ေပ်ာ္ရႊင္ေအာင္ျမင္က်န္းမာတဲ့ဘဝကို ပိုင္ဆိုင္ဖို႔ အခ်က္ ၈ ခ်က္
သင္ ဒီစာေခါင္းစဥ္ကို စိတ္ဝင္စားတယ္ဆိုရင္ သင့္ဘဝကို ေျပာင္းလဲႏိုင္မယ္လို႔ သင္ယံုၾကည္လို႔ပါ။ ယံုၾကည္ခ်က္ဟာ ဘဝကို တကယ္ေျပာင္းလဲႏိုင္ပါတယ္။ ဒါေပမယ့္ ဘယ္က စလုပ္ရမွာလဲ။
ဘဝမွာ ေအာင္ျမင္ဖို႔လမ္းဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ ေအာင္ျမင္ဖို႔လမ္းေတြ အမ်ားႀကီး႐ွိပါတယ္။ ေသခ်ာတာကေတာ့ အေတြ႕အၾကံဳေတြနဲ႔ အေလ့အက်င့္ေကာင္းေတြဟာ ေအာင္ျမင္မႈရဲ႕ အေျခခံပါပဲ။ အသစ္အသစ္ေတြကို ႀကိဳးစားၾကည့္ပါ။ က်န္းမာေရးကို ဂ႐ုစိုက္ပါ။ ေမးျမန္းေလ့လာပါ။ အိပ္ခ်ိန္မွန္ပါေစ။ စဥ္းစားေတြးေခၚဖို႔ အခ်ိန္သတ္သတ္ေပးထားပါ။ အဲဒါေတြက ဘဝေအာင္ျမင္ဖို႔အတြက္ အေရးအႀကီးဆံုးပါပဲ။ တျခား သ္သင့္တဲ့ အခ်က္ေလးေတြကို ေအာင္မွာ ေရးျပထားပါတယ္။
၁. အမိႈက္ ႐ွင္းပါ
႐ွင္း႐ွင္းလင္းလင္း႐ွိတာဟာ စိတ္႐ွင္းေစပါတယ္။ စိတ္႐ွင္းရင္ ပိုၿပီး ေကာင္းေကာင္းေတြးေခၚႏိုင္ပါတယ္။ ပစၥည္းအသစ္တစ္ခု ဝယ္လိုက္တိုင္း အေဟာင္းကို လႉပစ္ ေရာင္းပစ္၊ မရရင္ လႊင့္ပစ္လိုက္ပါ။
၂.တစ္ေန႔တာအတြက္ အစီအစဥ္ခ်ပါ
မိနစ္၂၀ ေလာက္ အခ်ိန္ယူၿပီး အစီအစဥ္ခ်လိုက္တာဟာ ၂ နာရီစာအလုပ္ သက္သာေစပါတယ္။ သင္နဲ႔အဆင္ေျပမယ့္ ကိုယ္ပိုင္အခ်ိန္ဇယားဆြဲပါ။ ၈နာရီစာ အလုပ္ခ်ိန္အတြက္ လုပ္စရာ ၈ ခု အစီအစဥ္ခ်သင့္ပါတယ္။ ေငြ႐ွာဖို႔အတြက္ ၆ ခု ကိုယ္ပိုင္အခ်ိန္ ၂ ခု ပါပါေစ။
၃. “ဘူး” တစ္လံုးေဆာင္ပါ
အျငင္းစကားဟာ သင့္အတြက္ ဘဝေပ်ာ္ရႊင္ေရးနဲ႔ အလုပ္အတြက္ လ်ိႈ့ဝွက္လက္နက္ပါပဲ။ အားမနာတတ္ပါနဲ႔။ ေအာင္ျမင္တဲ့သူေတြနဲ႔ အရမ္းေအာင္ျမင္တဲ့သူေတြ ကြာျခားခ်က္က ဒုတိယ အမ်ိဳးအစားက “ဘူး” တစ္လံုး ေဆာင္တတ္တာပါပဲ။
၄. ေက်းဇူးတင္ေၾကာင္း ျပပါ
ဘဝမွာ ေအာင္ျမင္တဲ့သူေတြက ေက်းဇူးတင္တတ္ၾကပါတယ္။ ေက်းဇူးတင္ေၾကာင္း စာတိုေလးေတြ၊ ဖုန္းဆက္ေျပာတာေတြ၊ အဲ့လို ေသးေသးမႊားမႊားေလးေတြက သင့္ကို သာမန္လူေတြထဲကေန ကြဲထြက္ေနေစႏိုင္ပါတယ္။ ကုန္က်စရိတ္က ဖုန္းေဘလ္ နည္းနည္း၊ ျပန္ရတာက အတိုင္းအဆမ႐ွိပါ။
၅. သင့္ဖုန္းကို အိပ္ရာထဖို႔ ႏိႈးစက္အေနနဲ႔ မသံုးပါနဲ႔
ဖုန္းသံုးတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ ဖုန္းကို ေဘးမွာထားၿပီး အိပ္တတ္ၾကပါတယ္။ ညဘက္မွာ ဖုန္းသံုးတာဟာ အိပ္ေပ်ာ္ဖို႔ ခက္ခဲေစပါတယ္။ ၿပီးေတာ့ Facebook Noti ေတြ Viber Msg tone ေတြကလဲ အိပ္ေပ်ာ္ေနရာက လန္႔ႏိုးသြားေစႏိုင္ပါတယ္။ ဖုန္းကို ေဝးေဝးမွာထားၿပီးေတာ့ ႏိႈးစက္နာရီ ေကာင္းေကာင္းတစ္လံုး ဝယ္ထားပါ။
၆. လူတိုင္းနဲ႔ သေဘာမတူပါနဲ႔
ဘဝမွာ ဘက္တစ္ခုခုကို ေရြးခ်ယ္ပါ။ လူတိုင္းနဲ႔ သေဘာမတူပါနဲ႔။ ကိုယ့္ အေတြးအျမင္ကို ကိုယ္ကာကြယ္ပါ။ အေတြးအျမင္တစ္ခု႐ွိတဲ့အတြက္ သင့္ကိုလူေတြက ေလးစားၾကပါလိမ့္မယ္။ ဘယ္ေတာ့မွ ေလွနံ ႏွစ္ဖက္ မနင္းပါနဲ႔။
၇. မအိပ္ပဲ မေနပါနဲ႔
လူေတာ္ေတာ္မ်ားမ်ားဟာ အိပ္ေရးမဝတတ္ၾကပါဘူး။ အိပ္ေရးမဝရင္ ဦးေႏွာက္က ရာႏႈန္းျပည့္ အလုပ္မလုပ္ပါဘူး။ ဦးေႏွာက္ရာႏႈန္းျပည့္အလုပ္မလုပ္ရင္ ဆံုးျဖတ္ခ်က္ခ်ရာမွာ ခက္ခဲေစျခင္း၊ စိတ္ဆတ္ျခင္း တို႔အျပင္ ကိုယ္ခႏၶာနဲ႔ က်န္းမာေရးကိုပါ ထိခိုက္ေစတတ္ပါတယ္။ အိပ္ခ်ိန္တစ္ခုကို သီးသန္႔သတ္မွတ္ၿပီးေတာ့ ညတိုင္း အိပ္ေရးဝေအာင္ ႀကိဳးစားပါ။
၈. အတိတ္မွာ ရပ္မေနပါနဲ႔
အတိတ္မွာ ရပ္ေနမိဖို႔ဆိုတာ အရမ္းလြယ္ပါတယ္။ ျဖစ္သင့္ခဲ့တာ.. လုပ္သင့္ခဲ့တာ.. လုပ္ႏိုင္ခဲ့တာ.. ေတြကို ျပန္မစဥ္းစားပါနဲ႔ေတာ့။ သင့္အတိတ္ကို မေျပာင္းလဲႏိုင္ေပမယ့္ အနာဂါတ္ကို ေျပာင္းလဲႏိုင္ပါတယ္။ အေမရိကန္သမၼတေဟာင္း ေသာမတ္ဂ်က္ဖာဆင္က “အနာဂါတ္ကို အိပ္မက္ရတာကို အတိတ္သမိုင္းထက္ ပိုစိတ္ဝင္စားပါတယ္” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ပျော်ရွှင်အောင်မြင်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ဖို့ အချက် ၈ ချက်
သင် ဒီစာခေါင်းစဉ်ကို စိတ်ဝင်စားတယ်ဆိုရင် သင့်ဘဝကို ပြောင်းလဲနိုင်မယ်လို့ သင်ယုံကြည်လို့ပါ။ ယုံကြည်ချက်ဟာ ဘဝကို တကယ်ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် ဘယ်က စလုပ်ရမှာလဲ။
ဘဝမှာ အောင်မြင်ဖို့လမ်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အောင်မြင်ဖို့လမ်းတွေ အများကြီးရှိပါတယ်။ သေချာတာကတော့ အတွေ့အကြုံတွေနဲ့ အလေ့အကျင့်ကောင်းတွေဟာ အောင်မြင်မှုရဲ့ အခြေခံပါပဲ။ အသစ်အသစ်တွေကို ကြိုးစားကြည့်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ မေးမြန်းလေ့လာပါ။ အိပ်ချိန်မှန်ပါစေ။ စဉ်းစားတွေးခေါ်ဖို့ အချိန်သတ်သတ်ပေးထားပါ။ အဲဒါတွေက ဘဝအောင်မြင်ဖို့အတွက် အရေးအကြီးဆုံးပါပဲ။ တခြား သ်သင့်တဲ့ အချက်လေးတွေကို အောင်မှာ ရေးပြထားပါတယ်။
၁. အမှိုက် ရှင်းပါ
ရှင်းရှင်းလင်းလင်းရှိတာဟာ စိတ်ရှင်းစေပါတယ်။ စိတ်ရှင်းရင် ပိုပြီး ကောင်းကောင်းတွေးခေါ်နိုင်ပါတယ်။ ပစ္စည်းအသစ်တစ်ခု ဝယ်လိုက်တိုင်း အဟောင်းကို လှူပစ် ရောင်းပစ်၊ မရရင် လွှင့်ပစ်လိုက်ပါ။
၂.တစ်နေ့တာအတွက် အစီအစဉ်ချပါ
မိနစ်၂၀ လောက် အချိန်ယူပြီး အစီအစဉ်ချလိုက်တာဟာ ၂ နာရီစာအလုပ် သက်သာစေပါတယ်။ သင်နဲ့အဆင်ပြေမယ့် ကိုယ်ပိုင်အချိန်ဇယားဆွဲပါ။ ၈နာရီစာ အလုပ်ချိန်အတွက် လုပ်စရာ ၈ ခု အစီအစဉ်ချသင့်ပါတယ်။ ငွေရှာဖို့အတွက် ၆ ခု ကိုယ်ပိုင်အချိန် ၂ ခု ပါပါစေ။
၃. “ဘူး” တစ်လုံးဆောင်ပါ
အငြင်းစကားဟာ သင့်အတွက် ဘဝပျော်ရွှင်ရေးနဲ့ အလုပ်အတွက် လျိႈ့ဝှက်လက်နက်ပါပဲ။ အားမနာတတ်ပါနဲ့။ အောင်မြင်တဲ့သူတွေနဲ့ အရမ်းအောင်မြင်တဲ့သူတွေ ကွာခြားချက်က ဒုတိယ အမျိုးအစားက “ဘူး” တစ်လုံး ဆောင်တတ်တာပါပဲ။
၄. ကျေးဇူးတင်ကြောင်း ပြပါ
ဘဝမှာ အောင်မြင်တဲ့သူတွေက ကျေးဇူးတင်တတ်ကြပါတယ်။ ကျေးဇူးတင်ကြောင်း စာတိုလေးတွေ၊ ဖုန်းဆက်ပြောတာတွေ၊ အဲ့လို သေးသေးမွှားမွှားလေးတွေက သင့်ကို သာမန်လူတွေထဲကနေ ကွဲထွက်နေစေနိုင်ပါတယ်။ ကုန်ကျစရိတ်က ဖုန်းဘေလ် နည်းနည်း၊ ပြန်ရတာက အတိုင်းအဆမရှိပါ။
၅. သင့်ဖုန်းကို အိပ်ရာထဖို့ နှိုးစက်အနေနဲ့ မသုံးပါနဲ့
ဖုန်းသုံးတဲ့သူ တော်တော်များများဟာ ဖုန်းကို ဘေးမှာထားပြီး အိပ်တတ်ကြပါတယ်။ ညဘက်မှာ ဖုန်းသုံးတာဟာ အိပ်ပျော်ဖို့ ခက်ခဲစေပါတယ်။ ပြီးတော့ Facebook Noti တွေ Viber Msg tone တွေကလဲ အိပ်ပျော်နေရာက လန့်နိုးသွားစေနိုင်ပါတယ်။ ဖုန်းကို ဝေးဝေးမှာထားပြီးတော့ နှိုးစက်နာရီ ကောင်းကောင်းတစ်လုံး ဝယ်ထားပါ။
၆. လူတိုင်းနဲ့ သဘောမတူပါနဲ့
ဘဝမှာ ဘက်တစ်ခုခုကို ရွေးချယ်ပါ။ လူတိုင်းနဲ့ သဘောမတူပါနဲ့။ ကိုယ့် အတွေးအမြင်ကို ကိုယ်ကာကွယ်ပါ။ အတွေးအမြင်တစ်ခုရှိတဲ့အတွက် သင့်ကိုလူတွေက လေးစားကြပါလိမ့်မယ်။ ဘယ်တော့မှ လှေနံ နှစ်ဖက် မနင်းပါနဲ့။
၇. မအိပ်ပဲ မနေပါနဲ့
လူတော်တော်များများဟာ အိပ်ရေးမဝတတ်ကြပါဘူး။ အိပ်ရေးမဝရင် ဦးနှောက်က ရာနှုန်းပြည့် အလုပ်မလုပ်ပါဘူး။ ဦးနှောက်ရာနှုန်းပြည့်အလုပ်မလုပ်ရင် ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲစေခြင်း၊ စိတ်ဆတ်ခြင်း တို့အပြင် ကိုယ်ခန္ဓာနဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတတ်ပါတယ်။ အိပ်ချိန်တစ်ခုကို သီးသန့်သတ်မှတ်ပြီးတော့ ညတိုင်း အိပ်ရေးဝအောင် ကြိုးစားပါ။
၈. အတိတ်မှာ ရပ်မနေပါနဲ့
အတိတ်မှာ ရပ်နေမိဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ ဖြစ်သင့်ခဲ့တာ.. လုပ်သင့်ခဲ့တာ.. လုပ်နိုင်ခဲ့တာ.. တွေကို ပြန်မစဉ်းစားပါနဲ့တော့။ သင့်အတိတ်ကို မပြောင်းလဲနိုင်ပေမယ့် အနာဂါတ်ကို ပြောင်းလဲနိုင်ပါတယ်။ အမေရိကန်သမ္မတဟောင်း သောမတ်ဂျက်ဖာဆင်က “အနာဂါတ်ကို အိပ်မက်ရတာကို အတိတ်သမိုင်းထက် ပိုစိတ်ဝင်စားပါတယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================