ေအာင္ျမင္ေက်ာ္ၾကားသူ အမ်ားစုဟာ သူတို႔ဘဝတက္လမ္းကို ဆယ္ေက်ာ္သက္ဘဝမွာတင္ စတင္႐ွာေဖြေနၾကပါၿပီ။ သူတို႔ ဆယ္ေက်ာ္သက္တုန္းက ဘာေတြလုပ္ေနလဲ ၾကည့္ၾကရေအာင္။
၁. Bill Gates
Gates ဟာ ဆယ္ေက်ာ္သက္ဘဝမွ. ကြန္ပ်ဴတာေတြကို ခ်စ္ကြၽမ္းဝင္ခဲ့ၿပီး သူ အသက္ ၁၅ ႏွစ္မွာ သူ႔သူငယ္ခ်င္း မိုက္ခ႐ိုေဆာ့ဖ္ ပူးတြဲတည္ေထာင္သူ Paul Allen နဲ႔အတူ Traf O Data ဆိုတဲ့ Program တစ္ခုကို ေရးခဲ့ပါတယ္။ အထက္တန္းေက်ာင္းၿပီးေတာ့ ဟားဗတ္တကၠသိုလ္ ဆက္တက္ခဲ့ေပမယ့္ မိုက္ခ႐ိုေဆာ့ဖ္မွာ အခ်ိန္ျပည့္ အလုပ္လုပ္ႏိုင္ဖို႔ ၁၉၇၅ မွာေက်ာင္းထြက္လိုက္ပါတယ္။
၂. Warren Buffett
အသက္ ၁၆ ႏွစ္မွာ ေဒၚလာ ငါးေသာင္းခဲြေလာက္ စုေဆာင္းမိေနၿပီျဖစ္တဲ့ Buffett ဟာ ဆယ္ေက်ာ္သက္ဘဝမွာ သတင္းစာပို႔တဲ့ အလုပ္ကို စလုပ္ခဲ့တာပါ။ ေဂါက္သီးေရာင္းတာ၊ ကားျပင္တာ၊ တံဆိပ္တံုးေရာင္းတာေတြကို ဆယ္ေက်ာ္သက္ဘဝမွာ လုပ္ခဲ့ပါတယ္။
၃. Oprah Winfrey
Winfrey ဟာ သူအသက္ ၁၄ ႏွစ္မွာ သူ႔အေဖဆီ ေျပာင္းေနခဲ့ပါတယ္။ အထက္တန္းေက်ာင္းမွာ ေပၚျပဴလာအျဖစ္ဆံုး မိန္းကေလးျဖစ္ခဲ့ၿပီးေတာ့ သူမပထမဆံုး အလုပ္ကို ၁၆ ႏွစ္မွာ ေရဒီယိုစေတ႐ွင္တစ္ခုမွာ ရခဲ့ပါတယ္။ ၁၉ ႏွစ္ တကၠသိုလ္တက္ေနတုန္း သူမကို တီဗြီစေတ႐ွင္တစ္ခုက အလုပ္ေခၚခဲ့တာေၾကာင့္ စြန္႔စားၿပီး ေက်ာင္းထြက္ကာ အလုပ္လုပ္ခဲ့ပါတယ္။
၄. Mark Zuckerberg
Mark ရဲ႕ ဝါသနာက ပ႐ိုဂရမ္ေရးတာပါ။ အသက္ ၁၂ မွာ သူ႔အေဖရဲ႕ ရံုးအတြက္ စာပို႔ ပ႐ိုဂရမ္တစ္ခုကို ေရးေပးခဲ့ပါတယ္။ အထက္တန္းေက်ာင္းမွာ Music Streaming Platform တစ္ခုကို ေရးသားခဲ့ၿပီး Microsoft နဲ႔ AOL က ကမ္းလွမ္းခဲ့တာကို ပယ္ခ်ခဲ့ပါတယ္။ Harvard မွာေနတဲ့ အေစာပိုင္းႏွစ္ေတြမွာ သူ႔အေဆာင္ခန္းထဲကေန Facebook ကုိ တည္ေထာင္ခဲ့ပါတယ္။ ၿပီးေတာ့ Facebook မွာ ပိုအခ်ိန္ေပးႏိုင္ဖို႔ ေနာက္ႏွစ္မွာ ေက်ာင္းထြက္ခဲ့ပါတယ္။
၅. Elon Musk
Tesla နဲ႔ SpaceX CEO ဟာ သူ႔ရဲ႕ ပထမဆံုးကြန္ပ်ဴတာကို သူအသက္ ၁၀ ႏွစ္မွာ ဝယ္ခဲ့ၿပီး ေနာက္ႏွစ္ႏွစ္ၾကာေတာ့ Blaster ဆိုတဲ့ ဂိမ္းတစ္ခုရဲ႕ Code ကို ေရးခဲ့ပါတယ္။
၆. Mark Cuban
ဒီ ဘီလ်ံနာကေတာ့ သူ႔လုပ္ငန္းေတြကို အသက္ ၁၂ ႏွစ္မွာ စတင္လုပ္ကိုင္ခဲ့တာပါ။ တစ္ဘူးကို ၃ေဒၚလာ အျမတ္နဲ႔ အမိႈက္အိတ္ဘူးေတြကို Door to Door လိုက္လံ ေရာင္းခ်ခဲ့ပါတယ္။ ၿပီးေတာ့ ေက်ာင္းမွာလဲ တံဆိပ္တံုးေတြနဲ႔ ဒဂၤါးျပားေတြ ေရာင္းခဲ့ပါေသးတယ္။ ကိုယ့္စားရိတ္ ကိုယ္႐ွာၿပီး တကၠသိုလ္ တက္ခဲ့ပါတယ္။
၇. Jeff Bezos
အသက္ ၄ ႏွစ္နဲ႔ ၁၆ ႏွစ္အတြင္း ဒီ ဘီလ်ံနာေလာင္းေလးဟာ သူ႔အဖိုးရဲ႕ လယ္ေတာအိမ္မွာ ပစၥည္းေတြ ျပင္ရင္း အခ်ိန္ကုန္ခဲ့တာပါ။ ေနာက္ပိုင္းမွာ McDonald မီးဖိုေခ်ာင္မွာ အလုပ္သမားလုပ္ခဲ့ပါေသးတယ္။ ေနာက္ဆံုး Bezos နဲ႔ သူ႔ရည္းစားဟာ ကေလးေတြအတြက္ ဆယ္ရက္ ေႏြရာသီစခန္း Dream Institute ကို စတင္တည္ေထာင္ခဲ့ပါတယ္။
၈. Richard Branson
၁၉၆၈ မွာ အသက္ ၁၇ ႏွစ္လူငယ္ Branson ဟာ Student လို႔ေခၚတဲ့ လူငယ္မဂၢဇင္းတစ္ခုကို ထုတ္ခဲ့ၿပီး ေၾကာ္ျငာကေနတင္ ေဒၚလာ ၈ေထာင္ ျမတ္ခဲ့ပါတယ္။ ေနာက္ ၂ ႏွစ္အၾကာမွာ အုတ္ခဲဆိုင္ဖြင့္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အဲဒိအေဆာက္အဦးက Virgin Record ျဖစ္လာခဲ့ပါတယ္။
၉. Carl Icahn
ဆယ္ေက်ာ္သက္ဘဝမွာ Icahn ဟာ ပရင္စတန္ တကၠသိုလ္ကို ဝင္ခြင့္ရေပမယ့္ ေငြျပတ္ေနခဲ့ပါတယ္။ အဲဒါေၾကာင့္ ေပ်ာ္ပြဲစားရံုတစ္ခုမွာ စားပြဲထိုး လုပ္ခဲ့ပါတယ္။ ကလပ္ပိုင္႐ွင္ေတြက ပိုကာကစားရာမွာ Icahn ကို ေခၚကစားခဲ့ပါတယ္။ ကစားနည္းကို ကြၽမ္းက်င္လာၿပီးေနာက္မွာေတာ့ တစ္ေႏြရာသီကို ေဒၚလာ ၂ေထာင္ ႐ွာႏိုင္ခဲ့ပါတယ္။ ခုခ်ိန္မွာေတာ့ ၂၄ ဘီလ်ံေလာက္ ပိုင္ေနပါၿပီ။
၁၀. Phil Knight
Nike တည္ေထာင္သူဟာ သူ႔ေက်ာင္းမွာ အေျပးသမား တစ္ေယာက္ပါ။ တကၠသိုလ္ေရာက္ေတာ့လဲ ဆက္ၿပီး အေျပးၿပိဳင္ခဲ့ပါတယ္။ သူ အေျပးဖိနပ္ေတြကို အရည္အေသြး အသေဘာမက်ရာက စၿပီး ၁၉၆၄ မွာ Nike ကို တည္ေထာင္ခဲ့ပါတယ္။
၁၁. Janet Yellen
US Fedral Reserve ရဲ႕ Chairman Yellen ဟာ ဆယ္ေက်ာ္သက္အေနနဲ႔ အေတာ့္ကို ေတာ္တာပါ။ အထက္တန္းေက်ာင္း ေနာက္ဆံုးႏွစ္မွာ တကၠသိုလ္က သခ်ၤာအတန္းေတြ သြားတက္ခဲ့ပါတယ္။ ၁၉၆၃ မွာ Class Scholar အျဖစ္ ေအာင္ျမင္ခဲ့ပါတယ္။ ေက်ာင္းသတင္းစာရဲ႕ အယ္ဒီတာခ်ဳပ္ ျဖစ္ခဲ့ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ကမ္ဘာ့အအောင်မြင်ဆုံး လူ ၁၁ ယောက်ဟာ ဆယ်ကျော်သက်ဘဝမှာ ဘာလုပ်နေသလဲ?
အောင်မြင်ကျော်ကြားသူ အများစုဟာ သူတို့ဘဝတက်လမ်းကို ဆယ်ကျော်သက်ဘဝမှာတင် စတင်ရှာဖွေနေကြပါပြီ။ သူတို့ ဆယ်ကျော်သက်တုန်းက ဘာတွေလုပ်နေလဲ ကြည့်ကြရအောင်။
၁. Bill Gates
Gates ဟာ ဆယ်ကျော်သက်ဘဝမှ. ကွန်ပျူတာတွေကို ချစ်ကျွမ်းဝင်ခဲ့ပြီး သူ အသက် ၁၅ နှစ်မှာ သူ့သူငယ်ချင်း မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ Paul Allen နဲ့အတူ Traf O Data ဆိုတဲ့ Program တစ်ခုကို ရေးခဲ့ပါတယ်။ အထက်တန်းကျောင်းပြီးတော့ ဟားဗတ်တက္ကသိုလ် ဆက်တက်ခဲ့ပေမယ့် မိုက်ခရိုဆော့ဖ်မှာ အချိန်ပြည့် အလုပ်လုပ်နိုင်ဖို့ ၁၉၇၅ မှာကျောင်းထွက်လိုက်ပါတယ်။
၂. Warren Buffett
အသက် ၁၆ နှစ်မှာ ဒေါ်လာ ငါးသောင်းခွဲလောက် စုဆောင်းမိနေပြီဖြစ်တဲ့ Buffett ဟာ ဆယ်ကျော်သက်ဘဝမှာ သတင်းစာပို့တဲ့ အလုပ်ကို စလုပ်ခဲ့တာပါ။ ဂေါက်သီးရောင်းတာ၊ ကားပြင်တာ၊ တံဆိပ်တုံးရောင်းတာတွေကို ဆယ်ကျော်သက်ဘဝမှာ လုပ်ခဲ့ပါတယ်။
၃. Oprah Winfrey
Winfrey ဟာ သူအသက် ၁၄ နှစ်မှာ သူ့အဖေဆီ ပြောင်းနေခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး မိန်းကလေးဖြစ်ခဲ့ပြီးတော့ သူမပထမဆုံး အလုပ်ကို ၁၆ နှစ်မှာ ရေဒီယိုစတေရှင်တစ်ခုမှာ ရခဲ့ပါတယ်။ ၁၉ နှစ် တက္ကသိုလ်တက်နေတုန်း သူမကို တီဗွီစတေရှင်တစ်ခုက အလုပ်ခေါ်ခဲ့တာကြောင့် စွန့်စားပြီး ကျောင်းထွက်ကာ အလုပ်လုပ်ခဲ့ပါတယ်။
၄. Mark Zuckerberg
Mark ရဲ့ ဝါသနာက ပရိုဂရမ်ရေးတာပါ။ အသက် ၁၂ မှာ သူ့အဖေရဲ့ ရုံးအတွက် စာပို့ ပရိုဂရမ်တစ်ခုကို ရေးပေးခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ Music Streaming Platform တစ်ခုကို ရေးသားခဲ့ပြီး Microsoft နဲ့ AOL က ကမ်းလှမ်းခဲ့တာကို ပယ်ချခဲ့ပါတယ်။ Harvard မှာနေတဲ့ အစောပိုင်းနှစ်တွေမှာ သူ့အဆောင်ခန်းထဲကနေ Facebook ကို တည်ထောင်ခဲ့ပါတယ်။ ပြီးတော့ Facebook မှာ ပိုအချိန်ပေးနိုင်ဖို့ နောက်နှစ်မှာ ကျောင်းထွက်ခဲ့ပါတယ်။
၅. Elon Musk
Tesla နဲ့ SpaceX CEO ဟာ သူ့ရဲ့ ပထမဆုံးကွန်ပျူတာကို သူအသက် ၁၀ နှစ်မှာ ဝယ်ခဲ့ပြီး နောက်နှစ်နှစ်ကြာတော့ Blaster ဆိုတဲ့ ဂိမ်းတစ်ခုရဲ့ Code ကို ရေးခဲ့ပါတယ်။
၆. Mark Cuban
ဒီ ဘီလျံနာကတော့ သူ့လုပ်ငန်းတွေကို အသက် ၁၂ နှစ်မှာ စတင်လုပ်ကိုင်ခဲ့တာပါ။ တစ်ဘူးကို ၃ဒေါ်လာ အမြတ်နဲ့ အမှိုက်အိတ်ဘူးတွေကို Door to Door လိုက်လံ ရောင်းချခဲ့ပါတယ်။ ပြီးတော့ ကျောင်းမှာလဲ တံဆိပ်တုံးတွေနဲ့ ဒင်္ဂါးပြားတွေ ရောင်းခဲ့ပါသေးတယ်။ ကိုယ့်စားရိတ် ကိုယ်ရှာပြီး တက္ကသိုလ် တက်ခဲ့ပါတယ်။
၇. Jeff Bezos
အသက် ၄ နှစ်နဲ့ ၁၆ နှစ်အတွင်း ဒီ ဘီလျံနာလောင်းလေးဟာ သူ့အဖိုးရဲ့ လယ်တောအိမ်မှာ ပစ္စည်းတွေ ပြင်ရင်း အချိန်ကုန်ခဲ့တာပါ။ နောက်ပိုင်းမှာ McDonald မီးဖိုချောင်မှာ အလုပ်သမားလုပ်ခဲ့ပါသေးတယ်။ နောက်ဆုံး Bezos နဲ့ သူ့ရည်းစားဟာ ကလေးတွေအတွက် ဆယ်ရက် နွေရာသီစခန်း Dream Institute ကို စတင်တည်ထောင်ခဲ့ပါတယ်။
၈. Richard Branson
၁၉၆၈ မှာ အသက် ၁၇ နှစ်လူငယ် Branson ဟာ Student လို့ခေါ်တဲ့ လူငယ်မဂ္ဂဇင်းတစ်ခုကို ထုတ်ခဲ့ပြီး ကြော်ငြာကနေတင် ဒေါ်လာ ၈ထောင် မြတ်ခဲ့ပါတယ်။ နောက် ၂ နှစ်အကြာမှာ အုတ်ခဲဆိုင်ဖွင့်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒိအဆောက်အဦးက Virgin Record ဖြစ်လာခဲ့ပါတယ်။
၉. Carl Icahn
ဆယ်ကျော်သက်ဘဝမှာ Icahn ဟာ ပရင်စတန် တက္ကသိုလ်ကို ဝင်ခွင့်ရပေမယ့် ငွေပြတ်နေခဲ့ပါတယ်။ အဲဒါကြောင့် ပျော်ပွဲစားရုံတစ်ခုမှာ စားပွဲထိုး လုပ်ခဲ့ပါတယ်။ ကလပ်ပိုင်ရှင်တွေက ပိုကာကစားရာမှာ Icahn ကို ခေါ်ကစားခဲ့ပါတယ်။ ကစားနည်းကို ကျွမ်းကျင်လာပြီးနောက်မှာတော့ တစ်နွေရာသီကို ဒေါ်လာ ၂ထောင် ရှာနိုင်ခဲ့ပါတယ်။ ခုချိန်မှာတော့ ၂၄ ဘီလျံလောက် ပိုင်နေပါပြီ။
၁၀. Phil Knight
Nike တည်ထောင်သူဟာ သူ့ကျောင်းမှာ အပြေးသမား တစ်ယောက်ပါ။ တက္ကသိုလ်ရောက်တော့လဲ ဆက်ပြီး အပြေးပြိုင်ခဲ့ပါတယ်။ သူ အပြေးဖိနပ်တွေကို အရည်အသွေး အသဘောမကျရာက စပြီး ၁၉၆၄ မှာ Nike ကို တည်ထောင်ခဲ့ပါတယ်။
၁၁. Janet Yellen
US Fedral Reserve ရဲ့ Chairman Yellen ဟာ ဆယ်ကျော်သက်အနေနဲ့ အတော့်ကို တော်တာပါ။ အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ တက္ကသိုလ်က သချင်္ာအတန်းတွေ သွားတက်ခဲ့ပါတယ်။ ၁၉၆၃ မှာ Class Scholar အဖြစ် အောင်မြင်ခဲ့ပါတယ်။ ကျောင်းသတင်းစာရဲ့ အယ်ဒီတာချုပ် ဖြစ်ခဲ့ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================