အခုအခါ လူတိုင်း အွန်လိုင်းတက် ကြူကြူခင်းနေကြပြီ ဖြစ်တယ်ဆိုတာ ငြင်းစရာမလို သွေးထွက်အောင်မှန်တာ အထွေ အထူးပြောစရာလိုမယ်မဟုတ်ပါဘူး။ မိန်းကလေး အလန်းလေးတွေ အင်တာနက်ပေါ် တက်ပြီး ချစ်သူ ဘဝလက်တွဲဖော် ရှာ နေကြတဲ့ အချိန်မှာ ကိုယ်လဲ ကံကောင်းထောက်မစွာ သူတို့လေးတွေ နဲ့ ရေစက်ဆုံ ဇာက်လမ်းခင်း နို်င်ပါတယ်။ ဒါပေမယ့် အွန်လိုင်းမှာ မနူးမနပ် ယောက်ျားလေးတွေ လုပ်တက်တဲ့ အမှားတွေ ကို လုပ်မိနေတယ်ဆိုရင် သူတို့ နဲ့ ဆုံဖို့ဆိုတာထက် သူတို့က ကိုယ့်ကို ဖုတ်လေတဲ့ ငပိရှိတယ်လို့ထောင် ထင်မှာမဟုတ်တဲ့ အတွက် ကြိုတင် ရှောင်ထားလို့ရအောင် ဖောက်သည်ချပေးလိုက်ပါတယ်။
လူပျို ယောကျာ်းလေးတိုင်းလိုလိုအွန်လိုင်းပေါ်တက် ဖေ့ဘွတ် ပေါ်တက်ပြီး အချစ်ရှာဖွေနေတဲ့ အချိန်မှာ တချို့တွေက ကိုယ့်ထက် ရုပ်သားနားမယ် . အချို့တွေက ပိုအောင်မြင်မှု ရှိမယ် ဆိုတာ ရှိပြီးသားပါ။ ဒါပေမယ့် ပိုတော်. ပိုချော. ပိုခန့် ပိုတက်. တဲ့သူတွေတောင် ဖေ့ဘွတ် အကောင့် အဂွမ်းတွေ နဲ့ မြင်မြင်သမျှ ဆော်တွေ ကျော်ကျော်သွားတာ အများကြီးပါ။ အဲဒီလိုပဲ . သာမန် ယောကျာ်းလေး တွေက သူတို့ အကောင့်ကို အလန်းစားတင်ထားတဲ့ တော်ကီကောင်းတဲ့ အတွက် မိန်းကလေးတွေ စိတ်ဝင်စားတာ ကြွေတာ တွေလဲ ဒုနဲ့ဒေးပါ။
သတင်းကောင်းကတော့ အွန်လိုင်း ဖွန်လိုင်း မှာ ကိုယ့်မျက်နှာပန်းလှဖို့အတွက်အတွက်ရော. ကိုယ့်လိုလူမျိုးကို ရှာနေတဲ့ မိန်းကလေးတွေ မျက်နှာကို ထောင်ထားပြီး အောက်ဖော်ပြပါ အချက်အလက်တွေကို လိုက်နာလိုက်ရင် ဆော်ကြည်ဘဲ ဖြစ်လာမှပါ။
၁။ ဓာတ်ပုံ အဂွမ်း တွေ မသုံးပါနဲ့
ပုံတုံးတယ် ဆိုတာကိုက အမျိုးမျိုးရှိပါတယ်။ ဒီဆောင်းပါးတစ်ခုလုံးကို ဓာတ်ပုံ အဂွမ်းအကြောင်း တွေပဲ ပြောသွားရင်တောင် ရပါတယ်။ Selfie ဆိုတာမိန်းကလေးတွေရိုက်ရင် လှတယ် .မိန်းကလေးတွေ စကတ်တိုဝတ်သလိုမျိုး . ယောကျာ်းလေး စကတ်ဝတ်ရင်လှလား ? Selfie အကြောင်းတွေပဲ ပြောရင်တောင်ကုန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လိုက်နာလို့ရအောင် အတိုချုပ်ပေးလိုက်ပါမယ်။
မှန်ရှေ့ Selfie – Selfie သိပ်သိပ်ပြီး ဆွဲချင်နေတယ် တားလို့မရဘူး ဆိုရင် တောင် ပုံမှန် Selfie ပဲရိုက်လိုက်ပါ။
အင်္ကျီချွတ် Selfie – မိန်းကလေးတွေက ယောက်ျားလေး တောင့်တယ်ဆိုတာ သဘောကျပါတယ်။ ဒါပေမယ့် အရှက်မရှိ လူတကာ မြင်အောင်ပြတာကို တော့ မကြိုက်တက်ကြပါဘူး။ ဒါက အပြင်မှာ ကမ်းခြေသွားတဲ့ အချိန်တို့ . နှစ်ယောက်ထဲတွေ့တဲ့ အချန်တွေ အတွက် ချိန်ထားလိုက်ပါ။
ရေချိုးခန်း Selfie – ရေချိုးခန်းထဲ အင်္ကျီချွတ်ပြီး ရိုက်ထားတဲ့ပုံ အွန်လိုင်း အကောင့်ပေါ်တင်မိပြီဆိုတာနဲ့ မိန်းကလေးတွေ သွားရည်ကျပြီး ကြွေပြီး စကားလာပြောမယ်ထင်နေရင် ကိုယ့် ကိုယ်ဟာကိုယ် နားရင်းရိုက်ပြီး အိပ်မက် မက်နေတာက နိုးသွားအောင်အရင်လုပ်ပါ။
ကွန်ပြူတာ Selfie – (အင်တာနက်ဆိုင်) ကွန်ပြူတာ ကင်မရာနဲ့ ရိုက်သမျှပုံ ဘယ်ပုံ က ကြည့်ကောင်းတာရှိလဲ။ ဝါးတားတားနဲ့ အလင်းမမှန်တာနဲ့ . နားကြပ်ကြီးကားယားနဲ့ . ဆက်ပြောစရာမလိုဘူးထင်ပါတယ်။
Selfie ဘဲ – ကိုယ်တင်တဲ့ ပုံတိုင်းက Selfie ဖြစ်နေတယ်ဆို . မိန်းကလေးတွေက တွေးမှာပဲ. ဒီဘဲ ဓာတ်ပုံရိုက်ပေးမယ့် ဘော်ဒါတောင်မရှိဘူး . ဘာကြောင့် ခင်ချင်စရာကောင်းမလဲဆိုတာကို ပေါ့။
ကြိုးချည်ထားတဲ့ တောရိုင်းကောင် နဲ့ ကပ်ရိုက်တဲ့ ပုံ – အဲဒီအကောင်က ကိုယ်ကိုယ်တိုင်မွေးထားတာ. ဒါမှမဟုတ်အမဲလိုက်လို့ရတာဆို ရင်ရိုက်ပါ။ တခြားဆိုရင် ဘာမှ အထင်ကြီးစရာကိုမရှိတာပါ။ ကြိုးချည်ထားတဲ့ ယဉ်နေတဲ့ တောရိုင်းကောင်ဘေး ဓာတ်ပုံရိုက်လို့ ဘယ်သူကမှ လာပြီး လူစွမ်းကောင်းလို့မထင်ပါဘူး . သူရဲဘော ကြောင်တယ် အထင်မခံရရင်ကံကောင်း ။
သင့်ကား နှင့် တွဲရိုက်တဲ့ပုံ – ပိုင်ဆိုင်မှုတွေ . ငွေအပုံလိုက်နဲ့ ရိုက်တာတွေအကုန်ပါပါတယ်။ ဘယ်လို အကြွားသန်တယ်ဆိုတာက အစ အဲမှာစပေါ်နေပါပြီ။ ငွေမမက် တဲ့ တန်ဖိုး ရှိတဲ့မိန်းကလေးတွေ ကတော့ သင့်ကို မရင့်ကျက်သေးနဲ့ ငကြွားလေးလို့ထင်သွားမှာပါ။
ခပ်တည်တည်ပုံ – ပါးစပ် နားရွက်တက်ချိတ်နေရမယ် မဟုတ်ပါဘူး။ မှတ်ပုံတင် ဓာတ်ပုံမှမဟုတ်တာ . နဲနဲ တော့ ပြုံးပြသင့်ပါတယ်။ ကိုယ်က ပျော်တက်တယ် ခင်ဖို့ကောင်းတယ် ဆိုတာကို ခပ်တည်တည် နေလို့ကတော့ ဘယ်သူကလာယုံမှာလဲ။
အခြားကောင်မလေးတွေနဲ့ပုံ – သူက ညီမလား အမလား . သူငယ်ချင်းလား. ကြူကြူခင်းနေတဲ့ သူလား . ရည်းစားဟောင်းလား. ဒါမျိုး ကိုကြိုက်တက်တာလား . . . အဲဒီလောက်နဲ့ တင် တော်ရုံ မိန်းကလေးက တကူးတက ဘာလဲ မမေးတော့ပဲ သင့်ကို အဖတ်လုပ်တော့မှာ မဟုတ်တော့ပါဘူး .
တခြား ဘဲတွေနဲ့ပုံ – ဘယ်သူက ကိုယ်ဖြစ်တယ် ဆိုတာ ရှင်းပြတာက သူစကားပြန်ပြောမှဖြစ်တာလေ။ နဂိုထဲက ကိုယ်က ဘယ်သူလဲ သူမသိရင် ဘယ်ကလာပြီး စကားပြန်ပြောမှာလဲ။ စဉ်းစားကြည့်ကြပါ။
တခြား ပုံ – သူများပုံ. မင်းသားပုံ. အကောင်ပုံ. ဘာညာသာတကာ ပုံ အကုန်ပါ ပါတယ်။ ဒါကတော့ အဆိုးတက အဆိုးဆုံးထဲ က အဆိုးဆုံးပါ။ ကိုယ့်မျက်နှာကို ကိုယ်မပြရဲလောက်အောင် ဘာတွေဖြစ်နေလဲ မိန်းကလေးတွေတွေးမိမှာပါ။ သေချာတာက တော့ ၉၉. ၉၉ % ကတော့ သိပ်ချောသိပ်ခန့် သိပ်ဖြောင့် နေတာ မဟုတ်တာပါပဲ။ ဘယ်အတိုင်းအတာ ထိရုပ်ဆိုး လို့မပြရဲရတာလဲ ဘယ်က ဒုစရိုက် မဒိန်းကောင်လဲ ပဲထင်ကြမှာ အသေအချာပါ။
၂။ နာမည် တလွဲ နဲ့ အကောင့်
ငယ်နာမည်တွေ ဘာတွေ . သူငယ်ချင်းတွေ ခေါ်တဲ့ နာမည် သုံးတာ ကတော့ ရပါတယ်။ နာမည်လိမ်ထားတာက သူများ ပုံသုံး နဲ့ အတူတူပါပဲ။ အွန်လို်င်းမှာ တော့ နာမည်က ကိုအမျိုးမျိုး . နာမည် အရင်းက ခွေးသူခိုး။ မိန်းကလေးတွေက ထင်မှာပဲ . ကိုယ့်နာမည် မသိစေချင်ရအောင် ဘယ်က ဒုစရိုက်ကောင်လဲ၊ ကလေးအဖေလဲ၊ ထင်ကြမှာပဲလေ။ အစကထဲကို က ရိုးရိုးသားသား နေတာမှ နောက်လဲ ရှင်းပြစရာမလိုတော့ဘူးလေ။
၃။ အူကြောင်ကြောင် Chat တွေသွားမပို့ပါနဲ့
အွန်လိုင်းမှာ သွား ချက်ရင် ချောတဲ့ မိန်းကလေးတွေမှာ ကိုယ့်လို ကောင်တွေ သွားရည်တများများ နဲ့ ဝိုင်းဝိုင်းလည်နေတယ် ဝင်ကြူနေတယ် ဆိုတာ သတိရလိုက်ပါ။ အများသောအားဖြင့်
– Hi ဟိုင်း
– နေကောင်းလား
– စားပြီး သွားပြီလား
– အရမ်းချောတာပဲ
– ခင်ချင်လို့ ရမလား
– စကား ပြန်ပြောပါအုံး
– အရမ်း ကြီးကျယ်တာပဲ
– ကြွေနေပြီ ကလေးရယ်
ဘာမှ မပြော တက်ရင်တောင် . ဟေး . ဆိုတာထက် ဟေး အခုတလော ဘာတွေလှုပ်ရှားနေလဲ . ဆိုတာက ပို ကောင်းပါတယ်။
၎။ မရင့် ပါနဲ့ . မစပ်စုပါနဲ့
လိင်ကိစ္စနဲ့ ပက်သက်တာသွားပြောတာ တွေက လုံးဝလက်ခံလို့မရတာ Gentleman Magazine ပရိတ်သတ်တစ်ယောက်ဖြစ်နေတော့ သိပြီးသားဖြစ်မှာပါ။ အီလက်ထရောနစ်ဥပဒေ အရ သံတိုင်ကြားရောက်သွားမယ်ဆိုတာ သတိရပါ။ သင့် အကောင့် အတု၊ ပုံအတု ဖြစ်တယ်ဆိုပြီး လူပါးဝမနေပါနဲ့။ သင်သုံးနေတဲ့ ဖုန်း. ကွန်ပြူတာ မှာ မှတ်ပုံတင် နံပတ်ရှိပြီး အဲဒီကနေ နောက်ကြောင်းခံဖမ်းလို့ရတယ်ဆိုတာကို သိထားပါ။ ယောက်ျားကောင်းတွေက အစ လုပ်မိတဲ့ အမှာတချို့ ကို ရှောင်လို့ရအောင် ဖော်ပြပေလိုက်ပါတယ်။
သူစကားပြန်မပြောတာ – စာမပြန်တာက သူ့ဆီမှာ ပြန်စရာ အရမ်းများနေတာ၊ အလုပ်ရှုပ်နေတာ အများကြီးဖြစ်နိုင်ပါတယ်။ တောက်လျှောက် စာမပြန်မချင်းပို့ နေလို့ကတော့ သူ့အနေနဲ့ Unfriend နဲ့ Block လုပ်တာက လွယ်လွယ်လေးဆိုတာသိထားပါ။
ကိုယ်က တအားစပ်စုတာ – ကိုယ့်အထင်ကတော့ ခင်ချင်လို့ စကားဆက်ပြောရအောင်မေးတယ်ပေါ့။ ဒါပေမယ့် သူ့အမြင်မှာက အပြင်မှာတောင် မသိမခင်သေးပဲ သူ့ကိုယ်ရေး ကိုယ်တာ တွေသွားစပ်စုနေပြီ ဆိုရင် သူ့လုံခြုံမှုအတွက် စိုးရိမ်စရာဖြစ်လာမှာပါ။
အချုပ်အားဖြင့် အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းပေါ်က ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံ ပေါင်းစုံကလူတွေကို အလွယ်တကူ ချိတ်ဆက်လို့ရနေပြီ ဖြစ်ပါတယ်။ မှန်မှန်ကန်န် အသုံးချတက်ရင် အချစ်စစ် ကိုရှာဖွေဖို့ အရမ်းလွယ်ကူနေပါပြီ။ ဘာကြောင့်လဲဆို တော့ ကိုယ်က နည်းမှန်လမ်းမှန်သုံးနည်းကို အနည်းငယ်အားထုတ်လေ့လာလိုက်ရင်ကို သေသေချာချာ မသုံးတက်တဲ့ ရမ်းတီးတွေ အများကြီး ကြားထဲ အနူတောထဲက လူချောဖြစ်နေမှာပါ။
© Gentleman Magazine 🄶🄼
မိန်းကလေးများ နှာခေါင်းရှုံ့ရတဲ့ Online ပေါ်က ယောကျ်ားလေးများ
အခုုအခါ လူတိုုင်း အွန်လိုုင်းတက် ကြူကြူခင်းနေကြပြီ ဖြစ်တယ်ဆိုုတာ ငြင်းစရာမလုုိ သွေးထွက်အောင်မှန်တာ အထွေ အထူးပြောစရာလိုုမယ်မဟုုတ်ပါဘူး။ မိန်းကလေး အလန်းလေးတွေ အင်တာနက်ပေါ် တက်ပြီး ချစ်သူ ဘဝလက်တွဲဖော် ရှာ နေကြတဲ့ အချိန်မှာ ကိုုယ်လဲ ကံကောင်းထောက်မစွာ သူတုုိ့လေးတွေ နဲ့ ရေစက်ဆုံု ဇာက်လမ်းခင်း နိုု်င်ပါတယ်။ ဒါပေမယ့် အွန်လိုုင်းမှာ မနူးမနပ် ယောကျ်ားလေးတွေ လုုပ်တက်တဲ့ အမှားတွေ ကိုု လုုပ်မိနေတယ်ဆိုုရင် သူတိုု့ နဲ့ ဆုံုဖိုု့ဆိုုတာထက် သူတို့က ကိုုယ့်ကိုု ဖုုတ်လေတဲ့ ငပိရှိတယ်လိုု့ထောင် ထင်မှာမဟုုတ်တဲ့ အတွက် ကြိုတင် ရှောင်ထားလိုု့ရအောင် ဖောက်သည်ချပေးလိုုက်ပါတယ်။
လူပျို ယောကျာ်းလေးတိုုင်းလိုုလိုုအွန်လိုုင်းပေါ်တက် ဖေ့ဘွတ် ပေါ်တက်ပြီး အချစ်ရှာဖွေနေတဲ့ အချိန်မှာ တချို့တွေက ကိုုယ့်ထက် ရုုပ်သားနားမယ် . အချို့တွေက ပိုုအောင်မြင်မှု ရှိမယ် ဆိုုတာ ရှိပြီးသားပါ။ ဒါပေမယ့် ပိုုတော်. ပိုုချော. ပိုုခန့် ပိုုတက်. တဲ့သူတွေတောင် ဖေ့ဘွတ် အကောင့် အဂွမ်းတွေ နဲ့ မြင်မြင်သမျှ ဆော်တွေ ကျော်ကျော်သွားတာ အများကြီးပါ။ အဲဒီလိုုပဲ . သာမန် ယောကျာ်းလေး တွေက သူတိုု့ အကောင့်ကိုု အလန်းစားတင်ထားတဲ့ တော်ကီကောင်းတဲ့ အတွက် မိန်းကလေးတွေ စိတ်ဝင်စားတာ ကြွေတာ တွေလဲ ဒုုနဲ့ဒေးပါ။
သတင်းကောင်းကတော့ အွန်လိုုင်း ဖွန်လိုုင်း မှာ ကိုုယ့်မျက်နှာပန်းလှဖိုု့အတွက်အတွက်ရော. ကိုုယ့်လိုုလူမျိုးကိုု ရှာနေတဲ့ မိန်းကလေးတွေ မျက်နှာကိုု ထောင်ထားပြီး အောက်ဖော်ပြပါ အချက်အလက်တွေကိုု လုုိက်နာလိုုက်ရင် ဆော်ကြည်ဘဲ ဖြစ်လာမှပါ။
၁။ ဓာတ်ပုံု အဂွမ်း တွေ မသုံုးပါနဲ့
ပုံတုံုးတယ် ဆိုုတာကိုုက အမျိုးမျိုးရှိပါတယ်။ ဒီဆောင်းပါးတစ်ခုုလုံုးကိုု ဓာတ်ပုံု အဂွမ်းအကြောင်း တွေပဲ ပြောသွားရင်တောင် ရပါတယ်။ Selfie ဆိုုတာမိန်းကလေးတွေရိုုက်ရင် လှတယ် .မိန်းကလေးတွေ စကတ်တိုုဝတ်သလိုုမျိုး . ယောကျာ်းလေး စကတ်ဝတ်ရင်လှလား ? Selfie အကြောင်းတွေပဲ ပြောရင်တောင်ကုုန်မှာ မဟုုတ်ပါဘူး။ ဒါပေမယ့် လိုုက်နာလိုု့ရအောင် အတိုုချုပ်ပေးလိုုက်ပါမယ်။
မှန်ရှေ့ Selfie – Selfie သိပ်သိပ်ပြီး ဆွဲချင်နေတယ် တားလိုု့မရဘူး ဆိုုရင် တောင် ပုံုမှန် Selfie ပဲရိုုက်လိုုက်ပါ။
အင်္ကျ ီချွတ် Selfie – မိန်းကလေးတွေက ယောကျ်ားလေး တောင့်တယ်ဆိုုတာ သဘောကျပါတယ်။ ဒါပေမယ့် အရှက်မရှိ လူတကာ မြင်အောင်ပြတာကိုု တော့ မကြိုက်တက်ကြပါဘူး။ ဒါက အပြင်မှာ ကမ်းခြေသွားတဲ့ အချိန်တိုု့ . နှစ်ယောက်ထဲတွေ့တဲ့ အချန်တွေ အတွက် ချိန်ထားလိုုက်ပါ။
ရေချိုးခန်း Selfie – ရေချိုးခန်းထဲ အကျင်္ ီချွတ်ပြီး ရုုိက်ထားတဲ့ပုံု အွန်လိုုင်း အကောင့်ပေါ်တင်မိပြီဆိုုတာနဲ့ မိန်းကလေးတွေ သွားရည်ကျပြီး ကြွေပြီး စကားလာပြောမယ်ထင်နေရင် ကိုုယ့် ကိုုယ်ဟာကိုုယ် နားရင်းရုုိက်ပြီး အိပ်မက် မက်နေတာက နိုုးသွားအောင်အရင်လုုပ်ပါ။
ကွန်ပြူတာ Selfie – (အင်တာနက်ဆိုုင်) ကွန်ပြူတာ ကင်မရာနဲ့ ရိုုက်သမျှပုံု ဘယ်ပုံု က ကြည့်ကောင်းတာရှိလဲ။ ဝါးတားတားနဲ့ အလင်းမမှန်တာနဲ့ . နားကြပ်ကြီးကားယားနဲ့ . ဆက်ပြောစရာမလုုိဘူးထင်ပါတယ်။
Selfie ဘဲ – ကိုုယ်တင်တဲ့ ပုံုတိုုင်းက Selfie ဖြစ်နေတယ်ဆိုု . မိန်းကလေးတွေက တွေးမှာပဲ. ဒီဘဲ ဓာတ်ပုံုရိုုက်ပေးမယ့် ဘော်ဒါတောင်မရှိဘူး . ဘာကြောင့် ခင်ချင်စရာကောင်းမလဲဆိုုတာကိုု ပေါ့။
ကြိုးချည်ထားတဲ့ တောရိုုင်းကောင် နဲ့ ကပ်ရိုုက်တဲ့ ပုံု – အဲဒီအကောင်က ကိုုယ်ကိုုယ်တိုုင်မွေးထားတာ. ဒါမှမဟုုတ်အမဲလိုက်လိုု့ရတာဆိုု ရင်ရုုိက်ပါ။ တခြားဆိုုရင် ဘာမှ အထင်ကြီးစရာကိုုမရှိတာပါ။ ကြိုးချည်ထားတဲ့ ယဉ်နေတဲ့ တောရိုုင်းကောင်ဘေး ဓာတ်ပုံုရုုိက်လိုု့ ဘယ်သူကမှ လာပြီး လူစွမ်းကောင်းလိုု့မထင်ပါဘူး . သူရဲဘော ကြောင်တယ် အထင်မခံရရင်ကံကောင်း ။
သင့်ကား နှင့် တွဲရိုုက်တဲ့ပုံု – ပိုုင်ဆိုုင်မှုတွေ . ငွေအပုံုလုုိက်နဲ့ ရိုုက်တာတွေအကုုန်ပါပါတယ်။ ဘယ်လိုု အကြွားသန်တယ်ဆိုုတာက အစ အဲမှာစပေါ်နေပါပြီ။ ငွေမမက် တဲ့ တန်ဖိုုး ရှိတဲ့မိန်းကလေးတွေ ကတော့ သင့်ကိုု မရင့်ကျက်သေးနဲ့ ငကြွားလေးလိုု့ထင်သွားမှာပါ။
ခပ်တည်တည်ပုံု – ပါးစပ် နားရွက်တက်ချိတ်နေရမယ် မဟုုတ်ပါဘူး။ မှတ်ပုံုတင် ဓာတ်ပုံုမှမဟုုတ်တာ . နဲနဲ တော့ ပြံုုးပြသင့်ပါတယ်။ ကိုုယ်က ပျော်တက်တယ် ခင်ဖိုု့ကောင်းတယ် ဆိုုတာကိုု ခပ်တည်တည် နေလိုု့ကတော့ ဘယ်သူကလာယုံုမှာလဲ။
အခြားကောင်မလေးတွေနဲ့ပုံု – သူက ညီမလား အမလား . သူငယ်ချင်းလား. ကြူကြူခင်းနေတဲ့ သူလား . ရည်းစားဟောင်းလား. ဒါမျိုး ကိုုကြိုက်တက်တာလား . . . အဲဒီလောက်နဲ့ တင် တော်ရုံု မိန်းကလေးက တကူးတက ဘာလဲ မမေးတော့ပဲ သင့်ကိုု အဖတ်လုုပ်တော့မှာ မဟုုတ်တော့ပါဘူး .
တခြား ဘဲတွေနဲ့ပုံု – ဘယ်သူက ကိုုယ်ဖြစ်တယ် ဆိုုတာ ရှင်းပြတာက သူစကားပြန်ပြောမှဖြစ်တာလေ။ နဂိုုထဲက ကိုုယ်က ဘယ်သူလဲ သူမသိရင် ဘယ်ကလာပြီး စကားပြန်ပြောမှာလဲ။ စဉ်းစားကြည့်ကြပါ။
တခြား ပုံု – သူများပုံု. မင်းသားပုံု. အကောင်ပုံု. ဘာညာသာတကာ ပုံု အကုုန်ပါ ပါတယ်။ ဒါကတော့ အဆိုုးတက အဆိုုးဆုံုးထဲ က အဆိုုးဆုံုးပါ။ ကိုုယ့်မျက်နှာကိုု ကိုုယ်မပြရဲလောက်အောင် ဘာတွေဖြစ်နေလဲ မိန်းကလေးတွေတွေးမိမှာပါ။ သေချာတာက တော့ ၉၉. ၉၉ % ကတော့ သိပ်ချောသိပ်ခန့် သိပ်ဖြောင့် နေတာ မဟုုတ်တာပါပဲ။ ဘယ်အတိုုင်းအတာ ထိရုုပ်ဆိုုး လိုု့မပြရဲရတာလဲ ဘယ်က ဒုုစရုုိက် မဒိန်းကောင်လဲ ပဲထင်ကြမှာ အသေအချာပါ။
၂။ နာမည် တလွဲ နဲ့ အကောင့်
ငယ်နာမည်တွေ ဘာတွေ . သူငယ်ချင်းတွေ ခေါ်တဲ့ နာမည် သုံုးတာ ကတော့ ရပါတယ်။ နာမည်လိမ်ထားတာက သူများ ပုံုသုံုး နဲ့ အတူတူပါပဲ။ အွန်လိုု်င်းမှာ တော့ နာမည်က ကိုအမျိုးမျိုး . နာမည် အရင်းက ခွေးသူခိုုး။ မိန်းကလေးတွေက ထင်မှာပဲ . ကိုုယ့်နာမည် မသိစေချင်ရအောင် ဘယ်က ဒုုစရိုုက်ကောင်လဲ၊ ကလေးအဖေလဲ၊ ထင်ကြမှာပဲလေ။ အစကထဲကိုု က ရိုုးရိုုးသားသား နေတာမှ နောက်လဲ ရှင်းပြစရာမလိုုတော့ဘူးလေ။
၃။ အူကြောင်ကြောင် Chat တွေသွားမပိုု့ပါနဲ့
အွန်လိုုင်းမှာ သွား ချက်ရင် ချောတဲ့ မိန်းကလေးတွေမှာ ကိုုယ့်လိုု ကောင်တွေ သွားရည်တများများ နဲ့ ဝိုုင်းဝိုုင်းလည်နေတယ် ဝင်ကြူနေတယ် ဆိုုတာ သတိရလိုုက်ပါ။ အများသောအားဖြင့်
– Hi ဟိုုင်း
– နေကောင်းလား
– စားပြီး သွားပြီလား
– အရမ်းချောတာပဲ
– ခင်ချင်လိုု့ ရမလား
– စကား ပြန်ပြောပါအုံုး
– အရမ်း ကြီးကျယ်တာပဲ
– ချစ်စရာ ကောင်းတယ်နော်
– ကြွေနေပြီ ကလေးရယ်
ကိုုယ့် အကောင့်က ပုံုကလန်းတယ်ထား . ဒါမျိုးတွေသွားပြောလိုု့က ဂွမ်းသွားပါလိမ့်မယ်။ ကိုုယ်က သူဘာပြန်ပြော လေမလဲ ဟိုုင်းလုုိ်က်တာ . အတွေးနဲနဲ တောင်မထည့်ပဲ ဟိုုင်းလိုုက်ရင် သူအထင် အူကြောင်ကြောင်လာလုုပ်နေတာပဲ ဆုုိပြီး စကားပြန်ပြောမှာမဟုုတ်ပါဘူး။ ကိုုယ့်ဟာ ကိုုယ် တန်ဖိုုးထားတဲ့ တန်ဖိုုးရှိတဲ့ မိန်းကလေးတွေဆိုု ဘာမှ ပြန်ပြောမှာကိုု မဟုုတ်ပါဘူး။ ဒါကြောင့် ကြောင်ချင်တယ်ဆိုုရင် ဟုုိင်း တင်မရပ် ပဲ သူ့ အကောင့်ထဲ က ပုံုတွေကြည့်ပြီး ဇာတ်လမ်းခင်းသင့်ပါတယ်။ ဥပမာ ။ ကမ်းခြေ သွားတဲ့ပုံုတွေ့ရင် . ကမ်းစပ် ကအရမ်း သာယာလှပတာပဲ . အဲဒါ ဘယ်ကမ်း ခြေလဲ။ ဘယ်တုုန်းကသွားတာလဲ။ တစ်နှစ် ဘယ်နှစ်ခောက် ရောက်ဖြစ်လဲ . ဘာလဲညာလဲပေါ့။
(မပြောတက်ရင် Gentleman Magazine တင်သမျှဖတ်ဗျာ)
ဘာမှ မပြော တက်ရင်တောင် . ဟေး . ဆိုုတာထက် ဟေး အခုုတလော ဘာတွေလှုပ်ရှားနေလဲ . ဆိုုတာက ပိုု ကောင်းပါတယ်။
၄။ မရင့် ပါနဲ့ . မစပ်စုုပါနဲ့
လိင်ကိစ္စနဲ့ ပက်သက်တာသွားပြောတာ တွေက လုံုးဝလက်ခံလို့မရတာ Gentleman Magazine ပရိတ်သတ်တစ်ယောက်ဖြစ်နေတော့ သိပြီးသားဖြစ်မှာပါ။ အီလက်ထရောနစ်ဥပဒေ အရ သံတိုုင်ကြားရောက်သွားမယ်ဆိုုတာ သတိရပါ။ သင့် အကောင့် အတုု၊ ပုံုအတုု ဖြစ်တယ်ဆိုုပြီး လူပါးဝမနေပါနဲ့။ သင်သုံုးနေတဲ့ ဖုုန်း. ကွန်ပြူတာ မှာ မှတ်ပုံုတင် နံပတ်ရှိပြီး အဲဒီကနေ နောက်ကြောင်းခံဖမ်းလိုု့ရတယ်ဆိုုတာကိုု သိထားပါ။ ယောကျ်ားကောင်းတွေက အစ လုုပ်မိတဲ့ အမှာတချို့ ကိုု ရှောင်လိုု့ရအောင် ဖော်ပြပေလုုိက်ပါတယ်။
သူစကားပြန်မပြောတာ – စာမပြန်တာက သူ့ဆီမှာ ပြန်စရာ အရမ်းများနေတာ၊ အလုုပ်ရှုပ်နေတာ အများကြီးဖြစ်နိုုင်ပါတယ်။ တောက်လျှောက် စာမပြန်မချင်းပိုု့ နေလိုု့ကတော့ သူ့အနေနဲ့ Unfriend နဲ့ Block လုုပ်တာက လွယ်လွယ်လေးဆုုိတာသိထားပါ။
ကိုုယ်က တအားစပ်စုုတာ – ကိုုယ့်အထင်ကတော့ ခင်ချင်လိုု့ စကားဆက်ပြောရအောင်မေးတယ်ပေါ့။ ဒါပေမယ့် သူ့အမြင်မှာက အပြင်မှာတောင် မသိမခင်သေးပဲ သူ့ကိုုယ်ရေး ကိုုယ်တာ တွေသွားစပ်စုုနေပြီ ဆိုုရင် သူ့လုံုခြံုမှုအတွက် စိုုးရိမ်စရာဖြစ်လာမှာပါ။
အချုပ်အားဖြင့် အင်တာနက်ခေတ်ကြီးမှာ အွန်လိုုင်းပေါ်က ကမ္ဘာပေါ်မှာ ရှိသမျှ နိုုင်ငံ ပေါင်းစုံုကလူတွေကိုု အလွယ်တကူ ချိတ်ဆက်လိုု့ရနေပြီ ဖြစ်ပါတယ်။ မှန်မှန်ကန်န် အသုံုးချတက်ရင် အချစ်စစ် ကိုုရှာဖွေဖိုု့ အရမ်းလွယ်ကူနေပါပြီ။ ဘာကြောင့်လဲဆိုု တော့ ကိုုယ်က နည်းမှန်လမ်းမှန်သုံုးနည်းကိုု အနည်းငယ်အားထုုတ်လေ့လာလိုုက်ရင်ကိုု သေသေချာချာ မသုံုးတက်တဲ့ ရမ်းတီးတွေ အများကြီး ကြားထဲ အနူတောထဲက လူချောဖြစ်နေမှာပါ။
အောင်မြင်ပါစေ . အချစ်စစ်တွေ့ ပါစေ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼