အလုပ္မွာ အခ်ိန္ျဖဳန္းမိေနပါသလား

သင္ တစ္ေန႔ကို အလုပ္မွာ ဘယ္ေလာက္ၾကာၾကာ အာရံုလႊဲခံရလဲဆိုတာ တြက္ၾကည့္ၾကရေအာင္။

သင္ အလုပ္မွာ တစ္ေန႔ကို ဘယ္ႏွႀကိမ္ အေႏွာင့္ယွက္ခံရလဲဆိုတာ စဥ္းစားၾကည့္ပါ။

့ၿပီးရင္ ရတဲ့ အႀကိမ္အေရအတြက္ကို ၂၅ နဲ႔ ေျမႇာက္ပါ။

အဲဒါဟာ အလုပ္မွာ သင္ ဆံုး႐ွံုးလိုက္ရတဲ့ အာရံုစူးစိုက္ခ်ိန္ မိနစ္ပါပဲ။ အေႏွာင့္အယွက္ ခံလိုက္ရၿပီးမွာ သင္ အရင္က စိတ္ဝင္စားေနစဥ္ လုပ္ခဲ့တဲ့ အာရံုစူးစိုက္မႈမ်ိဳးကို ျပန္ေရာက္ဖို႔ ၂၅ မိနစ္ အခ်ိန္ယူရပါတယ္။ ေႏွာင့့္ယွက္တာဟာ ေႏွာင့္ယွက္ခံေနရခ်ိန္မွာသာ မဟုတ္ပဲ ေနာက္ထပ္ နာရီဝက္ေလာက္ ၾကာေအာင္ အလုပ္ထဲမွာ အာရံုမစိုက္ႏိုင္ေအာင္ လုပ္ႏိုင္ပါတယ္။

သင္ FB ကို စကၠန္႔ ၃၀ ေလာက္ ဝင္ၾကည့္လိုက္တာဟာ စကၠန္႔သံုးဆယ္ပဲ အခ်ိန္ဆံုး႐ွံုးသြားတာ မဟုတ္ပါဘူး။ မိနစ္ ၃၀ ပါ။

အဲဒိ ေႏွာင့္ယွက္မႈေတြဟာ အလုပ္လုပ္ႏိုင္စြမ္းကိုသာ ထိခိုက္တာ မဟုတ္ပဲ စိတ္ခံစားမႈေတြကိုပါ ေႏွာင့္ယွက္ႏိုင္ပါတယ္။ အာရံုစိုက္ေနစဥ္ အေႏွာင့္ယွက္ခံရတာဟာ စိတ္ဖိစီးမႈ မ်ားေစျခင္း၊ စိတ္ညစ္ေစျခင္း၊ အလုပ္လုပ္ႏိုင္အား ေလ်ာ့နည္းေစျခင္းတို႔ ျဖစ္လာေစႏိုင္ပါတယ္။

အာရံုစူးစိုက္မႈကို ကိုယ့္ဘာသာ ေႏွာင့္ယွက္မိတာက ပိုမ်ားပါတယ္။ ဥပမာ အလုပ္လုပ္ေနတုန္း FB ဝင္ၾကည့္မိတာ၊ CoC ဝင္ ၾကည့္မိတာမ်ိဳးပါ။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္လာၿပီး ” ဒီစာရင္းေလး ခဏ ၾကည့္ေပးပါဦး” ဆိုတာမ်ိဳးက ျပင္ပအေႏွာင့္အယွက္ပါ။

ေလ့လာမႈေတြမွာ ေတြ႕႐ွိရတာက ခုေခတ္ လူေတြဟာ အလုပ္တစ္ခုမွာ သံုးမိနစ္ေလာက္ပဲ ၾကာေအာင္လုပ္ပါတယ္။ ၿပီးရင္ ေနာက္တစ္ခုကို လုပ္ၾကပါတယ္။ တင္းနစ္ေဘာလံုးတစ္လံုးကို ဟုိဘက္ဒီဘက္ ႐ိုက္ေနသလို အလုပ္ႏွစ္ခုကို ကူးသန္းၿပီး လုပ္တတ္ၾကပါတယ္။ ဦးေႏွာက္ကေတာ့ တင္းနစ္ေဘာလို ခ်က္ျခင္း ဦးတည္ခ်က္ မေျပာင္းႏိုင္ပဲ အခ်ိန္ယူရပါတယ္။

အဲဒါဟာ အခ်ိန္းျဖဳန္းရာ ေရာက္ရံုတင္မဟုတ္ပဲ ဦးေႏွာက္ကေန အာရံုမစူးစိုက္မိလို႔ အၾကံေကာင္းေတြလဲ ထြက္မလာႏိုင္ပါဘူး။ ၁၀ မိနစ္ကို တစ္ခုေျပာင္းလုပ္ေနတဲ့ လူေတြဟာ ေလးေလးနက္နက္ မေတြးေခၚႏိုင္ပါဘူး။

သင့္ကိုယ္သင္ ” ငါကေတာ့ အဲဒိထဲ မပါပါဘူးကြာ၊ ငါ ခဏေလးနဲ႔ အာရံုစိုက္ႏိုင္ပါတယ္ ” ဆိုၿပီးထင္ေနပါသလား။ သမိုင္းထဲမွာေတာ့ အဲ့လို အာရံုစိုက္ႏိုင္တဲ့ သူတစ္ေယာက္ ႐ွိခဲ့ဖူးပါတယ္။ တေယာဝိဇၨာ Mozart ကို ၾကားဖူးပါသလား။ တစ္ခ်ိန္ထဲမွာ ဂီတသံစဥ္ေတြ အမ်ားႀကီး ေရးခဲ့ဖူးၿပီး အားလံုးကလဲ Masterpiece ေတြပါပဲ။ ဒါေပမယ့္ သူ႔လိုလူ သူတစ္ေယာက္ထဲ ႐ွိခဲ့တာပါ။

တျခား ပထမတန္း ဂီတစာဆိုေတြ ျဖစ္တဲ့ Handel, Haydn, Verdi တို႔ဟာ တစ္ုဒ္ၿပီးမွ တစ္ပုဒ္ ေရးခဲ့တာပါ။ သူတို႔ ဂီတတစ္ပုဒ္ကို ေရးၿပီးလို႔ စိတ္ႀကိဳက္ မျဖစ္မျခင္း ေနာက္တစ္ပုဒ္ကို လံုးဝ မစဥ္းစားပါဘူး။ ကုမၸဏီဝန္ထမ္းေတြ၊ အမႈေဆာင္ေတြမွာလဲ Mozart ေတြ ႐ွားပါလိမ့္မယ္။

သင့္ကို ျဖစ္ႏိုင္ေျခပိုမ်ားတဲ့ Mozart လိုလူ မဟုတ္ဘူးလို႔ပဲ စဥ္းစားရေအာင္။ အဲဒိလို အေႏွာင့္အယွက္ မခံရေအာင္ ဘာေတြ လုပ္ၾကမလဲ။

အေႏွာင့္အယွက္ မခံရေအာင္ ေနနည္း

အာရံုစူးစိုက္ဖို႔ အခ်ိန္သတ္မွတ္ထားပါ။ အဲလိုဆိုရင္ အေႏွာင့္အယွက္ေတြအတြက္လဲ အခ်ိန္ သတ္မွတ္ရပါမယ္။ ဥပမာ. ” ငါ ညေန ၃ နာရီမွ FB ဖြင့္စစ္မယ္ ” ဆိုတာမ်ိဳးပါ။ ဒါဆိုရင္ ဆက္တိုက္ FB ဖြင့္ မၾကည့္မိပဲ အလုပ္ စိတ္ပါဝင္စားစြာ လုပ္ႏိုင္လာပါလိမ့္မယ္။ အဲလို အစီအစဥ္ မခ်ရင္ေတာ့ တစ္ေန႔လံုး FB ၾကည့္ေနမိၿပီး အလုပ္လုပ္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

Intel မွာ ဝန္ထမ္းေတြဟာ အလုပ္ေတြပိၿပီး လြတ္လြတ္လပ္လပ္ စဥ္းစားဖို႔ အခ်ိန္မရလို႔ အေတြးအေခၚအသစ္ေတြ၊ တီထြင္ဖန္တီးမႈေတြ ထြက္မလာပဲ ျဖစ္ေနခဲ့ဖူးပါတယ္။ အဲဒါကို Intel မန္ေနဂ်ာေတြက တစ္ပါတ္ကို ေလးနာရီ လံုးဝ စဥ္းစားေတြးေခၚဖို႔ အခ်ိန္ေပးလိုက္ပါတယ္။ အဲဒိအခ်ိန္မွာ ဝန္ထမ္းေတြဟာ အလုပ္မလုပ္ရပါဘူး။ အေရးမပါတဲ့ Email ေတြကို မဖတ္ရ၊ မျပန္ရပါဘူး။ အဲဒိနည္းလမ္းဟာ ေအာင္ျမင္ခဲ့ၿပီးေတာ့ ဝန္ထမ္းတစ္ေယာက္ဟာဆို Application အသစ္တစ္ခုကို တီထြင္ႏိုင္ခဲ့ပါတယ္။

အေႏွာင့္အယွက္ေတြေၾကာင့္ ဘာေတြဆံုး႐ွံုးရလဲဆိုတာ သိထားတာ ေကာင္းပါတယ္။ အေႏွာင့္အယွက္မ႐ွိပဲ အလုပ္လုပ္ႏိုင္မယ့္ အခ်ိန္ကို ႀကိဳးစားသတ္မွတ္ထားပါ။ သင့္ပါတ္ဝန္းက်င္က လူေတြကိုလဲ သင္ အဲဒိလို သတ္မွတ္ထားေၾကာင္းသိပါေစ။ သူတို႔ကိုလဲ အဲလို လုပ္ဖို႔ တိုက္တြန္ေျပာဆိုပါ။ သင္ ေအာင္ျမင္ပါလိမ့္မယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

==============================================

သင် တစ်နေ့ကို အလုပ်မှာ ဘယ်လောက်ကြာကြာ အာရုံလွှဲခံရလဲဆိုတာ တွက်ကြည့်ကြရအောင်။

သင် အလုပ်မှာ တစ်နေ့ကို ဘယ်နှကြိမ် အနှောင့်ယှက်ခံရလဲဆိုတာ စဉ်းစားကြည့်ပါ။

့ပြီးရင် ရတဲ့ အကြိမ်အရေအတွက်ကို ၂၅ နဲ့ မြှောက်ပါ။

အဲဒါဟာ အလုပ်မှာ သင် ဆုံးရှုံးလိုက်ရတဲ့ အာရုံစူးစိုက်ချိန် မိနစ်ပါပဲ။ အနှောင့်အယှက် ခံလိုက်ရပြီးမှာ သင် အရင်က စိတ်ဝင်စားနေစဉ် လုပ်ခဲ့တဲ့ အာရုံစူးစိုက်မှုမျိုးကို ပြန်ရောက်ဖို့ ၂၅ မိနစ် အချိန်ယူရပါတယ်။ နှောင့့်ယှက်တာဟာ နှောင့်ယှက်ခံနေရချိန်မှာသာ မဟုတ်ပဲ နောက်ထပ် နာရီဝက်လောက် ကြာအောင် အလုပ်ထဲမှာ အာရုံမစိုက်နိုင်အောင် လုပ်နိုင်ပါတယ်။

သင် FB ကို စက္ကန့် ၃၀ လောက် ဝင်ကြည့်လိုက်တာဟာ စက္ကန့်သုံးဆယ်ပဲ အချိန်ဆုံးရှံုးသွားတာ မဟုတ်ပါဘူး။ မိနစ် ၃၀ ပါ။

အဲဒိ နှောင့်ယှက်မှုတွေဟာ အလုပ်လုပ်နိုင်စွမ်းကိုသာ ထိခိုက်တာ မဟုတ်ပဲ စိတ်ခံစားမှုတွေကိုပါ နှောင့်ယှက်နိုင်ပါတယ်။ အာရုံစိုက်နေစဉ် အနှောင့်ယှက်ခံရတာဟာ စိတ်ဖိစီးမှု များစေခြင်း၊ စိတ်ညစ်စေခြင်း၊ အလုပ်လုပ်နိုင်အား လျော့နည်းစေခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

အာရုံစူးစိုက်မှုကို ကိုယ့်ဘာသာ နှောင့်ယှက်မိတာက ပိုများပါတယ်။ ဥပမာ အလုပ်လုပ်နေတုန်း FB ဝင်ကြည့်မိတာ၊ CoC ဝင် ကြည့်မိတာမျိုးပါ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်လာပြီး ” ဒီစာရင်းလေး ခဏ ကြည့်ပေးပါဦး” ဆိုတာမျိုးက ပြင်ပအနှောင့်အယှက်ပါ။

လေ့လာမှုတွေမှာ တွေ့ရှိရတာက ခုခေတ် လူတွေဟာ အလုပ်တစ်ခုမှာ သုံးမိနစ်လောက်ပဲ ကြာအောင်လုပ်ပါတယ်။ ပြီးရင် နောက်တစ်ခုကို လုပ်ကြပါတယ်။ တင်းနစ်ဘောလုံးတစ်လုံးကို ဟိုဘက်ဒီဘက် ရိုက်နေသလို အလုပ်နှစ်ခုကို ကူးသန်းပြီး လုပ်တတ်ကြပါတယ်။ ဦးနှောက်ကတော့ တင်းနစ်ဘောလို ချက်ခြင်း ဦးတည်ချက် မပြောင်းနိုင်ပဲ အချိန်ယူရပါတယ်။

အဲဒါဟာ အချိန်းဖြုန်းရာ ရောက်ရုံတင်မဟုတ်ပဲ ဦးနှောက်ကနေ အာရုံမစူးစိုက်မိလို့ အကြံကောင်းတွေလဲ ထွက်မလာနိုင်ပါဘူး။ ၁၀ မိနစ်ကို တစ်ခုပြောင်းလုပ်နေတဲ့ လူတွေဟာ လေးလေးနက်နက် မတွေးခေါ်နိုင်ပါဘူး။

သင့်ကိုယ်သင် ” ငါကတော့ အဲဒိထဲ မပါပါဘူးကွာ၊ ငါ ခဏလေးနဲ့ အာရုံစိုက်နိုင်ပါတယ် ” ဆိုပြီးထင်နေပါသလား။ သမိုင်းထဲမှာတော့ အဲ့လို အာရုံစိုက်နိုင်တဲ့ သူတစ်ယောက် ရှိခဲ့ဖူးပါတယ်။ တယောဝိဇ္ဇာ Mozart ကို ကြားဖူးပါသလား။ တစ်ချိန်ထဲမှာ ဂီတသံစဉ်တွေ အများကြီး ရေးခဲ့ဖူးပြီး အားလုံးကလဲ Masterpiece တွေပါပဲ။ ဒါပေမယ့် သူ့လိုလူ သူတစ်ယောက်ထဲ ရှိခဲ့တာပါ။

တခြား ပထမတန်း ဂီတစာဆိုတွေ ဖြစ်တဲ့ Handel, Haydn, Verdi တို့ဟာ တစ်ုဒ်ပြီးမှ တစ်ပုဒ် ရေးခဲ့တာပါ။ သူတို့ ဂီတတစ်ပုဒ်ကို ရေးပြီးလို့ စိတ်ကြိုက် မဖြစ်မခြင်း နောက်တစ်ပုဒ်ကို လုံးဝ မစဉ်းစားပါဘူး။ ကုမ္ပဏီဝန်ထမ်းတွေ၊ အမှုဆောင်တွေမှာလဲ Mozart တွေ ရှားပါလိမ့်မယ်။

သင့်ကို ဖြစ်နိုင်ခြေပိုများတဲ့ Mozart လိုလူ မဟုတ်ဘူးလို့ပဲ စဉ်းစားရအောင်။ အဲဒိလို အနှောင့်အယှက် မခံရအောင် ဘာတွေ လုပ်ကြမလဲ။

အနှောင့်အယှက် မခံရအောင် နေနည်း

အာရုံစူးစိုက်ဖို့ အချိန်သတ်မှတ်ထားပါ။ အဲလိုဆိုရင် အနှောင့်အယှက်တွေအတွက်လဲ အချိန် သတ်မှတ်ရပါမယ်။ ဥပမာ. ” ငါ ညနေ ၃ နာရီမှ FB ဖွင့်စစ်မယ် ” ဆိုတာမျိုးပါ။ ဒါဆိုရင် ဆက်တိုက် FB ဖွင့် မကြည့်မိပဲ အလုပ် စိတ်ပါဝင်စားစွာ လုပ်နိုင်လာပါလိမ့်မယ်။ အဲလို အစီအစဉ် မချရင်တော့ တစ်နေ့လုံး FB ကြည့်နေမိပြီး အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

Intel မှာ ဝန်ထမ်းတွေဟာ အလုပ်တွေပိပြီး လွတ်လွတ်လပ်လပ် စဉ်းစားဖို့ အချိန်မရလို့ အတွေးအခေါ်အသစ်တွေ၊ တီထွင်ဖန်တီးမှုတွေ ထွက်မလာပဲ ဖြစ်နေခဲ့ဖူးပါတယ်။ အဲဒါကို Intel မန်နေဂျာတွေက တစ်ပါတ်ကို လေးနာရီ လုံးဝ စဉ်းစားတွေးခေါ်ဖို့ အချိန်ပေးလိုက်ပါတယ်။ အဲဒိအချိန်မှာ ဝန်ထမ်းတွေဟာ အလုပ်မလုပ်ရပါဘူး။ အရေးမပါတဲ့ Email တွေကို မဖတ်ရ၊ မပြန်ရပါဘူး။ အဲဒိနည်းလမ်းဟာ အောင်မြင်ခဲ့ပြီးတော့ ဝန်ထမ်းတစ်ယောက်ဟာဆို Application အသစ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။

အနှောင့်အယှက်တွေကြောင့် ဘာတွေဆုံးရှံုးရလဲဆိုတာ သိထားတာ ကောင်းပါတယ်။ အနှောင့်အယှက်မရှိပဲ အလုပ်လုပ်နိုင်မယ့် အချိန်ကို ကြိုးစားသတ်မှတ်ထားပါ။ သင့်ပါတ်ဝန်းကျင်က လူတွေကိုလဲ သင် အဲဒိလို သတ်မှတ်ထားကြောင်းသိပါစေ။ သူတို့ကိုလဲ အဲလို လုပ်ဖို့ တိုက်တွန်ပြောဆိုပါ။ သင် အောင်မြင်ပါလိမ့်မယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

==============================================

Related Posts

%%footer%%