ကမၻာေပၚက ပစၥည္းေတြမွာ အခ်ိန္ၾကာေလ ေစ်းေလ်ာ့ေလနဲ႔ အခ်ိန္ၾကာေလ ေစ်းႀကီးေလ ဆိုၿပီး ႏွစ္မ်ိဳး ႐ွိပါတယ္။ ေစ်းအရမ္းႀကီးတဲ့ ပစၥည္း အေျမာက္အမ်ားထဲကမွ နာမည္အႀကီးဆံုး ၁၀ ခုကို တင္ဆက္ေပးလိုက္ပါတယ္။
၁၀. Susse Freres Camera
ဒီေ႐ွးေဟာင္းကင္မရာကို ၁၈၃၉ ခုႏွစ္က ထုတ္လုပ္ခဲ့ၿပီး ၂၀၀၇ ခုႏွစ္ ေလလံပြဲတစ္ခုမွာ ေဒၚလာ ၇၇၅၀၀၀ နဲ႔ ေရာင္းခ်ခဲ့ပါတယ္။ တစ္ခုထဲေသာ လက္က်န္ Susse Frères daguerreotype ကင္မရာ ျဖစ္ၿပီး သမိုင္းတစ္ေလ်၊ွာက္ ဂႏၱဝင္အက်ဆံုး ကင္မရာအျဖစ္ သတ္မွတ္ခံထားရပါတယ္။
၉. Magnetic Floating Bed
ဒီ သံလုုိက္ လြင့္ေမ်ာေနတဲ့ အိပ္ရာကို ၂၀၀၆ ခုႏွစ္က ထုတ္လုပ္ခဲ့ၿပီး ကမၻာ့အလန္းဆံုး အိပ္ရာျဖစ္တာကေတာ့ ေသခ်ာပါတယ္။ ၾကမ္းျပင္က ၁.၃ ေပအျမင့္မွာ လြင့္ေမ်ာေနၿပီး အေလးခ်ိန္ ေပါင္ ၂၀၀၀ ခံႏိုင္ပါတယ္။ ေဒၚလာ ၁.၆ သန္း တန္ဖိုး႐ွိပါတယ္။
၈. Wallis Simpson Bracelet
Wallis Simpson ပိုင္ဆိုင္ခဲ့ဖူးတဲ့ စိန္နဲ႔ ေျပာင္ေခါင္းစိမ္း ေရာထားတဲ့ က်ားသစ္ပံုလက္ပါတ္ဟာ ၂၀၁၀ ခုႏွစ္ လန္ဒန္ေလလံပြဲတစ္ခုမွာ ေဒၚလာ ၁၂.၄ သန္း ရခဲ့ပါတယ္။ ကမၻာ့ေစ်းအႀကီးဆံုး လက္ပါတ္ ျဖစ္ၿပီး က်က္သေရနဲ႔ အလွကလဲ တန္ဖိုးနဲ႔ ထပ္တူညီပါတယ္။
၇. Garcon a la Pipe
၂၀၀၄ ခုႏွစ္က Garcon a la Pipe နာမည္႐ွိတဲ့ ပီကာဆိုရဲ႕ ေစ်းအႀကီးဆံုး ပန္းခ်ီကားဟာ နယူးေယာက္ေလလံပြဲတစ္ခုမွာ ေဒၚလာ ၁၀၄.၂ သန္း ရခဲ့ပါတယ္။ ပီကာဆို ၂၄ ႏွစ္အရြယ္ ၁၉၀၅ ခုႏွစ္က ေရးဆြဲခဲ့တာပါ။
၆. The Card Players
ပန္းခ်ီဆရာ Paul Cezanne ရဲ႕ The Card Players ဆိုတဲ့ ပန္းခ်ီကားတစ္ခ်ပ္ဟာ ၂၀၁၁ ခုႏွစ္ ေလလံပြဲတစ္ခုမွာ ေဒၚလာ ၂၅၀ သန္းမွ သန္း ၃၀၀ ၾကား ရခဲ့ပါတယ္။ ဝယ္တဲ့သူက ကာတာက ေတာ္ဝင္မ်ိဳး႐ိုးဝင္ တစ္ဦးျဖစ္ၿပီး Private Sale အေနနဲ႔ ေရာင္းခဲ့တာပါ။ ကမၻာ့ တန္ဖိုးအႀကီးဆံုး ပန္းခ်ီကားတစ္ခ်ပ္လို႔ ဆိုၾကပါတယ္။
၅. Villa La Leopolda
ျပင္သစ္ရဲ႕ ဒုတိယ ေစ်းအႀကီးဆံုးအိမ္ဟာ ေဒၚလာ ၅၀၆ သန္း တန္ပါတယ္။ ဒီအပန္းေျဖအိမ္ကို ၁၉၂၉ မွ ၁၉၃၂ အတြင္း ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး တစ္ခါက Belgium ဘုရင္ ပုိင္စိုးခဲ့တဲ့ နယ္ေျမမွာ ေဆာက္လုပ္ထားတာပါ။
၄. The Perfect Pink
၂၀၁၀ မွာ ႐ွားပါးတဲ့ ပန္းေရာင္စိန္တစ္ပြင့္ဟာ ေဟာင္ေကာင္မွာ ေဒၚလာ ၂၃ သန္းနဲ႔ အာ႐ွမွာ ေစ်းအႀကီးဆံုး ရတနာအျဖစ္ ေရာင္းခ်ခဲ့ရပါတယ္။ ၁၄.၂၃ ကာရက္႐ွိတဲ့ The Perfect Pink အမည္ရတဲ့ စိန္ပြင့္ဟာ ေဒၚလာ ၂၃၁၆၅၉၆၈ နဲ႔ လူေလးေယာက္ အၿပိဳင္အဆိုင္ ေလလံဆြဲရင္း အမည္မသိသူတစ္ဦးထံ ပါသြားတာပါ။
၃. The Chopard 201-Carat Watch
ဒီ Chopard လက္ပါတ္နာရီမွာ အသည္းပံု စိန္ပြင့္ သံုးခု ပါပါတယ္။ ပန္းေရာင္က ၁၅ ကာရက္၊ အျပာက ၁၂ ကာရက္၊ အျဖဴက ၁၁ ကာရက္ အသီးသီး႐ွိၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ ေဒၚလာ ၂၅ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။
၂. Pink Star ( Diamond )
Pink Star လို႔ေခၚတဲ့ ဆီးသီးအရြယ္ စိန္ဟာ ဂ်ီနီဗာေလလံပြဲတစ္ခုမွာ ေဒၚလာ ၈၃ သန္းနဲ႔ ကမၻာ့ေစ်းအႀကီးဆံုး ေက်ာက္မ်က္အျဖစ္ စံခ်ိန္တင္ ေရာင္းခ်ခဲ့ရပါတယ္။ ကမၻာ့အႀကီးဆံုး ပန္းေရာင္စိန္ပြင့္ႀကီးျဖစ္ၿပီး ေတာင္အာဖရိက ဒီဗီယာ မိုင္းတြင္းေတြကေန ၁၉၉၉ မွာ ရ႐ွိခဲ့တာပါ။
၁. House: Antillia Mumbai
ကမၻာ့ေစ်းအႀကီးဆံုးအိမ္ဟာ အတၱလန္တိတ္ ကြၽန္း Antillia ကို အစြဲျပဳၿပီး အမည္ေပးထားတာပါ။ ဒီအိမ္ဟာ ၂၇ ထပ္အိမ္ ျဖစ္ၿပီး Mumbai ေတာင္ဘက္ပိုင္းမွာ ႐ွိပါတယ္။ Reliance Industries ရဲ႕ Chairman Mukesh Ambani ရဲ႕ ကိုယ္ပိုင္အိမ္ျဖစ္ၿပီး အိမ္ဝန္ထမ္း ၆၀၀ ႐ွိကာ အိႏၵိယရဲ႕ ေစ်းအႀကီးဆံုးအိမ္အျဖစ္ ေဒၚလာ သန္း ၂၀၀၀ နဲ႔ စံခ်ိန္တင္ထားပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ကမ္ဘာပေါ်က ပစ္စည်းတွေမှာ အချိန်ကြာလေ ဈေးလျော့လေနဲ့ အချိန်ကြာလေ ဈေးကြီးလေ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဈေးအရမ်းကြီးတဲ့ ပစ္စည်း အမြောက်အများထဲကမှ နာမည်အကြီးဆုံး ၁၀ ခုကို တင်ဆက်ပေးလိုက်ပါတယ်။
၁၀. Susse Freres Camera
ဒီရှေးဟောင်းကင်မရာကို ၁၈၃၉ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ၂၀၀၇ ခုနှစ် လေလံပွဲတစ်ခုမှာ ဒေါ်လာ ၇၇၅၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ တစ်ခုထဲသော လက်ကျန် Susse Frères daguerreotype ကင်မရာ ဖြစ်ပြီး သမိုင်းတစ်လျေ၊ှာက် ဂန္တဝင်အကျဆုံး ကင်မရာအဖြစ် သတ်မှတ်ခံထားရပါတယ်။
၉. Magnetic Floating Bed
ဒီ လွင့်မျောနေတဲ့ အိပ်ရာကို ၂၀၀၆ ခုနှစ်က ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့အလန်းဆုံး အိပ်ရာဖြစ်တာကတော့ သေချာပါတယ်။ ကြမ်းပြင်က ၁.၃ ပေအမြင့်မှာ လွင့်မျောနေပြီး အလေးချိန် ပေါင် ၂၀၀၀ ခံနိုင်ပါတယ်။ ဒေါ်လာ ၁.၆ သန်း တန်ဖိုးရှိပါတယ်။
၈. Wallis Simpson Bracelet
Wallis Simpson ပိုင်ဆိုင်ခဲ့ဖူးတဲ့ စိန်နဲ့ ပြောင်ခေါင်းစိမ်း ရောထားတဲ့ ကျားသစ်ပုံလက်ပါတ်ဟာ ၂၀၁၀ ခုနှစ် လန်ဒန်လေလံပွဲတစ်ခုမှာ ဒေါ်လာ ၁၂.၄ သန်း ရခဲ့ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး လက်ပါတ် ဖြစ်ပြီး ကျက်သရေနဲ့ အလှကလဲ တန်ဖိုးနဲ့ ထပ်တူညီပါတယ်။
၇. Garcon a la Pipe
၂၀၀၄ ခုနှစ်က Garcon a la Pipe နာမည်ရှိတဲ့ ပီကာဆိုရဲ့ ဈေးအကြီးဆုံး ပန်းချီကားဟာ နယူးယောက်လေလံပွဲတစ်ခုမှာ ဒေါ်လာ ၁၀၄.၂ သန်း ရခဲ့ပါတယ်။ ပီကာဆို ၂၄ နှစ်အရွယ် ၁၉၀၅ ခုနှစ်က ရေးဆွဲခဲ့တာပါ။
၆. The Card Players
ပန်းချီဆရာ Paul Cezanne ရဲ့ The Card Players ဆိုတဲ့ ပန်းချီကားတစ်ချပ်ဟာ ၂၀၁၁ ခုနှစ် လေလံပွဲတစ်ခုမှာ ဒေါ်လာ ၂၅၀ သန်းမှ သန်း ၃၀၀ ကြား ရခဲ့ပါတယ်။ ဝယ်တဲ့သူက ကာတာက တော်ဝင်မျိုးရိုးဝင် တစ်ဦးဖြစ်ပြီး Private Sale အနေနဲ့ ရောင်းခဲ့တာပါ။ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ပန်းချီကားတစ်ချပ်လို့ ဆိုကြပါတယ်။
၅. Villa La Leopolda
ပြင်သစ်ရဲ့ ဒုတိယ ဈေးအကြီးဆုံးအိမ်ဟာ ဒေါ်လာ ၅၀၆ သန်း တန်ပါတယ်။ ဒီအပန်းဖြေအိမ်ကို ၁၉၂၉ မှ ၁၉၃၂ အတွင်း ဆောက်လုပ်ခဲ့တာဖြစ်ပြီး တစ်ခါက Belgium ဘုရင် ပိုင်စိုးခဲ့တဲ့ နယ်မြေမှာ ဆောက်လုပ်ထားတာပါ။
၄. The Perfect Pink
၂၀၁၀ မှာ ရှားပါးတဲ့ ပန်းရောင်စိန်တစ်ပွင့်ဟာ ဟောင်ကောင်မှာ ဒေါ်လာ ၂၃ သန်းနဲ့ အာရှမှာ ဈေးအကြီးဆုံး ရတနာအဖြစ် ရောင်းချခဲ့ရပါတယ်။ ၁၄.၂၃ ကာရက်ရှိတဲ့ The Perfect Pink အမည်ရတဲ့ စိန်ပွင့်ဟာ ဒေါ်လာ ၂၃၁၆၅၉၆၈ နဲ့ လူလေးယောက် အပြိုင်အဆိုင် လေလံဆွဲရင်း အမည်မသိသူတစ်ဦးထံ ပါသွားတာပါ။
၃. The Chopard 201-Carat Watch
ဒီ Chopard လက်ပါတ်နာရီမှာ အသည်းပုံ စိန်ပွင့် သုံးခု ပါပါတယ်။ ပန်းရောင်က ၁၅ ကာရက်၊ အပြာက ၁၂ ကာရက်၊ အဖြူက ၁၁ ကာရက် အသီးသီးရှိပြီး ၂၀၀၀ ပြည့်နှစ်မှာ ဒေါ်လာ ၂၅ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
၂. Pink Star ( Diamond )
Pink Star လို့ခေါ်တဲ့ ဆီးသီးအရွယ် စိန်ဟာ ဂျီနီဗာလေလံပွဲတစ်ခုမှာ ဒေါ်လာ ၈၃ သန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကျောက်မျက်အဖြစ် စံချိန်တင် ရောင်းချခဲ့ရပါတယ်။ ကမ္ဘာ့အကြီးဆုံး ပန်းရောင်စိန်ပွင့်ကြီးဖြစ်ပြီး တောင်အာဖရိက ဒီဗီယာ မိုင်းတွင်းတွေကနေ ၁၉၉၉ မှာ ရရှိခဲ့တာပါ။
၁. House: Antillia Mumbai
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်ဟာ အတ္တလန်တိတ် ကျွန်း Antillia ကို အစွဲပြုပြီး အမည်ပေးထားတာပါ။ ဒီအိမ်ဟာ ၂၇ ထပ်အိမ် ဖြစ်ပြီး Mumbai တောင်ဘက်ပိုင်းမှာ ရှိပါတယ်။ Reliance Industries ရဲ့ Chairman Mukesh Ambani ရဲ့ ကိုယ်ပိုင်အိမ်ဖြစ်ပြီး အိမ်ဝန်ထမ်း ၆၀၀ ရှိကာ အိန္ဒိယရဲ့ ဈေးအကြီးဆုံးအိမ်အဖြစ် ဒေါ်လာ သန်း ၂၀၀၀ နဲ့ စံချိန်တင်ထားပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================