Gym ေတြမွာ လုပ္မိတတ္တဲ့ သူမ်ားေတြကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ အျပဳအမူ ၇ မ်ိဳး

ကြၽန္ေတာ္တို႔အားလံုး လူႀကီးေတြပါ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ကေလးဘဝက သိ႐ွိခဲ့ရတဲ့ အ႐ိုး႐ွင္းဆံုး သင္ခန္းစာေလးေတြကို မလုပ္တတ္မိခဲ့ၾကပါဘူး။ အဲဒိထဲက တစ္ခုကေတာ့ ကိုယ္လက္ အျပဳအမူေတြပါ။ ေနာက္တစ္ေခါက္ Gym ေရာက္လို႔ သတိထားၾကည့္လိုက္ရင္ အဲဒိ ႐ိုင္းစိုင္းတဲ့ အျပဳအမူေတြကို ေတြ႕ရပါလိမ့္မယ္။

အဲဒါေတြက တမင္တကာ ရည္ရြယ္ၿပီးလုပ္တာ မဟုတ္ပါဘူး၊ မေတာ္တဆပါ။ ဒါေမယ့္ဒီမွာ သင့္ကို ပိုၿပီးယဥ္ေက်းေစၿပီး Gym ရဲ႕ လူ႐ိုင္းအျဖစ္ အထင္ခံရျခင္းမွ ကာကြယ္ႏိုင္တဲ့ အခ်က္ ခုကို ေဖာ္ျပလိုက္ပါတယ္။

. သင့္ရဲ႕ DNA ကို ခ်န္ခဲ့ျခင္း

သင္ ေလ့က်င့္ခန္း လုပ္ပီးတိုင္းမွာ သင့္ရဲ႕ ေနရာကို အညစ္အေၾကးေတြ သုတ္တဲ့ အက်င့္ လုပ္ထားသင့့္ပါတယ္။ စက္တစ္ခုကို သုတ္တာက စၿပီး ပစၥည္းေတြ ေနရာတက် ျပန္ထားတာ အထိ လုပ္သင့္ပါတယ္။ ဘယ္သူမွ တျခားသူတစ္ေယာက္ရဲ႕ အညစ္အေၾကးေတ ေခြၽးေတြ ဖံုးအုပ္ေနတဲ့ ေနရာမွာ မထိုင္ခ်င္ပါဘူး။

. စက္ပစၥည္းေတြကို အပိုင္စား ယူထားျခင္း

စက္ေတြ၊ အေလးမ Plate ျပားေတြ အေၾကာင္း ေျပာရင္ ေလ့က်င့္ခန္း တစ္ခု လုပ္တဲ့အခါမွာ နားလည္ေပးတတ္ရပါမယ္။ Gym မွာ လူ႐ႈပ္ေနရင္ ျမန္ျမန္ဆန္ဆန္နဲ႔ အက်ိဳး ႐ွိ႐ွိၿပီးေအာင္ လုပ္ပါ။ တျခားစက္ေတြကိုလဲ တစ္ခ်ိန္ထဲမွာ ကိုယ့္အတြက္ သိမ္းမထားပါနဲ႔။ တျခားသူေတြကိုလဲ ေလ့က်င့္ခန္း ျမန္ျမန္လုပ္ခြင့္ ေပးထားပါ။

. ေနရာ မယူပါနဲ႔

Gym ေတာ္ေတာ္မ်ားမ်ားမွာ ေသြးပူေလ့က်င့္ခန္းအတြက္ စက္ေတြ အမ်ားႀကီး ႐ွိပါတယ္။ လြတ္ေနတဲ့ စက္တစ္လံုးေပၚ တက္လိုက္ဖို႔ လြယ္ေပမယ့္ ေဘးကိုၾကည့္ပါ။ တကယ္လို႔ ေသြးပူေလ့က်င့္ခန္း လုပ္ေနတဲ့သူ နည္းရင္ လူ ျဖန္႔ၿပီး လုပ္ပါ။ စက္အမ်ားႀကီးလြတ္ေနတဲ့ထဲကမွ တစ္ျခားသူတစ္ေယာက္ရဲ႕ ေ႐ွ႕တည့္တည့္၊ ဒါမွမဟုတ္ ေဘးက စက္ကို ယူတာ မျဖစ္သင့္ပါဘူး။

. အေလးမ ခံုတန္းေပၚမွာ ဖုန္းေျပာျခင္း

Gym မွာ သူငယ္ခ်င္းေတြနဲ႔ ခဏ စကားေျပာတာ ကိစၥ မ႐ွိပါဘူး။ ဒါေပမယ့္ သင္က Gym က စက္ေတြေပၚမွာ Social Site ေတြ သံုးျဖစ္ေနမယ္ဆိုရင္မဟုတ္ေတာ့ပါဘူး။ တျခားသူေတြ တန္းစီၿပီး ေစာင့္ေနတဲ့ စက္ေပၚမွာ သင္က ဖုန္းေျပာေနမယ္ဆိုရင္ေတာ့ မွားေနပါၿပီ။

. Selfie ႐ိုက္ဖို႔ ေလ့က်င့္ခန္း ရပ္ျခင္း

စမတ္ဖုန္းေတြ ႀကီးစိုးေနတဲ့ ေခတ္ႀကီးမွာ Check In မဝင္လိုက္ရရင္ Gym လာရာ မေရာက္ေတာ့ပါဘူး။ ႐ိုက္စရာ႐ွိတာကို ေရာက္ကတည္းက ႐ိုက္ထားပါ။ Angle အမွန္ရဖို႔ မွန္တစ္ခ်ပ္ေ႐ွ႕မွာ ပံုစံမ်ိဳးစံု လုပ္ျပေနရင္ေတာ့ နည္းနည္း လြန္ေနပါၿပီ။

. ေခၚေတာၾကည့္ ၾကည့္ျခင္း

သူမ်ားေတြကို လက္ညႇိဳးထိုးတာ ႐ိုင္းသလိုပဲ အၾကည့္စူးစူးနဲ႔ ၾကည့္တာကလဲ ႐ိုင္းတာပါပဲ။ ဆြဲေဆာင္မွု႐ွိသူတစ္ေယာက္ကို ၾကည့္တာ ပံုမွန္ပါ။ သူ႔လို ျဖစ္ေအာင္ လုပ္ဖို႔ သူေလ့က်င့္ခန္းလုပ္တာကို ေလ့လာတာလဲ မမွားပါဘူး။ ဒါေပမယ့္ သူ႔ကိုပဲ တစ္ခ်ိန္လံုး အၾကည့္စူးစူးႀကီး ၾကည့္ေနတာကေတာ့ အရမ္း႐ိုင္းပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက အၾကည့္ခံရတာ မႀကိဳက္ဖူးဆိုတာလဲ မွတ္ထားပါ။

. သီခ်င္း အက်ယ္ႀကီး ဖြင့္ျခင္း

Snare ရဲ႕ Beat ေတြကို က်ယ္က်ယ္ဖြင့္ရတာ သင္ႏွစ္သက္မွာပါ။ ဒါေပမယ့္ Gym မွာ႐ွိသမ်ွလူတိုင္းက သင့္လို Snare မႀကိဳက္ဖူးဆိုတာ သတိျပဳပါ။ လူတိုင္းဟာ ေလ့က်င့္ခန္းလုပ္ေနစဥ္ နားေထာင္တဲ့ Music အႀကိဳက္ပံုစံ အမ်ိဳးမ်ိဳး ႐ွိၾကတာပါ။ အဲဒါေၾကာင့္ ေနာက္တစ္ေခါက္က်ရင္ နားၾကပ္နဲ႔ တတ္ႏိုင္သမ်ွ အသံတိုးတိုးသာ နားေထာင္ပါေတာ့။

—————————————————————————- 

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Gym သွားကစားမယ်ဆိုရင် ဒီလိုအပြုမူမျိုးတွေ ရှောင်ပါ
—————————————————————

ကျွန်တော်တို့အားလုံး လူကြီးတွေပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကလေးဘဝက သိရှိခဲ့ရတဲ့ အရိုးရှင်းဆုံး သင်ခန်းစာလေးတွေကို မလုပ်တတ်မိခဲ့ကြပါဘူး။ အဲဒိထဲက တစ်ခုကတော့ ကိုယ်လက် အပြုအမူတွေပါ။ နောက်တစ်ခေါက် Gym ရောက်လို့ သတိထကြည့်လိုက်ရင် အဲဒိ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို တွေ့ရပါလိမ့်မယ်။

အဲဒါတွေက တမင်တကာ ရည်ရွယ်ပြီးလုပ်တာ မဟုတ်ပါဘူး၊ မတော်တဆပါ။ ဒါမေယ့်ဒီမှာ သင့်ကို ပိုပြီးယဉ်ကျေးစေပြီး Gym ရဲ့ လူရိုင်းအဖြစ် အထင်ခံရခြင်းမှ ကာကွယ်နိုင်တဲ့ အချက် ၇ ခုကို ဖော်ပြလိုက်ပါတယ်။

၁. သင့်ရဲ့ DNA ကို ချန်ခဲ့ခြင်း

သင် လေ့ကျင့်ခန်း လုပ်ပီးတိုင်းမှာ သင့်ရဲ့ နေရာကို အညစ်အကြေးတွေ သုတ်တဲ့ အကျင့် လုပ်ထားသင့်ပါတယ်။ စက်တစ်ခုကို သုတ်တာက စပြီး ပစ္စည်းတွေ နေရာတကျ ပြန်ထားတာ အထိ လုပ်သင့်ပါတယ်။ ဘယ်သူမှ တခြားသူတစ်ယောက်ရဲ့ အညစ်အကြေးတေ ြ ချွေးတွေ ဖုံးအုပ်နေတဲ့ နေရာမှာ မထိုင်ချင်ပါဘူး။

၂. စက်ပစ္စည်းတွေကို အပိုင်စား ယူထားခြင်း

စက်တွေ၊ အလေးမ Plate ပြားတွေ အကြောင်း ပြောရင် လေ့ကျင့်ခန်း တစ်ခု လုပ်တဲ့အခါမှာ နားလည်ပေးတတ်ရပါမယ်။ Gym မှာ လူရှုပ်နေရင် မြန်မြန်ဆန်ဆန်နဲ့ အကျိုး ရှိရှိပြီးအောင် လုပ်ပါ။ တခြားစက်တွေကိုလဲ တစ်ချိန်ထဲမှာ ကိုယ့်အတွက် သိမ်းမထားပါနဲ့။ တခြားသူတွေကိုလဲ လေ့ကျင့်ခန်း မြန်မြန်လုပ်ခွင့် ပေးထားပါ။

၃. နေရာ မယူပါနဲ့

Gym တော်တော်များများမှာ သွေးပူလေ့ကျင့်ခန်းအတွက် စက်တွေ အများကြီး ရှိပါတယ်။ လွတ်နေတဲ့ စက်တစ်လုံးပေါ် တက်လိုက်ဖို့ လွယ်ပေမယ့် ဘေးကိုကြည့်ပါ။ တကယ်လို့ သွေးပူလေ့ကျင့်ခန်း လုပ်နေတဲ့သူ နည်းရင် လူ ဖြန့်ပြီး လုပ်ပါ။ စက်အများကြီးလွတ်နေတဲ့ထဲကမှ တစ်ခြားသူတစ်ယောက်ရဲ့ ရှေ့တည့်တည့်၊ ဒါမှမဟုတ် ဘေးက စက်ကို ယူတာ မဖြစ်သင့်ပါဘူး။

၄. အလေးမ ခုံတန်းပေါ်မှာ ဖုန်းပြောခြင်း

Gym မှာ သူငယ်ချင်းတွေနဲ့ ခဏ စကားပြောတာ ကိစ္စ မရှိပါဘူး။ ဒါပေမယ့် သင်က Gym က စက်တွေပေါ်မှာ Social Site တွေ သုံးဖြစ်နေမယ်ဆိုရင်မဟုတ်တော့ပါဘူး။ တခြားသူတွေ တန်းစီပြီး စောင့်နေတဲ့ စက်ပေါ်မှာ သင်က ဖုန်းပြောနေမယ်ဆိုရင်တော့ မှားနေပါပြီ။

၅. Selfie ရိုက်ဖို့ လေ့ကျင့်ခန်း ရပ်ခြင်း

စမတ်ဖုန်းတွေ ကြီးစိုးနေတဲ့ ခေတ်ကြီးမှာ Check In မဝင်လိုက်ရရင် Gym လာရာ မရောက်တော့ပါဘူး။ ရိုက်စရာရှိတာကို ရောက်ကတည်းက ရိုက်ထားပါ။ Angle အမှန်ရဖို့ မှန်တစ်ချပ်ရှေ့မှာ ပုံစံမျိုးစုံ လုပ်ပြနေရင်တော့ နည်းနည်း လွန်နေပါပြီ။

၆. ခေါ်တောကြည့် ကြည့်ခြင်း

သူများတွေကို လက်ညှိုးထိုးတာ ရိုင်းသလိုပဲ အကြည့်စူးစူးနဲ့ ကြည့်တာကလဲ ရိုင်းတာပါပဲ။ ဆွဲဆောင်မှုရှိသူတစ်ယောက်ကို ကြည့်တာ ပုံမှန်ပါ။ သူ့လို ဖြစ်အောင် လုပ်ဖို့ သူလေ့ကျင့်ခန်းလုပ်တာကို လေ့လာတာလဲ မမှားပါဘူး။ ဒါပေမယ့် သူ့ကိုပဲ တစ်ချိန်လုံး အကြည့်စူးစူးကြီး ကြည့်နေတာကတော့ အရမ်းရိုင်းပါတယ်။ လူတော်တော်များများက အကြည့်ခံရတာ မကြိုက်ဖူးဆိုတာလဲ မှတ်ထားပါ။

၇. သီချင်း အကျယ်ကြီး ဖွင့်ခြင်း

Snare ရဲ့ Beat တွေကို ကျယ်ကျယ်ဖွင့်ရတာ သင်နှစ်သက်မှာပါ။ ဒါပေမယ့် Gym မှာရှိသမျှလူတိုင်းက သင့်လို Snare မကြိုက်ဖူးဆိုတာ သတိပြုပါ။ လူတိုင်းဟာ လေ့ကျင့်ခန်းလုပ်နေစဉ် နားထောင်တဲ့ Music အကြိုက်ပုံစံ အမျိုးမျိုး ရှိကြတာပါ။ အဲဒါကြောင့် နောက်တစ်ခေါက်ကျရင် နားကြပ်နဲ့ တတ်နိုင်သမျှ အသံတိုးတိုးသာ နားထောင်ပါတော့။

—————————————————————————-

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%