စိတ္ဓာတ္ၾကံ႕ခိုင္သူေတြ မလုပ္တတ္သည့္အရာမ်ား

စိတ္ဓာတ္ၾကံ႕ခိုင္မႈဟာ သင္လုပ္ေဆာင္တဲ့အရာေပၚမွာ ျမင္ႏိုင္တာမဟုတ္ပါဘူး။ မလုပ္ေဆာင္တဲ့အရာေပၚမွာ ေပၚလြင္တာျဖစ္ပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္မႈဟာ သင့္ရဲ႕အေတြ၊ အျပဳအမူနဲ႔ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြ ဘာေတြမလုပ္တတ္ဘူးလဲ ဆိုတာကို ေလ့လာအတုယူၾကပါစို႔။

၁။ သူတို႔က ၀မ္းနည္းပူေဆြးမႈေတြနဲ႔ အခ်ိန္အကုန္မခံတတ္ပါဘူး။

၀မ္းနည္းပူေဆြးေနတာဟာ ကိုယ့္ကိုယ္ကုိဖ်က္ဆီးတာျဖစ္ပါတယ္။ အခ်ိန္ကုန္ေစၿပီး မေကာင္းတဲ့စိတ္ခံစားခ်က္ေတြကို ျဖစ္ေနေစပါတယ္။

၂။ သူတို႔ရဲ႕ အားမေလွ်ာ့တတ္ၾကပါဘူး။

လူေတြဟာ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္ဆိုင္ရာကန္႔သတ္မႈေတြ မရွိေတာ့ရင္ အားေလွ်ာ႔တတ္ၾကပါတယ္။ အားေလွ်ာ့လိုက္လို႔ တျခားသူေတြက သင့္ကိုဦးေဆာင္သြားမယ္ဆိုရင္ သူတို႔က သင့္ဘ၀ကိုခ်ယ္လွယ္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ အားမေလွ်ာ့ပဲ ပန္းတိုင္ဆီကိုေလွ်ာက္လွမ္းႏိုင္ဖို႔ လိုပါတယ္။

၃။ သူတို႔ဟာ ေျပာင္းလဲမႈေတြအတြက္ ေနာက္မတြန္႔ၾကပါဘူး။

ေျပာင္းလဲမႈေတြလုပ္ေဆာင္ရတာ ခက္ခဲပါတယ္။ ဒါေပမယ့္ ေျပာင္းလဲမႈေတြအတြက္ ေနာက္တြန္႔ေနတာဟာ ဖြံ႔ၿဖိဳးတိုးတက္မႈကို အတားအဆီးျဖစ္ေစပါတယ္။

၄။ သူတို႔က ထိန္းမႏိုင္သိမ္းမရကိစၥေတြကို အာ႐ုံမစိုက္တတ္ၾကပါဘူး။

အရာအားလံုးကို လိုက္ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတာက စိုးရိမ္ပူပန္မႈကို ထိန္းသိမ္းထားသလိုပါပဲ။ စိုးရိမ္ပူပန္ေနတဲ့အတြက္ ပတ္၀န္းက်င္ကိုလိုက္ထိန္းခ်ဳပ္ေနမိတာျဖစ္ပါတယ္။ ထိန္းခ်ဳပ္လို႔မရႏိုင္တဲ့ အေရးကိစၥေတြအတြက္ အာ႐ုံစိုက္ပူပင္မေနတတ္တာက စိတ္ဖိစီးမႈနည္းေစၿပီး၊ ေပ်ာ္ရႊင္မႈေတြ၊ အခြင့္အလမ္းသစ္ေတြနဲ႔ ေအာင္ျမင္မႈေတြကို ပိုမိုရရွိႏိုင္ပါတယ္။

၅။ သူတို႔က လူေတြရဲ႕အျမင္ကို ဂ႐ုမစိုက္တတ္ပါဘူး။

မ်ားေသာအားျဖင့္ ကၽြန္ေတာ္တို႔ ကိုယ့္အေပၚလူေတြဘယ္လိုျမင္မလဲဆိုတာေတြၿပီး ကိုယ့္ကိုယ္ကုိ အကဲျဖတ္တတ္ၾကပါတယ္။ ဒါဟာ တကယ္ေတာ့ မွားယြင္းေနပါတယ္။ သင့္အေနနဲ႔ လူတိုင္း စိတ္တိုင္းက်ျဖစ္ေအာင္ မေနႏိုင္ပါဘူး။ ကိုယ့္သေဘာနဲ႔ကိုယ္ေနတတ္မယ္ဆိုရင္ ပိုၿပီးၾကံ႕ခိုင္ၿပီး မိမိကိုယ္ကုိ ယုံၾကည္မႈပိုရွိလာမွာျဖစ္ပါတယ္။

၆။ သူတို႔က ျဖစ္ႏိုင္ေခ်ရွိတဲ့ စြန္႔စားမႈေတြကို မေၾကာက္တတ္ၾကပါဘူး။

လူေတြက ေငြေရးေၾကးေရးအရ၊ ႐ုပ္ပိုင္းဆိုင္ရာ၊ လူမႈေရးပိုင္းဆိုင္ရာ ဒါမွမဟုတ္ စီးပြားေရးဆိုင္ရာ စြန္႔စားမႈေတြ လုပ္ေဆာင္ဖို႔ ေၾကာက္ၾကပါတယ္။ ဒါဟာ စြန္႔စားမႈရဲ႕ျဖစ္ႏိုင္ေခ်ကို မတြက္ဆတတ္လို႔ပဲျဖစ္ပါတယ္။ စြန္႔စားမႈတစ္ခုကို ဆန္းစစ္ႏိုင္ဖို႔ ဒီေမးခြန္းေတြ ကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္ပါ။

– ဘာေတြကုန္က်မွာလဲ။

– ဘာေတြအက်ိဳးအျမတ္ရမွာလဲ။

– ဒီစြန္႔စားမႈက ငါရည္မွန္းခ်က္ဆီေရာက္ဖို႔ ဘယ္လိုကူညီေပးႏိုင္မွာလဲ။

– တကယ္ျဖစ္လာရင္ ဘယ္ေလာက္ေကာင္းက်ိဳးရွိမွာလဲ။

– အဆိုးဆံုးဘာေတြျဖစ္လာႏိုင္လဲ၊ ျဖစ္လာရင္ အရမ္းမဆိုးေအာင္ ဘာေတြလုပ္ႏိုင္မလဲ။

– တကယ္အဆိုးေတြျဖစ္လာရင္ ဘယ္ေလာက္ထိခိုက္ႏိုင္မလဲ။

– ဒီဆံုးျဖတ္ခ်က္က ငါးႏွစ္အတြင္း ဘယ္ေလာက္မ်ားအေရးပါမလဲ။

၇။ သူတို႔က အတိတ္ကို စြဲလမ္းေနသူေတြ မဟုတ္ပါဘူး။

အတိတ္က အတိတ္မွာက်န္ခဲ့ပါၿပီ။ ျဖစ္ခဲ့တာေတြကို ေျပာင္းလဲလို႔မရေတာ့ပါဘူး။။ ဒါ့ေၾကာင့္ အတိတ္ကို စြဲလမ္းေနသူေတြဟာ လက္ရွိအခ်ိန္နဲ႔ ေနာက္လာမယ့္ အနာဂတ္ကို ဖ်က္ဆီးေနတာပဲျဖစ္ပါတယ္။ အတိတ္က ျဖစ္ရပ္ေတြကေန သင္ခန္းစာယူႏိုင္မယ္ဆိုရင္ေတာ့ ေကာင္းပါတယ္။

၈။ သူတို႔က အမွားတစ္ခု ထပ္ကာထပ္ကာ မလုပ္ၾကပါဘူး။

အမွားကို ဆင္ျခင္ႏိုင္စြမ္းက ေနာက္မမွားဖို႔ ေသခ်ာေစပါတယ္။ ဘာမွားသြားလဲ၊ ဘာလုပ္ရင္ပိုေကာင္းသြားမလဲ၊ ေနာက္တစ္ခါဆိုရင္ ဘယ္လိုလုပ္မလဲဆိုတာကို ေလ့လာတတ္ဖို႔ အေရးႀကီးပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္သူေတြက အမွားအတြက္ တာ၀န္ယူတတ္ၾကၿပီး ေနာက္မမွားေအာင္ အျမဲဂ႐ုစိုက္တတ္ၾကပါတယ္။

၉။ သူတို႔က အျခားသူေအာင္ျမင္မႈကို မနာလိုမျဖစ္တတ္ၾကပါဘူး။

အျခားသူရဲ႕ေအာင္ျမင္မႈကို မနာလိုမ႐ႈစိမ့္ႏိုင္တာက သင့္ရဲ႕ကိုယ္ပိုင္လမ္းေၾကာင္းကို ေပ်ာက္သြားေစႏိုင္ပါတယ္။ အျခားလူေတြကို အာ႐ုံစိုက္ေနတာက သင္ေအာင္ျမင္လာရင္ေတာင္မွ ေက်နပ္မႈအျပည့္အ၀ခံစားရမွာမဟုတ္ပါဘူး။

၁၀။ သူတို႔က တႀကိမ္႐ႈံးနိမ့္႐ုံနဲ႔ အ႐ႈံးမေပးတတ္ၾကပါဘူး။

ေအာင္ျမင္မႈ ခ်က္ခ်င္းလက္ငင္း ဘယ္ေတာ့မွမရပါဘူး။ ႐ႈံးနိမ့္မႈဆိုတာကလည္း သင့္ျဖတ္ေက်ာ္ရမယ့္ အတားအဆီးတစ္ခုပဲျဖစ္ပါတယ္။ အ႐ႈံးကိုလက္မခံႏိုင္တာဟာ စိတ္ဓာတ္ၾကံ႕ခိုင္မႈမရွိတာပါပဲ။ အ႐ႈံးေတြၾကားထဲက ျပန္ထႏိုင္ဖို႔ ႀကိဳးစားပါ။

၁၁။ သူတို႔က အထီးက်န္မွာကို မစိုးရိမ္တတ္ၾကပါဘူး။

တစ္ေယာက္တည္းေတြးေနရခ်ိန္ေတြဟာ စြမ္းအားျပည့္ေနခ်ိန္ျဖစ္ၿပီး ရည္မွန္းခ်က္ကိုေရာက္ဖို႔ အေထာက္အကူျဖစ္ပါတယ္။ စိတ္ဓာတ္ၾကံ႕ခိုင္လာဖို႔အတြက္ ေန႔စဥ္႐ႈပ္ေထြးမႈေတြကေနထြက္ၿပီး ကိုယ့္ဘ၀တိုးတက္ဖို႔ အာ႐ုံစိုက္ေတြးေခၚခ်ိန္ ေပးဖို႔လိုပါတယ္။

တစ္ေယာက္တည္းျဖစ္ေနခ်ိန္မွာ ရႏိုင္တဲ့ေကာင္းက်ိဳးေတြကေတာ့ –

– ႐ုံးမွာတစ္ေယာက္တည္းျဖစ္ေနရင္ အလုပ္ပိုၿပီးပါတယ္။

– အထီးက်န္မႈဟာ သင့္ရဲ႕မွ်ေ၀ခံစားလိုစိတ္ကို တိုးပြားေစပါတယ္။

– ဆန္းသစ္တီထြင္မႈေကာင္းေစပါတယ္။

– စိတ္ဓာတ္ၾကံ႕ခိုင္ေစပါတယ္။

– အားျပန္ျဖည့္ဖို႔ အခြင့္အေရးရပါတယ္။

၁၂။ သူတို႔ဟာ ေလာကႀကီးကုိ အျပစ္မျမင္တတ္ၾကပါဘူး။

သင့္ရဲ႕က်႐ႈံးမႈေတြ၊ မေအာင္ျမင္မႈေတြအတြက္ ေလာကႀကီးကို အျပစ္တင္ဖို႔လြယ္ပါတယ္။ ဒါေပမယ့္ ဒါက ေတာ္ေတာ္ကိုလြဲေနပါတယ္။ ဘ၀က မမွ်တပါဘူး။ တခ်ိဳ႕လူေတြ အဆင္ေျပေနေပမယ့္ သင္လည္း အဆင္ေျပမယ္မထင္လိုက္ပါနဲ႔။ အဓိကအာ႐ုံစိုက္ရမွာက သင့္ရဲ႕အားထုတ္မႈကိုပဲျဖစ္ပါတယ္။ ေ၀ဖန္မႈေတြကို လက္ခံပါ။ အားနည္းခ်က္ကို အသိအမွတ္ျပဳပါ။ အျခားသူေတြနဲ႔ သြားယွဥ္ရဲ႕ စိတ္ပ်က္စရာပဲရွိပါတယ္။

၁၃။ သူတို႔က ခ်က္ခ်င္းျပန္ရဖို႔ မေမွ်ာ္လင့္တတ္ၾကပါဘူး။

ေအာင္ျမင္မႈဆိုတာ ညတြင္းခ်င္းျဖစ္မလာႏိုင္ဘူးဆိုတာကို နားလည္ထားဖို႔လိုပါတယ္။ စိတ္ဓာတ္ခြန္အားနည္းသူေတြက စိတ္မရွည္တတ္ၾကပါဘူး။ သူတို႔ရဲ႕စြမ္းရည္ကို ပိုတြက္ၾကၿပီး ေျပာင္းလဲမႈအတြက္ ၾကာခ်ိန္ကို ေလွ်ာ့တြက္ၾကပါတယ္။ ဒီလိုနဲ႔ ခ်က္ခ်င္းတစ္ခုခုထူးျခားဖို႔ ေမွ်ာ္လင့္တတ္ၾကပါတယ္။

အဓိကက်တာက အက်ိဳးရလဒ္ကို မ်က္ေျခမျပတ္ေစပဲ ေရရွည္ပန္းတိုင္ဆီကို တစိုက္မတ္မတ္ေလွ်ာက္လွမ္းပါ။ လမ္းမွာ က်႐ႈံးမႈေတြ ေတြ႕ရႏိုင္ပါတယ္။ ဒါေပမယ့္ တိုးတက္မႈကို သတိျပဳၿပီး အားလံုးကို ျခံဳၾကည့္တတ္မယ္ဆိုရင္ ေအာင္ျမင္မႈကို ရရွိႏိုင္ဖို႔ ေသခ်ာပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

စိတ်ဓာတ်ကြံ့ခိုင်သူတွေ မလုပ်တတ်သည့်အရာများ

စိတ်ဓာတ်ကြံ့ခိုင်မှုဟာ သင်လုပ်ဆောင်တဲ့အရာပေါ်မှာ မြင်နိုင်တာမဟုတ်ပါဘူး။ မလုပ်ဆောင်တဲ့အရာပေါ်မှာ ပေါ်လွင်တာဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုဟာ သင့်ရဲ့အတွေ၊ အပြုအမူနဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကြံ့ခိုင်သူတွေ ဘာတွေမလုပ်တတ်ဘူးလဲ ဆိုတာကို လေ့လာအတုယူကြပါစို့။

၁။ သူတို့က ၀မ်းနည်းပူဆွေးမှုတွေနဲ့ အချိန်အကုန်မခံတတ်ပါဘူး။
၀မ်းနည်းပူဆွေးနေတာဟာ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာဖြစ်ပါတယ်။ အချိန်ကုန်စေပြီး မကောင်းတဲ့စိတ်ခံစားချက်တွေကို ဖြစ်နေစေပါတယ်။

၂။ သူတို့ရဲ့ အားမလျှော့တတ်ကြပါဘူး။
လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်ဆိုင်ရာကန့်သတ်မှုတွေ မရှိတော့ရင် အားလျှော့တတ်ကြပါတယ်။ အားလျှော့လိုက်လို့ တခြားသူတွေက သင့်ကိုဦးဆောင်သွားမယ်ဆိုရင် သူတို့က သင့်ဘဝကိုချယ်လှယ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အားမလျှော့ပဲ ပန်းတိုင်ဆီကိုလျှောက်လှမ်းနိုင်ဖို့ လိုပါတယ်။

၃။ သူတို့ဟာ ပြောင်းလဲမှုတွေအတွက် နောက်မတွန့်ကြပါဘူး။
ပြောင်းလဲမှုတွေလုပ်ဆောင်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေအတွက် နောက်တွန့်နေတာဟာ ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေပါတယ်။

၄။ သူတို့က ထိန်းမနိုင်သိမ်းမရကိစ္စတွေကို အာရုံမစိုက်တတ်ကြပါဘူး။
အရာအားလုံးကို လိုက်ထိန်းချုပ်ဖို့ကြိုးစားတာက စိုးရိမ်ပူပန်မှုကို ထိန်းသိမ်းထားသလိုပါပဲ။ စိုးရိမ်ပူပန်နေတဲ့အတွက် ပတ်ဝန်းကျင်ကိုလိုက်ထိန်းချုပ်နေမိတာဖြစ်ပါတယ်။ ထိန်းချုပ်လို့မရနိုင်တဲ့ အရေးကိစ္စတွေအတွက် အာရုံစိုက်ပူပင်မနေတတ်တာက စိတ်ဖိစီးမှုနည်းစေပြီး၊ ပျော်ရွှင်မှုတွေ၊ အခွင့်အလမ်းသစ်တွေနဲ့ အောင်မြင်မှုတွေကို ပိုမိုရရှိနိုင်ပါတယ်။

၅။ သူတို့က လူတွေရဲ့အမြင်ကို ဂရုမစိုက်တတ်ပါဘူး။
များသောအားဖြင့် ကျွန်တော်တို့ ကိုယ့်အပေါ်လူတွေဘယ်လိုမြင်မလဲဆိုတာတွေပြီး ကိုယ့်ကိုယ်ကို အကဲဖြတ်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ သင့်အနေနဲ့ လူတိုင်း စိတ်တိုင်းကျဖြစ်အောင် မနေနိုင်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ်နေတတ်မယ်ဆိုရင် ပိုပြီးကြံ့ခိုင်ပြီး မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာမှာဖြစ်ပါတယ်။

၆။ သူတို့က ဖြစ်နိုင်ချေရှိတဲ့ စွန့်စားမှုတွေကို မကြောက်တတ်ကြပါဘူး။
လူတွေက ငွေရေးကြေးရေးအရ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဒါမှမဟုတ် စီးပွားရေးဆိုင်ရာ စွန့်စားမှုတွေ လုပ်ဆောင်ဖို့ ကြောက်ကြပါတယ်။ ဒါဟာ စွန့်စားမှုရဲ့ဖြစ်နိုင်ချေကို မတွက်ဆတတ်လို့ပဲဖြစ်ပါတယ်။ စွန့်စားမှုတစ်ခုကို ဆန်းစစ်နိုင်ဖို့ ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။
– ဘာတွေကုန်ကျမှာလဲ။
– ဘာတွေအကျိုးအမြတ်ရမှာလဲ။
– ဒီစွန့်စားမှုက ငါရည်မှန်းချက်ဆီရောက်ဖို့ ဘယ်လိုကူညီပေးနိုင်မှာလဲ။
– တကယ်ဖြစ်လာရင် ဘယ်လောက်ကောင်းကျိုးရှိမှာလဲ။
– အဆိုးဆုံးဘာတွေဖြစ်လာနိုင်လဲ၊ ဖြစ်လာရင် အရမ်းမဆိုးအောင် ဘာတွေလုပ်နိုင်မလဲ။
– တကယ်အဆိုးတွေဖြစ်လာရင် ဘယ်လောက်ထိခိုက်နိုင်မလဲ။
– ဒီဆုံးဖြတ်ချက်က ငါးနှစ်အတွင်း ဘယ်လောက်များအရေးပါမလဲ။

၇။ သူတို့က အတိတ်ကို စွဲလမ်းနေသူတွေ မဟုတ်ပါဘူး။
အတိတ်က အတိတ်မှာကျန်ခဲ့ပါပြီ။ ဖြစ်ခဲ့တာတွေကို ပြောင်းလဲလို့မရတော့ပါဘူး။။ ဒါ့ကြောင့် အတိတ်ကို စွဲလမ်းနေသူတွေဟာ လက်ရှိအချိန်နဲ့ နောက်လာမယ့် အနာဂတ်ကို ဖျက်ဆီးနေတာပဲဖြစ်ပါတယ်။ အတိတ်က ဖြစ်ရပ်တွေကနေ သင်ခန်းစာယူနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။

၈။ သူတို့က အမှားတစ်ခု ထပ်ကာထပ်ကာ မလုပ်ကြပါဘူး။
အမှားကို ဆင်ခြင်နိုင်စွမ်းက နောက်မမှားဖို့ သေချာစေပါတယ်။ ဘာမှားသွားလဲ၊ ဘာလုပ်ရင်ပိုကောင်းသွားမလဲ၊ နောက်တစ်ခါဆိုရင် ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာတတ်ဖို့ အရေးကြီးပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေက အမှားအတွက် တာဝန်ယူတတ်ကြပြီး နောက်မမှားအောင် အမြဲဂရုစိုက်တတ်ကြပါတယ်။

၉။ သူတို့က အခြားသူအောင်မြင်မှုကို မနာလိုမဖြစ်တတ်ကြပါဘူး။
အခြားသူရဲ့အောင်မြင်မှုကို မနာလိုမရှုစိမ့်နိုင်တာက သင့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ပျောက်သွားစေနိုင်ပါတယ်။ အခြားလူတွေကို အာရုံစိုက်နေတာက သင်အောင်မြင်လာရင်တောင်မှ ကျေနပ်မှုအပြည့်အဝခံစားရမှာမဟုတ်ပါဘူး။

၁၀။ သူတို့က တကြိမ်ရှုံးနိမ့်ရုံနဲ့ အရှုံးမပေးတတ်ကြပါဘူး။
အောင်မြင်မှု ချက်ချင်းလက်ငင်း ဘယ်တော့မှမရပါဘူး။ ရှုံးနိမ့်မှုဆိုတာကလည်း သင့်ဖြတ်ကျော်ရမယ့် အတားအဆီးတစ်ခုပဲဖြစ်ပါတယ်။ အရှုံးကိုလက်မခံနိုင်တာဟာ စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတာပါပဲ။ အရှုံးတွေကြားထဲက ပြန်ထနိုင်ဖို့ ကြိုးစားပါ။

၁၁။ သူတို့က အထီးကျန်မှာကို မစိုးရိမ်တတ်ကြပါဘူး။
တစ်ယောက်တည်းတွေးနေရချိန်တွေဟာ စွမ်းအားပြည့်နေချိန်ဖြစ်ပြီး ရည်မှန်းချက်ကိုရောက်ဖို့ အထောက်အကူဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်လာဖို့အတွက် နေ့စဉ်ရှုပ်ထွေးမှုတွေကနေထွက်ပြီး ကိုယ့်ဘဝတိုးတက်ဖို့ အာရုံစိုက်တွေးခေါ်ချိန် ပေးဖို့လိုပါတယ်။
တစ်ယောက်တည်းဖြစ်နေချိန်မှာ ရနိုင်တဲ့ကောင်းကျိုးတွေကတော့ –
– ရုံးမှာတစ်ယောက်တည်းဖြစ်နေရင် အလုပ်ပိုပြီးပါတယ်။
– အထီးကျန်မှုဟာ သင့်ရဲ့မျှဝေခံစားလိုစိတ်ကို တိုးပွားစေပါတယ်။
– ဆန်းသစ်တီထွင်မှုကောင်းစေပါတယ်။
– စိတ်ဓာတ်ကြံ့ခိုင်စေပါတယ်။
– အားပြန်ဖြည့်ဖို့ အခွင့်အရေးရပါတယ်။

၁၂။ သူတို့ဟာ လောကကြီးကို အပြစ်မမြင်တတ်ကြပါဘူး။
သင့်ရဲ့ကျရှုံးမှုတွေ၊ မအောင်မြင်မှုတွေအတွက် လောကကြီးကို အပြစ်တင်ဖို့လွယ်ပါတယ်။ ဒါပေမယ့် ဒါက တော်တော်ကိုလွဲနေပါတယ်။ ဘဝက မမျှတပါဘူး။ တချို့လူတွေ အဆင်ပြေနေပေမယ့် သင်လည်း အဆင်ပြေမယ်မထင်လိုက်ပါနဲ့။ အဓိကအာရုံစိုက်ရမှာက သင့်ရဲ့အားထုတ်မှုကိုပဲဖြစ်ပါတယ်။ ဝေဖန်မှုတွေကို လက်ခံပါ။ အားနည်းချက်ကို အသိအမှတ်ပြုပါ။ အခြားသူတွေနဲ့ သွားယှဉ်ရဲ့ စိတ်ပျက်စရာပဲရှိပါတယ်။

၁၃။ သူတို့က ချက်ချင်းပြန်ရဖို့ မမျှော်လင့်တတ်ကြပါဘူး။
အောင်မြင်မှုဆိုတာ ညတွင်းချင်းဖြစ်မလာနိုင်ဘူးဆိုတာကို နားလည်ထားဖို့လိုပါတယ်။ စိတ်ဓာတ်ခွန်အားနည်းသူတွေက စိတ်မရှည်တတ်ကြပါဘူး။ သူတို့ရဲ့စွမ်းရည်ကို ပိုတွက်ကြပြီး ပြောင်းလဲမှုအတွက် ကြာချိန်ကို လျှော့တွက်ကြပါတယ်။ ဒီလိုနဲ့ ချက်ချင်းတစ်ခုခုထူးခြားဖို့ မျှော်လင့်တတ်ကြပါတယ်။

အဓိကကျတာက အကျိုးရလဒ်ကို မျက်ခြေမပြတ်စေပဲ ရေရှည်ပန်းတိုင်ဆီကို တစိုက်မတ်မတ်လျှောက်လှမ်းပါ။ လမ်းမှာ ကျရှုံးမှုတွေ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် တိုးတက်မှုကို သတိပြုပြီး အားလုံးကို ခြုံကြည့်တတ်မယ်ဆိုရင် အောင်မြင်မှုကို ရရှိနိုင်ဖို့ သေချာပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%