ပုိလိုရွပ္ နဲ႔ လန္းေနဖို႔

ပိုလိုရှပ်နဲ့ လန်းနေဖို့

ပိုလိုရွပ္ေတြလိုမ်ိဳး စပို႔ရွပ္ေတြ၀တ္မယ္ဆိုရင္ ၀တ္တတ္ဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ လိုက္ဖက္တဲ့ ပိုလိုရွပ္မ်ိဳးကို ေရြးခ်ယ္ၿပီး ၀တ္မယ္ဆိုရင္ ၾကည့္ေကာင္းႏိုင္ေပမယ့္ မ၀တ္တတ္ရင္ေတာ့ ခပ္ေၾကာင္ေၾကာင္ စတိုင္ျဖစ္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စပို႔ရွပ္၀တ္ဖို႔ စိတ္ကူးရွိေနတယ္ဆိုရင္ ဘယ္လို၀တ္ၾကမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

Click More Info

ေနာက္ပိုင္းကိုသတိထားပါ။

ပံုမွန္အားျဖင့္ ပိုလိုရွပ္လိုမ်ိဳး စပို႔ရွပ္ေတြက ေက်ာဘက္ျခမ္းကို ပိုရွည္ထားေလ့ရွိပါတယ္။ ဒီလိုရွည္ထားမွ ေရွ႕ကို ကုန္းလိုက္တဲ့အခ်ိန္မွာ ခါးမေပၚေအာင္ ဖုံးေပးထားႏိုင္ဖို႔ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စပို႔ရွပ္ေတြရဲ႕ ေနာက္ေက်ာဘက္ အရွည္ကို ဂ႐ုစိုက္ပါ။ သင့္ေဘာင္းဘီေနာက္အိပ္ကပ္ထက္ထက္ေက်ာ္ေအာင္ ဖုံးလႊမ္းသြားတဲ့အထိ ရွည္ေနတာမ်ိဳးကို မ၀တ္ပါနဲ႔။

လည္ပင္းေပါက္ အရမ္းမက်ယ္ပါေစနဲ႔။

သင္နဲ႔လိုက္ဖက္တဲ့ အရွည္ရွိတဲ့စပို႔ရွပ္ေတြၿပီဆိုရင္ ေနာက္တဆင့္အေနနဲ႔ ၾကယ္သီးေတြကို ၾကည့္ပါ။ ပိုလိုရွပ္ေတာ္ေတာ္မ်ားမ်ားမွာ လွပတဲ့လည္ပင္းအက်ပံုစံေတြရွိပါတယ္။ ၾကယ္သီးျဖဳတ္ၿပီး ၀တ္မယ္ဆိုရင္ေတာင္ အဆင္ေျပတဲ့ပံုစံမ်ိဳးေတြပါ။ တစ္ခ်ိဳ႕အမွတ္တံဆိပ္နဲ႔ စပို႔ရွပ္ေတြမွာေတာ့ ရင္ဘတ္အကြဲေၾကာင္း ေတာ္ေတာ္ရွည္တာမ်ိဳးရွိပါတယ္။ ဒါမ်ိဳးေတြက်ေတာ့ ၾကယ္သီးတပ္၀တ္မွ အဆင္ေျပတာျဖစ္ပါတယ္။

အကီၤ်လက္ကိုလည္း ထည့္စဥ္းစားပါ။

စပို႔ရွပ္၀တ္မယ္ဆိုရင္ ေနာက္တစ္ခ်က္သတိထားရမွာက လက္ေမာင္းပဲျဖစ္ပါတယ္။ တစ္ခ်ိဳ႕တံဆိပ္ေတြမွာ လက္စည္းမပါတတ္ေပမယ့္ တစ္ခ်ိဳ႕တံဆိပ္ေတြမွာေတာ့ လက္ေမာင္းကို သားေရကြင္းနဲ႔စည္းထားသလို က်ပ္ေနေစမယ့္ လက္စည္းေတြ ပါတတ္ပါတယ္။ သင့္က Gym ေတြကစားၿပီး လွပက်စ္လစ္တဲ့လက္ေမာင္းေတြ ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ လက္ေမာင္းအၾကပ္ပံုစံကို ႀကိဳက္မွာေသခ်ာပါတယ္။ ဒါေပမယ့္ အရမ္းၾကပ္ေနတာမ်ိဳး မေရြးမိေစဖို႔ အၾကံေပးခ်င္ပါတယ္။ အကၤီ်ထဲမွာ ၾကြက္သားေတြ မဆန္႔ေတာ့လို႔ တစ္ရစ္ၿပီး ထြက္ေနတဲ့ပံုမ်ိဳးကို ဘယ္သူမွမႀကိဳက္ပါဘူး။

ေဘာင္းဘီေရြးခ်ယ္၀တ္ဆင္တတ္ဖို႔ လိုပါတယ္။

စပို႔ရွပ္၀တ္ဆင္တဲ့အခါမွာ တြဲဖက္၀တ္ဆင္မယ့္ ေဘာင္းဘီကလည္းအေရးႀကီးပါတယ္။ အကၤ်ီကို ေဘာင္းဘီထဲထည့္၀တ္မယ္ဆိုရင္ သားေရခါးပတ္ေတြ မသံုးမိပါေစနဲ႔။ ခါးေနရာမွာ ေခၽြးပိုထြက္လာႏိုင္တာေၾကာင့္ သားေရခါးပတ္ကေန အကၤ်ီကို စြန္းထင္းမႈေတြျဖစ္လာေစႏိုင္ပါတယ္။

မွန္မွန္ကန္ကန္၀တ္တတ္ပါေစ။

ကိုယ္နဲ႔လိုက္ဖက္တဲ့ ပိုလိုရွပ္ကို ေတြ႕ၿပီဆိုရင္ အခ်ိန္မွန္ ေနရာမွန္၀တ္တတ္ဖို႔လည္း လိုပါေသးတယ္။ အရင္းဆံုး ပိုလိုရွပ္ေတြကို ေအာက္ခံစြပ္က်ယ္ေတြနဲ႔ တြဲမ၀တ္ပါနဲ႔။ ပိုလိုရွပ္ေတြက သင့္ကို ေပါ့ေပါ့ပါးပါး ျဖစ္ေစဖို႔ ရည္ရြယ္တာပါ။ လက္ပါတဲ့စြပ္က်ယ္ေတြဆိုရင္ ပိုလိုရွပ္ေအာက္ကေန အစေတြထြက္ေနတာက ၾကည့္ေကာင္းမွာ မဟုတ္ပါဘူး။ ကြန္မန္ဒိုေဘာင္းဘီ ၀တ္မယ္ဆိုရင္ ခါးအထက္မွာ တင္၀တ္ပါ။ ၿပီးေတာ့ ပိုလိုရွပ္မွာ ေခၽြးကြက္ေတြ မစြန္းထင္းေအာင္ ဂရုစိုက္ပါ။ ခ်ိဳင္းေနရာမွာ အ၀ါေရာင္အစြန္းအထင္းကြက္ေတြနဲ႔ဆိုရင္ သင့္ရဲ႕ပိုလိုရွပ္က ၾကည့္ေကာင္းေတာ့မွာ မဟုတ္ပါဘူး။ ေနာက္ဆံုးတစ္ခ်က္အေနနဲ႔ ဘယ္ေတာ့မွ ေကာ္လာေထာင္ၿပီး မ၀တ္ပါနဲ႔။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

ပိုလိုရှပ်နဲ့ လန်းနေဖို့

ပိုလိုရှပ်တွေလိုမျိုး စပို့ရှပ်တွေဝတ်မယ်ဆိုရင် ၀တ်တတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်တဲ့ ပိုလိုရှပ်မျိုးကို ရွေးချယ်ပြီး ၀တ်မယ်ဆိုရင် ကြည့်ကောင်းနိုင်ပေမယ့် မဝတ်တတ်ရင်တော့ ခပ်ကြောင်ကြောင် စတိုင်ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် စပို့ရှပ်ဝတ်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင် ဘယ်လိုဝတ်ကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ပိုင်းကိုသတိထားပါ။
ပုံမှန်အားဖြင့် ပိုလိုရှပ်လိုမျိုး စပို့ရှပ်တွေက ကျောဘက်ခြမ်းကို ပိုရှည်ထားလေ့ရှိပါတယ်။ ဒီလိုရှည်ထားမှ ရှေ့ကို ကုန်းလိုက်တဲ့အချိန်မှာ ခါးမပေါ်အောင် ဖုံးပေးထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် စပို့ရှပ်တွေရဲ့ နောက်ကျောဘက် အရှည်ကို ဂရုစိုက်ပါ။ သင့်ဘောင်းဘီနောက်အိပ်ကပ်ထက်ထက်ကျော်အောင် ဖုံးလွှမ်းသွားတဲ့အထိ ရှည်နေတာမျိုးကို မဝတ်ပါနဲ့။

လည်ပင်းပေါက် အရမ်းမကျယ်ပါစေနဲ့။
သင်နဲ့လိုက်ဖက်တဲ့ အရှည်ရှိတဲ့စပို့ရှပ်တွေပြီဆိုရင် နောက်တဆင့်အနေနဲ့ ကြယ်သီးတွေကို ကြည့်ပါ။ ပိုလိုရှပ်တော်တော်များများမှာ လှပတဲ့လည်ပင်းအကျပုံစံတွေရှိပါတယ်။ ကြယ်သီးဖြုတ်ပြီး ၀တ်မယ်ဆိုရင်တောင် အဆင်ပြေတဲ့ပုံစံမျိုးတွေပါ။ တစ်ချို့အမှတ်တံဆိပ်နဲ့ စပို့ရှပ်တွေမှာတော့ ရင်ဘတ်အကွဲကြောင်း တော်တော်ရှည်တာမျိုးရှိပါတယ်။ ဒါမျိုးတွေကျတော့ ကြယ်သီးတပ်ဝတ်မှ အဆင်ပြေတာဖြစ်ပါတယ်။

အကီင်္ျလက်ကိုလည်း ထည့်စဉ်းစားပါ။
စပို့ရှပ်ဝတ်မယ်ဆိုရင် နောက်တစ်ချက်သတိထားရမှာက လက်မောင်းပဲဖြစ်ပါတယ်။ တစ်ချို့တံဆိပ်တွေမှာ လက်စည်းမပါတတ်ပေမယ့် တစ်ချို့တံဆိပ်တွေမှာတော့ လက်မောင်းကို သားရေကွင်းနဲ့စည်းထားသလို ကျပ်နေစေမယ့် လက်စည်းတွေ ပါတတ်ပါတယ်။ သင့်က Gym တွေကစားပြီး လှပကျစ်လစ်တဲ့လက်မောင်းတွေ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ လက်မောင်းအကြပ်ပုံစံကို ကြိုက်မှာသေချာပါတယ်။ ဒါပေမယ့် အရမ်းကြပ်နေတာမျိုး မရွေးမိစေဖို့ အကြံပေးချင်ပါတယ်။ အင်္ကျီထဲမှာ ကြွက်သားတွေ မဆန့်တော့လို့ တစ်ရစ်ပြီး ထွက်နေတဲ့ပုံမျိုးကို ဘယ်သူမှမကြိုက်ပါဘူး။
ဘောင်းဘီရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုပါတယ်။
စပို့ရှပ်ဝတ်ဆင်တဲ့အခါမှာ တွဲဖက်ဝတ်ဆင်မယ့် ဘောင်းဘီကလည်းအရေးကြီးပါတယ်။ အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်မယ်ဆိုရင် သားရေခါးပတ်တွေ မသုံးမိပါစေနဲ့။ ခါးနေရာမှာ ချွေးပိုထွက်လာနိုင်တာကြောင့် သားရေခါးပတ်ကနေ အင်္ကျီကို စွန်းထင်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

မှန်မှန်ကန်ကန်ဝတ်တတ်ပါစေ။
ကိုယ်နဲ့လိုက်ဖက်တဲ့ ပိုလိုရှပ်ကို တွေ့ပြီဆိုရင် အချိန်မှန် နေရာမှန်ဝတ်တတ်ဖို့လည်း လိုပါသေးတယ်။ အရင်းဆုံး ပိုလိုရှပ်တွေကို အောက်ခံစွပ်ကျယ်တွေနဲ့ တွဲမဝတ်ပါနဲ့။ ပိုလိုရှပ်တွေက သင့်ကို ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ ရည်ရွယ်တာပါ။ လက်ပါတဲ့စွပ်ကျယ်တွေဆိုရင် ပိုလိုရှပ်အောက်ကနေ အစတွေထွက်နေတာက ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ ကွန်မန်ဒိုဘောင်းဘီ ၀တ်မယ်ဆိုရင် ခါးအထက်မှာ တင်ဝတ်ပါ။ ပြီးတော့ ပိုလိုရှပ်မှာ ချွေးကွက်တွေ မစွန်းထင်းအောင် ဂရုစိုက်ပါ။ ချိုင်းနေရာမှာ အဝါရောင်အစွန်းအထင်းကွက်တွေနဲ့ဆိုရင် သင့်ရဲ့ပိုလိုရှပ်က ကြည့်ကောင်းတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံးတစ်ချက်အနေနဲ့ ဘယ်တော့မှ ကော်လာထောင်ပြီး မဝတ်ပါနဲ့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%