်က္စရာ အရႈံးေပးခ်င္စရာေတြကို သည္းခံျဖတ္ေက်ာ္ၿပီး တစ္ေန႔ကို နည္းနည္းစီနဲ႔ ေရွ႕ဆက္ခဲ့ပါတယ္။ အခ်ိန္ (၆)လေလာက္အတြင္းမွာပဲ သူ႔ရဲ႕အေျခအေနေတြ တိုးတက္ေျပာင္းလဲမႈက သိသာလာခဲ့တဲ့အတြက္ စိတ္ဓာတ္ျမင့္တင္ေရးေဟာေျပာသူတစ္ေယာက္ျဖစ္ေအာင္လုပ္ဖို႔ ဆက္ႀကိဳးစားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ Jim ဟာ ကမာၻတစ္၀ွမ္းမွာ ေဟာေျပာမႈေပါင္း (၂၅၀၀)ေက်ာ္ကို ေဟာေျပာခဲ့ၿပီးျဖစ္သလို ဆုတံဆိပ္ေတြလည္း အမ်ားႀကီးရရွိခဲ့ၿပီျဖစ္ပါတယ္။
စီးပြားေရးလုပ္ငန္းကုမၸဏီေတြမွာ ေစ်းကြက္တန္ဖိုးရွိသလို လူေတြမွာလည္း ရွိပါတယ္။ လူေတြရဲ႕ေစ်းကြက္ တန္ဖိုးကေတာ့ ပိုသိပိုလုပ္ႏိုင္ေလး တိုးတက္ျမင့္မားလာေလပဲျဖစ္ပါတယ္။ အသိပညာဗဟုသုတေတြဟာ သင့္ရဲ႕အသက္ေမြး၀မ္းေၾကာင္းအလုပ္အတြက္သာမက မိသားစုဘ၀နဲ႔ ကိုယ္က်င့္တရားတိုးတက္လာဖို႔အတြက္ ပါ စြမ္းအားေတြပဲျဖစ္ပါတယ္။ ေနာက္တခုက အသိပညာဗဟုသုတဟာ ေတာင္တက္ရတာနဲ႔တူပါတယ္။ ပိုၿပီး ျမင့္တဲ့ေနရာကို ေရာက္ရွိေလေလ၊ ပိုလွတဲ့ ပိုေ၀းတဲ့ ျမင္ကြင္းေတြကို ျမင္ႏိုင္မွာျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ဘဝကိုပြောင်းလဲစေနိုင်သည့် ပုံပြင်တစ်ခု
(၁၉၇၂)ခုနှစ်မှာ Jim Cathcart ဟာ အာကန်းဆပ်အိမ်ရာအာဏာပိုင်လုပ်ငန်းတစ်ခုမှာ ၀န်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ပြီး တစ်လကို လစာ (၅၂၅)ဒေါ်လာရပါတယ်။ အိမ်ထောင်ရှိကလေးတစ်ယောက်ဖခင်ဖြစ်ပြီး ဘွဲ့ရပညာတတ်မဟုတ်သလို အောင်မြင်မှုလည်း များများစားစားမရှိ အနာဂတ်အတွက်လည်း ဘာအစီအစဉ်မှ မရှိသူတစ်ဦးဖြစ်ခဲ့ပါတယ်။
တစ်မနက်မှာတော့ Jim ဟာ သူ့ရုံးခန်းထဲမှာထိုင်ပြီး ရေဒီယိုနားထောင်နေခဲ့ပါတယ်။ ဒီအချိန်မှာ ရေဒီယိုကနေ လူသိများတဲ့ စိတ်ဓာတ်လှုံ့ဆော်ရေးဟောပြောသူတစ်ဦးဖြစ်တဲ့ Earl Nightingale ရဲ့ Our Changing World အစီအစဉ်လာနေတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုနားထောင်ရင်းနဲ့ Earl Nightingale ရဲ့ စကားတစ်ခွန်းဖြစ်တဲ့ တစ်နေ့မှာတစ်နာရီ ကိုယ်စိတ်ပါ၀င်စာတဲ့နယ်ပယ်နဲ့ပတ်သက်တဲ့အကြောင်းအရာကို ဖတ်ရှုမယ်ဆိုရင် နောက်ငါးနှစ်အတွင်းမှာ အဲဒီနယ်ပယ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတဲ့ စကားက Jim အတွက် တွေးစရာတွေဖြစ်လာခဲ့ပါတယ်။
ဒီအကြောင်းကို သူတွေးလေလေ၊ သဘောကျလေလေဖြစ်နေခဲ့ပါတယ်။ သူ့အနေနဲ့ မိန့်ခွန်းတွေ၊ ဟောပြောမှုတွေ မလုပ်ဖူးခဲ့ပေမယ့် လူတွေကို တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ စိတ်ဓာတ်လှုံ့ဆော်ရေးတွေ လုပ်ပေးချင်မိလာပါတယ်။ ဒီလိုနဲ့ Nightingale ပြောတဲ့အတိုင်းလိုက်နာပြီး အချိန်ရတိုင်းမှာ စာအုပ်တွေဖတ်၊ တိပ်ခွေတွေနားထောင်သလို တကိုယ်ရည်တိုးတက်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လေ့လာဆည်းပူးခဲ့ပါတယ်။ စိတ်ပျက်စရာ အရှုံးပေးချင်စရာတွေကို သည်းခံဖြတ်ကျော်ပြီး တစ်နေ့ကို နည်းနည်းစီနဲ့ ရှေ့ဆက်ခဲ့ပါတယ်။ အချိန် (၆)လလောက်အတွင်းမှာပဲ သူ့ရဲ့အခြေအနေတွေ တိုးတက်ပြောင်းလဲမှုက သိသာလာခဲ့တဲ့အတွက် စိတ်ဓာတ်မြင့်တင်ရေးဟောပြောသူတစ်ယောက်ဖြစ်အောင်လုပ်ဖို့ ဆက်ကြိုးစားခဲ့ပါတယ်။ အခုဆိုရင်တော့ Jim ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဟောပြောမှုပေါင်း (၂၅၀၀)ကျော်ကို ဟောပြောခဲ့ပြီးဖြစ်သလို ဆုတံဆိပ်တွေလည်း အများကြီးရရှိခဲ့ပြီဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေမှာ စျေးကွက်တန်ဖိုးရှိသလို လူတွေမှာလည်း ရှိပါတယ်။ လူတွေရဲ့စျေးကွက် တန်ဖိုးကတော့ ပိုသိပိုလုပ်နိုင်လေး တိုးတက်မြင့်မားလာလေပဲဖြစ်ပါတယ်။ အသိပညာဗဟုသုတတွေဟာ သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်အတွက်သာမက မိသားစုဘဝနဲ့ ကိုယ်ကျင့်တရားတိုးတက်လာဖို့အတွက် ပါ စွမ်းအားတွေပဲဖြစ်ပါတယ်။ နောက်တခုက အသိပညာဗဟုသုတဟာ တောင်တက်ရတာနဲ့တူပါတယ်။ ပိုပြီး မြင့်တဲ့နေရာကို ရောက်ရှိလေလေ၊ ပိုလှတဲ့ ပိုဝေးတဲ့ မြင်ကွင်းတွေကို မြင်နိုင်မှာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================