သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို အျခားသူေတြအကဲျဖတ္ႏိုင္သည့္ လုပ္ရပ္မ်ား

လူႏွစ္ဦးေတြ႕ဆံုၾကခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ႏႈိင္းယွဥ္တတ္ၾကပါတယ္။ ႐ုိးသားမႈ၊ ဉာဏ္ရည္၊ စိတ္ရင္းေစတနာ စတာေတြနဲ႔ ပတ္သက္ၿပီး အကဲခတ္ေလ့ရွိပါတယ္။ ေကာင္မေလးနဲ႔ ခ်ိန္းေတြ႕တာပဲျဖစ္ျဖစ္ အလုပ္အင္တာဗ်ဴးေျဖတာပဲျဖစ္ျဖစ္ လက္ဆြဲႏႈတ္ဆက္တာေနစၿပီး ဖုန္းကိုကိုင္တဲ့အႀကိမ္အထိ သင္လုပ္သမွ် အမူအယာနဲ႔ လုပ္ရပ္တိုင္းမွာ သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို တဖက္လူက အကဲျဖတ္ေနတယ္ဆိုတာ သင္သိပါသလား။ ဒါ့ေၾကာင့္ ဆင္ျခင္ႏိုင္ဖို႔ရာ လူေတြၾကည့္႐ႈအကဲျဖတ္ေလ့ရွိတဲ့ လုပ္ရပ္ေတြကို ေလ့လာထားဖို႔ လိုပါတယ္။

၁။ လက္ဆြဲႏႈတ္ဆက္ပံု

လူအမ်ားစုက လက္ဆြဲနႈတ္ဆက္ပံုကိုမူတည္ၿပီး တစ္ဖက္လူကို အကဲျဖတ္တတ္ၾကပါတယ္။ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီး လက္ဆြဲႏႈတ္ဆက္တာဟာ ၾကံ႕ခိုင္ၿပီး မိမိကုိယ္ကိုယုံၾကည္မႈရွိတဲ့ လကၡဏာျဖစ္ၿပီး ေလ်ာ့တိေလ်ာ့ရဲ႕ႏႈတ္ဆက္တာမ်ိဳးကေတာ့ ယုံၾကည္မႈနည္းပါးတာ၊ အလြယ္လမ္းလိုက္တတ္တာကို ေဖာ္ျပတယ္လို႔ ယူဆၾကပါတယ္။ ေလ့လာမႈေတြကလည္း ဒီအခ်က္ေတြကို ေထာက္ခံထားပါတယ္။

၂။ အခ်ိန္မွီေရာက္မေရာက္

အေရးႀကီးအခ်ိန္းအဆိုတစ္ခုကုိ ေနာက္က်ဖူးပါသလား။ သင့္ကိုေစာင့္ေနရသူရဲ႕စိတ္ထဲမွာ သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးက နိမ့္က်သြားပါၿပီ။ လန္းဆန္းတက္ၾကြသူေတြဟာ ေစ့ေဆာ္မႈတြန္းအားေကာင္းၿပီး၊ အခ်ိန္ကို တန္ဖိုးထားတတ္ၾကတဲ့အတြက္ အခ်ိန္မွန္ေရာက္ေလ့ရွိပါတယ္။ အခ်ိန္ေနာက္က်တတ္သူေတြကေတာ့ ေနာက္ဆံုးအခ်ိန္ေရာက္မွ ဟိုဟိုဒီဒီနဲ႔ ဗ်ာမ်ားေနတတ္ပါတယ္။

၃။ စားေသာက္ဆိုင္၀န္ထမ္းေတြကို ဆက္ဆံပံု

လူအမ်ားစုက ဆိုင္ကစားပြဲထိုးေတြကို တစ္ဖက္လူက ဘယ္လိုဆက္ဆံသလဲဆိုတာကို အာ႐ုံစိုက္ၾကည့္တတ္ၾကပါတယ္။ စားပြဲထိုးေတြ၊ သန္႔ရွင္းေရးသမားေတြ၊ လုံျခံဳေရး၀န္ထမ္းေတြကို ဆက္ဆံပံုနည္းလမ္းကို ၾကည့္ၿပီး သင့္ရဲ႕စိတ္ဓာတ္ကိုလည္း အကဲျဖတ္ၾကတာျဖစ္ပါတယ္။

၄။ တစ္ခုခုေသာက္ေနရင္ ဘယ္ကိုၾကည့္တတ္လဲ

သင္ ေကာ္ဖီပဲျဖစ္ျဖစ္၊ အေအးပဲျဖစ္ျဖစ္ေသာက္တဲ့အခ်ိန္မွာ မ်က္လံုးက ဘယ္ကိုၾကည့္ေနလဲဆိုတာေပၚမွာ မူတည္ၿပီးေတာ့လည္း သင့္ရဲ႕ကိုယ္ရည္ကိုယ္ေသြးကို အကဲျဖတ္ႏိုင္ပါတယ္။ ေသာက္ေနတဲ့ခြက္ထဲကို ၾကည့္ေနသူဟာ မိမိကိုယ္ကိုဆန္းစစ္တတ္သူ၊ အျမဲသတိထားတတ္သူ၊ အေတြးသမား၊ အာ႐ုံစိုက္တတ္သူျဖစ္ပါတယ္။ ခြက္ရဲ႕ႏႈတ္ခမ္းသားကို ၾကည့္ေနတတ္သူေတြကေတာ့ အျခားလူေတြရဲ႕လႊမ္းမိုးခံရသူ၊ ပတ္၀န္းက်င္ကိုပိုဂ႐ုစိုက္တတ္သူ၊ အပူအပင္ကင္းသူ၊ ဗြင္းဗြင္းရွင္းရွင္းသမား၊ ယုံၾကည္စိတ္ခ်ရသူေတြပဲ ျဖစ္ပါတယ္။ တစ္ခုခုေသာက္ေနခ်ိန္မွာ မ်က္လံုးမွိတ္ထားတတ္သူေတြကေတာ့ နာက်င္မႈ အဆင္မေျပမႈကို ခံစားေနရတာမဟုတ္ရင္ ေပ်ာ္ရႊင္ေက်နပ္စရာတစ္ခုခုကို ရရွိထားတာပဲျဖစ္ပါတယ္။

၅။ လက္သည္းကိုက္တတ္တာ

လက္သည္းကိုက္တတ္တဲ့အက်င့္ရွိတဲ့သူေတြဟာ သူတို႔ကိုယ္သူတို႔ျပန္စားေနတာပဲျဖစ္ပါတယ္။ ေလ့လာမႈေတြအရလည္း လက္သည္းကိုက္တတ္တာအျပင္ ဆံပင္ကိုဆြဲေနတတ္တာ၊ အေရျပားကိုပြတ္သပ္ေနတတ္တာေတြဟာ ၿပီးျပည့္စုံမႈကို ႏွစ္သက္သူေတြျဖစ္ၿပီး စိတ္ေလွ်ာ့ၿပီးမေနႏိုင္သူေတြလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။

www.facebook.com/SLN.Myanmar

၆။ လက္ေရးလက္သား

သင့္ရဲ႕ လက္ေရးလက္သားကလည္း သင့္အေၾကာင္းေတြ အမ်ားႀကီးေျပာျပႏိုင္ပါတယ္။ ေဘာပင္ကိုတအားဖိၿပီး ေရးတတ္သူေတြဟာ ေခါင္းမာသူေတြျဖစ္ၾကၿပီး မိမိကိုယ္ကိုယုံၾကည္မႈလည္း အမ်ားႀကီးရွိတတ္ၾကပါတယ္။ စာလံုးႀကီးႀကီးေရးတာကေတာ့ လူေတြကိုဂ႐ုစိုက္တတ္တာျဖစ္ၿပီး စာလံုးေသးမယ္ဆိုရင္ သင္ဟာ မပြင့္လင္းသူျဖစ္ပါတယ္။ စာလံုးေလးေတြကို ညာဖက္ကိုခပ္ေစာင္းေစာင္းေလး ေရးတတ္သူေတြကေတာ့ ခင္မင္ရင္းႏွီးတတ္သူ၊ စိတ္ကူးယဥ္တတ္သူေတြျဖစ္ပါတယ္။ လံုး၀တိမ္းေစာင္းမႈမရွိတာက သူတပါးကိစၥကို စိတ္မ၀င္စားတတ္သူေတြျဖစ္ၿပီး ဘယ္ဖက္ကိုေစာင္းမယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုပဲ အာ႐ုံစိုက္တတ္တဲ့သေဘာကိုေဖာ္ျပပါတယ္။

၇။ ဖုန္းကို ဘယ္ႏွစ္ခါၾကည့္သလဲ

သင့္ဖုန္းကို ဘယ္အခ်ိန္ေတြမွာ ထုတ္ၾကည့္ေလ့ရွိပါသလဲ။ ခဏေလးအခ်ိန္ရလိုက္တာနဲ႔၊ မိဘေတြနဲ႔ စကားေျပာေနရင္းနဲ႔၊ သူငယ္ခ်င္းနဲ႔အျပင္သြားေနရင္းနဲ႔၊ အမ်ားၾကားမွာ တစ္ေယာက္တည္းျဖစ္ေနခ်ိန္ ဘယ္အခ်ိန္ေတြမွာ ၾကည့္ျဖစ္ပါသလဲ။ သင့္ရဲ႕ အီးေမးလ္ေတြနဲ႔ Facebook Noti ေတြကို စစ္ၾကည့္တာျဖစ္ႏိုင္ေပမယ့္ ဖုန္းကိုမၾကာခဏထုတ္ၾကည့္တတ္တာဟာ စိတ္ခံစားမႈပိုင္းဆိုင္ရာ တည္ၿငိမ္မႈ နည္းပါးတာျဖစ္တယ္လို႔ ေလ့လာမႈေတြက ဆိုပါတယ္။

၈။ မ်က္လံုးအၾကည့္

ျဖစ္သလိုလက္ဆြဲႏႈတ္ဆက္ၿပီး ပံုမွန္မ်က္လံုးအၾကည့္ခ်င္းဆက္သြယ္မႈမရွိတာဟာ ကိုယ့္ကိုယ္ကို ထိန္းခ်ဳပ္ႏိုင္မႈ မရွိတာျဖစ္ၿပီး လႈံ႕ေဆာ္မႈလိုအပ္ေနသူျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္းသမားေတြကေတာ့ မ်က္လံုးခ်င္းဆံုေအာင္ မၾကာခဏၾကည့္တတ္ၿပီး အခ်ိန္ၾကာၾကာလည္းၾကည့္တတ္ၾကပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ တဖက္လူကို မ်က္လံုးခ်င္းမၾကာခဏဆံုေအာင္ၾကည့္တတ္သူေတြက မိမိကိုယ္ကိုယုံၾကည္မႈပိုရွိၿပီး လူမႈဆက္ဆံေရးမွာ လႊမ္းႏိုင္ၾကသူေတြျဖစ္ပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

လူနှစ်ဦးတွေ့ဆုံကြချိန်မှာ တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဉ်တတ်ကြပါတယ်။ ရိုးသားမှု၊ ဉာဏ်ရည်၊ စိတ်ရင်းစေတနာ စတာတွေနဲ့ ပတ်သက်ပြီး အကဲခတ်လေ့ရှိပါတယ်။ ကောင်မလေးနဲ့ ချိန်းတွေ့တာပဲဖြစ်ဖြစ် အလုပ်အင်တာဗျူးဖြေတာပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်တာနေစပြီး ဖုန်းကိုကိုင်တဲ့အကြိမ်အထိ သင်လုပ်သမျှ အမူအယာနဲ့ လုပ်ရပ်တိုင်းမှာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တဖက်လူက အကဲဖြတ်နေတယ်ဆိုတာ သင်သိပါသလား။ ဒါ့ကြောင့် ဆင်ခြင်နိုင်ဖို့ရာ လူတွေကြည့်ရှုအကဲဖြတ်လေ့ရှိတဲ့ လုပ်ရပ်တွေကို လေ့လာထားဖို့ လိုပါတယ်။

၁။ လက်ဆွဲနှုတ်ဆက်ပုံ

လူအများစုက လက်ဆွဲနှုတ်ဆက်ပုံကိုမူတည်ပြီး တစ်ဖက်လူကို အကဲဖြတ်တတ်ကြပါတယ်။ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး လက်ဆွဲနှုတ်ဆက်တာဟာ ကြံ့ခိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ လက္ခဏာဖြစ်ပြီး လျော့တိလျော့ရဲ့နှုတ်ဆက်တာမျိုးကတော့ ယုံကြည်မှုနည်းပါးတာ၊ အလွယ်လမ်းလိုက်တတ်တာကို ဖော်ပြတယ်လို့ ယူဆကြပါတယ်။ လေ့လာမှုတွေကလည်း ဒီအချက်တွေကို ထောက်ခံထားပါတယ်။

၂။ အချိန်မှီရောက်မရောက်

အရေးကြီးအချိန်းအဆိုတစ်ခုကို နောက်ကျဖူးပါသလား။ သင့်ကိုစောင့်နေရသူရဲ့စိတ်ထဲမှာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးက နိမ့်ကျသွားပါပြီ။ လန်းဆန်းတက်ကြွသူတွေဟာ စေ့ဆော်မှုတွန်းအားကောင်းပြီး၊ အချိန်ကို တန်ဖိုးထားတတ်ကြတဲ့အတွက် အချိန်မှန်ရောက်လေ့ရှိပါတယ်။ အချိန်နောက်ကျတတ်သူတွေကတော့ နောက်ဆုံးအချိန်ရောက်မှ ဟိုဟိုဒီဒီနဲ့ ဗျာများနေတတ်ပါတယ်။

၃။ စားသောက်ဆိုင်ဝန်ထမ်းတွေကို ဆက်ဆံပုံ

လူအများစုက ဆိုင်ကစားပွဲထိုးတွေကို တစ်ဖက်လူက ဘယ်လိုဆက်ဆံသလဲဆိုတာကို အာရုံစိုက်ကြည့်တတ်ကြပါတယ်။ စားပွဲထိုးတွေ၊ သန့်ရှင်းရေးသမားတွေ၊ လုံခြုံရေးဝန်ထမ်းတွေကို ဆက်ဆံပုံနည်းလမ်းကို ကြည့်ပြီး သင့်ရဲ့စိတ်ဓာတ်ကိုလည်း အကဲဖြတ်ကြတာဖြစ်ပါတယ်။

၄။ တစ်ခုခုသောက်နေရင် ဘယ်ကိုကြည့်တတ်လဲ

သင် ကော်ဖီပဲဖြစ်ဖြစ်၊ အအေးပဲဖြစ်ဖြစ်သောက်တဲ့အချိန်မှာ မျက်လုံးက ဘယ်ကိုကြည့်နေလဲဆိုတာပေါ်မှာ မူတည်ပြီးတော့လည်း သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်နိုင်ပါတယ်။ သောက်နေတဲ့ခွက်ထဲကို ကြည့်နေသူဟာ မိမိကိုယ်ကိုဆန်းစစ်တတ်သူ၊ အမြဲသတိထားတတ်သူ၊ အတွေးသမား၊ အာရုံစိုက်တတ်သူဖြစ်ပါတယ်။ ခွက်ရဲ့နှုတ်ခမ်းသားကို ကြည့်နေတတ်သူတွေကတော့ အခြားလူတွေရဲ့လွှမ်းမိုးခံရသူ၊ ပတ်ဝန်းကျင်ကိုပိုဂရုစိုက်တတ်သူ၊ အပူအပင်ကင်းသူ၊ ဗွင်းဗွင်းရှင်းရှင်းသမား၊ ယုံကြည်စိတ်ချရသူတွေပဲ ဖြစ်ပါတယ်။ တစ်ခုခုသောက်နေချိန်မှာ မျက်လုံးမှိတ်ထားတတ်သူတွေကတော့ နာကျင်မှု အဆင်မပြေမှုကို ခံစားနေရတာမဟုတ်ရင် ပျော်ရွှင်ကျေနပ်စရာတစ်ခုခုကို ရရှိထားတာပဲဖြစ်ပါတယ်။

၅။ လက်သည်းကိုက်တတ်တာ

လက်သည်းကိုက်တတ်တဲ့အကျင့်ရှိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ပြန်စားနေတာပဲဖြစ်ပါတယ်။ လေ့လာမှုတွေအရလည်း လက်သည်းကိုက်တတ်တာအပြင် ဆံပင်ကိုဆွဲနေတတ်တာ၊ အရေပြားကိုပွတ်သပ်နေတတ်တာတွေဟာ ပြီးပြည့်စုံမှုကို နှစ်သက်သူတွေဖြစ်ပြီး စိတ်လျှော့ပြီးမနေနိုင်သူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

၆။ လက်ရေးလက်သား

သင့်ရဲ့ လက်ရေးလက်သားကလည်း သင့်အကြောင်းတွေ အများကြီးပြောပြနိုင်ပါတယ်။ ဘောပင်ကိုတအားဖိပြီး ရေးတတ်သူတွေဟာ ခေါင်းမာသူတွေဖြစ်ကြပြီး မိမိကိုယ်ကိုယုံကြည်မှုလည်း အများကြီးရှိတတ်ကြပါတယ်။ စာလုံးကြီးကြီးရေးတာကတော့ လူတွေကိုဂရုစိုက်တတ်တာဖြစ်ပြီး စာလုံးသေးမယ်ဆိုရင် သင်ဟာ မပွင့်လင်းသူဖြစ်ပါတယ်။ စာလုံးလေးတွေကို ညာဖက်ကိုခပ်စောင်းစောင်းလေး ရေးတတ်သူတွေကတော့ ခင်မင်ရင်းနှီးတတ်သူ၊ စိတ်ကူးယဉ်တတ်သူတွေဖြစ်ပါတယ်။ လုံးဝတိမ်းစောင်းမှုမရှိတာက သူတပါးကိစ္စကို စိတ်မဝင်စားတတ်သူတွေဖြစ်ပြီး ဘယ်ဖက်ကိုစောင်းမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုပဲ အာရုံစိုက်တတ်တဲ့သဘောကိုဖော်ပြပါတယ်။

၇။ ဖုန်းကို ဘယ်နှစ်ခါကြည့်သလဲ

သင့်ဖုန်းကို ဘယ်အချိန်တွေမှာ ထုတ်ကြည့်လေ့ရှိပါသလဲ။ ခဏလေးအချိန်ရလိုက်တာနဲ့၊ မိဘတွေနဲ့ စကားပြောနေရင်းနဲ့၊ သူငယ်ချင်းနဲ့အပြင်သွားနေရင်းနဲ့၊ အများကြားမှာ တစ်ယောက်တည်းဖြစ်နေချိန် ဘယ်အချိန်တွေမှာ ကြည့်ဖြစ်ပါသလဲ။ သင့်ရဲ့ အီးမေးလ်တွေနဲ့ Facebook Noti တွေကို စစ်ကြည့်တာဖြစ်နိုင်ပေမယ့် ဖုန်းကိုမကြာခဏထုတ်ကြည့်တတ်တာဟာ စိတ်ခံစားမှုပိုင်းဆိုင်ရာ တည်ငြိမ်မှု နည်းပါးတာဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

၈။ မျက်လုံးအကြည့်

ဖြစ်သလိုလက်ဆွဲနှုတ်ဆက်ပြီး ပုံမှန်မျက်လုံးအကြည့်ချင်းဆက်သွယ်မှုမရှိတာဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု မရှိတာဖြစ်ပြီး လှုံ့ဆော်မှုလိုအပ်နေသူဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းသမားတွေကတော့ မျက်လုံးချင်းဆုံအောင် မကြာခဏကြည့်တတ်ပြီး အချိန်ကြာကြာလည်းကြည့်တတ်ကြပါတယ်။ ယေဘုယျအားဖြင့်တော့ တဖက်လူကို မျက်လုံးချင်းမကြာခဏဆုံအောင်ကြည့်တတ်သူတွေက မိမိကိုယ်ကိုယုံကြည်မှုပိုရှိပြီး လူမှုဆက်ဆံရေးမှာ လွှမ်းနိုင်ကြသူတွေဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Thorn Htet

==============================================

 

 

Related Posts

%%footer%%