ခ်မ္းသာခ်င္သူတို႔အတြက္ နည္းလမ္း ၅ ခ်က္

ေလာကႀကီးမွာ တခ်ိဳ႕သူေတြက ေငြလြယ္လြယ္နဲ႔ ႐ွာႏိုင္ၾကၿပီး တခ်ိဳ႕ေတြက် လံုးလည္ခ်ာလည္ လိုက္ေနၾကတယ္လို႔ ေတြးမိဖူးပါသလား။ မွန္ပါတယ္။ တခ်ိဳ႕သူေတြက ေငြ႐ွာပိုေကာင္းတတ္ၾကပါတယ္။ သတင္းေကာင္းတစ္ခုေပးပါမယ္။ ေငြ႐ွာတဲ့ေနရာမွာ ဆရာတစ္ဆူျဖစ္ေအာင္ ေလ့က်င့္ယူႏိုင္ပါတယ္။ ပိုၿပီးေကာင္းတဲ့ သတင္းတစ္ခု႐ွိပါေသးတယ္။ ေငြ လြယ္လြယ္နဲ႔ ႐ွာႏိုင္မယ့္ နည္းလမ္းငါးခု ေအာက္မွာ ႐ွိပါတယ္။

၁. အဆင္မေျပျဖစ္တာကို အသားက်ေအာင္ ေလ့က်င့္ယူပါ

လူတိုင္း သက္ေတာင့္သက္သာ ေနခ်င္ၾကတာခ်ည္းပါပဲ။ သက္ေတာင့္သက္သာေနရဖို႔ဆိုတာ အလယ္အလတ္တန္းစားလူေတြရဲ႕ အဓိကရည္ရြယ္ခ်က္ျဖစ္ေနတတ္ပါတယ္။ ေျပာစရာ႐ွိတာက သူေ႒းတစ္ေယာက္ျဖစ္ဖို႔ မလြယ္ကူပါဘူး။ သက္ေတာင့္သက္သာေနရေအာင္ ႀကိဳးစားေနရင္ သူေ႒းျဖစ္ဖို႔ အေႏွာင့္အယွက္ ျဖစ္ပါတယ္။

ေငြမ်ားမ်ား႐ွာခ်င္ရင္ သက္ေတာင့္သက္သာမ႐ွိတဲ့ဘဝထဲမွာ အဆင္ေျပေျပေနတတ္ရပါမယ္။ ခ်မ္းသာခ်င္ရင္ တစ္ခုခုေပးဆပ္ရမွာပါ။ ခဏေလးေပးဆပ္ၿပီးရင္ေတာ့ တစ္သက္လံုး သက္ေတာင့္သက္သာ ေနသြားႏိုင္ပါၿပီ။ သက္ေတာင့္သက္သာမ႐ွိေပမယ့္ ေငြဝင္ဖို႔ အေထာက္အကူျပဳတဲ့ အလုပ္ငါးခုကို ဒီေန႔ပဲ စလုပ္လိုက္ပါ။

၂. ခ်မ္းသာဖို႔အေၾကာင္းပဲ စဥ္းစားပါ

သာမန္လူေတြကေတာ့ လႊမ္းမိုးခံရတာကို မေကာင္းဘူးပဲ ထင္ၾကမွာပါ။ အမွန္ကေတာ့ ခ်မ္းသာတဲ့သူေတြဟာ ေအာင္ျမင္မႈရဲ႕ လႊမ္းမိုးမႈကို ခံေနရတာ ခ်ည္းပါ။ ခ်မ္းသာတဲ့သူေတြဟာ ဘဝနဲ႔ စီးပြားေရးကို ဂိမ္းတစ္ခုလို႔ ျမင္ပါတယ္။ သူတို႔ ႏိုင္ရမယ့္ဂိမ္းပါ။ သန္းနဲ႔ခ်ီၿပီး ခ်မ္းသာတဲ့သူေတြ ဘာေၾကာင့္ဆက္ၿပီး ေငြ႐ွာေနလဲဆိုတာ အေၾကာင္း႐ွိပါတယ္။ သူတို႔ဘဝမွာ ေငြဟာ အေရးမဟုတ္ေတာ့ပါဘူး။ ေအာင္ျမင္မႈနဲ႔ အလုပ္ၿပီးေျမာက္မႈကိုသာ အေလးထားၾကတာပါ။

ခ်မ္းသာခ်င္စိတ္ရဲ႕ လႊမ္းမိုးမႈခံရတာဟာ မမွားပါဘူး။ ဘဝမွာ ေအာင္ျမင္ဖူးတဲ့သူေတြဟာ ပိုေအာင္ျမင္တတ္ၾကပါတယ္။ ေအာင္ျမင္မႈရဲ႕ ခံစားခ်က္က ဘယ္ေတာ့မွ အိုေဟာင္းမသြားပါဘူး။ ေငြမ်ားမ်ား႐ွာခ်င္တယ္ဆိုရင္ ကိုယ္ ျဖစ္ခ်င္တာကို စဥ္းစားၿပီးေတာ့ အဲဒါကိုရဖို႔ ဘာေတြကုိ စေတးႏိုင္လဲ ဆိုတာ ဆံုးျဖတ္ပါ။ သင့္ရဲ႕ ကိုယ္ပိုင္ စည္းကမ္းနဲ႔ ဆံုးျဖတ္ခ်က္ဟာ ရည္မွန္းခ်က္နဲ႔ ထပ္တူညီေနရပါမယ္။

၃. ေငြကို မိတ္ေဆြလို႔ သေဘာထားပါ

လူေတာ္ေတာ္မ်ားမ်ားက ေငြကို ႐ွားပါးထူးဆန္းတဲ့၊ ရဖို႔ခက္ခဲၿပီး ထိန္းသိမ္းဖို႔က ပိုေတာင္ခက္ခဲတဲ့ အရာအျဖစ္ ျမင္တတ္ၾကပါတယ္။ ေငြမ်ားမ်ားလာေအာင္ ဆြဲေဆာင္ခ်င္ရင္ေတာ့ ေငြကို သင့္ရဲ႕ အေကာင္းဆံုးမိတ္ေဆြလို႔ မွတ္ယူထားလုိက္ပါ။ အခက္အခဲအားလံုးကို အဆံုးသတ္ေပးမယ့္၊ သင့္ဘဝကို ကယ္တင္ေပးမယ့္ မိတ္ေဆြေကာင္းႀကီး အေနနဲ႔ေပါ့။ လူခ်မ္းသာေတြဟာ ေငြကို သူတို႔ကို အေကာင္းဆံုးကူညီေပးႏိုင္တဲ့ မိတ္ေဆြႀကီးအျဖစ္ ျမင္တတ္ၾကပါတယ္။ အဲဒိအျမင္က သူတို႔နဲ႔ ေငြၾကား ဆက္ဆံေရးကို ပိုပိုၿပီး ေကာင္းလာေစပါတယ္။ ေငြကို ကိုယ့္မိတ္ေဆြအျဖစ္ အသိအမွတ္ျပဳပါ။ သင့္စိတ္က ေငြပိုရေအာင္ စြမ္းေဆာင္ေပးပါလိမ့္မယ္။

၄.ေငြရဲ႕ လ်ိႈ့ဝွက္ခ်က္ေတြကို ႐ွင္းဖို႔ မႀကိဳးစားပါနဲ႔

လူအမ်ားစုဟာ ေငြ႐ွာတာက ထူးဆန္းလ်ိႈ့ဝွက္တယ္လို႔ ျမင္ထားၾကပါတယ္။ အမွန္ကေတာ့ ေငြဆိုတာ စိတ္ကူးစိတ္သန္း အၾကံဉာဏ္ေတြကေန ထြက္ေပၚလာတာပါ။ စိတ္ကူးစိတ္သန္းမ်ားမ်ား႐ွိေလ ခ်မ္းသာေလေလပါပဲ။ ေစ်းကြက္စီးပြားေရးဆိုတာ ေငြကို အၾကံဉာဏ္ေတြနဲ႔ လဲတာပါ။ အၾကံႀကီးေလ ေကာင္းေလ ေငြရေလပါပဲ။

ခ်မ္းသာသူေတြက ပိုေတာ္ၾကတာ မဟုတ္ပါဘူး။ ကံပိုေကာင္းလို႔ ပညာပိုတတ္လို႔လဲ မဟုတ္ပါဘူး။ လ်ိႈ့ဝွက္ခ်က္ေတြ မ႐ွိပါဘူး။ ေငြအေၾကာင္း ဘာမွမသိေသးတဲ့ ကေလးေလးတစ္ေယာက္လို၊ အကုန္လံုး လိုခ်င္တာရတဲ့သူတစ္ေယာက္လို ခ်ဥ္းကပ္ပါ။ ေငြ႐ွာတာ မလြယ္ပါဘူး။ ဒါေပမယ့္ ႐ိုး႐ိုးေလးပါ။

၅. ေပ်ာ္ေပ်ာ္ေနပါ

လူေတြမခ်မ္းသာရတဲ့ အေၾကာင္းတစ္ခုကေတာ့ သူေ႒းဆိုတာ အခ်ိန္တိုင္း အလုပ္လုပ္ေနရတာဆိုၿပီး အထင္မွားတတ္ၾကလို႔ပါ။ လူေတာ္ေတာ္မ်ားမ်ားအတြက္ကေတာ့ ေငြဆိုတာ အခ်ိန္နဲ႔ ေပးဝယ္ရတာပါ။ ၾကာၾကာလုပ္မွ မ်ားမ်ားရတာပါ။ သူေ႒းေတြကေတာ့ အဲလို မဟုတ္ပါဘူး။

ကိုယ့္ဘာသာႀကိဳးစားလာတဲ့ သူေ႒းအမ်ားစုမွာ ေပ်ာ္စရာဘဝေတြ ႐ွိၾကပါတယ္။ သူတို႔ လုပ္ခ်င္တာ လုပ္ေနရင္းနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေန ေငြ တစ္ေန႔လံုး ဝင္ေနတာပါ။ သူတို႔မွာ အေပ်ာ္ခရီးထြက္ဖို႔ အခ်ိန္ေတြ ႐ွိပါတယ္။ ဝါသနာပါတာေတြ လုပ္ႏိုင္ပါတယ္။ သူတို႔မိသားစုေတြနဲ႔လဲ ေအးေအးေဆးေဆးေနႏိုင္ပါေသးတယ္။

ခ်မ္းသာသူေတြရဲ႕ဘဝဟာ တျခားလူအားလံုးထက္ ေပ်ာ္စရာေကာင္းပါတယ္။ သူတို႔ လုပ္ခ်င္တာအားလံုး လုပ္လို႔ရေနပါတယ္။ လူတိုင္း ေပ်ာ္စရာဘဝ႐ွိၿပီး လက္ဖ်ားေငြသီးေနတဲ့သူ ျဖစ္ခ်င္ၾကမွာပါ။ ခ်မ္းသာေအာင္ အခုပဲ အခ်ိန္ယူ ႀကိဳးစားလိုက္ပါေတာ့။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

ချမ်းသာချင်သူတို့အတွက် နည်းလမ်း ၅ ချက်

လောကကြီးမှာ တချို့သူတွေက ငွေလွယ်လွယ်နဲ့ ရှာနိုင်ကြပြီး တချို့တွေကျ လုံးလည်ချာလည် လိုက်နေကြတယ်လို့ တွေးမိဖူးပါသလား။ မှန်ပါတယ်။ တချို့သူတွေက ငွေရှာပိုကောင်းတတ်ကြပါတယ်။ သတင်းကောင်းတစ်ခုပေးပါမယ်။ ငွေရှာတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်အောင် လေ့ကျင့်ယူနိုင်ပါတယ်။ ပိုပြီးကောင်းတဲ့ သတင်းတစ်ခုရှိပါသေးတယ်။ ငွေ လွယ်လွယ်နဲ့ ရှာနိုင်မယ့် နည်းလမ်းငါးခု အောက်မှာ ရှိပါတယ်။

၁. အဆင်မပြေဖြစ်တာကို အသားကျအောင် လေ့ကျင့်ယူပါ

လူတိုင်း သက်တောင့်သက်သာ နေချင်ကြတာချည်းပါပဲ။ သက်တောင့်သက်သာနေရဖို့ဆိုတာ အလယ်အလတ်တန်းစားလူတွေရဲ့ အဓိကရည်ရွယ်ချက်ဖြစ်နေတတ်ပါတယ်။ ပြောစရာရှိတာက သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့ မလွယ်ကူပါဘူး။ သက်တောင့်သက်သာနေရအောင် ကြိုးစားနေရင် သူဋ္ဌေးဖြစ်ဖို့ အနှောင့်အယှက် ဖြစ်ပါတယ်။

ငွေများများရှာချင်ရင် သက်တောင့်သက်သာမရှိတဲ့ဘဝထဲမှာ အဆင်ပြေပြေနေတတ်ရပါမယ်။ ချမ်းသာချင်ရင် တစ်ခုခုပေးဆပ်ရမှာပါ။ ခဏလေးပေးဆပ်ပြီးရင်တော့ တစ်သက်လုံး သက်တောင့်သက်သာ နေသွားနိုင်ပါပြီ။ သက်တောင့်သက်သာမရှိပေမယ့် ငွေဝင်ဖို့ အထောက်အကူပြုတဲ့ အလုပ်ငါးခုကို ဒီနေ့ပဲ စလုပ်လိုက်ပါ။

၂. ချမ်းသာဖို့အကြောင်းပဲ စဉ်းစားပါ

သာမန်လူတွေကတော့ လွှမ်းမိုးခံရတာကို မကောင်းဘူးပဲ ထင်ကြမှာပါ။ အမှန်ကတော့ ချမ်းသာတဲ့သူတွေဟာ အောင်မြင်မှုရဲ့ လွှမ်းမိုးမှုကို ခံနေရတာ ချည်းပါ။ ချမ်းသာတဲ့သူတွေဟာ ဘဝနဲ့ စီးပွားရေးကို ဂိမ်းတစ်ခုလို့ မြင်ပါတယ်။ သူတို့ နိုင်ရမယ့်ဂိမ်းပါ။ သန်းနဲ့ချီပြီး ချမ်းသာတဲ့သူတွေ ဘာကြောင့်ဆက်ပြီး ငွေရှာနေလဲဆိုတာ အကြောင်းရှိပါတယ်။ သူတို့ဘဝမှာ ငွေဟာ အရေးမဟုတ်တော့ပါဘူး။ အောင်မြင်မှုနဲ့ အလုပ်ပြီးမြောက်မှုကိုသာ အလေးထားကြတာပါ။
ချမ်းသာချင်စိတ်ရဲ့ လွှမ်းမိုးမှုခံရတာဟာ မမှားပါဘူး။ ဘဝမှာ အောင်မြင်ဖူးတဲ့သူတွေဟာ ပိုအောင်မြင်တတ်ကြပါတယ်။ အောင်မြင်မှုရဲ့ ခံစားချက်က ဘယ်တော့မှ အိုဟောင်းမသွားပါဘူး။ ငွေများများရှာချင်တယ်ဆိုရင် ကိုယ် ဖြစ်ချင်တာကို စဉ်းစားပြီးတော့ အဲဒါကိုရဖို့ ဘာတွေကို စတေးနိုင်လဲ ဆိုတာ ဆုံးဖြတ်ပါ။ သင့်ရဲ့ ကိုယ်ပိုင် စည်းကမ်းနဲ့ ဆုံးဖြတ်ချက်ဟာ ရည်မှန်းချက်နဲ့ ထပ်တူညီနေရပါမယ်။

၃. ငွေကို မိတ်ဆွေလို့ သဘောထားပါ

လူတော်တော်များများက ငွေကို ရှားပါးထူးဆန်းတဲ့၊ ရဖို့ခက်ခဲပြီး ထိန်းသိမ်းဖို့က ပိုတောင်ခက်ခဲတဲ့ အရာအဖြစ် မြင်တတ်ကြပါတယ်။ ငွေများများလာအောင် ဆွဲဆောင်ချင်ရင်တော့ ငွေကို သင့်ရဲ့ အကောင်းဆုံးမိတ်ဆွေလို့ မှတ်ယူထားလိုက်ပါ။ အခက်အခဲအားလုံးကို အဆုံးသတ်ပေးမယ့်၊ သင့်ဘဝကို ကယ်တင်ပေးမယ့် မိတ်ဆွေကောင်းကြီး အနေနဲ့ပေါ့။ လူချမ်းသာတွေဟာ ငွေကို သူတို့ကို အကောင်းဆုံးကူညီပေးနိုင်တဲ့ မိတ်ဆွေကြီးအဖြစ် မြင်တတ်ကြပါတယ်။ အဲဒိအမြင်က သူတို့နဲ့ ငွေကြား ဆက်ဆံရေးကို ပိုပိုပြီး ကောင်းလာစေပါတယ်။ ငွေကို ကိုယ့်မိတ်ဆွေအဖြစ် အသိအမှတ်ပြုပါ။ သင့်စိတ်က ငွေပိုရအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

၄.ငွေရဲ့ လျိှု့ဝှက်ချက်တွေကို ရှင်းဖို့ မကြိုးစားပါနဲ့

လူအများစုဟာ ငွေရှာတာက ထူးဆန်းလျိှု့ဝှက်တယ်လို့ မြင်ထားကြပါတယ်။ အမှန်ကတော့ ငွေဆိုတာ စိတ်ကူးစိတ်သန်း အကြံဉာဏ်တွေကနေ ထွက်ပေါ်လာတာပါ။ စိတ်ကူးစိတ်သန်းများများရှိလေ ချမ်းသာလေလေပါပဲ။ စျေးကွက်စီးပွားရေးဆိုတာ ငွေကို အကြံဉာဏ်တွေနဲ့ လဲတာပါ။ အကြံကြီးလေ ကောင်းလေ ငွေရလေပါပဲ။
ချမ်းသာသူတွေက ပိုတော်ကြတာ မဟုတ်ပါဘူး။ ကံပိုကောင်းလို့ ပညာပိုတတ်လို့လဲ မဟုတ်ပါဘူး။ လျိှု့ဝှက်ချက်တွေ မရှိပါဘူး။ ငွေအကြောင်း ဘာမှမသိသေးတဲ့ ကလေးလေးတစ်ယောက်လို၊ အကုန်လုံး လိုချင်တာရတဲ့သူတစ်ယောက်လို ချဉ်းကပ်ပါ။ ငွေရှာတာ မလွယ်ပါဘူး။ ဒါပေမယ့် ရိုးရိုးလေးပါ။

၅. ပျော်ပျော်နေပါ

လူတွေမချမ်းသာရတဲ့ အကြောင်းတစ်ခုကတော့ သူဋ္ဌေးဆိုတာ အချိန်တိုင်း အလုပ်လုပ်နေရတာဆိုပြီး အထင်မှားတတ်ကြလို့ပါ။ လူတော်တော်များများအတွက်ကတော့ ငွေဆိုတာ အချိန်နဲ့ ပေးဝယ်ရတာပါ။ ကြာကြာလုပ်မှ များများရတာပါ။ သူဋ္ဌေးတွေကတော့ အဲလို မဟုတ်ပါဘူး။
ကိုယ့်ဘာသာကြိုးစားလာတဲ့ သူဋ္ဌေးအများစုမှာ ပျော်စရာဘဝတွေ ရှိကြပါတယ်။ သူတို့ လုပ်ချင်တာ လုပ်နေရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေ တစ်နေ့လုံး ဝင်နေတာပါ။ သူတို့မှာ အပျော်ခရီးထွက်ဖို့ အချိန်တွေ ရှိပါတယ်။ ဝါသနာပါတာတွေ လုပ်နိုင်ပါတယ်။ သူတို့မိသားစုတွေနဲ့လဲ အေးအေးဆေးဆေးနေနိုင်ပါသေးတယ်။

ချမ်းသာသူတွေရဲ့ဘဝဟာ တခြားလူအားလုံးထက် ပျော်စရာကောင်းပါတယ်။ သူတို့ လုပ်ချင်တာအားလုံး လုပ်လို့ရနေပါတယ်။ လူတိုင်း ပျော်စရာဘဝရှိပြီး လက်ဖျားငွေသီးနေတဲ့သူ ဖြစ်ချင်ကြမှာပါ။ ချမ်းသာအောင် အခုပဲ အချိန်ယူ ကြိုးစားလိုက်ပါတော့။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%