သင္ ဗိုက္နာရတဲ့ အေၾကာင္းရင္း ၁၂ ခ်က္

ေခ်ာကလက္ မစ္႐ွိတ္ေသာက္ၿပီး ဗိုက္နာလာတာ ၾကံဳဖူးပါသလား?? ဝမ္း သံုးရက္ေလာက္ မသြားရတာနဲ႔ ေဘာလံုးတစ္လံုး မ်ိဳခ်ထားရသလို ျပည့္ေအာင့္ေနပါသလား?? ဝမ္းဗိုက္ျပသနာဆိုတာ မ်ိဳးစံု႐ွိၿပီး ဘယ္ဟာကမွ သက္ေတာင့္သက္သာ မ႐ွိပါဘူး။ ဝမ္းတစ္လံုးေကာင္း ေခါင္းမခဲလို႔ စကားပံု ႐ွိပါတယ္။ သင္ ဗိုက္နာေနရင္ ျဖစ္ႏိုင္တဲ့ အေၾကာင္းရင္း ၁၂ မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။

. Stomach Flu

ဒီ ဗိုင္းရပ္ေရာဂါဟာ ေရာဂါ႐ွိသူတစ္ေယာက္က အိမ္သာတက္ၿပီးလက္မေဆးပဲ သင္ စားမယ့္ အစားအေသာက္ကို ကိုင္ရင္ ျဖစ္မွာပါ။ ဗိုက္အရမ္းနာၿပီး ဗိုက္ ႂကြက္သားေတြ ေတာင့္လာမွာပါ။ ေအာ့အန္တာ၊ ဝမ္းေလ်ွာတာ၊ ဝမ္းအရည္ေတြသြားတာ၊ အဖ်ားေပ်ာ့ ဖ်ားတာေတြနဲ႔ သက္ဆိုင္ေနပါတယ္။

ျဖစ္ခဲ့ရင္ အနားယူပါ။ ေရဓာတ္ ျပည့္ေအာင္ေနပါ။ ငွက္ေပ်ာသီး၊ ေပါင္မုန္႔လို အစားေပ်ာ့ေတြပဲ စားပါ။ ၂၄ နာရီအတြင္း ဝမ္းေလ်ာမရပ္ရင္၊ ေသြးပါရင္၊ ၁၀၄ ဒီဂရီထက္ ပိုၿပီး အျပင္းဖ်ားရင္ ဆရာဝန္ေခၚပါ။

. Lactose Intolerance

Ice Cream စားၿပီး ဗိုက္နာရင္ သင့္အစာအိမ္က ႏို႔မွာပါတဲ့ Lactose သၾကားဓာတ္ကို မေျခဖ်က္ႏိုင္လို႔ပါ။ လူသားေတြရဲ႕ ၆၅ ရာႏႈန္းဟာ ႏို႔စို႔ရြယ္ေက်ာ္သြားရင္ Lactose ေခ်ဖ်က္ႏိုင္စြမ္း နည္းသြားတတ္ပါတယ္။ ႏို႔ထြက္ပစၥည္းစားၿပီး နာရီဝက္မွ နာရီေလာက္မွာ အိမ္သာတက္ခ်င္သလို၊ ဗိုက္ထဲက ေအာင့္လာသလို ျဖစ္တတ္ပါတယ္။ ေအာ့အန္ျခင္း၊ ေဖာျခင္း၊ ေလလည္ျခင္းတို႔လဲ ျဖစ္တတ္ပါတယ္။ ႏို႔ထြက္ပစၥည္း အမ်ားႀကီး မစားပဲ ေ႐ွာင္ဖို႔ပဲ နည္းလမ္း႐ွိပါတယ္။

. Gall Stones

Gall Stones ဆိုတာ သည္းေျခရည္ကေန သည္းေျခအိတ္ထဲမွာ ျဖစ္လာတဲ့ ေက်ာက္တံုး ေသးေသးေလးေတြပါ။ မိန္းမေတြမွာ အျဖစ္မ်ားၿပီး အဆီနဲ႔ ကိုလက္စထေရာ ပိုစားတဲ့သူေတြမွာ ပိုျဖစ္တတ္ပါတယ္။ သင့္ရဲ႕ အေပၚညာဘက္ ဝမ္းဗိုက္က နာက်င္ေနၿပီး နာက်င္မႈဟာ ေက်ာျပင္နဲ႔ ပခံုးထိ ပ်ံ့ႏွံ႔ေနမွာပါ။ ေအာ့အန္ျခင္း၊ ညဘက္ နာလို႔ လန္႔ႏိုးျခင္းမ်ိဳးပါ ၾကံဳေတြ႕ရမွာပါ။

ခဏေလးသာ ျဖစ္ရင္ေတာ့ စိုးရိမ္စရာ မလိုပါဘူး။ ဒါေပမယ့္ ရက္သတၱပါတ္ ၾကာသည့္တိုင္ေအာင္ အခ်ိန္မွန္မွန္ ျဖစ္ေနရင္ေတာ့ ဆရာဝန္နဲ႔ ခြဲစိတ္ကုသဖို႔ တိုင္ပင္ရပါမယ္။

. Constipation

ဝမ္းခ်ဳပ္ျခင္းကို ေျပာတာပါ။ အမ်ွင္ဓာတ္ပါတာ အစားနည္းရင္ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ စိ္တ္ဖိစီးမႈ ေပ်ာက္ေဆးေတြနဲ႔ အစာအိမ္ေဆးေတြကလဲ ဝမ္းခ်ဳပ္ေစပါတယ္။ သင္ ဝမ္းသြားခ်င္ေပမယ့္ ဘာမွ ထြက္မလာတာ။ ဗိုက္ေအာက္ပိုင္းမွာ နာေနၿပီး ေဖာင္းေနတာ ျဖစ္တတ္ပါတယ္။

သင္ စားေသာက္တဲ့ အစားအစာထဲမွာ ပဲေတြ၊ အသီးေတြ၊ ဟင္းသီးဟင္းရြက္ေတြ မ်ားမ်ား ထည့္ေပးပါ။ အဲဒါမွမေပ်ာက္ရင္၊ ဗိုက္ေအာင့္ေနရင္၊ ေသြးပါရင္၊ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားရင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

. Ulcer

Ulcer ဆိုတာ သင့္ရဲ႕ အစာလမ္းေၾကာင္းမွာ နာက်င္တာကို ေျပာတာပါ။ စိတ္ဖိစီးမႈက နာက်င္တာကို ပိုဆိုးေစေပမယ့္ ျဖစ္ရတဲ့ အေၾကာင္းရင္းေတာ့ မဟုတ္ပါဘူး။ Ibuprofen နဲ႔ Aspirin လို ေဆးမ်ိဳး ခဏခဏေသာက္ရင္လဲ ျဖစ္တတ္ပါတယ္။ အစာအိမ္ထဲမွာ မီးေတာက္ေနသလို ခံစားရတာပါ။

ေကာ္ဖီ၊ အရက္၊ အစပ္ေတြကို ေ႐ွာင္ပါ။ Antacid ေဆးေတြလဲ ေသာက္လို႔ရပါတယ္။ တစ္ရက္ႏွစ္ရက္နဲ႔ မသက္သာရင္၊ ဝမ္းထဲမွာ ေသြးပါရင္ ဆရာဝန္နဲ႔ ျပပါ။

. Celiac Disease

လူအားလံုးရဲ႕ ရာႏႈန္းမွာပဲ Celiac Disease ေခၚတဲ့ ျမင္းစားဂ်ံဳနဲ႔ မတည့္တဲ့ ေရာဂါ ႐ွိတာပါ။ ေရာဂါ႐ွိသူေတြဟာ သူတို႔နဲ႔ မတည့္တဲ့ ဂ်ံဳ၊ ႏွံစားေျပာင္း တစ္ခုခုကို စားမိရင္ ဗိုက္နာျခင္း ေအာ့အန္ျခင္း၊ ေဖာလာျခင္းတို႔ကို ခံစားရပါတယ္။ ေမာပန္းတာ၊ စိတ္ဓာတ္က်တာ၊ အဆစ္နာတာလို ဝမ္းဗိုက္နဲ႔ မဆိုင္တဲ့ ေရာဂါေတြလဲ ျဖစ္တတ္ပါတယ္။

ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေသြးစစ္ကာ ေရာဂါ႐ွိတာ ေသခ်ာရင္ေတာ့ မတည့္တဲ့ ဂ်ံဳကို ေ႐ွာင္ဖို႔ လိုပါလိမ့္မယ္။

. Irritable Bowel Syndrome ( IBS )

IBS ဆိုတာ အေျဖမ႐ွိတဲ့၊ ႐ွင္းမျပႏိုင္ေသးတဲ့ ဝမ္းဗိုက္နာက်င္မႈ အားလံုးကို သိမ္းက်ံဳးေခၚဆိုလိုက္တာပါ။ အဲဒါမ်ိဳးျဖစ္လာရင္ သင့္ဆရာဝန္ဆီ ခ်က္ျခင္းသြားၿပီး တိုင္ပင္ပါ။ သူက ေရာဂါလကၡဏာေတြ သက္သာသြားေအာင္ ေဆာင္ရြက္ေပးႏိုင္ပါတယ္။

. Pancreatitis

Alcohol အလြန္အကြၽံ ေသာက္သံုးတာနဲ႔ သည္းေျခေက်ာက္ေတြဟာ ပန္ကရိယ ေရာင္ရမ္းတာ ျဖစ္ေစပါတယ္။ ဝမ္းဗိုက္အေပၚပိုင္းက နာက်င္ေနၿပီး နာက်င္မႈက ေက်ာဘက္ကိုပါ ကူးသြားတတ္ပါတယ္။ အစာ စားၿပီးစမွာ ပိုဆိုးပါတယ္။ ထိရင္နာပါတယ္။ ေအာ့အန္တတ္ပါတယ္။

တစ္ခါတစ္ေလမွာ သူ႔ဘာသာ ျပန္ေကာင္းသြားတတ္ေပမယ့္ နာရီအနည္းငယ္ၾကာေအာင္ ဆက္တိုက္နာေနရင္ေတာ့ ဆရာဝန္နဲ႔ ဆက္သြယ္ပါ။ အစားအမာေ႐ွာင္ၿပီး ေဆးရံုတက္ကာ IV သြင္းဖို႔ လိုအပ္ပါတယ္။

. Gastrorsophogeal Reflux Disease ( GERD )

သင့္အစာအိမ္ထဲက အက္ဆစ္ဟာ အစာေရမ်ိဳကို တက္လာရင္ GERD ေခၚတဲ့ ရင္ပူတာ ျဖစ္တတ္ပါတယ္။ သင့္ရဲ႕ ရင္အံုမွာ ပူပူႀကီး ခံစားေနရတာမ်ိဳးပါ။

စပ္တဲ့ အစားအစာေတြကို ေ႐ွာင္ပါ။ အေၾကာ္စာ၊ ဆီပူစာေတြ ေ႐ွာင္ပါ။ အဲဒါမွ မသက္သာေသးရင္ေတာ့ Antacid ေတြ သံုးၾကည့္ပါ။ တစ္လေလာက္ၾကာလို႔ ေဆးေသာက္ေနရတုန္းပဲဆိုရင္ ဆရာဝန္နဲ႔ ေဆြးေႏြးၾကည့္ပါ။

၁၀. Diverticulitis

အသက္ေလးဆယ္ေက်ာ္သူေတြမွာ ပိုအျဖစ္မ်ားပါတယ္။ သင့္ရဲ႕ အူေခြ အတြင္းနံရံက အိတ္ေလးေတြ ေရာင္လာလို႔ ျဖစ္ရတာပါ။ အသက္ႀကီးျခင္း၊ ဝျခင္း၊ အဆီမ်ား အစားအစာ စားျခင္းတို႔ဟာ ေရာဂါရဲ႕ ျမစ္ဖ်ားခံရာပါ။

သင့္ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ေဆးစစ္ၾကည့္ပါ။ XRay, CT, Ulttasound ႐ိုက္ၾကည့္ဖို႔ လိုအပ္ေကာင္းလိုအပ္ပါလိမ့္မယ္။ ေရာဂါေပ်ာ့ေသးရင္ အနားယူဖို႔နဲ႔ ပဋိဇီဝေဆးဝါးေတြကို ၫႊန္ၾကားမွာ ျဖစ္ၿပီး ရင့္ေနရင္ေတာ့ ခြဲစိတ္မႈ လိုအပ္ပါလိမ့္မယ္။

၁၁. Appendicitis

အူအတက္ေရာင္တာသာ သင့္ရဲ႕ အူအတက္ကို ဘက္တီးရီးယား ပိုးမႊားေတြက ေရာင္ကိုင္းေသရင္၊ ပူပတက္ပိ္တ္သြားရင္ ျဖစ္တတ္ပါတယ္။ ေအာက္ညာဘက္ ဝမ္းဗိုက္မွာ ႐ုတ္တရက္ အျပင္းအထန္ နာလာတာ၊ လမ္းေလ်ွာက္ရင္ ပိုဆိုးတာ၊ ဖ်ားတာ၊ ေအာ့အန္တာ၊ ေဖာတာေတြက အူအတက္ေရာင္ လကၡဏာေတြပါ။

အေရးေပၚခန္းကို ခ်က္ျခင္းသြားရမွာျဖစ္ၿပီး အူအတက္ကို ခြဲစိတ္ထုတ္ပစ္ရမွာပါ။ အူအတက္ေပါက္သြားရင္ ဝမ္းဗိုက္ထဲကိုပါပိုးေတြ ပ်ံ့ႏွံ႔သြားႏိုင္ပါတယ္။

၁၂. Stomach Cancer

အစာအိမ္ကင္ဆာဟာ ျဖစ္တာ႐ွားၿပီး အသက္ ၆၅ ႏွစ္ေက်ာ္မွ ျဖစ္တတ္ပါတယ္။ ရင္ပူသလိုခံစားရရင္၊ ဗိုက္နာရင္၊ ရင္ျပည့္ေနရင္၊ အစားအေသာက္ ပ်က္လာရင္ အစာအိမ္ကင္ဆာ ျဖစ္ႏိုင္ပါတယ္။

ေရာဂါလကၡဏာေတြ ႏွစ္ပါတ္ထက္ပိုၿပီး ၾကာၾကာ ျပေနရင္ေတာ့ ဆရာဝန္နဲ႔တိုင္ပင္ၿပီး အစာအိမ္ထဲ မွန္ေျပာင္းၾကည့္ရပါမယ္။ ကုသနည္းကေတာ့ ကင္ဆာ အႏုအရင့္ကို လိုက္ၿပီး အမ်ိဳးမ်ိဳး ႐ွိမွာပါ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ချောကလက် မစ်ရှိတ်သောက်ပြီး ဗိုက်နာလာတာ ကြုံဖူးပါသလား?? ဝမ်း သုံးရက်လောက် မသွားရတာနဲ့ ဘောလုံးတစ်လုံး မျိုချထားရသလို ပြည့်အောင့်နေပါသလား?? ဝမ်းဗိုက်ပြသနာဆိုတာ မျိုးစုံရှိပြီး ဘယ်ဟာကမှ သက်တောင့်သက်သာ မရှိပါဘူး။ ဝမ်းတစ်လုံးကောင်း ခေါင်းမခဲလို့ စကားပုံ ရှိပါတယ်။ သင် ဗိုက်နာနေရင် ဖြစ်နိုင်တဲ့ အကြောင်းရင်း ၁၂ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁. Stomach Flu

ဒီ ဗိုင်းရပ်ရောဂါဟာ ရောဂါရှိသူတစ်ယောက်က အိမ်သာတက်ပြီးလက်မဆေးပဲ သင် စားမယ့် အစားအသောက်ကို ကိုင်ရင် ဖြစ်မှာပါ။ ဗိုက်အရမ်းနာပြီး ဗိုက် ကြွက်သားတွေ တောင့်လာမှာပါ။ အော့အန်တာ၊ ဝမ်းလျှောတာ၊ ဝမ်းအရည်တွေသွားတာ၊ အဖျားပျော့ ဖျားတာတွေနဲ့ သက်ဆိုင်နေပါတယ်။

ဖြစ်ခဲ့ရင် အနားယူပါ။ ရေဓာတ် ပြည့်အောင်နေပါ။ ငှက်ပျောသီး၊ ပေါင်မုန့်လို အစားပျော့တွေပဲ စားပါ။ ၂၄ နာရီအတွင်း ဝမ်းလျောမရပ်ရင်၊ သွေးပါရင်၊ ၁၀၄ ဒီဂရီထက် ပိုပြီး အပြင်းဖျားရင် ဆရာဝန်ခေါ်ပါ။

၂. Lactose Intolerance

Ice Cream စားပြီး ဗိုက်နာရင် သင့်အစာအိမ်က နို့မှာပါတဲ့ Lactose သကြားဓာတ်ကို မခြေဖျက်နိုင်လို့ပါ။ လူသားတွေရဲ့ ၆၅ ရာနှုန်းဟာ နို့စို့ရွယ်ကျော်သွားရင် Lactose ချေဖျက်နိုင်စွမ်း နည်းသွားတတ်ပါတယ်။ နို့ထွက်ပစ္စည်းစားပြီး နာရီဝက်မှ ၂ နာရီလောက်မှာ အိမ်သာတက်ချင်သလို၊ ဗိုက်ထဲက အောင့်လာသလို ဖြစ်တတ်ပါတယ်။ အော့အန်ခြင်း၊ ဖောခြင်း၊ လေလည်ခြင်းတို့လဲ ဖြစ်တတ်ပါတယ်။ နို့ထွက်ပစ္စည်း အများကြီး မစားပဲ ရှောင်ဖို့ပဲ နည်းလမ်းရှိပါတယ်။

၃. Gall Stones

Gall Stones ဆိုတာ သည်းခြေရည်ကနေ သည်းခြေအိတ်ထဲမှာ ဖြစ်လာတဲ့ ကျောက်တုံး သေးသေးလေးတွေပါ။ မိန်းမတွေမှာ အဖြစ်များပြီး အဆီနဲ့ ကိုလက်စထရော ပိုစားတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ သင့်ရဲ့ အပေါ်ညာဘက် ဝမ်းဗိုက်က နာကျင်နေပြီး နာကျင်မှုဟာ ကျောပြင်နဲ့ ပခုံးထိ ပျံ့နှံ့နေမှာပါ။ အော့အန်ခြင်း၊ ညဘက် နာလို့ လန့်နိုးခြင်းမျိုးပါ ကြုံတွေ့ရမှာပါ။

ခဏလေးသာ ဖြစ်ရင်တော့ စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ရက်သတ္တပါတ် ကြာသည့်တိုင်အောင် အချိန်မှန်မှန် ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ခွဲစိတ်ကုသဖို့ တိုင်ပင်ရပါမယ်။

၄. Constipation

ဝမ်းချုပ်ခြင်းကို ပြောတာပါ။ အမျှင်ဓာတ်ပါတာ အစားနည်းရင်ဖြစ်တတ်ပါတယ်။ တချို့ စိ်တ်ဖိစီးမှု ပျောက်ဆေးတွေနဲ့ အစာအိမ်ဆေးတွေကလဲ ဝမ်းချုပ်စေပါတယ်။ သင် ဝမ်းသွားချင်ပေမယ့် ဘာမှ ထွက်မလာတာ။ ဗိုက်အောက်ပိုင်းမှာ နာနေပြီး ဖောင်းနေတာ ဖြစ်တတ်ပါတယ်။

သင် စားသောက်တဲ့ အစားအစာထဲမှာ ပဲတွေ၊ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများ ထည့်ပေးပါ။ အဲဒါမှမပျောက်ရင်၊ ဗိုက်အောင့်နေရင်၊ သွေးပါရင်၊ ကိုယ်အလေးချိန် လျော့ကျသွားရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

၅. Ulcer

Ulcer ဆိုတာ သင့်ရဲ့ အစာလမ်းကြောင်းမှာ နာကျင်တာကို ပြောတာပါ။ စိတ်ဖိစီးမှုက နာကျင်တာကို ပိုဆိုးစေပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းတော့ မဟုတ်ပါဘူး။ Ibuprofen နဲ့ Aspirin လို ဆေးမျိုး ခဏခဏသောက်ရင်လဲ ဖြစ်တတ်ပါတယ်။ အစာအိမ်ထဲမှာ မီးတောက်နေသလို ခံစားရတာပါ။

ကော်ဖီ၊ အရက်၊ အစပ်တွေကို ရှောင်ပါ။ Antacid ဆေးတွေလဲ သောက်လို့ရပါတယ်။ တစ်ရက်နှစ်ရက်နဲ့ မသက်သာရင်၊ ဝမ်းထဲမှာ သွေးပါရင် ဆရာဝန်နဲ့ ပြပါ။

၆. Celiac Disease

လူအားလုံးရဲ့ ၁ ရာနှုန်းမှာပဲ Celiac Disease ခေါ်တဲ့ မြင်းစားဂျုံနဲ့ မတည့်တဲ့ ရောဂါ ရှိတာပါ။ ရောဂါရှိသူတွေဟာ သူတို့နဲ့ မတည့်တဲ့ ဂျုံ၊ နှံစားပြောင်း တစ်ခုခုကို စားမိရင် ဗိုက်နာခြင်း အော့အန်ခြင်း၊ ဖောလာခြင်းတို့ကို ခံစားရပါတယ်။ မောပန်းတာ၊ စိတ်ဓာတ်ကျတာ၊ အဆစ်နာတာလို ဝမ်းဗိုက်နဲ့ မဆိုင်တဲ့ ရောဂါတွေလဲ ဖြစ်တတ်ပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ကာ ရောဂါရှိတာ သေချာရင်တော့ မတည့်တဲ့ ဂျုံကို ရှောင်ဖို့ လိုပါလိမ့်မယ်။

၇. Irritable Bowel Syndrome ( IBS )

IBS ဆိုတာ အဖြေမရှိတဲ့၊ ရှင်းမပြနိုင်သေးတဲ့ ဝမ်းဗိုက်နာကျင်မှု အားလုံးကို သိမ်းကျုံးခေါ်ဆိုလိုက်တာပါ။ အဲဒါမျိုးဖြစ်လာရင် သင့်ဆရာဝန်ဆီ ချက်ခြင်းသွားပြီး တိုင်ပင်ပါ။ သူက ရောဂါလက္ခဏာတွေ သက်သာသွားအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။

၈. Pancreatitis

Alcohol အလွန်အကျွံ သောက်သုံးတာနဲ့ သည်းခြေကျောက်တွေဟာ ပန်ကရိယ ရောင်ရမ်းတာ ဖြစ်စေပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်းက နာကျင်နေပြီး နာကျင်မှုက ကျောဘက်ကိုပါ ကူးသွားတတ်ပါတယ်။ အစာ စားပြီးစမှာ ပိုဆိုးပါတယ်။ ထိရင်နာပါတယ်။ အော့အန်တတ်ပါတယ်။

တစ်ခါတစ်လေမှာ သူ့ဘာသာ ပြန်ကောင်းသွားတတ်ပေမယ့် နာရီအနည်းငယ်ကြာအောင် ဆက်တိုက်နာနေရင်တော့ ဆရာဝန်နဲ့ ဆက်သွယ်ပါ။ အစားအမာရှောင်ပြီး ဆေးရုံတက်ကာ IV သွင်းဖို့ လိုအပ်ပါတယ်။

၉. Gastrorsophogeal Reflux Disease ( GERD )

သင့်အစာအိမ်ထဲက အက်ဆစ်ဟာ အစာရေမျိုကို တက်လာရင် GERD ခေါ်တဲ့ ရင်ပူတာ ဖြစ်တတ်ပါတယ်။ သင့်ရဲ့ ရင်အုံမှာ ပူပူကြီး ခံစားနေရတာမျိုးပါ။

စပ်တဲ့ အစားအစာတွေကို ရှောင်ပါ။ အကြော်စာ၊ ဆီပူစာတွေ ရှောင်ပါ။ အဲဒါမှ မသက်သာသေးရင်တော့ Antacid တွေ သုံးကြည့်ပါ။ တစ်လလောက်ကြာလို့ ဆေးသောက်နေရတုန်းပဲဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

၁၀. Diverticulitis

အသက်လေးဆယ်ကျော်သူတွေမှာ ပိုအဖြစ်များပါတယ်။ သင့်ရဲ့ အူခွေ အတွင်းနံရံက အိတ်လေးတွေ ရောင်လာလို့ ဖြစ်ရတာပါ။ အသက်ကြီးခြင်း၊ ဝခြင်း၊ အဆီများ အစားအစာ စားခြင်းတို့ဟာ ရောဂါရဲ့ မြစ်ဖျားခံရာပါ။

သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးစစ်ကြည့်ပါ။ XRay, CT, Ulttasound ရိုက်ကြည့်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ရောဂါပျော့သေးရင် အနားယူဖို့နဲ့ ပဋိဇီဝဆေးဝါးတွေကို ညွှန်ကြားမှာ ဖြစ်ပြီး ရင့်နေရင်တော့ ခွဲစိတ်မှု လိုအပ်ပါလိမ့်မယ်။

၁၁. Appendicitis

အူအတက်ရောင်တာသာ သင့်ရဲ့ အူအတက်ကို ဘက်တီးရီးယား ပိုးမွှားတွေက ရောင်ကိုင်းသေရင်၊ ပူပတက်ပိ်တ်သွားရင် ဖြစ်တတ်ပါတယ်။ အောက်ညာဘက် ဝမ်းဗိုက်မှာ ရုတ်တရက် အပြင်းအထန် နာလာတာ၊ လမ်းလျှောက်ရင် ပိုဆိုးတာ၊ ဖျားတာ၊ အော့အန်တာ၊ ဖောတာတွေက အူအတက်ရောင် လက္ခဏာတွေပါ။

အရေးပေါ်ခန်းကို ချက်ခြင်းသွားရမှာဖြစ်ပြီး အူအတက်ကို ခွဲစိတ်ထုတ်ပစ်ရမှာပါ။ အူအတက်ပေါက်သွားရင် ဝမ်းဗိုက်ထဲကိုပါပိုးတွေ ပျံ့နှံ့သွားနိုင်ပါတယ်။

၁၂. Stomach Cancer

အစာအိမ်ကင်ဆာဟာ ဖြစ်တာရှားပြီး အသက် ၆၅ နှစ်ကျော်မှ ဖြစ်တတ်ပါတယ်။ ရင်ပူသလိုခံစားရရင်၊ ဗိုက်နာရင်၊ ရင်ပြည့်နေရင်၊ အစားအသောက် ပျက်လာရင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေ နှစ်ပါတ်ထက်ပိုပြီး ကြာကြာ ပြနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အစာအိမ်ထဲ မှန်ပြောင်းကြည့်ရပါမယ်။ ကုသနည်းကတော့ ကင်ဆာ အနုအရင့်ကို လိုက်ပြီး အမျိုးမျိုး ရှိမှာပါ။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

 

 

Related Posts

%%footer%%