ပရဟိတ လုုပ္တာထက္ ပိုုအက်ိဳးမ်ားမယ့္ လုုပ္ရပ္

Google Co-Founder Larry Page က ေျပာပါတယ္။ “ခုေနတုန္းမွာ ငါ့ကို Bus ကားတိုက္သြားခဲ့ရင္ေတာ့ ႐ွိသမ်ွအားလံုးကို Elon Musk ဆီ လႊဲခဲ့ရမွာပဲ” တဲ့။

တျခားသူေ႒းေတြအားလံုး သူတို႔႐ွိတဲ့ ဥစၥာေတြကို ပရဟိတ အသင္းေတြဆီ လႊဲၾကတာ မ်ားပါတယ္။ ဒါေပမယ့္ Page ကေတာ့ သူ႔ေငြေတြက Elon Musk ရဲ႕ လက္ထဲမွာ ပိုအဆင္ေျပမယ္ ထင္တာပါ။ Elon Musk ကို မွတ္မိၾကပါသလား?? Tesla Motor နဲ႔ Space X ရဲ႕ CEO.. အဂၤါၿဂိဳဟ္ေပၚမွာ ေနဖို႔ ႀကိဳးစားေနသူ.. Real Life Iron Man လို႔ တင္စားျခင္း ခံရသူပါ။ Page က Elon Musk ရဲ႕ အဂၤါၿဂိဳဟ္ေပၚမွာ လူေနမႉစနစ္တစ္ခု ဖန္တီးမဲ့ အၾကံအစည္ကို အရမ္းႀကိဳက္တဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ဖြင့္ေျပာခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ သူ အခု Alphabet ကုမၸဏီကို ဖန္တီးခဲ့တာပါ။ အဲ့ဒီလို မျဖစ္ႏိုင္ဘူးထင္ရတဲ့ အိုင္ဒီယာႀကီးေတြကို အေကာင္အထည္ ေဖာ္ဖို႔ေပါ့။ Page က သူ႔ေငြေတြကို လႉပစ္ခ်င္တာ မဟုတ္ပါဘူး။ ကမၻာကို ေျပာင္းလဲမယ့္ အိုင္ဒီယာေတြအေပၚမွာ အသံုးခ်ခ်င္တာပါ။

Page ရဲ႕ လုပ္ငန္းက နည္းပညာအသစ္ေတြဟာ ေငြေတြလႉေနတာထက္ လူသားေတြရဲ႕ ဘဝကိုေျပာင္းလဲပစ္ႏိုင္တယ္ဆိုတဲ့ အယူအဆကို အေျခခံထားတာပါ။ သမိုင္းမွာလဲ ဒါနမႈထက္ နည္းပညာတိုးတက္မႈေတြက လူေတြကို ကူညီေပးခဲ့တဲ့ ဥပမာေတြ အထင္အ႐ွား ႐ွိပါတယ္။

သင့္ကိုယ္သင္ Larry Page လို႔ ယူဆၾကည့္ပါ။ သင္က Billion နဲ႔ခ်ီၿပီး ခ်မ္းသာပါတယ္။ အဲဒိအခါမွာ သင့္ေငြေတြကို ကမၻာႀကီးကို ျပန္လႉခ်င္လာမွာပါ။ ေဖာင္ေဒး႐ွင္းတစ္ခုခု တည္ေထာင္တာျဖစ္ျဖစ္၊ Gates ေဖာင္ေဒး႐ွင္းလို ႐ွိၿပီးသား ေဖာင္ေဒး႐ွင္းထဲ ထည့္ဝင္တာျဖစ္ျဖစ္ လုပ္ႏိုင္ပါတယ္။

ဒါေပမယ့္ သင္က ေဖာင္ေဒး႐ွင္း မလုပ္တတ္ဖူး။ ႐ွိၿပီးသားထဲက အေကာင္းဆံုးေဖာင္ေဒး႐ွင္းကိုေတာင္ မေရြးႏိုင္ဘူး။ သင္လုပ္ႏိုင္တာက စီးပြားေရး ထုတ္ကုန္ေတြပါ။ အဲဒါေတြကလဲ ကမၻာႀကီးကို ပိုေကာင္းလာေစပါတယ္။ Google Map, Gmail, Hangouts နဲ႔ Android တို႔က လူသန္းေပါင္းမ်ားစြာရဲ႕ ဘဝကို ပိုေကာင္းလာေအာင္ လုပ္ျပၿပီးပါၿပီ။ အဲဒိဟာထက္ ပိုၿပီးႀကီးက်ယ္တဲ့ဟာ ဘာလို႔ မလုပ္ႏိုင္ရမွာလဲ??

ဒီဟာက Google အတြက္အက်ိဳးအျမတ္ေတာ့ အရမ္းရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ AT&T က Bell Labs Researcher ေတြက Laser, Transistor ေတြနဲ႔ C, Unix တို႔ကို ထြင္ခဲ့တယ္။ AT&T က အက်ိဳးအျမတ္ အရမ္းမယူခဲ့ပါဘူး။ Google က ေခတ္သစ္ Bell Labs လုပ္ဖို႔ ၾကံစည္ေနတာပါ။

Alphabet ဟာ Page ကို ပိုၿပီး ႀကီးထြားတဲ့ ပေရာဂ်က္ေတြအတြက္ လြတ္လြတ္လပ္လပ္ လုပ္ပိုင္ခြင့္ ေပးမွာပါ။ အဲဒိ ပေရာဂ်က္ေတြထဲမွာ ကိုယ္တိုင္ေမာင္းကားေတြ၊ ေလအားလ်ွပ္စစ္ထုတ္မယ့္ စြန္ႀကီးေတြ ကေန အုိမင္းျခင္း၊ ေသဆံုးျခင္းကို ကာကြယ္ဖို႔ နည္းေတြ၊ ေဘာလံုးေတြနဲ႔ Wifi ေပးဖို႔ ကိစၥေတြထိ ပါပါတယ္။ Google ကေတာ့ Alphabet ေအာက္မွာ ကုမၸဏီခြဲတစ္ခုအေနနဲ႔ Search, Map, Docs, Youtube တို႔ကို ဝန္ေဆာင္မႈ ဆက္ေပးေနမွာပါ။

Page နဲ႔ Google တည္ေထာင္သူ ေနာက္တစ္ေယာက္ျဖစ္တဲ့ Sergey Brin တို႔ဟာ Google ေပၚမွာထက္ Alphabet ကို ပိုၿပီး အာရံုစိုက္သြားၾကမွာပါ။ သူတို႔မွာ Google နဲ႔ Alphabet ရဲ႕ အစိတ္အပိုင္းတစ္ရပ္ကို လံုးဝ Crazy Idea ႀကီးေတြအတြက္ လုပ္ကိုင္သြားဖို႔ ကုမၸဏီတစ္ခု ခြဲထြက္ဖို႔ေတာင္ ျပင္ေနပါတယ္။

Page ဟာ Google နဲ႔ ကမၻာႀကီးကို ေျပာင္းလဲခ်င္ေနတာပါ။ Alphabet ကေတာ့ အဲ့ဒိအတြက္ လက္နက္တစ္ခုပါပဲ။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

Alphabet Co.Ltd

Google Co-Founder Larry Page က ပြောပါတယ်။ “ခုနေတုန်းမှာ ငါ့ကို Bus ကားတိုက်သွားခဲ့ရင်တော့ ရှိသမျှအားလုံးကို Elon Musk ဆီ လွှဲခဲ့ရမှာပဲ” တဲ့။

တခြားသူဋ္ဌေးတွေအားလုံး သူတို့ရှိတဲ့ ဥစ္စာတွေကို ပရဟိတ အသင်းတွေဆီ လွှဲကြတာ များပါတယ်။ ဒါပေမယ့် Page ကတော့ သူ့ငွေတွေက Elon Musk ရဲ့ လက်ထဲမှာ ပိုအဆင်ပြေမယ် ထင်တာပါ။ Elon Musk ကို မှတ်မိကြပါသလား?? Tesla Motor နဲ့ Space X ရဲ့ CEO.. အင်္ဂါဂြိုဟ်ပေါ်မှာ နေဖို့ ကြိုးစားနေသူ.. Real Life Iron Man လို့ တင်စားခြင်း ခံရသူပါ။ Page က Elon Musk ရဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ လူနေမှူစနစ်တစ်ခု ဖန်တီးမဲ့ အကြံအစည်ကို အရမ်းကြိုက်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ဖွင့်ပြောခဲ့ပါတယ်။

အဲ့ဒါကြောင့် သူ အခု Alphabet ကုမ္ပဏီကို ဖန်တီးခဲ့တာပါ။ အဲ့ဒီလို မဖြစ်နိုင်ဘူးထင်ရတဲ့ အိုင်ဒီယာကြီးတွေကို အကောင်အထည် ဖော်ဖို့ပေါ့။ Page က သူ့ငွေတွေကို လှူပစ်ချင်တာ မဟုတ်ပါဘူး။ ကမ္ဘာကို ပြောင်းလဲမယ့် အိုင်ဒီယာတွေအပေါ်မှာ အသုံးချချင်တာပါ။

Page ရဲ့ လုပ်ငန်းက နည်းပညာအသစ်တွေဟာ ငွေတွေလှူနေတာထက် လူသားတွေရဲ့ ဘဝကိုပြောင်းလဲပစ်နိုင်တယ်ဆိုတဲ့ အယူအဆကို အခြေခံထားတာပါ။ သမိုင်းမှာလဲ ဒါနမှုထက် နည်းပညာတိုးတက်မှုတွေက လူတွေကို ကူညီပေးခဲ့တဲ့ ဥပမာတွေ အထင်အရှား ရှိပါတယ်။

သင့်ကိုယ်သင် Larry Page လို့ ယူဆကြည့်ပါ။ သင်က Billion နဲ့ချီပြီး ချမ်းသာပါတယ်။ အဲဒိအခါမှာ သင့်ငွေတွေကို ကမ္ဘာကြီးကို ပြန်လှူချင်လာမှာပါ။ ဖောင်ဒေးရှင်းတစ်ခုခု တည်ထောင်တာဖြစ်ဖြစ်၊ Gates ဖောင်ဒေးရှင်းလို ရှိပြီးသား ဖောင်ဒေးရှင်းထဲ ထည့်ဝင်တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ဒါပေမယ့် သင်က ဖောင်ဒေးရှင်း မလုပ်တတ်ဖူး။ ရှိပြီးသားထဲက အကောင်းဆုံးဖောင်ဒေးရှင်းကိုတောင် မရွေးနိုင်ဘူး။ သင်လုပ်နိုင်တာက စီးပွားရေး ထုတ်ကုန်တွေပါ။ အဲဒါတွေကလဲ ကမ္ဘာကြီးကို ပိုကောင်းလာစေပါတယ်။ Google Map, Gmail, Hangouts နဲ့ Android တို့က လူသန်းပေါင်းများစွာရဲ့ ဘဝကို ပိုကောင်းလာအောင် လုပ်ပြပြီးပါပြီ။ အဲဒိဟာထက် ပိုပြီးကြီးကျယ်တဲ့ဟာ ဘာလို့ မလုပ်နိုင်ရမှာလဲ??

ဒီဟာက Google အတွက်အကျိုးအမြတ်တော့ အရမ်းရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် AT&T က Bell Labs Researcher တွေက Laser, Transistor တွေနဲ့ C, Unix တို့ကို ထွင်ခဲ့တယ်။ AT&T က အကျိုးအမြတ် အရမ်းမယူခဲ့ပါဘူး။ Google က ခေတ်သစ် Bell Labs လုပ်ဖို့ ကြံစည်နေတာပါ။

Alphabet ဟာ Page ကို ပိုပြီး ကြီးထွားတဲ့ ပရောဂျက်တွေအတွက် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးမှာပါ။ အဲဒိ ပရောဂျက်တွေထဲမှာ ကိုယ်တိုင်မောင်းကားတွေ၊ လေအားလျှပ်စစ်ထုတ်မယ့် စွန်ကြီးတွေ ကနေ အိုမင်းခြင်း၊ သေဆုံးခြင်းကို ကာကွယ်ဖို့ နည်းတွေ၊ ဘောလုံးတွေနဲ့ Wifi ပေးဖို့ ကိစ္စတွေထိ ပါပါတယ်။ Google ကတော့ Alphabet အောက်မှာ ကုမ္ပဏီခွဲတစ်ခုအနေနဲ့ Search, Map, Docs, Youtube တို့ကို ဝန်ဆောင်မှု ဆက်ပေးနေမှာပါ။

Page နဲ့ Google တည်ထောင်သူ နောက်တစ်ယောက်ဖြစ်တဲ့ Sergey Brin တို့ဟာ Google ပေါ်မှာထက် Alphabet ကို ပိုပြီး အာရုံစိုက်သွားကြမှာပါ။ သူတို့မှာ Google နဲ့ Alphabet ရဲ့ အစိတ်အပိုင်းတစ်ရပ်ကို လုံးဝ Crazy Idea ကြီးတွေအတွက် လုပ်ကိုင်သွားဖို့ ကုမ္ပဏီတစ်ခု ခွဲထွက်ဖို့တောင် ပြင်နေပါတယ်။

Page ဟာ Google နဲ့ ကမ္ဘာကြီးကို ပြောင်းလဲချင်နေတာပါ။ Alphabet ကတော့ အဲ့ဒိအတွက် လက်နက်တစ်ခုပါပဲ။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================

Related Posts

Discover more from Gentleman Magazine

Subscribe now to keep reading and get access to the full archive.

Continue reading

%%footer%%