ဘ၀မွာ ေအာင္ျမင္ဖို႔အတြက္က ပညာဗဟုသုတနဲ႔ အရည္အခ်င္းေတြရွိေန႐ုံနဲ႔ မလုံေလာက္ပါဘူး။ အျခားလူေတြနဲ႔ ဆက္သြယ္ႏိုင္ၿပီး သူတို႔ရဲ႕ယံုၾကည္ေလးစားမႈကို ရယူႏိုင္ဖို႔လည္း လိုပါတယ္။ လူတိုင္းဟာ သင့္နဲ႔ ပထမဆံုးျမင္ေတြ႕ၾကရတဲ့ စကၠန္႔ပိုင္းအတြင္းမွာပဲ သင့္ကိုသေဘာက်မက်၊ ယုံၾကည္မႈရွိမရွိဆိုတာနဲ႔ ေလးစားမႈရွိသင့္မရွိသင့္ကို ဆံုးျဖတ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဘယ္လုိပဲျဖစ္ျဖစ္ လူေတြနဲ႔ ပတ္သက္ဆက္ဆံရတဲ့အခါမွာ ပထမဆံုးထင္ျမင္ခ်က္ေကာင္းေနဖို႔ အေရးႀကီးပါတယ္။ ဒါ့ေၾကာင့္ စကၠန္႔(၃၀)အတြင္းမွာ လူေတြရဲ႕ ကိုယ္စိတ္ႏွလံုးကို လႊမ္းမိုးသြားေနႏိုင္မယ့္ နည္းလမ္းေလးေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။
၁။ မေလွ်ာ့မတင္း ဆက္ဆံပါ။
ပထမဆံုးအႀကိမ္ေတြ႕ဆံုမႈရဲ႕ အေစာပိုင္းအခ်ိန္အတြင္းမွာ တစ္ဦးနဲ႔တစ္ဦး ပင္ကိုယ္သိစိတ္နဲ႔ တံု႔ျပန္မႈေတြ လုပ္ေဆာင္တတ္ၾကပါတယ္။ လူတိုင္းဟာ သူတို႔စိတ္ခံစားခ်က္ကို မူတည္ၿပီး မသိလိုက္မသိဘာသာ အကဲျဖတ္မႈေတြကို ခ်က္ခ်င္လုပ္ေဆာင္တာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕တုံ႔ျပန္မႈေတြကို ဂ႐ုစိုက္ပါ။ တဖက္သူကို အထက္စီးကဆက္ဆံသလိုမ်ိဳး မျဖစ္ပါေစနဲ႔။
၂။ ေလးစားမႈရွိပါ။
ပုဂိၢဳဟ္ေရးကိစၥေတြနဲ႔ လူမႈေရးကန္႔သတ္ခ်က္ေတြကို သတိထားပါ။ သူတို႔ရဲ႕ ဆက္ဆံပံုကိုၾကည့္ၿပီး အလုိက္သင့္ ဆက္ဆံပါ။ လူတစ္ကိုယ္စိတ္တစ္မ်ိဳးရွိတယ္ဆိုတာကို မေမ့ပါနဲ႔။
၃။ ေမွ်ာ္လင့္ခ်က္ေတြ ေပးပါ။
စီးပြားေရးေလာကမွာဆိုရင္ ကနဦးထင္ျမင္ခ်က္မွာ ေမွ်ာ္လင့္ခ်က္ေတြ စြန္းထင္းေနတတ္ပါတယ္။ တဖက္လူကို မျမင္ရေသးပဲ သူတို႔ရဲ႕ နာမည္၊ အဆင့္အတန္း၊ ဖုန္းေခၚဆိုမႈေတြ၊ အီးေမးလ္ေတြကေနတဆင့္ ကိုက္ညီမယ္ထင္တဲ့ ပံုရိပ္တစ္ခုကို ေမွ်ာ္လင့္ဖန္တီးထားတတ္ပါတယ္။ လူခ်င္းေတြ႕တဲ့အခါမွာလည္း ေမွ်ာ္လင့္ထားတဲ့ပံုရိပ္နဲ႔ ကိုက္ညီမႈရွိေစခ်င္တတ္ၾကပါတယ္။
၄။ ခႏၶာေဗဒဘာသာစကားကိုလည္း ဂ႐ုစိုက္ပါ။
ကိုယ္အမူအယာ၊ လက္ဟန္အေနအထားေတြက စကားလံုးေတြထက္ ပိုမိုထိေရာက္ပါတယ္။ ဒါ့ေၾကာင့္ အာ႐ုံစိုက္ထားေၾကာင္းနဲ႔ ပြင့္လင္းမႈရွိေၾကာင္း ကိုယ္အမူအယာရွိဖို႔ လိုပါတယ္။ ဒါ့အျပင္ ခန္႔ညားေဖာ္ေရြတဲ့ မ်က္ႏွာအမူအယာနဲ႔ မ်က္လံုးအၾကည့္လည္္း ရွိသင့္ပါတယ္။
၅။ အေကာင္းျမင္စိတ္ရွိပါ။
သင့္ဦးေႏွာက္က ႐ုပ္ပံုေတြ၊ အသံေတြ၊ ခံစားခ်က္ေတြနဲ႔ အနံ႔အရသာစတာေတြကိုပဲ သိရွိတာျဖစ္ပါတယ္။ ဒီအခ်က္ေတြနဲ႔ ပတ္သက္လို႔ အဆိုးျမင္စိတ္ေတြကို ဦးေႏွာက္က လက္ခံႏိုင္ဖို႔ခဲယဥ္းပါတယ္။ ဒါ့ေၾကာင့္ အေကာင္းျမင္စိတ္ကို ေမြးျမဴထားႏိုင္ေအာင္ ႀကိဳးစားပါ။
၆။ စိတ္ေနစိတ္ထားကို ထိန္းသိမ္းပါ။
စိတ္႐ႈပ္စရာေတြ ၾကံဳေနရင္ တည္ၿငိမ္ေအာင္ ႀကိဳးစားပါ။ အာ႐ုံေနာက္ၿပီး စိတ္၀င္စားမႈေလ်ာ့နည္းေနရင္ အျပဳသေဘာေဆာင္ၿပီး ေတြးေတာပါ။ ပိုမိုေကာင္းမြန္တဲ့ ပထမအျမင္ကို ဖန္တီးႏိုင္မွာျဖစ္သလို စိတ္ခံစားမႈကိုလည္း ထိန္းခ်ဳပ္ႏိုင္မွာျဖစ္ပါတယ္။
၇။ စိတ္ခံစားခ်က္ေတြကို ဂ႐ုစိုက္ပါ။
လူေတြက ေဒါသႀကီးတာ၊ ေမာက္မာတာနဲ႔ စိတ္မရွည္တာေတြကို သေဘာမက်ပါဘူး။ ေႏြးေထြးပ်ဴငွာတာ၊ စိတ္အားထက္သန္တာနဲ႔ ယုံၾကည္မႈရွိတာေတြကို ႏွစ္သက္ၾကပါတယ္။ ဒါ့ေၾကာင့္ တဖက္သူဆီက အေကာင္းဆံုး တံု႔ျပန္မႈေတြကို လိုခ်င္ရင္ သင့္ရဲ႕စိတ္ခံစားခ်က္ေတြကို စီမံႏိုင္ဖို႔ လိုပါတယ္။
၈။ လိုက္ေလ်ာညီေထြ ျဖစ္ပါေစ။
သင္ေျပာတဲ့စကား၊ အသံေနအသံထား၊ ခႏၶာကိုယ္အမူအယာ အားလံုးက အလိုက္သင့္ျဖစ္ဖို႔ လိုပါတယ္။ အားလံုးက မဆီမဆိုင္တာေတြျဖစ္ေနမယ္ဆိုရင္ တစ္ဖက္သူအတြက္ ႐ႈပ္ေထြးသြားႏိုင္ပါတယ္။ လိုက္ေလ်ာညီေထြျဖစ္ေနမယ္ဆိုရင္ေတာ့ တစ္ဖက္သူကို ရွင္းရွင္းလင္းလင္း သေဘာေပါက္နားလည္သြားေစႏိုင္ပါတယ္။
၉။ ခံစားသိျမင္လာေအာင္ ေျပာဆိုပါ။
လူေတြရဲ႕ အာ႐ုံခံစားႏိုင္စြမ္းကို ႏႈိးထလာေအာင္ လုပ္ႏိုင္ဖို႔လိုပါတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ သင္ေျပာတဲ့အေၾကာင္းအရာရဲ႕ အဓိပၸါယ္ကို ျပည့္စုံေစမယ့္ ပံုရိပ္ေတြ၊ အသံေတြ၊ လႈပ္ရွားမႈေတြ၊ ခံစားမႈေတြနဲ႔ သက္ဆိုင္တဲ့ ေဖာ္ျပခ်က္ေတြ အသံုးျပဳပါ။
၁၀။ စိတ္ကိုဖြင့္ထားၿပီး စိတ္၀င္တစား စူးစမ္းပါ။
တစ္ေယာက္နဲ႔စကားေျပာေနတဲ့အခါမွာ သူတို႔ကို ေျပာဖို႔အလွည့္ေပးပါ။ သူတို႔ေျပာတဲ့အေၾကာင္းအရာကို စိတ္၀င္တစားနားေထာင္ပါ။ သူတို႔ရဲ႕စိတ္ကူးကို ေဖာ္ျပေစႏိုင္မယ့္ ေမးခြန္းေတြ ေမးေပးပါ။
၁၁။ ၀တ္စားဆင္ယင္မႈကို အေလးထားပါ။
သင့္ရဲ႕ ကိုယ္ပိုင္စတိုင္တစ္ခုကို ရွာေဖြပါ။ သင့္ရဲ႕၀တ္စားဆင္ယင္မႈနဲ႔ ႐ုပ္ရည္သြင္ျပင္ကို ဂ႐ုတစိုက္ ျပင္ဆင္ပါ။
၁၂။ ကိုယ္ေရးအခ်က္အလက္ေတြ ျပင္ဆင္ထားပါ။
ကိုယ္ပိုင္အရည္အခ်င္းေတြ၊ အလုပ္အကိုင္ေတြစတဲ့ သင့္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ျပင္ဆင္ၿပီး မွတ္သားထားပါ။ ဒါမွ သင္က ဘယ္လိုလူမ်ိဳး၊ ဘာလုပ္တယ္ဆိုတာကို အျခားသူေတြကို အတိအက်ေျပာျပႏိုင္မွာ ျဖစ္ပါတယ္။
၁၃။ ေနာက္ဆံုးအခ်က္
သင့္နဲ႔ေတြ႕ဆံုဆက္ဆံသူတိုင္းကို အေရးအႀကီးဆံုးေတြ႕ဆံုဆက္ဆံမႈေတြအျဖစ္ သေဘာထားဆက္ဆံပါ။ တခ်ိန္ခ်ိန္မွာ တကယ္လည္း အေလးအနက္ထားၿပီး ဆက္ဆံရလာႏိုင္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
စက္ကန့်(၃၀)အတွင်း တစ်ဖက်သူ အထင်ကြီးလေးစားသွားစေဖို့
ဘဝမှာ အောင်မြင်ဖို့အတွက်က ပညာဗဟုသုတနဲ့ အရည်အချင်းတွေရှိနေရုံနဲ့ မလုံလောက်ပါဘူး။ အခြားလူတွေနဲ့ ဆက်သွယ်နိုင်ပြီး သူတို့ရဲ့ယုံကြည်လေးစားမှုကို ရယူနိုင်ဖို့လည်း လိုပါတယ်။ လူတိုင်းဟာ သင့်နဲ့ ပထမဆုံးမြင်တွေ့ကြရတဲ့ စက္ကန့်ပိုင်းအတွင်းမှာပဲ သင့်ကိုသဘောကျမကျ၊ ယုံကြည်မှုရှိမရှိဆိုတာနဲ့ လေးစားမှုရှိသင့်မရှိသင့်ကို ဆုံးဖြတ်တတ်ကြပါတယ်။ ဒါ့ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လူတွေနဲ့ ပတ်သက်ဆက်ဆံရတဲ့အခါမှာ ပထမဆုံးထင်မြင်ချက်ကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် စက္ကန့်(၃၀)အတွင်းမှာ လူတွေရဲ့ ကိုယ်စိတ်နှလုံးကို လွှမ်းမိုးသွားနေနိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
၁။ မလျှော့မတင်း ဆက်ဆံပါ။
ပထမဆုံးအကြိမ်တွေ့ဆုံမှုရဲ့ အစောပိုင်းအချိန်အတွင်းမှာ တစ်ဦးနဲ့တစ်ဦး ပင်ကိုယ်သိစိတ်နဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်တတ်ကြပါတယ်။ လူတိုင်းဟာ သူတို့စိတ်ခံစားချက်ကို မူတည်ပြီး မသိလိုက်မသိဘာသာ အကဲဖြတ်မှုတွေကို ချက်ချင်လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့တုံ့ပြန်မှုတွေကို ဂရုစိုက်ပါ။ တဖက်သူကို အထက်စီးကဆက်ဆံသလိုမျိုး မဖြစ်ပါစေနဲ့။
၂။ လေးစားမှုရှိပါ။
ပုဂ္ဂိုဟ်ရေးကိစ္စတွေနဲ့ လူမှုရေးကန့်သတ်ချက်တွေကို သတိထားပါ။ သူတို့ရဲ့ ဆက်ဆံပုံကိုကြည့်ပြီး အလိုက်သင့် ဆက်ဆံပါ။ လူတစ်ကိုယ်စိတ်တစ်မျိုးရှိတယ်ဆိုတာကို မမေ့ပါနဲ့။
၃။ မျှော်လင့်ချက်တွေ ပေးပါ။
စီးပွားရေးလောကမှာဆိုရင် ကနဦးထင်မြင်ချက်မှာ မျှော်လင့်ချက်တွေ စွန်းထင်းနေတတ်ပါတယ်။ တဖက်လူကို မမြင်ရသေးပဲ သူတို့ရဲ့ နာမည်၊ အဆင့်အတန်း၊ ဖုန်းခေါ်ဆိုမှုတွေ၊ အီးမေးလ်တွေကနေတဆင့် ကိုက်ညီမယ်ထင်တဲ့ ပုံရိပ်တစ်ခုကို မျှော်လင့်ဖန်တီးထားတတ်ပါတယ်။ လူချင်းတွေ့တဲ့အခါမှာလည်း မျှော်လင့်ထားတဲ့ပုံရိပ်နဲ့ ကိုက်ညီမှုရှိစေချင်တတ်ကြပါတယ်။
၄။ ခန္ဓာဗေဒဘာသာစကားကိုလည်း ဂရုစိုက်ပါ။
ကိုယ်အမူအယာ၊ လက်ဟန်အနေအထားတွေက စကားလုံးတွေထက် ပိုမိုထိရောက်ပါတယ်။ ဒါ့ကြောင့် အာရုံစိုက်ထားကြောင်းနဲ့ ပွင့်လင်းမှုရှိကြောင်း ကိုယ်အမူအယာရှိဖို့ လိုပါတယ်။ ဒါ့အပြင် ခန့်ညားဖော်ရွေတဲ့ မျက်နှာအမူအယာနဲ့ မျက်လုံးအကြည့်လည််း ရှိသင့်ပါတယ်။
၅။ အကောင်းမြင်စိတ်ရှိပါ။
သင့်ဦးနှောက်က ရုပ်ပုံတွေ၊ အသံတွေ၊ ခံစားချက်တွေနဲ့ အနံ့အရသာစတာတွေကိုပဲ သိရှိတာဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ ပတ်သက်လို့ အဆိုးမြင်စိတ်တွေကို ဦးနှောက်က လက်ခံနိုင်ဖို့ခဲယဉ်းပါတယ်။ ဒါ့ကြောင့် အကောင်းမြင်စိတ်ကို မွေးမြူထားနိုင်အောင် ကြိုးစားပါ။
၆။ စိတ်နေစိတ်ထားကို ထိန်းသိမ်းပါ။
စိတ်ရှုပ်စရာတွေ ကြုံနေရင် တည်ငြိမ်အောင် ကြိုးစားပါ။ အာရုံနောက်ပြီး စိတ်ဝင်စားမှုလျော့နည်းနေရင် အပြုသဘောဆောင်ပြီး တွေးတောပါ။ ပိုမိုကောင်းမွန်တဲ့ ပထမအမြင်ကို ဖန်တီးနိုင်မှာဖြစ်သလို စိတ်ခံစားမှုကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
၇။ စိတ်ခံစားချက်တွေကို ဂရုစိုက်ပါ။
လူတွေက ဒေါသကြီးတာ၊ မောက်မာတာနဲ့ စိတ်မရှည်တာတွေကို သဘောမကျပါဘူး။ နွေးထွေးပျူငှာတာ၊ စိတ်အားထက်သန်တာနဲ့ ယုံကြည်မှုရှိတာတွေကို နှစ်သက်ကြပါတယ်။ ဒါ့ကြောင့် တဖက်သူဆီက အကောင်းဆုံး တုံ့ပြန်မှုတွေကို လိုချင်ရင် သင့်ရဲ့စိတ်ခံစားချက်တွေကို စီမံနိုင်ဖို့ လိုပါတယ်။
၈။ လိုက်လျောညီထွေ ဖြစ်ပါစေ။
သင်ပြောတဲ့စကား၊ အသံနေအသံထား၊ ခန္ဓာကိုယ်အမူအယာ အားလုံးက အလိုက်သင့်ဖြစ်ဖို့ လိုပါတယ်။ အားလုံးက မဆီမဆိုင်တာတွေဖြစ်နေမယ်ဆိုရင် တစ်ဖက်သူအတွက် ရှုပ်ထွေးသွားနိုင်ပါတယ်။ လိုက်လျောညီထွေဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်သူကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်သွားစေနိုင်ပါတယ်။
၉။ ခံစားသိမြင်လာအောင် ပြောဆိုပါ။
လူတွေရဲ့ အာရုံခံစားနိုင်စွမ်းကို နှိုးထလာအောင် လုပ်နိုင်ဖို့လိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင်ပြောတဲ့အကြောင်းအရာရဲ့ အဓိပ္ပါယ်ကို ပြည့်စုံစေမယ့် ပုံရိပ်တွေ၊ အသံတွေ၊ လှုပ်ရှားမှုတွေ၊ ခံစားမှုတွေနဲ့ သက်ဆိုင်တဲ့ ဖော်ပြချက်တွေ အသုံးပြုပါ။
၁၀။ စိတ်ကိုဖွင့်ထားပြီး စိတ်ဝင်တစား စူးစမ်းပါ။
တစ်ယောက်နဲ့စကားပြောနေတဲ့အခါမှာ သူတို့ကို ပြောဖို့အလှည့်ပေးပါ။ သူတို့ပြောတဲ့အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးကို ဖော်ပြစေနိုင်မယ့် မေးခွန်းတွေ မေးပေးပါ။
၁၁။ ၀တ်စားဆင်ယင်မှုကို အလေးထားပါ။
သင့်ရဲ့ ကိုယ်ပိုင်စတိုင်တစ်ခုကို ရှာဖွေပါ။ သင့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ရုပ်ရည်သွင်ပြင်ကို ဂရုတစိုက် ပြင်ဆင်ပါ။
၁၂။ ကိုယ်ရေးအချက်အလက်တွေ ပြင်ဆင်ထားပါ။
ကိုယ်ပိုင်အရည်အချင်းတွေ၊ အလုပ်အကိုင်တွေစတဲ့ သင့်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်ပြီး မှတ်သားထားပါ။ ဒါမှ သင်က ဘယ်လိုလူမျိုး၊ ဘာလုပ်တယ်ဆိုတာကို အခြားသူတွေကို အတိအကျပြောပြနိုင်မှာ ဖြစ်ပါတယ်။
၁၃။ နောက်ဆုံးအချက်
သင့်နဲ့တွေ့ဆုံဆက်ဆံသူတိုင်းကို အရေးအကြီးဆုံးတွေ့ဆုံဆက်ဆံမှုတွေအဖြစ် သဘောထားဆက်ဆံပါ။ တချိန်ချိန်မှာ တကယ်လည်း အလေးအနက်ထားပြီး ဆက်ဆံရလာနိုင်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================