နည္းနည္းေလး သံုးလိုက္တာနဲ႔ ကမၻာႀကီးဟာ ေရာင္စံု ျဖစ္သြားတယ္။ သံစဥ္ေတြ အားလံုး သာယာလွပလာတယ္။ နည္းနည္းေလး ေသာက္လိုက္တာနဲ႔ ခႏၶာကိုယ္တစ္ခုလံုး ႂကြက္သားေတြ ဂ်ယ္လီလို ေပ်ာ့ေျပာင္းၿပီး အနားရသြားတယ္။

ကြဲပါးျခားနားတဲ့ မူးယစ္ေဆးဝါးေတြဟာ ကမၻာႀကီးကို ကြဲျပား ျခားနားတဲ့ အျမင္ေတြနဲ႔ ၾကည့္မိေအာင္ ေဆာင္ရြက္ေပးပါတယ္။ သူတို႔ရဲ႕ Aftereffect ေတြကေတာ့ သံုးေနတုန္း ရတဲ့ ခံစားခ်က္ေတြနဲ႔ လားလားမွ မသက္ဆိုင္ပါဘူး။

အဲဒိေတာ့ ထူးျခားတဲ့ ခံစားခ်က္ေတြရေအာင္ အဲဒိ ေဆးဝါးေတြက ဦးေႏွာက္ကို ဘာေတြ လုပ္ၾကသလဲ??

၁. Marijuana

ေဆးေျခာက္မွာပါဝင္တဲ့ အဓိက ဓာတ္ပစၥည္းျဖစ္တဲ့ THC ဟာ ဦးေႏွာက္ဆဲလ္ေတြကို Dopamine ေဟာ္မုန္းထြက္ဖို႔ လွံု႔ေဆာ္ပါတယ္။ အဲဒါဟာ ကြၽန္ေတာ္တို႔ ေပ်ာ္တဲ့အရာေတြ၊ ဥပမာ အစားေကာင္းစားျခင္းနဲ႔ လိင္ဆက္ဆံျခင္းတို႔မွာ ထြက္တဲ့ ေဟာ္မုန္းပါ။

၂. Magic Mushrooms

ေလ့လာမႈေတြမွာ Mushroom ေတြမွာ အဓိကပါတဲ့ ပစၥည္း Psilocybin ဟာ ဦးေႏွာက္ရဲ႕ ပံုမွန္လႈပ္႐ွားမႈကို ရပ္တန္႔ေစၿပီး ဦးေႏွာက္ရဲ႕ ကြဲျပားျခားနားတဲ့ ေနရာေတြကို တိုက္႐ိုက္ ဆက္သြယ္ေပးပါတယ္။ အဲဒိ ဆက္သြယ္မႈေတြဟာ အသံုးျပဳသူကို အေရာင္ေတြျမင္ရတာ၊ အသံေတြၾကားရတာ၊ စိတ္ဖိစီးမႈ ေလ်ာ့နည္းေစတာတို႔ကို ေပးစြမ္းပါတယ္။

၃. Alcohol

အရက္ဟာ ဦးေႏွာက္ထဲမွာပါတဲ့ Neurotransmitter ေတြရဲ႕ level ကို ေျပာင္းလဲေပးပါတယ္။ အဲဒိအရာေတြက ခႏၶာကိုယ္တစ္ေလ်ာက္လံုး စီးဆင္းေနတဲ့ အေတြးအေခၚ အမူအရာေတြကို ထိန္းခ်ဳပ္ေပးတဲ့ အရာေတြပါ။ အရက္ဟာ ေတြးေခၚတာ၊ အသက္႐ႈတာ၊ ႏွလံုးခုန္တာေတြကို ေႏွးေကြးသြားေစျခင္းမွာ အဲဒိ တက္ႂကြတဲ့ messenger ဆဲလ္ေတြကို ထိန္းခ်ဳပ္ၿပီး ေႏွးေကြးတဲ့ ဆဲလ္ေတြကို လႊတ္ေပးလိုက္လို႔ပါ။ Dopamine လယ္ဗယ္လဲ တက္ေစပါတယ္။

၄. Heroin

ဦးေႏွာက္ဟာ Heroin ကို Morphine အျဖစ္ ေျပာင္းလဲလိုက္ပါတယ္။ Morphine ဟာ ဦးေႏွာက္ရဲ႕ နာက်င္မႈ ခံစားရတဲ့ ေနရာေတြကို ဖိႏွိပ္ထားႏိုင္ပါတယ္။ အဲဒါေၾကာင့္ ေဆးအမ်ားႀကီးထိုးသြင္းလိုက္ရင္ ထံုက်ဥ္လာတာပါ။ အဲဒါဟာ ဦးေႏွာက္ရဲ႕ ပင္မေနရာမွာ႐ွိတဲ့ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ထားတဲ့ အစိတ္အပိုင္းကိုပါ ေႏွးေကြးေစတာေၾကာင့္ အရမ္းမ်ားသြားရင္ အသက္႐ႈရပ္ေစၿပီး ေသဆံုးေစပါတယ္။

၅. Prescription opiate painkillers

OxyContin နဲ႔ Vicodin လိုမ်ိဳး အကိုက္အခဲေပ်ာက္ေဆးေတြကို အလြဲသံုးမႈဟာ Heroin အလြဲသံုးသူေတြထက္ အဆ ၄၀ ပိုပါတယ္။ အဲဒိေဆးဝါးႏွစ္ခုဟာ ဦးေႏွာက္ထဲမွာ လုပ္ေဆာင္ပံုက တူတူပါပဲ။ အဲဒါေၾကာင့္ အလြယ္ရတဲ့ ေဆးေတြကို ပိုသံုးလာၾကတာ ျဖစ္မွာပါ။

၆. Caffeine

Caffeine ဓာတ္ဟာ စိတ္ခြန္အားကို တခဏ တိုးေစပါတယ္။ Adrenaline ေဟာ္မုန္း ပိုထြက္ေစလုိ႔ ေလ့က်င့္ခမ္လုပ္လို႔ ပိုေကာင္းေပမယ့္ စိတ္ဆတ္တာေတြလဲ ျဖစ္ေစပါတယ္။ ဦးေႏွာက္ထဲမွာေတာ့ ညဘက္မွာ လူကို အိပ္ေပ်ာ္ေစတဲ့ ႐ႈပ္ေထြးတဲ့ လုပ္ငန္းစဥ္တစ္ခုကို တားဆီးထားပါတယ္။

၇. LSD

LSD ဟာ Magic Mushrooms ေတြလိုပဲ ထင္ေယာင္ထင္မွား ျဖစ္ေစတဲ့ အရာေတြပါ။ အဲဒိအရာေတြဟာ ဦးေႏွာက္ရဲ႕ စိတ္ဓာတ္၊ အေတြး၊ လက္ခံႏိုင္မႈေတြကို ထိန္းညႇိေပးတဲ့ အစိတ္အပုိင္းေတြကို ေျပာင္းလဲပစ္ပါတယ္။ စိတ္ဖိစီးမႈနဲ႔ ဆိုင္တဲ့ ဦးေႏွာက္အပိုင္းေတြကိုလဲ ေျပာင္းလဲပစ္ပါတယ္။ ကာလတို Effect ေတြကေတာ့ စိတ္အေျပာင္းအလဲ ျမန္တာ၊ ထံုက်ဥ္တာ၊ ဝမ္းနည္းလာတာ၊ ေခါင္းမူးတာ၊ ႏွလံုးခုန္ ျမန္တာတို႔ပါ။

၈. Flakka

Flakka ဟာ မူးယစ္ေဆးဝါးအသစ္ျဖစ္လို႔ ဦးေႏွာက္ကို ဘယ္လို အက်ိဳးသက္ေရာက္တယ္ဆိုတာ ေသခ်ာ မသိရေသးပါဘူး။ Cocaine နဲ႔ Amphetamines ေတြနဲ႔ တူတယ္လို႔ပဲ မွန္းဆထားၾကပါတယ္။ Dopamine နဲ႔ လူကိုတက္ႂကြေစတဲ့ေဟာ္မုန္း norepinephrine ထုတ္လႊတ္မႈ မ်ားလာေစတာပါ။

၉. Ecstasy

နာမည္ႀကီး ေဆးျပားေတြကေတာ့ ဦးေႏွာက္ထဲက Dopamine, norephinephrine နဲ႔ စိတ္ခံစားမႈ ထိန္းခ်ဳပ္ေဟာ္မုန္း Serotonin တို႔ ထုတ္လႊတ္ေပးတာပါ။ အဲဒ္ Ecstasy ဟာ ဦးေႏွာက္ ကုိ ပ်က္စီးေစမႈနဲ႔ လူသိမ်ားပါတယ္။ မွတ္ဉာဏ္နဲ႔ အသိဉာဏ္ပညာတို႔ကို ပ်က္စီးေစတာပါ။

၁၀. Cocaine

႐ႈသြင္းတာ၊ ထိုးသြင္းတာ ဘယ္လိုျဖစ္ျဖစ္ Cocaine ေသြးလမ္းေၾကာင္းထဲ ေရာက္သြားရင္ ခဏေလးအတြင္း Dopamine အျမန္အဆန္ ထုတ္လႊတ္မႈေၾကာင့္ မိုးေပၚပ်ံေနရသလို ခံစားမႈမ်ိဳး ေပးစြမ္းႏိုင္ပါတယ္။ အဲဒါဟာ ျပင္းထန္စြဲလမ္းလြန္းလို႔ Cocaine စြဲသူေတြဟာ ေဆး႐ွိေနရင္ အာဟာရျပတ္ၿပီး ေသသည္အထိ အစားမစားပဲ ေဆးကိုပဲ သံုးေနမိမွာပါ။ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္ေနရာ တခ်ိဳ႕ကို ႏိႈးဆြေပးလို႔ အဲဒိဟာကို စြဲလမ္းျခင္း ျဖစ္ေပၚလာရတာပါ။ သံုးေလ စြဲေလ၊ စြဲေလ သံုးေလ သံသရာလည္ေစပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

နည်းနည်းလေး သုံးလိုက်တာနဲ့ ကမ္ဘာကြီးဟာ ရောင်စုံ ဖြစ်သွားတယ်။ သံစဉ်တွေ အားလုံး သာယာလှပလာတယ်။ နည်းနည်းလေး သောက်လိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြွက်သားတွေ ဂျယ်လီလို ပျော့ပြောင်းပြီး အနားရသွားတယ်။

ကွဲပါးခြားနားတဲ့ မူးယစ်ဆေးဝါးတွေဟာ ကမ္ဘာကြီးကို ကွဲပြား ခြားနားတဲ့ အမြင်တွေနဲ့ ကြည့်မိအောင် ဆောင်ရွက်ပေးပါတယ်။ သူတို့ရဲ့ Aftereffect တွေကတော့ သုံးနေတုန်း ရတဲ့ ခံစားချက်တွေနဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

အဲဒိတော့ ထူးခြားတဲ့ ခံစားချက်တွေရအောင် အဲဒိ ဆေးဝါးတွေက ဦးနှောက်ကို ဘာတွေ လုပ်ကြသလဲ??

၁. Marijuana

ဆေးခြောက်မှာပါဝင်တဲ့ အဓိက ဓာတ်ပစ္စည်းဖြစ်တဲ့ THC ဟာ ဦးနှောက်ဆဲလ်တွေကို Dopamine ဟော်မုန်းထွက်ဖို့ လှုံ့ဆော်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ ပျော်တဲ့အရာတွေ၊ ဥပမာ အစားကောင်းစားခြင်းနဲ့ လိင်ဆက်ဆံခြင်းတို့မှာ ထွက်တဲ့ ဟော်မုန်းပါ။

၂. Magic Mushrooms

လေ့လာမှုတွေမှာ Mushroom တွေမှာ အဓိကပါတဲ့ ပစ္စည်း Psilocybin ဟာ ဦးနှောက်ရဲ့ ပုံမှန်လှုပ်ရှားမှုကို ရပ်တန့်စေပြီး ဦးနှောက်ရဲ့ ကွဲပြားခြားနားတဲ့ နေရာတွေကို တိုက်ရိုက် ဆက်သွယ်ပေးပါတယ်။ အဲဒိ ဆက်သွယ်မှုတွေဟာ အသုံးပြုသူကို အရောင်တွေမြင်ရတာ၊ အသံတွေကြားရတာ၊ စိတ်ဖိစီးမှု လျော့နည်းစေတာတို့ကို ပေးစွမ်းပါတယ်။

၃. Alcohol

အရက်ဟာ ဦးနှောက်ထဲမှာပါတဲ့ Neurotransmitter တွေရဲ့ level ကို ပြောင်းလဲပေးပါတယ်။ အဲဒိအရာတွေက ခန္ဓာကိုယ်တစ်လျောက်လုံး စီးဆင်းနေတဲ့ အတွေးအခေါ် အမူအရာတွေကို ထိန်းချုပ်ပေးတဲ့ အရာတွေပါ။ အရက်ဟာ တွေးခေါ်တာ၊ အသက်ရှုတာ၊ နှလုံးခုန်တာတွေကို နှေးကွေးသွားစေခြင်းမှာ အဲဒိ တက်ကြွတဲ့ messenger ဆဲလ်တွေကို ထိန်းချုပ်ပြီး နှေးကွေးတဲ့ ဆဲလ်တွေကို လွှတ်ပေးလိုက်လို့ပါ။ Dopamine လယ်ဗယ်လဲ တက်စေပါတယ်။

၄. Heroin

ဦးနှောက်ဟာ Heroin ကို Morphine အဖြစ် ပြောင်းလဲလိုက်ပါတယ်။ Morphine ဟာ ဦးနှောက်ရဲ့ နာကျင်မှု ခံစားရတဲ့ နေရာတွေကို ဖိနှိပ်ထားနိုင်ပါတယ်။ အဲဒါကြောင့် ဆေးအများကြီးထိုးသွင်းလိုက်ရင် ထုံကျဉ်လာတာပါ။ အဲဒါဟာ ဦးနှောက်ရဲ့ ပင်မနေရာမှာရှိတဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းကိုပါ နှေးကွေးစေတာကြောင့် အရမ်းများသွားရင် အသက်ရှုရပ်စေပြီး သေဆုံးစေပါတယ်။

၅. Prescription opiate painkillers

OxyContin နဲ့ Vicodin လိုမျိုး အကိုက်အခဲပျောက်ဆေးတွေကို အလွဲသုံးမှုဟာ Heroin အလွဲသုံးသူတွေထက် အဆ ၄၀ ပိုပါတယ်။ အဲဒိဆေးဝါးနှစ်ခုဟာ ဦးနှောက်ထဲမှာ လုပ်ဆောင်ပုံက တူတူပါပဲ။ အဲဒါကြောင့် အလွယ်ရတဲ့ ဆေးတွေကို ပိုသုံးလာကြတာ ဖြစ်မှာပါ။

၆. Caffeine

Caffeine ဓာတ်ဟာ စိတ်ခွန်အားကို တခဏ တိုးစေပါတယ်။ Adrenaline ဟော်မုန်း ပိုထွက်စေလို့ လေ့ကျင့်ခမ်လုပ်လို့ ပိုကောင်းပေမယ့် စိတ်ဆတ်တာတွေလဲ ဖြစ်စေပါတယ်။ ဦးနှောက်ထဲမှာတော့ ညဘက်မှာ လူကို အိပ်ပျော်စေတဲ့ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တစ်ခုကို တားဆီးထားပါတယ်။

၇. LSD

LSD ဟာ Magic Mushrooms တွေလိုပဲ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အရာတွေပါ။ အဲဒိအရာတွေဟာ ဦးနှောက်ရဲ့ စိတ်ဓာတ်၊ အတွေး၊ လက်ခံနိုင်မှုတွေကို ထိန်းညှိပေးတဲ့ အစိတ်အပိုင်းတွေကို ပြောင်းလဲပစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းတွေကိုလဲ ပြောင်းလဲပစ်ပါတယ်။ ကာလတို Effect တွေကတော့ စိတ်အပြောင်းအလဲ မြန်တာ၊ ထုံကျဉ်တာ၊ ဝမ်းနည်းလာတာ၊ ခေါင်းမူးတာ၊ နှလုံးခုန် မြန်တာတို့ပါ။

၈. Flakka

Flakka ဟာ မူးယစ်ဆေးဝါးအသစ်ဖြစ်လို့ ဦးနှောက်ကို ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ သေချာ မသိရသေးပါဘူး။ Cocaine နဲ့ Amphetamines တွေနဲ့ တူတယ်လို့ပဲ မှန်းဆထားကြပါတယ်။ Dopamine နဲ့ လူကိုတက်ကြွစေတဲ့ဟော်မုန်း norepinephrine ထုတ်လွှတ်မှု များလာစေတာပါ။

၉. Ecstasy

နာမည်ကြီး ဆေးပြားတွေကတော့ ဦးနှောက်ထဲက Dopamine, norephinephrine နဲ့ စိတ်ခံစားမှု ထိန်းချုပ်ဟော်မုန်း Serotonin တို့ ထုတ်လွှတ်ပေးတာပါ။ အဲဒ် Ecstasy ဟာ ဦးနှောက် ကို ပျက်စီးစေမှုနဲ့ လူသိများပါတယ်။ မှတ်ဉာဏ်နဲ့ အသိဉာဏ်ပညာတို့ကို ပျက်စီးစေတာပါ။

၁၀. Cocaine

ရှုသွင်းတာ၊ ထိုးသွင်းတာ ဘယ်လိုဖြစ်ဖြစ် Cocaine သွေးလမ်းကြောင်းထဲ ရောက်သွားရင် ခဏလေးအတွင်း Dopamine အမြန်အဆန် ထုတ်လွှတ်မှုကြောင့် မိုးပေါ်ပျံနေရသလို ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်။ အဲဒါဟာ ပြင်းထန်စွဲလမ်းလွန်းလို့ Cocaine စွဲသူတွေဟာ ဆေးရှိနေရင် အာဟာရပြတ်ပြီး သေသည်အထိ အစားမစားပဲ ဆေးကိုပဲ သုံးနေမိမှာပါ။ ဦးနှောက်ရဲ့ မှတ်ဉာဏ်နေရာ တချို့ကို နှိုးဆွပေးလို့ အဲဒိဟာကို စွဲလမ်းခြင်း ဖြစ်ပေါ်လာရတာပါ။ သုံးလေ စွဲလေ၊ စွဲလေ သုံးလေ သံသရာလည်စေပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

==============================================