သင့္ရဲ႕ ႐ွပ္အက်ႌဟာ သင့္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို ေဖာ္ျပေနၿပီး တျခားသူေတြက သင့္ရဲ႕ ႐ွပ္အက်ႌေရြးခ်ယ္မႈအေပၚ မူတည္ၿပီး သင့္ကို ေကာက္ခ်က္ ခ်ၾကပါလိမ့္မယ္။
အေရးႀကီးတာက ႐ွပ္ တစ္ထည္ကို မေရြးခင္ သင့္ ဆိုဒ္ကို သင္ သ္ိဖို႔ပါ။ လူေတြ အမွားအမ်ားဆံုး အခ်က္ကေတာ့ မတန္တဲ့ ႐ွပ္ႀကီးကို ဝတ္မိတတ္ၾကတာပါပဲ။ သင့္႐ွပ္က သင့္ေဘာင္းဘီခါးပါတ္ထက္ တိုေနရင္ေတာ့ မဝတ္ပါနဲ႔ေတာ့။ ႐ွပ္ေတြက ေစ်းႀကီးပါတယ္။ ဒါေၾကာင့္ ေခြၽတာရာေရာက္ေအာင္ မဝယ္ခင္ ကိုယ္တိုင္း အရင္ယူပါ။
အကြက္ ဒီဇိုင္းေတြဟာ ေပါ့ေပါ့ပါးပါးေႏြရာသီဝတ္ဖို႔ အဆင္ေျပၿပီး ေျဗာင္ေတြကေတာ့ အလုပ္ခြင္မွာ ဝတ္ႏိုင္ၿပီး ပိုၿပီး လူႀကီးလူေကာင္း ဆန္ေစပါတယ္။
လီနင္ ႐ွပ္အက်ႌေတြဟာ ဝတ္ရတာ သက္ေတာင့္သက္သာ႐ွိလို႔ လူႀကိဳက္မ်ားပါတယ္။ Satin တို႔ ပိုးသားတို႔လို အရမ္းဂ႐ုစိုက္ထိန္းသိမ္းစရာ မလိုပါဘူး။ လီနင္အသားဟာ စက္ေလ်ွာ္၊ လက္ေလ်ွာ္၊ အေျခာက္ေလ်ွာ္ အကုန္ အဆင္ေျပပါတယ္။ ေႏြရာသီမွာဝတ္ရင္ ေခြၽးစုပ္တာေၾကာင့္ အရမ္းအဆင္ေျပပါတယ္။ ေလဝင္ေလထြက္လဲ ေကာင္းေစပါတယ္။
႐ွပ္အက်ႌမွာ လက္တိုနဲ႔ လက္႐ွည္ အဓိက ဒီဇိုင္း ၂ မ်ိဳး ႐ွိပါတယ္။ လက္တိုေတြက ေပါ့ေပါ့ပါးပါး႐ွိၿပီး လက္႐ွည္ေတြကေတာ့ လူႀကီးလူေကာင္းဆန္ၿပီး ဂုဏ္သေရ႐ွိတဲ့ ပံုစံ ေပါက္ေစပါတယ္။ အရင္က ဆင္စြယ္ေရာင္၊ ၾကက္ေသြးေရာင္၊ အညိဳေရာင္၊ မီးခိုးေရာင္နဲ႔ အျဖဴေရာင္ေတြ လာေလ့ ႐ွိေပမယ့္ အခုက်ေတာ့ ေယာက္်ားတိုင္းႀကိဳက္တဲ့ အျပာႏုေရာင္က စၿပီး ဆြဲေဆာင္မႈအတြက္ စိတ္ခ်တဲ့ ေယာက္်ားေတြအတြက္ ပန္းေရာင္အထိ ႐ွိေနပါၿပီ။
႐ွပ္ ဝယ္တာမွာ နည္းနည္း ေစ်းပိုေပးဖို႔ မႏွေမ်ာပါနဲ႔။ ေစ်းအႀကီးဆံုး ႐ွပ္ကို ဝယ္ခိုင္းတာမဟုတ္ေပမယ့္ဘ႐ွပ္ေတြဟာ ဝယ္ရတန္တဲ့ ပစၥည္းေတြပါ။ ေစ်းပိုမ်ားတဲ့ ႐ွပ္ေတြက အသားပိုေကာင္းလို႔ ပိုၿပီး ၾကာၾကာခံပါတယ္။ ဥေရာပ တံဆိပ္ေတြဟာ စက္ခ်ဳပ္မဟုတ္ပဲ လက္ခ်ဳပ္ မ်ားလို႔ ပိုၿပီးအရည္အေသြးေကာင္းၿပီး ၾကာ႐ွည္ခံပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ပိုပြီး စတိုင်ကျစေဖို့ ရှပ် အကျႌရွေးနည်းများ
သင့်ရဲ့ ရှပ်အကျႌဟာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေပြီး တခြားသူတွေက သင့်ရဲ့ ရှပ်အကျႌရွေးချယ်မှုအပေါ် မူတည်ပြီး သင့်ကို ကောက်ချက် ချကြပါလိမ့်မယ်။
အရေးကြီးတာက ရှပ် တစ်ထည်ကို မရွေးခင် သင့် ဆိုဒ်ကို သင် သ်ိဖို့ပါ။ လူတွေ အမှားအများဆုံး အချက်ကတော့ မတန်တဲ့ ရှပ်ကြီးကို ဝတ်မိတတ်ကြတာပါပဲ။ သင့်ရှပ်က သင့်ဘောင်းဘီခါးပါတ်ထက် တိုနေရင်တော့ မဝတ်ပါနဲ့တော့။ ရှပ်တွေက စျေးကြီးပါတယ်။ ဒါကြောင့် ချွေတာရာရောက်အောင် မဝယ်ခင် ကိုယ်တိုင်း အရင်ယူပါ။
အကွက် ဒီဇိုင်းတွေဟာ ပေါ့ပေါ့ပါးပါးနွေရာသီဝတ်ဖို့ အဆင်ပြေပြီး ဗြောင်တွေကတော့ အလုပ်ခွင်မှာ ဝတ်နိုင်ပြီး ပိုပြီး လူကြီးလူကောင်း ဆန်စေပါတယ်။
လီနင် ရှပ်အကျႌတွေဟာ ဝတ်ရတာ သက်တောင့်သက်သာရှိလို့ လူကြိုက်များပါတယ်။ Satin တို့ ပိုးသားတို့လို အရမ်းဂရုစိုက်ထိန်းသိမ်းစရာ မလိုပါဘူး။ လီနင်အသားဟာ စက်လျှော်၊ လက်လျှော်၊ အခြောက်လျှော် အကုန် အဆင်ပြေပါတယ်။ နွေရာသီမှာဝတ်ရင် ချွေးစုပ်တာကြောင့် အရမ်းအဆင်ပြေပါတယ်။ လေဝင်လေထွက်လဲ ကောင်းစေပါတယ်။
ရှပ်အကျႌမှာ လက်တိုနဲ့ လက်ရှည် အဓိက ဒီဇိုင်း ၂ မျိုး ရှိပါတယ်။ လက်တိုတွေက ပေါ့ပေါ့ပါးပါးရှိပြီး လက်ရှည်တွေကတော့ လူကြီးလူကောင်းဆန်ပြီး ဂုဏ်သရေရှိတဲ့ ပုံစံ ပေါက်စေပါတယ်။ အရင်က ဆင်စွယ်ရောင်၊ ကြက်သွေးရောင်၊ အညိုရောင်၊ မီးခိုးရောင်နဲ့ အဖြူရောင်တွေ လာလေ့ ရှိပေမယ့် အခုကျတော့ ယောက်ျားတိုင်းကြိုက်တဲ့ အပြာနုရောင်က စပြီး ဆွဲဆောင်မှုအတွက် စိတ်ချတဲ့ ယောက်ျားတွေအတွက် ပန်းရောင်အထိ ရှိနေပါပြီ။
ရှပ် ဝယ်တာမှာ နည်းနည်း စျေးပိုပေးဖို့ မနှမျောပါနဲ့။ စျေးအကြီးဆုံး ရှပ်ကို ဝယ်ခိုင်းတာမဟုတ်ပေမယ့်ဘရှပ်တွေဟာ ဝယ်ရတန်တဲ့ ပစ္စည်းတွေပါ။ စျေးပိုများတဲ့ ရှပ်တွေက အသားပိုကောင်းလို့ ပိုပြီး ကြာကြာခံပါတယ်။ ဥရောပ တံဆိပ်တွေဟာ စက်ချုပ်မဟုတ်ပဲ လက်ချုပ် များလို့ ပိုပြီးအရည်အသွေးကောင်းပြီး ကြာရှည်ခံပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================