သူ႔ကိုသိဖူးၾကားဖူးခ်င္မွ ၾကားဖူးပါလိမ့္မယ္။ ဟန္ေဂရီႏိုင္ငံမွာေတာ့ သူဟာ ႏိုင္ငံသူရဲေကာင္းတစ္ဦးျဖစ္ပါတယ္။ ဟန္ေဂရီကလူတိုင္းကေတာ့ သူ႔ရဲ႕နာမည္ရဲ႕ သူ႔ရဲ႕အံ့ဘနန္းအေၾကာင္းကို သိၾကပါတယ္။ အခုေဖာ္ျပတဲ့ အေၾကာင္းအရာေလးကို ဖတ္ၿပီးရင္ သင္လည္းသူ႔ကို ေမ့လိုရမွာမဟုတ္ေတာ့ပါဘူး။
၁၉၃၈ ခုႏွစ္အတြင္းက ျဖစ္ပါတယ္။ ထိုစဥ္က Karoly Takacs ဟာ ဟန္ေဂရီစစ္တပ္မွာ တာ၀န္ထမ္းေဆာင္ လ်က္ရွိၿပီး ကမာၻ႔ထိပ္တန္းပစၥတိုသမား တစ္ေယာက္ျဖစ္ပါတယ္။ သူက ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ က်င္းပမယ့္ ၁၉၄၀ ခုႏွစ္ အိုလံပစ္အားကစားၿပိဳင္ပြဲမွာ ေရႊတံဆိပ္ဆုရဖို႔ ေမွ်ာ္မွန္းထားပါတယ္။
ဒီေမွ်ာ္လင့္ခ်က္ေတြအားလံုးဟာ အိုလံပစ္ၿပိဳင္ပြဲႀကီးမစခင္ လအနည္းငယ္ေလာက္အလိုမွာ ေပ်ာက္ကြယ္ သြားခဲ့ရပါတယ္။ အေၾကာင္းရင္းကေတာ့ စစ္တပ္ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္မႈေတြျပဳလုပ္ေနခ်ိန္အတြင္း Takacs ရဲ႕ ညာဖက္လက္အတြင္းမွာ လက္ပစ္ဗံုးတစ္လံုးေပါက္ကြဲသြားခဲ့တာေၾကာင့္ ေသနတ္ပစ္တဲ့ ညာဖက္လက္တစ္ခုလံုး သံုးမရေအာင္ျဖစ္သြားခဲ့ပါတယ္။ Takacs ဟာ ေဆး႐ုံမွာ တစ္လေလာက္ ေဆး၀ါးကုသမႈခံယူခဲ့ရၿပီး လက္တစ္ဖက္ဆံုး႐ံႈးရတဲ့အတြက္ေရာ အိုလံပစ္ေရႊအိပ္မက္ပ်က္စီးသြားတဲ့အတြက္ပါ စိတ္ဓာတ္ေတြက်ဆင္းသြားခဲ့ရပါတယ္။
ဒီေနရာမွာ လူအမ်ားစုဟာ အလြယ္တကူအ႐ႈံးေပးသြားၾကမွာျဖစ္ၿပီး က်န္တဲ့ဘ၀သက္တမ္းတစ္ေလွ်ာက္လံုးကို ၀မ္းနည္းပူေဆြးမႈေတြနဲ႔ ျဖတ္သန္းသြားၾကမွာျဖစ္ပါတယ္။ ဒါေပမယ့္ Takacs က လြယ္လြယ္အရႈံးေပးတတ္သူ တစ္ေယာက္မဟုတ္ခဲ့ပါဘူး။ သူဟာ ေအာင္ႏိုင္သူတစ္ဦးျဖစ္ပါတယ္။ ေအာင္ႏိုင္သူေတြဟာ အေျခအေန အရပ္ရပ္ေၾကာင့္ က်႐ႈံးရတာမ်ိဳးကို လက္မခံႏိုင္ၾကပါဘူး။ ဘ၀ဆိုတာ ခက္ခဲၾကမ္းတမ္းတယ္ဆိုတာကို သူတို႔က သေဘာေပါက္ၾကပါတယ္။ ေအာင္ႏိုင္သူေတြအတြက္ေတာ့ အ႐ႈံးေပးတယ္ဆိုတာဟာ ေရြးခ်ယ္စရာ တစ္ခုမဟုတ္မွန္း ရင္ထဲအသဲထဲကအထိ လက္ခံထားၾကပါတယ္။
Takacs ဟာ မထင္မွတ္ထားတာကို လုပ္ေဆာင္ခဲ့ပါတယ္။ သူဟာ အေကာင္းအတိုင္းရွိေနေသးတဲ့ ဘယ္ဖက္လက္နဲ႔ ေသနတ္ပစ္ႏိုင္ေအာင္ သင္ယူဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ သူ႔ရဲ႕အေၾကာင္းျပခ်က္ကေတာ့ ႐ိုးရွင္းပါတယ္။ “ဘာလို႔မရရမွာလဲ” ဆိုတာပါပဲ။ သူဟာ သူ႔မွာမရွိေတာ့တဲ့ ကမာၻ႔အဆင့္ေသနတ္သမားစာရင္း ၀င္ ညာဖက္လက္မရွိေတာ့တာကို အာ႐ုံစိုက္၀မ္းနည္းမေနပဲ သူ႔မွာရွိေနေသးတဲ့ ဘယ္ဖက္လက္အေပၚမွာပဲ အာ႐ုံစိုက္လိုက္တာျဖစ္ပါတယ္။ သူမတူတဲ့ စိတ္ဓာတ္နဲ႔ လက္က်န္အခ်ိန္ေတြကို ေလ့က်င့္ခဲ့ပါတယ္။ ဒီလိုေလ့က်င့္ေနတာကိုလည္း ဘယ္သူကမွ မသိရွိခဲ့ပါဘူး။ သူကလည္း လူေတြကသူ႔ကို သနားၿပီး တြန္႔ဆုတ္ေစမွာ ကို မျဖစ္ေစလိုတဲ့အတြက္ ဘယ္သူ႔ကိုမွ ေျပာမျပခဲ့တာျဖစ္ပါတယ္။
၁၉၃၉ ခုႏွစ္ ဟန္ေဂရီအမ်ိဳးသားပစၥတိုပစ္ၿပိဳင္ပြဲမွာ အျခားယွဥ္ၿပိဳင္သူေတြက Takacs ကို ပြဲလာေရာက္ၾကည့္ရႈ တယ္ထင္ၿပီး ၀မ္းနည္းေၾကာင္းလာေရာက္ႏႈတ္ဆက္ေျပာၾကားၾကပါတယ္။ ဒါေပမယ့္ Takacs က သူၿပိဳင္ပြဲ လာၾကည့္တာမဟုတ္ေၾကာင္း ၀င္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္းေျပာလိုက္တဲ့အခါမွာေတာ့ အားလံုးအံ့ၾသ မင္တက္သြားၾကပါတယ္။ ၿပိဳင္ပြဲမွာ Takacs အႏိုင္ရရွိသြားတဲ့အခါမွာေတာ့ သူတို႔မွာ ေျပာစရာစကားမရွိ ေလာက္ေအာင္ျဖစ္သြားၾကရပါတယ္။
၁၉၄၀ ခုႏွစ္နဲ႔ ၁၉၄၄ ခုႏွစ္တို႔မွာ ဒုတိယကမာၻစစ္ေၾကာင့္ အိုလံပစ္ၿပိဳင္ပြဲမက်င္းပျဖစ္ခဲ့ပါဘူး။ Takacs ရဲ႕ အိပ္မက္ေတြ အလဟႆျဖစ္ေတာ့မလို ျဖစ္ခဲ့ရေပမယ့္ သူကေတာ့ ေလ့က်င့္မႈမေလွ်ာ့ခဲ့ပါဘူး။ ၁၉၄၈ ခုႏွစ္ လန္ဒန္အိုလံပစ္ပြဲေတာ္မွာ သူ႔အရည္အခ်င္းစစ္ပြဲေအာင္ခဲ့ၿပီး အသက္(၃၈)မွာ ေရႊတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့႐ုံ သာမက ပစၥတိုပစ္ကမာၻစံခ်ိန္သစ္ကိုပါ တင္ႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ေလးႏွစ္အၾကာ ၁၉၅၂ ခုႏွစ္ Helsinki အိုလံပတ္အားကစားပြဲေတာ္မွာလည္း Takacs က ေရႊတံဆိပ္ဆုထပ္မံဆြတ္ခူးခဲ့ပါတယ္။
အမွန္တကယ္ကို မာေက်ာတဲ့စိတ္ဓာတ္ပိုင္ရွင္ Takacs ဟာ ႐ႈံးနိမ့္မႈ၊ အခက္အခဲေတြကို ေက်ာ္ျဖတ္ၿပီး ဘယ္လိုမွ ရပ္တန္႔မရႏိုင္တဲ့ ေအာင္ႏိုင္သူတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ေအာင္ႏိုင္သူေတြဟာ ဘယ္ေတာ့မွာ အႀကာႀကီး ႐ႈံးနိမ့္မေနပဲ အျမန္ဆံုးျပန္လည္ထေျမာက္လာတတ္ၾကပါတယ္။ သူတို႔အတြက္ နည္းလမ္းဆိုတာ အျမဲရွိေနတတ္ၿပီး အဲဒီနည္းလမ္းကိုလည္း မေတြ႕ေတြ႕ေအာင္ရွာတတ္ၾကပါတယ္။ လက္ေ၀ွ႕သမားေတြလိုပါပဲ။ လဲက်သြားခဲ့ရင္ ျပန္ထဖို႔အတြက္ အခ်ိန္(၁၀)စကၠန္႔ရပါတယ္။ (၁၀)စကၠန္႔ေက်ာ္ၿပီး (၁၁)စကၠန္႔မွ ျပန္ထမယ္ ဆိုရင္ အ႐ႈံးျဖစ္သြားမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မွတ္သားစရာအေနနဲ႔က အခက္အခဲေတြ၊ အဆင္မေျပမႈေတြနဲ႔ ရင္ဆိုင္ရတိုင္းမွာ အ႐ႈံးသမားေတြကသာ လြတ္ေျမာက္ဖို႔လမ္းကို ရွာေဖြတတ္ၾကၿပီး ေအာင္ႏိုင္သူေတြကေတာ့ ေျဖရွင္းခ်က္တစ္ခုကို အျမဲရွာေဖြတတ္တယ္ဆိုတာပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
သူရဲကောင်း Karoly Takacs
သူ့ကိုသိဖူးကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ ဟန်ဂေရီနိုင်ငံမှာတော့ သူဟာ နိုင်ငံသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ ဟန်ဂေရီကလူတိုင်းကတော့ သူ့ရဲ့နာမည်ရဲ့ သူ့ရဲ့အံ့ဘနန်းအကြောင်းကို သိကြပါတယ်။ အခုဖော်ပြတဲ့ အကြောင်းအရာလေးကို ဖတ်ပြီးရင် သင်လည်းသူ့ကို မေ့လိုရမှာမဟုတ်တော့ပါဘူး။
၁၉၃၈ ခုနှစ်အတွင်းက ဖြစ်ပါတယ်။ ထိုစဉ်က Karoly Takacs ဟာ ဟန်ဂေရီစစ်တပ်မှာ တာဝန်ထမ်းဆောင် လျက်ရှိပြီး ကမ္ဘာ့ထိပ်တန်းပစ္စတိုသမား တစ်ယောက်ဖြစ်ပါတယ်။ သူက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ၁၉၄၀ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရဖို့ မျှော်မှန်းထားပါတယ်။
ဒီမျှော်လင့်ချက်တွေအားလုံးဟာ အိုလံပစ်ပြိုင်ပွဲကြီးမစခင် လအနည်းငယ်လောက်အလိုမှာ ပျောက်ကွယ် သွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ စစ်တပ်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေချိန်အတွင်း Takacs ရဲ့ ညာဖက်လက်အတွင်းမှာ လက်ပစ်ဗုံးတစ်လုံးပေါက်ကွဲသွားခဲ့တာကြောင့် သေနတ်ပစ်တဲ့ ညာဖက်လက်တစ်ခုလုံး သုံးမရအောင်ဖြစ်သွားခဲ့ပါတယ်။ Takacs ဟာ ဆေးရုံမှာ တစ်လလောက် ဆေးဝါးကုသမှုခံယူခဲ့ရပြီး လက်တစ်ဖက်ဆုံးရှုံးရတဲ့အတွက်ရော အိုလံပစ်ရွှေအိပ်မက်ပျက်စီးသွားတဲ့အတွက်ပါ စိတ်ဓာတ်တွေကျဆင်းသွားခဲ့ရပါတယ်။
ဒီနေရာမှာ လူအများစုဟာ အလွယ်တကူအရှုံးပေးသွားကြမှာဖြစ်ပြီး ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံးကို ၀မ်းနည်းပူဆွေးမှုတွေနဲ့ ဖြတ်သန်းသွားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် Takacs က လွယ်လွယ်အရှုံးပေးတတ်သူ တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူဟာ အောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ အောင်နိုင်သူတွေဟာ အခြေအနေ အရပ်ရပ်ကြောင့် ကျရှုံးရတာမျိုးကို လက်မခံနိုင်ကြပါဘူး။ ဘဝဆိုတာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာကို သူတို့က သဘောပေါက်ကြပါတယ်။ အောင်နိုင်သူတွေအတွက်တော့ အရှုံးပေးတယ်ဆိုတာဟာ ရွေးချယ်စရာ တစ်ခုမဟုတ်မှန်း ရင်ထဲအသဲထဲကအထိ လက်ခံထားကြပါတယ်။
Takacs ဟာ မထင်မှတ်ထားတာကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ အကောင်းအတိုင်းရှိနေသေးတဲ့ ဘယ်ဖက်လက်နဲ့ သေနတ်ပစ်နိုင်အောင် သင်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။ “ဘာလို့မရရမှာလဲ” ဆိုတာပါပဲ။ သူဟာ သူ့မှာမရှိတော့တဲ့ ကမ္ဘာ့အဆင့်သေနတ်သမားစာရင်း ၀င် ညာဖက်လက်မရှိတော့တာကို အာရုံစိုက်ဝမ်းနည်းမနေပဲ သူ့မှာရှိနေသေးတဲ့ ဘယ်ဖက်လက်အပေါ်မှာပဲ အာရုံစိုက်လိုက်တာဖြစ်ပါတယ်။ သူမတူတဲ့ စိတ်ဓာတ်နဲ့ လက်ကျန်အချိန်တွေကို လေ့ကျင့်ခဲ့ပါတယ်။ ဒီလိုလေ့ကျင့်နေတာကိုလည်း ဘယ်သူကမှ မသိရှိခဲ့ပါဘူး။ သူကလည်း လူတွေကသူ့ကို သနားပြီး တွန့်ဆုတ်စေမှာ ကို မဖြစ်စေလိုတဲ့အတွက် ဘယ်သူ့ကိုမှ ပြောမပြခဲ့တာဖြစ်ပါတယ်။
၁၉၃၉ ခုနှစ် ဟန်ဂေရီအမျိုးသားပစ္စတိုပစ်ပြိုင်ပွဲမှာ အခြားယှဉ်ပြိုင်သူတွေက Takacs ကို ပွဲလာရောက်ကြည့်ရှု တယ်ထင်ပြီး ၀မ်းနည်းကြောင်းလာရောက်နှုတ်ဆက်ပြောကြားကြပါတယ်။ ဒါပေမယ့် Takacs က သူပြိုင်ပွဲ လာကြည့်တာမဟုတ်ကြောင်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ အားလုံးအံ့သြ မင်တက်သွားကြပါတယ်။ ပြိုင်ပွဲမှာ Takacs အနိုင်ရရှိသွားတဲ့အခါမှာတော့ သူတို့မှာ ပြောစရာစကားမရှိ လောက်အောင်ဖြစ်သွားကြရပါတယ်။
၁၉၄၀ ခုနှစ်နဲ့ ၁၉၄၄ ခုနှစ်တို့မှာ ဒုတိယကမ္ဘာစစ်ကြောင့် အိုလံပစ်ပြိုင်ပွဲမကျင်းပဖြစ်ခဲ့ပါဘူး။ Takacs ရဲ့ အိပ်မက်တွေ အလဟဿဖြစ်တော့မလို ဖြစ်ခဲ့ရပေမယ့် သူကတော့ လေ့ကျင့်မှုမလျှော့ခဲ့ပါဘူး။ ၁၉၄၈ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်မှာ သူ့အရည်အချင်းစစ်ပွဲအောင်ခဲ့ပြီး အသက်(၃၈)မှာ ရွှေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ရုံ သာမက ပစ္စတိုပစ်ကမ္ဘာစံချိန်သစ်ကိုပါ တင်နိုင်ခဲ့ပါတယ်။ နောက်ထပ်လေးနှစ်အကြာ ၁၉၅၂ ခုနှစ် Helsinki အိုလံပတ်အားကစားပွဲတော်မှာလည်း Takacs က ရွှေတံဆိပ်ဆုထပ်မံဆွတ်ခူးခဲ့ပါတယ်။
အမှန်တကယ်ကို မာကျောတဲ့စိတ်ဓာတ်ပိုင်ရှင် Takacs ဟာ ရှုံးနိမ့်မှု၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ဘယ်လိုမှ ရပ်တန့်မရနိုင်တဲ့ အောင်နိုင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အောင်နိုင်သူတွေဟာ ဘယ်တော့မှာ အကြာကြီး ရှုံးနိမ့်မနေပဲ အမြန်ဆုံးပြန်လည်ထမြောက်လာတတ်ကြပါတယ်။ သူတို့အတွက် နည်းလမ်းဆိုတာ အမြဲရှိနေတတ်ပြီး အဲဒီနည်းလမ်းကိုလည်း မတွေ့တွေ့အောင်ရှာတတ်ကြပါတယ်။ လက်ဝှေ့သမားတွေလိုပါပဲ။ လဲကျသွားခဲ့ရင် ပြန်ထဖို့အတွက် အချိန်(၁၀)စက္ကန့်ရပါတယ်။ (၁၀)စက္ကန့်ကျော်ပြီး (၁၁)စက္ကန့်မှ ပြန်ထမယ် ဆိုရင် အရှုံးဖြစ်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မှတ်သားစရာအနေနဲ့က အခက်အခဲတွေ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတိုင်းမှာ အရှုံးသမားတွေကသာ လွတ်မြောက်ဖို့လမ်းကို ရှာဖွေတတ်ကြပြီး အောင်နိုင်သူတွေကတော့ ဖြေရှင်းချက်တစ်ခုကို အမြဲရှာဖွေတတ်တယ်ဆိုတာပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================