ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးဟာ ေငြေရာင္ပိတ္ကားထက္က အခ်စ္႐ုပ္ရွင္ဇာတ္လမ္းတစ္ခုလို အျမဲတမ္း စိတ္ကူးယဥ္ဆန္ေနမွာ မဟုတ္ပါဘူး။ တကယ့္လက္ေတြ႕ဘ၀မွာေတာ့ တစ္ရက္ၿပီးတစ္ရက္၊ တစ္လၿပီး တစ္လ၊ တစ္ႏွစ္ၿပီးတစ္ႏွစ္ ခ်စ္ခင္ေပ်ာ္ရႊင္ေနႏိုင္ဖို႔အတြက္ ႀကိဳးစားၾကရမွာပါ။ ဒ့ါေၾကာင့္ သင့္ရဲ႕လက္တြဲေဖာ္ကို အျမဲတမ္းေပ်ာ္ရႊင္ၿပီး ခ်င္ခင္ၾကင္နာေနႏိုင္ဖို႔အတြက္ လုပ္ေဆာင္သင့္တာေလးေတြကို ျပန္လည္ေ၀မွ် ေပးလိုက္ပါတယ္။
ေန႔စဥ္လုပ္ေဆာင္ရန္
ေန႔စဥ္လုပ္ငန္းေဆာင္တာေတြနဲ႔ အလုပ္႐ႈပ္ေနၿပီး သင့္ၾကင္သူရဲ႕စိတ္ခံစားမႈပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ေမ့ေလ်ာ့မေနသင့္ပါဘူး။ ေန႔တိုင္း စိတ္ခံစားမႈပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးရမယ့္ဆိုလို႔ အရမ္းခက္မယ္မထင္ပါနဲ႔ဦး။ သင့္ရဲ႕သြားေတြကို ေန႔တိုင္းတိုက္သလို သူမကို အသိအမွတ္ျပဳခ်ီးက်ဴးစကားေလး တစ္ခုခု ေန႔တိုင္းေျပာေပး႐ုံပါပဲ။ သူမဆံပင္၊ သူမရဲ႕မိတ္ကပ္အျပင္အဆင္၊ သူမအလုပ္ကတိုးတက္မႈ၊ ညစာခ်က္ထားတဲ့ဟင္းလ်ာ၊ သူမရဲ႕အႀကံဉာဏ္စတဲ့ ကိစၥေလးေတြနဲ႔ပတ္သက္ၿပီး သူမကို ခ်ီးက်ဴးစကားေလး ေတြ ေျပာေပးပါ။ လြယ္လြယ္ကူကူလုပ္ေဆာင္ႏိုင္တဲ့ ကိစၥတစ္ခုျဖစ္ၿပီး အက်ိဳးရလဒ္ကေတာ့ သူမကို ေပ်ာ္ရႊင္ ၾကည့္ႏူးေနေစမွာပဲျဖစ္ပါတယ္။
အပတ္စဥ္လုပ္ေဆာင္ရန္
ဒီတစ္ခုကေတာ့ ေျပာဖို႔မဟုတ္ပါဘူး။ လုပ္ဖို႔ျဖစ္ပါတယ္။ တစ္ပတ္မွာ တစ္ၾကိမ္ေလာက္ေတာ့ အိမ္မႈကိစၥေတြကို သူမနဲ႔အတူ ခြဲေ၀ၿပီး ၀ိုင္းလုပ္ေပးလိုက္ပါ။ သူမက အ၀တ္ေလွ်ာရင္ ပန္းကန္ေဆးေပးလိုက္တာမ်ိဳး၊ သူမအိပ္ရာျပင္ေနခ်ိန္မွာ အမႈိက္ပစ္ေပးတာမ်ိဳး စတဲ့ သူမလုပ္ရမယ့္ အိမ္အလုပ္ေလးတစ္ခုခုကို (၇)ရက္မွာတစ္ႀကိမ္ေလာက္ လုပ္ေပးရမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေပးတာက ဘာမွအပန္းႀကီးမွာလည္း မဟုတ္သလို သူမကိုထုတ္ေဖာ္ေျပာၾကားေနစရာလည္း မလိုအပ္ပါဘူး။ ဒါေပမယ့္ သူမ ေသခ်ာေပါက္ သတိထားမိၿပီး ေက်နပ္ေပ်ာ္ရႊင္ေနပါလိမ့္မယ္။
လစဥ္လုပ္ေဆာင္ရန္
ႏွစ္ဦးသားခ်စ္ျခင္းေတြခိုင္ျမဲေပ်ာ္ရႊင္ေစဖို႔အတြက္ တစ္ႏွစ္မွာ (၁၂)ႀကိမ္ေလာက္ေတာ့ ေငြကုန္ေၾကးက်ခံၿပီး ရင္းႏွီးျမဳပ္ႏွံဖို႔ လိုပါလိမ့္မယ္။ တစ္လကို တစ္ႀကိမ္ေလာက္ေတာ့ သူမအတြက္ တစ္ခုခု၀ယ္ေပးလိုက္ပါ။ တန္ဖိုးကအေရးမႀကီးပါဘူး။ သူမအတြက္ အမွတ္တရျဖစ္ေစဖို႔က အဓိကပါ။ ဖုန္းမွာကပ္တဲ့ စတစ္ကာေတြပဲ ျဖစ္ျဖစ္၊ လက္သည္းအလွဆင္ခြင့္ ေဘာက္ခ်ာပဲျဖစ္ျဖစ္၊ သူမသြားခ်င္တဲ့စားေသာက္ဆိုင္မွာ ညစာ သြားစားတာပဲျဖစ္ျဖစ္၊ သူမႀကိဳက္တဲ့ ရုပ္ရွင္ဇာတ္ကား DVD ေတြပဲျဖစ္ျဖစ္ စသျဖင့္ သူမႀကိဳက္တတ္တာေတြ ထဲက တစ္ခုခုျဖစ္ဖို႔ပဲ လိုပါတယ္။ ဒီလို၀ယ္ေပးလို႔ ထူးျခားၿပီးေငြကုန္သြားမွာမဟုတ္ေပမယ့္ သူမအေပၚမွာ ဘယ္ေလာက္အထိဂ႐ုစိုက္ေၾကာင္းကို ေဖာ္ျပရာေရာက္တဲ့အတြက္ သင့္လက္တြဲေဖာ္ကို ေပ်ာ္ရႊင္ေစႏိုင္မွာပါ။
ႏွစ္စဥ္လုပ္ေဆာင္ရန္
ေရရွည္လက္တြဲလာၿပီဆိုတဲ့အခ်ိန္မွာ သင့္ရဲ႕လက္တြဲေဖာ္ကိုေပးသင့္တဲ့ အေကာင္းဆံုးလက္ေဆာင္ကေတာ့ သူမေဘးနားမွာ သင္ရွိေနတုန္းပဲဆိုတာကို သတိျပဳမိေအာင္လုပ္ေပးတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမြးေန႔ပြဲတို႔ ႏွစ္ပတ္လည္ပြဲတို႔ကို ေသေသခ်ာခ်ာက်င္းပေပးတာအျပင္ ပထမဆံုးခ်ိန္းေတြ႕ခဲ့ၾကတဲ့ေနရာကို သြားတာမ်ိဳး၊ ကမ္းေျခတစ္ခုခုကို ေပ်ာ္ပြဲစားထြက္တာမ်ိဳးေတြကို တစ္ႏွစ္မွာတစ္ႀကိမ္ေလာက္ လုပ္ေဆာင္ေပးသင့္ပါတယ္။
ဒီအခ်က္ေလးေတြ လုပ္ေဆာင္သြားမယ္ဆိုရင္ေတာ့ သူမကို ေပ်ာ္ရႊင္ေနေစႏိုင္တဲ့အျပင္ ႏွစ္ဦးသားဆက္ဆံေရးက ေပ်ာ္ရႊင္ခ်မ္္းေျမ့ေနမွာျဖစ္ၿပီး ေရရွည္လက္တြဲသြားႏိုင္မွာ အေသအခ်ာပါပဲ။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
==============================================
ချစ်သူကို အမြဲပျော်ရွှင်နေစေဖို့
ချစ်သူနှစ်ဦးကြားဆက်ဆံရေးဟာ ငွေရောင်ပိတ်ကားထက်က အချစ်ရုပ်ရှင်ဇာတ်လမ်းတစ်ခုလို အမြဲတမ်း စိတ်ကူးယဉ်ဆန်နေမှာ မဟုတ်ပါဘူး။ တကယ့်လက်တွေ့ဘဝမှာတော့ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီး တစ်လ၊ တစ်နှစ်ပြီးတစ်နှစ် ချစ်ခင်ပျော်ရွှင်နေနိုင်ဖို့အတွက် ကြိုးစားကြရမှာပါ။ ဒ့ါကြောင့် သင့်ရဲ့လက်တွဲဖော်ကို အမြဲတမ်းပျော်ရွှင်ပြီး ချင်ခင်ကြင်နာနေနိုင်ဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကို ပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။
နေ့စဉ်လုပ်ဆောင်ရန်
နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုပ်နေပြီး သင့်ကြင်သူရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို မေ့လျော့မနေသင့်ပါဘူး။ နေ့တိုင်း စိတ်ခံစားမှုပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်ဆိုလို့ အရမ်းခက်မယ်မထင်ပါနဲ့ဦး။ သင့်ရဲ့သွားတွေကို နေ့တိုင်းတိုက်သလို သူမကို အသိအမှတ်ပြုချီးကျူးစကားလေး တစ်ခုခု နေ့တိုင်းပြောပေးရုံပါပဲ။ သူမဆံပင်၊ သူမရဲ့မိတ်ကပ်အပြင်အဆင်၊ သူမအလုပ်ကတိုးတက်မှု၊ ညစာချက်ထားတဲ့ဟင်းလျာ၊ သူမရဲ့အကြံဉာဏ်စတဲ့ ကိစ္စလေးတွေနဲ့ပတ်သက်ပြီး သူမကို ချီးကျူးစကားလေး တွေ ပြောပေးပါ။ လွယ်လွယ်ကူကူလုပ်ဆောင်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး အကျိုးရလဒ်ကတော့ သူမကို ပျော်ရွှင် ကြည့်နူးနေစေမှာပဲဖြစ်ပါတယ်။
အပတ်စဉ်လုပ်ဆောင်ရန်
ဒီတစ်ခုကတော့ ပြောဖို့မဟုတ်ပါဘူး။ လုပ်ဖို့ဖြစ်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ အိမ်မှုကိစ္စတွေကို သူမနဲ့အတူ ခွဲဝေပြီး ၀ိုင်းလုပ်ပေးလိုက်ပါ။ သူမက အဝတ်လျှောရင် ပန်းကန်ဆေးပေးလိုက်တာမျိုး၊ သူမအိပ်ရာပြင်နေချိန်မှာ အမှိုက်ပစ်ပေးတာမျိုး စတဲ့ သူမလုပ်ရမယ့် အိမ်အလုပ်လေးတစ်ခုခုကို (၇)ရက်မှာတစ်ကြိမ်လောက် လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာက ဘာမှအပန်းကြီးမှာလည်း မဟုတ်သလို သူမကိုထုတ်ဖော်ပြောကြားနေစရာလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သူမ သေချာပေါက် သတိထားမိပြီး ကျေနပ်ပျော်ရွှင်နေပါလိမ့်မယ်။
လစဉ်လုပ်ဆောင်ရန်
နှစ်ဦးသားချစ်ခြင်းတွေခိုင်မြဲပျော်ရွှင်စေဖို့အတွက် တစ်နှစ်မှာ (၁၂)ကြိမ်လောက်တော့ ငွေကုန်ကြေးကျခံပြီး ရင်းနှီးမြုပ်နှံဖို့ လိုပါလိမ့်မယ်။ တစ်လကို တစ်ကြိမ်လောက်တော့ သူမအတွက် တစ်ခုခုဝယ်ပေးလိုက်ပါ။ တန်ဖိုးကအရေးမကြီးပါဘူး။ သူမအတွက် အမှတ်တရဖြစ်စေဖို့က အဓိကပါ။ ဖုန်းမှာကပ်တဲ့ စတစ်ကာတွေပဲ ဖြစ်ဖြစ်၊ လက်သည်းအလှဆင်ခွင့် ဘောက်ချာပဲဖြစ်ဖြစ်၊ သူမသွားချင်တဲ့စားသောက်ဆိုင်မှာ ညစာ သွားစားတာပဲဖြစ်ဖြစ်၊ သူမကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကား DVD တွေပဲဖြစ်ဖြစ် စသဖြင့် သူမကြိုက်တတ်တာတွေ ထဲက တစ်ခုခုဖြစ်ဖို့ပဲ လိုပါတယ်။ ဒီလိုဝယ်ပေးလို့ ထူးခြားပြီးငွေကုန်သွားမှာမဟုတ်ပေမယ့် သူမအပေါ်မှာ ဘယ်လောက်အထိဂရုစိုက်ကြောင်းကို ဖော်ပြရာရောက်တဲ့အတွက် သင့်လက်တွဲဖော်ကို ပျော်ရွှင်စေနိုင်မှာပါ။
နှစ်စဉ်လုပ်ဆောင်ရန်
ရေရှည်လက်တွဲလာပြီဆိုတဲ့အချိန်မှာ သင့်ရဲ့လက်တွဲဖော်ကိုပေးသင့်တဲ့ အကောင်းဆုံးလက်ဆောင်ကတော့ သူမဘေးနားမှာ သင်ရှိနေတုန်းပဲဆိုတာကို သတိပြုမိအောင်လုပ်ပေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးနေ့ပွဲတို့ နှစ်ပတ်လည်ပွဲတို့ကို သေသေချာချာကျင်းပပေးတာအပြင် ပထမဆုံးချိန်းတွေ့ခဲ့ကြတဲ့နေရာကို သွားတာမျိုး၊ ကမ်းခြေတစ်ခုခုကို ပျော်ပွဲစားထွက်တာမျိုးတွေကို တစ်နှစ်မှာတစ်ကြိမ်လောက် လုပ်ဆောင်ပေးသင့်ပါတယ်။
ဒီအချက်လေးတွေ လုပ်ဆောင်သွားမယ်ဆိုရင်တော့ သူမကို ပျော်ရွှင်နေစေနိုင်တဲ့အပြင် နှစ်ဦးသားဆက်ဆံရေးက ပျော်ရွှင်ချမ််းမြေ့နေမှာဖြစ်ပြီး ရေရှည်လက်တွဲသွားနိုင်မှာ အသေအချာပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
==============================================