ေပါင္းသက္းဆက္ဆံစြမ္းရည္ကို အားလံုးက အေကာင္းဘက္ကလို႔ ယူဆထားၾကတာပါ။ အလုပ္ေခၚစာေတြအားလံုးနီးပါးမွာ အဲဒိအခ်က္ကို ထည့္သြင္းေဖာ္ျပထားတာ ေတြ႕မိၾကမွာပါ။ ေပါင္းသင္းဆက္ဆံတတ္တာ ေကာင္းတယ္ဆိုတဲ့အယူအဆဟာ Emotional Intelligence လို႔ေခၚတဲ့ စိတ္ခံစားႏိုင္စြမ္းရည္ကို စတင္ေတြ႕႐ွိခဲ့တဲ့ လြန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္ကစၿပီး အားေကာင္းလာတာပါ။
EI ဟာ သင္ကုိယ္တိုင္နဲ႔ သင့္ပါတ္ဝန္းက်င္က တျခားသူေတြရဲ႕ စိတ္ခံစားခ်က္ကို သိ႐ွိေစၿပီး သင့္ကို ေနရာတိုင္း တစ္ပန္းသာေစပါတယ္။ EI ပိုမ်ားသူေတြဟာ အလုပ္ပိုလုပ္ႏိုင္တယ္၊ က်န္းမာေရး ပိုေကာင္းမြန္တယ္၊ ၿပီးေတာ့ ဘဝမွာ ပိုၿပီး ေနေပ်ာ္ၾကပါတယ္။ ဒါေပမယ့္ EI မွာ အဆိုးဘက္ တစ္ခု႐ွိေနပါတယ္။
EI ျမင့္သူေတြဟာသူမ်ားေတြရဲ႕ စိတ္ခံစားခ်က္ကုိ နားလည္တတ္ၿပီး အဲဒိနားလည္တာကို အသံုးခ်ႏိုင္ၾကပါတယ္။ မႏွစ္က ေတြ႕႐ွိမႈတစ္ခုမွာ EI ျမင့္တဲ့ ကိုယ့္ဘာသာ ဂုဏ္ယူဝင္ႂကြားလြန္ေရာဂါ႐ွိသူေတြဟာ သူတို႔ရဲ႕ အရည္အေသြးေတြကို သူတစ္ပါးစိတ္ခံစားမႈအႀကိဳက္အတိုင္း ေျပာင္းလဲၿပီး တျခားသူေတြကို လွည့္စားႏိုင္ပါတယ္။ တျခားသူေတြရဲ႕ ခံစားခ်က္ကို ဖတ္ႏိုင္ရင္ သူတို႔ကို လွည့္စားႏိုင္တာပါ။
ဒါေပမယ့္ အဲဒိလို EI ျမင့္တဲ့ ကိုယ့္ဘာသာ ဂုဏ္ယူဝင့္ႂကြားလြန္ေရာဂါ႐ွိသူေတြ မ်ားမ်ားစားစား လူၾကားထဲမွာ မ႐ွိပါဘူး။ အလုပ္ခြင္ေတြမွာေတာ့ ဘယ္လိုလူမ်ိဳးေတြပဲျဖစ္ျဖစ္ EI ျမင့္ရင္ အလုပ္ေပးေနတာကို ေတြ႕ၾကရမွာပါ။ EI ကို ကိုယ္က်ိဳးအတြက္ အသံုးခ်မႈေတြ ရံုးေတြမွာ ႐ွိေနပါတယ္။ ဥပမာ ၿပိဳင္ဖက္ေတြရဲ႕ စိတ္ခံစားမႈကို ေလ့လာၿပီး သြားပုပ္ေလလြင့္ ေျပာဆိုၿပီး စိတ္ထိခိုက္ေအာင္ တိုက္ခိုက္တာေတြပါ။
ေနာက္ဆံုးအေနနဲ႔ ကိုယ့္ဘာသာ EI ျမင့္လို႔ အလုပ္ပိုတြင္က်ယ္မယ္ ထင္သူေတြကို ေျပာလိုက္ပါဦးမယ္။ အဲဒါဟာ အျမဲတမ္းမွန္မေနပါဘူး။
၂၀၁၃ မွာလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုမွာ ေကာလိပ္ေက်ာင္းသားတစ္စုကို ဗြီဒီယိုကလစ္ တစ္ခုျပပါတယ္။ အိမ္ကေနထြက္သြားတဲ့ မိသားစုဝင္တစ္ေယာက္ကို လြမ္းေနတဲ့အေၾကာင္း ဗြီဒီယိုပါ။ အဲဒိဗြီဒီယိုထဲမွာ ပါသူေတြရဲ႕ တစ္ဝက္ဟာ မိသားစုဝင္တစ္ေယာက္ တကယ္ ေပ်ာက္ဆံုးထားသူေတြပါ။ ၿပီးေတာ့ ေက်ာင္းသားေတြကို အဆင့္သတ္မွတ္ခိုင္းရာမွာ EI မ်ားတဲ့ ေက်ာင္းသားေတြက ပိုၿပီး အလိမ္ခံရတာ ေတြ႕႐ွိရပါတယ္။ သူတို႔ရဲ႕ စိတ္ခံစားႏိုင္စြမ္းရည္ကို ယံုၾကည္မႈ လြန္ကဲတာေၾကာင့္ပါ။
အဲဒါေၾကာင့္ လူေတြရဲ႕လုပ္ႏိုင္စြမ္းကို အထင္မေသးပါနဲ႔။ အထင္လဲမႀကီးပါနဲ႔။ စိတ္ခံစားမႈကိုသာ ဖတ္ႏိုင္မယ္၊ အေတြးေတြကိုေတာ့ ဘယ္သူမွ မဖတ္ႏိုင္ပါဘူး။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================
ပေါင်းသက်းဆက်ဆံစွမ်းရည်ကို အားလုံးက အကောင်းဘက်ကလို့ ယူဆထားကြတာပါ။ အလုပ်ခေါ်စာတွေအားလုံးနီးပါးမှာ အဲဒိအချက်ကို ထည့်သွင်းဖော်ပြထားတာ တွေ့မိကြမှာပါ။ ပေါင်းသင်းဆက်ဆံတတ်တာ ကောင်းတယ်ဆိုတဲ့အယူအဆဟာ Emotional Intelligence လို့ခေါ်တဲ့ စိတ်ခံစားနိုင်စွမ်းရည်ကို စတင်တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကစပြီး အားကောင်းလာတာပါ။
EI ဟာ သင်ကိုယ်တိုင်နဲ့ သင့်ပါတ်ဝန်းကျင်က တခြားသူတွေရဲ့ စိတ်ခံစားချက်ကို သိရှိစေပြီး သင့်ကို နေရာတိုင်း တစ်ပန်းသာစေပါတယ်။ EI ပိုများသူတွေဟာ အလုပ်ပိုလုပ်နိုင်တယ်၊ ကျန်းမာရေး ပိုကောင်းမွန်တယ်၊ ပြီးတော့ ဘဝမှာ ပိုပြီး နေပျော်ကြပါတယ်။ ဒါပေမယ့် EI မှာ အဆိုးဘက် တစ်ခုရှိနေပါတယ်။
EI မြင့်သူတွေဟာသူများတွေရဲ့ စိတ်ခံစားချက်ကို နားလည်တတ်ပြီး အဲဒိနားလည်တာကို အသုံးချနိုင်ကြပါတယ်။ မနှစ်က တွေ့ရှိမှုတစ်ခုမှာ EI မြင့်တဲ့ ကိုယ့်ဘာသာ ဂုဏ်ယူဝင်ကြွားလွန်ရောဂါရှိသူတွေဟာ သူတို့ရဲ့ အရည်အသွေးတွေကို သူတစ်ပါးစိတ်ခံစားမှုအကြိုက်အတိုင်း ပြောင်းလဲပြီး တခြားသူတွေကို လှည့်စားနိုင်ပါတယ်။ တခြားသူတွေရဲ့ ခံစားချက်ကို ဖတ်နိုင်ရင် သူတို့ကို လှည့်စားနိုင်တာပါ။
ဒါပေမယ့် အဲဒိလို EI မြင့်တဲ့ ကိုယ့်ဘာသာ ဂုဏ်ယူဝင့်ကြွားလွန်ရောဂါရှိသူတွေ များများစားစား လူကြားထဲမှာ မရှိပါဘူး။ အလုပ်ခွင်တွေမှာတော့ ဘယ်လိုလူမျိုးတွေပဲဖြစ်ဖြစ် EI မြင့်ရင် အလုပ်ပေးနေတာကို တွေ့ကြရမှာပါ။ EI ကို ကိုယ်ကျိုးအတွက် အသုံးချမှုတွေ ရုံးတွေမှာ ရှိနေပါတယ်။ ဥပမာ ပြိုင်ဖက်တွေရဲ့ စိတ်ခံစားမှုကို လေ့လာပြီး သွားပုပ်လေလွင့် ပြောဆိုပြီး စိတ်ထိခိုက်အောင် တိုက်ခိုက်တာတွေပါ။
နောက်ဆုံးအနေနဲ့ ကိုယ့်ဘာသာ EI မြင့်လို့ အလုပ်ပိုတွင်ကျယ်မယ် ထင်သူတွေကို ပြောလိုက်ပါဦးမယ်။ အဲဒါဟာ အမြဲတမ်းမှန်မနေပါဘူး။
၂၀၁၃ မှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ကောလိပ်ကျောင်းသားတစ်စုကို ဗွီဒီယိုကလစ် တစ်ခုပြပါတယ်။ အိမ်ကနေထွက်သွားတဲ့ မိသားစုဝင်တစ်ယောက်ကို လွမ်းနေတဲ့အကြောင်း ဗွီဒီယိုပါ။ အဲဒိဗွီဒီယိုထဲမှာ ပါသူတွေရဲ့ တစ်ဝက်ဟာ မိသားစုဝင်တစ်ယောက် တကယ် ပျောက်ဆုံးထားသူတွေပါ။ ပြီးတော့ ကျောင်းသားတွေကို အဆင့်သတ်မှတ်ခိုင်းရာမှာ EI များတဲ့ ကျောင်းသားတွေက ပိုပြီး အလိမ်ခံရတာ တွေ့ရှိရပါတယ်။ သူတို့ရဲ့ စိတ်ခံစားနိုင်စွမ်းရည်ကို ယုံကြည်မှု လွန်ကဲတာကြောင့်ပါ။
အဲဒါကြောင့် လူတွေရဲ့လုပ်နိုင်စွမ်းကို အထင်မသေးပါနဲ့။ အထင်လဲမကြီးပါနဲ့။ စိတ်ခံစားမှုကိုသာ ဖတ်နိုင်မယ်၊ အတွေးတွေကိုတော့ ဘယ်သူမှ မဖတ်နိုင်ပါဘူး။
အျခား Social ႏွင့္ဆိုုင္ေသာ ေဆာင္းပါးမ်ား
ဘူေကာင္ေတြနဲ႕ဘယ္လိုုဆက္ဆံရမလဲ
ခ်က္ခ်င္းလက္ငင္း လူခ်စ္လူခင္ေပါမ်ားနည္း
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx
==============================================