တရားထိုင္ျခင္းက အိပ္စက္ျခင္းကိုအေထာက္အကူျဖစ္ေစႏိုင္

မီးေတြအားလံုးပိတ္လိုက္ၿပီး၊ ေခါင္းအံုးေပၚမွာ လွဲလိုက္ၿပီ။ ဒါေပမယ့္ သင့္ရဲ႕ဦးေႏွာက္က အိပ္ေပ်ာ္သြားဖို႔ ခက္ေနပါတယ္။ ဒီလို အိပ္ေပ်ာ္ဖို႔ ခဲယဥ္းၿပီး ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္အိပ္မေပ်ာ္တာက စိတ္ပ်က္စရာေကာင္းပါတယ္။ ဒီကိစၥကိုေျဖရွင္းဖို႔အတြက္ အိပ္ေဆးေတြကေန မ်က္လံုးအုပ္တဲ့ မ်က္ႏွာဖံုးေတြ၊ စမတ္ဖုန္းApp ေတြအထိ အမ်ိဳးမ်ိဳးရွိေပမယ့္ ထိေရာက္လွတာေတာ့မဟုတ္ပါဘူး။ ဒီလို အိပ္မရတဲ့ကိစၥအတြက္ အေကာင္းဆံုးနည္းလမ္းက တရား႐ႈမွတ္ျခင္းပဲျဖစ္ပါတယ္။ ဦးေႏွာက္ထဲကအေတြးအမ်ိဳးမ်ိဳးကို ႐ႈမွတ္ဆင္ျခင္းေနျခင္းအားျဖင့္ အိပ္မေပ်ာ္တဲ့ျဖစ္စဥ္ကို ေလ်ာ့ပါးသက္သာသြားေစႏိုင္တယ္လို႔ ေလ့လာေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ လူဦးေရသန္း(၇၀)ေက်ာ္ေလာက္ဟာ ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္အိပ္မရတဲ့ကိစၥကို ၾကံဳေတြ႕ေနၾကရၿပီး ကိုယ္အေလးခ်ိန္ျမင့္တက္လာျခင္း၊ ႏွလံုးေရာဂါနဲ႔ စိတ္က်ေရာဂါေတြရဲ႕ အေၾကာင္းရင္းခံ တစ္ခုျဖစ္ေနပါတယ္။ ဒီလိုလူေတြကို အုပ္စုႏွစ္ခုခြဲၿပီး တစ္ဖြ႕ဲကို တရား႐ႈမွတ္ေစၿပီး ေနာက္တစ္ဖြဲ႕ကိုေတာ့ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ အိပ္စက္နည္းေတြကို သင္ၾကားပို႔ခ်ေပးလိုက္ပါတယ္။ ဒီအုပ္စုႏွစ္ခုကို အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာေအာင္ ေစာင့္ၾကည့္ေလ့လာၿပီးတဲ့ေနာက္မွာေတာ့ တရား႐ႈမွတ္တဲ့အုပ္စုက အျခားအုပ္စုထက္ ပိုၿပီးေတာ့ အိပ္လို႔ေကာင္းလာတာကို ေတြ႕ရွိခဲ့ၾကာတာျဖစ္ပါတယ္။

ဘာေၾကာင့္ တရားထိုင္ျခင္းက အိပ္စက္ျခင္းအေပၚမွာ အက်ိဳးသက္ေရာက္မႈရွိေနတာပါလဲ။ တရား႐ႈမွတ္ေနခ်ိန္မွာ အေတြးေတြနဲ႔ပတ္သက္ၿပီး ဘာကိုမွာ အကဲျဖတ္သံုးသပ္ေနတာမ်ိဳးမရွိတဲ့အတြက္ ဦးေႏွာက္ကို အနားေပးထားရာေရာက္ပါတယ္။ ဒီလိုနဲ႔ အျပဳသေဘာေဆာင္တဲ့ခံစားခ်က္ေတြ ပိုခံစားလာရၿပီး မေကာင္းတဲ့အေတြးေတြကို မေတြးမိေအာင္ ဟန္႔တားေပးထားပါတယ္။

ဒီေလ့လာေတြ႕ရွိခ်က္က လူႀကီးေတြေရာ၊ လူငယ္ေတြမွာပါ အက်ံဳး၀င္ပါတယ္။ တရား႐ႈမွတ္ျခင္းဟာ အိပ္မေပ်ာ္ေအာင္ လုပ္ေဆာင္ေနတဲ့ စိတ္ပူပင္ေသာကေတြကို ေလ်ာ့နည္းသြားေစပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့ အလုပ္ေတြေၾကာင့္ပဲျဖစ္ျဖစ္၊ အျခားအေၾကာင္းေတြေၾကာင့္ပဲျဖစ္ျဖစ္ အိပ္မေပ်ာ္ႏိုင္သူေတြအေနနဲ႔ တရားထိုင္ျခင္းအားျဖင့္ အိပ္ေရး၀တဲ့ညေတြကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

တရားထိုင်ခြင်းက အိပ်စက်ခြင်းကိုအထောက်အကူဖြစ်စေနိုင်

မီးတွေအားလုံးပိတ်လိုက်ပြီး၊ ခေါင်းအုံးပေါ်မှာ လှဲလိုက်ပြီ။ ဒါပေမယ့် သင့်ရဲ့ဦးနှောက်က အိပ်ပျော်သွားဖို့ ခက်နေပါတယ်။ ဒီလို အိပ်ပျော်ဖို့ ခဲယဉ်းပြီး နှစ်နှစ်ချိုက်ချိုက်အိပ်မပျော်တာက စိတ်ပျက်စရာကောင်းပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့အတွက် အိပ်ဆေးတွေကနေ မျက်လုံးအုပ်တဲ့ မျက်နှာဖုံးတွေ၊ စမတ်ဖုန်းApp တွေအထိ အမျိုးမျိုးရှိပေမယ့် ထိရောက်လှတာတော့မဟုတ်ပါဘူး။ ဒီလို အိပ်မရတဲ့ကိစ္စအတွက် အကောင်းဆုံးနည်းလမ်းက တရားရှုမှတ်ခြင်းပဲဖြစ်ပါတယ်။ ဦးနှောက်ထဲကအတွေးအမျိုးမျိုးကို ရှုမှတ်ဆင်ခြင်းနေခြင်းအားဖြင့် အိပ်မပျော်တဲ့ဖြစ်စဉ်ကို လျော့ပါးသက်သာသွားစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူဦးရေသန်း(၇၀)ကျော်လောက်ဟာ နှစ်နှစ်ချိုက်ချိုက်အိပ်မရတဲ့ကိစ္စကို ကြုံတွေ့နေကြရပြီး ကိုယ်အလေးချိန်မြင့်တက်လာခြင်း၊ နှလုံးရောဂါနဲ့ စိတ်ကျရောဂါတွေရဲ့ အကြောင်းရင်းခံ တစ်ခုဖြစ်နေပါတယ်။ ဒီလိုလူတွေကို အုပ်စုနှစ်ခုခွဲပြီး တစ်ဖွဲ့ကို တရားရှုမှတ်စေပြီး နောက်တစ်ဖွဲ့ကိုတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် အိပ်စက်နည်းတွေကို သင်ကြားပို့ချပေးလိုက်ပါတယ်။ ဒီအုပ်စုနှစ်ခုကို အချိန်တစ်နှစ်ကျော်ကြာအောင် စောင့်ကြည့်လေ့လာပြီးတဲ့နောက်မှာတော့ တရားရှုမှတ်တဲ့အုပ်စုက အခြားအုပ်စုထက် ပိုပြီးတော့ အိပ်လို့ကောင်းလာတာကို တွေ့ရှိခဲ့ကြာတာဖြစ်ပါတယ်။

ဘာကြောင့် တရားထိုင်ခြင်းက အိပ်စက်ခြင်းအပေါ်မှာ အကျိုးသက်ရောက်မှုရှိနေတာပါလဲ။ တရားရှုမှတ်နေချိန်မှာ အတွေးတွေနဲ့ပတ်သက်ပြီး ဘာကိုမှာ အကဲဖြတ်သုံးသပ်နေတာမျိုးမရှိတဲ့အတွက် ဦးနှောက်ကို အနားပေးထားရာရောက်ပါတယ်။ ဒီလိုနဲ့ အပြုသဘောဆောင်တဲ့ခံစားချက်တွေ ပိုခံစားလာရပြီး မကောင်းတဲ့အတွေးတွေကို မတွေးမိအောင် ဟန့်တားပေးထားပါတယ်။

ဒီလေ့လာတွေ့ရှိချက်က လူကြီးတွေရော၊ လူငယ်တွေမှာပါ အကျံုးဝင်ပါတယ်။ တရားရှုမှတ်ခြင်းဟာ အိပ်မပျော်အောင် လုပ်ဆောင်နေတဲ့ စိတ်ပူပင်သောကတွေကို လျော့နည်းသွားစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများတဲ့ အလုပ်တွေကြောင့်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် အိပ်မပျော်နိုင်သူတွေအနေနဲ့ တရားထိုင်ခြင်းအားဖြင့် အိပ်ရေးဝတဲ့ညတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================

Related Posts

%%footer%%